Menu Close

ဘာလို့ အရင်ခေတ်ကလူတွေက ဓာတ်ပုံရိုက်ရင် မပြုံးကြတာလဲ

non-smile-1.jpg

အားလုံးပဲ မင်္ဂလာပါရှင့်💕

ဒီနေ့sharingလုပ်ပေးချင်တဲ့ ဗဟုသုတလေးတစ်ခုကတော့ သူငယ်ချင်းတို့ အများဆုံး သတိထားမိမယ်ထင်တဲ့ အကြောင်းလေးပါ။ 🙈

ဒီနေ့ခေတ်မှာဆို မပြုံးပဲရိုက်တဲ့ဓာတ်ပုံလေးတွေဟာ ရှားလာပါပြီ။ 😉 ဓာတ်ပုံရိုက်မယ်ဆိုတာနဲ့ ပြုံးဖို့ readyပဲလေ 😁😎
ဒါပေမယ့် အရင်ခေတ်ကဓာတ်ပုံတွေကို ကြည့်လိုက်ရင် ဓာတ်ပုံအများစုမှာ ဘာလို့ လူတွေက မပြုံးပဲရုပ်တည်ပြီး ဓာတ်ပုံရိုက်ကြတာလဲဆိုတာကို အတူတူ ဖတ်ကြည့်ကြရအောင်နော်။  😍

ဓာတ်ပုံရိုက်တယ်ဆိုတာ ဒီနေ့ခေတ်မှာဆိုရင်တော့ အရမ်းကိုpopularဖြစ်နေတဲ့ အရာပဲဖြစ်ပါတယ်။ ❤
ဥပမာ ခရီးတစ်ခုသွားရင် ခရီးသွားထားတဲ့ memoryလေးကျန်အောင် ဓာတ်ပုံရိုက်ကြတယ်။ 📸 အလှူအတန်းတွေလုပ်ကြရင်လည်း ကြည်နူးစရာmemoryလေးကျန်အောင် ဓာတ်ပုံရိုက်ပြီး မှတ်တမ်းတင်ကြတယ်။ 📸 အဲ့ဒါကြောင့်လည်း ဒီနေ့ခေတ်မှာ facebookပေါ်မှာ ဓာတ်ပုံတင်တဲ့နှုန်းက ၁စက္ကန့်ကို ဓာတ်ပုံပေါင်း၃၅၀၀ ရှိပါတယ်။

ဒါပေမယ့် အရင်ခေတ်ကတော့ ဓာတ်ပုံရိုက်တယ်ဆိုတာ သူတို့အတွက်တော့ ချမ်းသာတဲ့လူအများစုပဲ ရိုက်နိုင်တဲ့ အရမ်းရှားပါးတဲ့luxuryတစ်ခုပဲ ဖြစ်ပါတယ်။  🔒 သူတို့တစ်ဘဝလုံးမှာ ဓာတ်ပုံရိုက်တဲ့အချိန်က မရှိသလောက်ကိုရှားပါတယ်။ portraitတစ်ပုံရဖို့ကိုလည်း photo studio ထိ သွားရိုက်ကြရပါတယ် ။

👉👉 ၁၉ရာစုနဲ့ ၂၀ရာစုအစပိုင်းက ဓာတ်ပုံတွေကိုကြည့်လိုက်ရင် အများစုမှာ ပြုံးနေတဲ့ဓာတ်ပုံတွေကို မတွေ့ရပါဘူး။
ဘာလို့ အဲ့ခေတ်ကလူတွေက မပြုံးပဲရုပ်တည်ပြီး ဓာတ်ပုံရိုက်ကြတာလဲ။ 🙀

💁 ပထမဆုံးအချက်ကတော့ သွားကျန်းမာရေးကြောင့်ပါ

၁၉ရာစုမှာ လူတွေက သွားကျန်းမာရေးကိုလည်း နားမလည်ကြသေးသလို သွားတွေကို ဂရုစိုက်တာလည်း မရှိဘူး။ အဲ့တော့ သွားတွေက မညီညာသလို သွားပိုးစားတာတွေလည်းရှိနေတယ်။ 😸 သွားကျိုးနေတာတွေ သွားမညီတာတွေ ခံတွင်းနံ့ဆိုးတာတွေကို ဖုံးကွယ်ဖို့အတွက် ပြုံးတာထက် ပါးစပ်ပိတ်ပြီးရိုက်ကြတာ ဖြစ်ပါတယ်။ 🙊

Related Post :  အောင်မြင်၊ ကျော်ကြားသူတွေရဲ့ အလေ့အထကောင်း (၇) ခု

💁 ဒုတိယအချက်ကတော့ Long exposure time ကြောင့်ပါ

Exposure timeဆိုတာ ဓာတ်ပုံတစ်ပုံရိုက်လိုက်ဖို့ ကြာချိန်ပါ။ ၁၈၂၆ခုနှစ်မှာရိုက်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံးဓာတ်ပုံဆိုရင် အဲ့ဒီဓာတ်ပုံထွက်လာဖို့ ၈နာရီကြာပါတယ်။ 😴 ဒါပေမယ့် ၁၈၃၉ခုနှစ်မှာ Robert Corneliusဟာ ၁၅မိနစ်တည်းနဲ့ ဓာတ်ပုံတစ်ပုံထွက်လာနိုင်တဲ့စနစ်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ 🙋 ဒီနေ့ခေတ်မှာ Timer 7sလောက် ပေးပြီး ရိုက်ရင်တောင် အကြာကြီး poseပေးနေရသလို ခံစားရတာ ၁၉ရာစုတုန်းက ဓာတ်ပုံတစ်ပုံထွက်လာဖို့ ၁၅မိနစ်ကြာတယ်ဆိုတာ တော်တော်ကြာတဲ့အချိန်ပါ။ 💤💤💤 ခန္ဓာကိုယ်တစ်ခုခု လှုပ်မိရင်လည်း ဓာတ်ပုံကဝါးသွားဦးမယ် ၁၅မိနစ်လုံး မလှုပ်မယှက်ပဲ ကင်မရာရှေ့မှာ ပြုံးပြုံးကြီးနေဖို့ကလည်း မဖြစ်နိုင်ပါဘူး။ 😟 အဲ့လိုအရမ်းကြာတဲ့ exposure timeကြောင့် သူတို့ဟာ ကင်မရာရှေ့မှာ ပြုံးတာထက် ပိုပြီးသက်သောင့်သက်သာရှိတဲ့ seriousဖြစ်တဲ့မျက်နှာမျိူးထားပြီး ဓာတ်ပုံရိုက်ကြတာ ဖြစ်ပါတယ်။ 😃

💁 နောက်ဆုံးအချက်ကတော့ သူတို့ဟာ ဓာတ်ပုံရိုက်ရင်း ပြုံးရင် အထင်သေးကြတာကြောင့်ပါ

ဒီနေ့ခေတ်မှာ ဓာတ်ပုံရိုက်ရင် ဓာတ်ပုံရိုက်ပေးတဲ့သူက ပြုံးပါလို့ ပြောတာထက် say cheeseလို့ ပြောတာက ယဉ်ကျေးမှုတစ်ခုလိုတောင် ဖြစ်နေပါပြီ။ ဒါပေမယ့် ၁၉ရာစုမှာတော့ say cheeseအစား say prunesလို့ ပြောကြပါတယ်။ 🙀 ဘာလို့လဲဆိုေတာ့ သူတို့ဟာ နှုတ်ခမ်းကျုံ့ပီးဓာတ်ပုံရိုက်တာက ပါးစပ်ဖွင့်ပီးပြုံးတာထက် ပိုပြီးယဉ်ကျေးမှုရှိတယ်လို့ ထင်ကြတာဖြစ်ပါတယ်။ 💕 သူတို့အနေနဲ့ ဓာတ်ပုံရိုက်ရင်းပြုံးတာက negativeသဘော သက်ရောက်ပြီး စိတ်မတည်ငြိမ်မှုကိုဖော်ပြနေတယ်လို့ သတ်မှတ်ထားကြတာလည်း ဖြစ်ပါတယ်။ 😃

Related Post :  အောင်မြင်လိုသူတွေ ကျော်ဖြတ်ရမယ့် စိတ်ပိုင်းဆိုင်ရာ ထောင်ချောက် ၅ ခု

၁၉၀၀ခုနှစ်မှာတော့ Kodakဟာ လူအများစုတတ်နိုင်လောက်မယ့် $1 တန်ဖိုးရှိတဲ့ Brownie Cameraကို စျေးကွက်မှာစတင် ရောင်းချခဲ့ပါတယ်။ 💁 Portraitတစ်ပုံရဖို့ Photo studio​​ေတွအထိသွားပြီး ဓာတ်ပုံရိုက်စရာမလိုတော့ပဲ မိမိတို့အိမ်မှာပဲ သက်သောင့်သက်သာ ရိုက်နိုင်တဲ့အတွက်ကြောင့် ၂၀ရာစုမှာတော့ ဓာတ်ပုံအများစုမှာ ပိုပြုံးလာကြတာကို တွေ့ကြရတာဖြစ်ပါတယ်။ 😃

ကဲ ဒါဆိုရင် ဓာတ်ပုံရိုက်ဖို့လွယ်နေတုန်း သွားတွေရှိတုန်း ပြုံးပြီးဓာတ်ပုံရိုက်ကြရအောင်နော် 😸

ဒီနေ့ shareပေးခဲ့တဲ့ ဗဟုသုတလေးကတော့ အရင်ခေတ်က ဓာတ်ပုံရိုက်ရင် ဘာလို့ လူတွေက မပြုံးပဲ ဓာတ်ပုံရိုက်ကြတာလဲဆိုတဲ့ အကြောင်းအရာလေး ဖြစ်ပါတယ် 🤓 Motivsuccess မှာ သူငယ်ချင်းတို့အတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ ဗဟုသုတလေးတွေကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်။ 😍 ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။ 😍

Related Posts