Menu Close

၂၀၁၉ ခုႏွစ္အတြက္ ခရီးထြက္ဖို႔အေကာင္းဆုံး နိုင္ငံ ၅ နိုင္ငံ

Top 5 Interesting Places To Visit In 2019

Zawgyi

အားလုံး မဂၤလာပါ။ MotivSuccess ရဲ့ Top 5 အစီအစဥ္ကေန ႀကိဳဆိုပါတယ္။ ကၽြန္ေတာ္တို႔ရဲ့ စာဖတ္ပုရိတ္သတ္ေတြအတြက္ ဒီေန႔တင္ျပေပးခ်င္တာကေတာ့ ကမၻာေပၚမွာရွိတဲ့ ခရီးထြက္ၿပီး အပန္းေျဖ၊ အနားယူစရာအေကာင္းဆုံး နိုင္ငံ ၅ နိုင္ငံ အေၾကာင္းပဲျဖစ္ပါတယ္။ အေသးစိတ္ကို ပုံနဲ႔တကြ ေအာက္မွာေဖာ္ျပေပးထားပါတယ္။

၅။ ေခးေဂစတန္ (Kyrgyzstan)

Kyrgystan

ေခးေဂစတန္နိုင္ငံဟာ ၂၀၁၈ ခုႏွစ္ အာရွအလယ္ပိုင္းမွာက်င္းပျပဳလုပ္တဲ့ ေဒသခံေတြရဲ့အားကစားကိုအေျခခံတဲ့ နိုင္ငံတကာအားကစားၿပိဳင္ပြဲ(World Nomad Games) မွစတင္ကာ ကမၻာအရပ္ရပ္မွာရွိတဲ့ ခရီးသြားေတြရဲ့ အာ႐ုံစိုက္မွုကို ဖမ္းယူနိုင္ခဲ့ပါတယ္။ ေခးေဂစတန္နိုင္ငံဟာ ၂၀၁၉ ခုႏွစ္မွာ ခရီးသြားေတြအတြက္ အထူးအစီအစဥ္ေတြကို ျပဳလုပ္ေပးထားပါတယ္။ ကီလိုမီတာ ၂၇၀၀ ရွည္တဲ့ ေျခလ်င္ခရီးစဥ္၊ နိုင္ငံတစ္ဝန္းလုံးမွာျဖန႔္က်က္ထားတဲ့ အရည္အေသြးျမင့္ ခရီးသြားအသုံးအေဆာင္ပစၥည္းေတြ၊ အခ်ိန္ကုန္သက္သာၿပီး ခရီးသြားတဲ့အခါလ်င္ျမန္တဲ့ အေဝးေျပးစနစ္ေတြနဲ႔အတူ အလြယ္တကူျပဳလုပ္နိုင္တဲ့ e-visa စနစ္ေတြလည္းရွိပါတယ္။ အေပၚမွာေဖာ္ျပခဲ့တဲ့ အခ်က္ေတြေၾကာင့္ပဲ ၂၀၁၉ ခုႏွစ္မွာ ေခးေဂစတန္နိုင္ငံဟာ နဂိုအတိုင္းရွိေနတဲ့ သဘာဝအလွတရားေတြကို လြတ္လြတ္လပ္လပ္ခံစားလိုတဲ့ ခရီးသြားေတြအႀကိဳက္ေတြ႕မယ့္ ေနရာတစ္ေနရာျဖစ္လာပါတယ္။

၄။ ပနားမား (Panama)

Panama

နံပါတ္ ၄ ေနရာမွာရပ္တည္ေနတာကေတာ့ ပနားမားနိုင္ငံပဲျဖစ္ပါတယ္။ ပနားမားဟာ ေတာင္အေမရိကတိုက္နဲ႔ အေမရိကတိုက္အလယ္ပိုင္းကို ဆက္သြယ္ထားတဲ့ နိုင္ငံတစ္နိုင္ငံျဖစ္ပါတယ္။ ပနားမားနိုင္ငံရဲ့ေျမာက္ပိုင္းကေနေတာင္ပိုင္းအထိ အပူပိုင္းေဒသေန လူမ်ိဳးျခားေတြရဲ့ ဘာသာေရးပြဲေတာ္ေတြနဲ႔ စည္ကားေနၿပီး အေရွ႕ပိုင္းကေန အေနာက္ပိုင္းအထိ က်ယ္ျပန႔္လွတဲ့ ကမၻာ့စီးပြားေရးလုပ္ငန္းေတြနဲ႔ဖြံ့ၿဖိဳးတိုးတက္ေနပါတယ္။ ေျပာရမယ္ဆိုရင္ ပနားမားဟာ နိုင္ငံငယ္ေလးတစ္နိုင္ငံျဖစ္ေပမယ့္ အဖိုးတန္ရတနာေတြနဲ႔ ျပည့္စုံေနပါတယ္။ သဲျဖဴျပင္ေတြရွိတဲ့ ပင္လယ္ကမ္းေျခေတြကအစ၊ အပူပိုင္း အျမဲစိမ္းေတာေတြကအဆုံး။ ေဒသခံလူမ်ိဳးစုေတြရဲ့ ယဥ္ေက်းမွုေတြကလည္း အလြန္စိတ္ဝင္စားစရာေကာင္းလွပါတယ္။ ၂၀၁၉ ခုႏွစ္မွာက်င္းပမယ့္ ပနားမားၿမိဳ႕(Panama City)ရဲ့ စည္ကားသိုက္ၿမိဳက္တဲ့ ႏွစ္ ၅၀၀ ျပည့္ သမိုင္းဝင္ပြဲေတာ္ႀကီးရွိေနတာေၾကာင့္ ၂၀၁၉ ခုႏွစ္အတြက္ နိုင္ငံတကာခရီးသြားေတြကိုဆြဲေဆာင္နိုင္ဆုံး ထိပ္ဆုံးနိုင္ငံေတြ စာရင္းမွာပါဝင္လာတာပဲျဖစ္ပါတယ္။

၃။ ဇင္ဘာေဘြ (Zinbabwe)

Victoria Falls

ဇင္ဘာေဘြနိုင္ငံဟာ သိပ္မၾကာေသးတဲ့အခ်ိန္က သတင္းဆိုးေတြနဲ႔ ရွိေနခဲ့ေပမယ့္ ဒီနိုင္ငံကိုေရာက္ဖူးတဲ့ ခရီးသြားတိုင္းရဲ့ ခ်ီးမႊမ္းေျပာဆိုျခင္းကို ခံေနရပါတယ္။ ဇင္ဘာေဘြနိုင္ငံဟာ အာဖရိကတိုက္ရဲ့ အလုံျခဳံဆုံးနိုင္ငံျဖစ္႐ုံသာမက ခင္မင္ရင္းႏွီးစရာေကာင္းတဲ့ ေဒသခံေတြ၊ သာယာၿပီး၊ သန႔္ရွင္းတဲ့ အမ်ိဳးသားပန္းၿခံေတြ၊ သစ္ေတာေတြနဲ႔အတူ အလြန္ႀကီးမားတဲ့ ဗစ္တိုးရီးယား ေရတံခြန္ႀကီး(Victoria Falls)ပါ ရွိေနပါတယ္။ ၂၀၁၈ ခုႏွစ္မွာက်င္းပျပဳလုပ္ခဲ့တဲ့ ေရြးေကာက္ပြဲၿပီးေနာက္ အျငင္းပြားဖြယ္ကိစၥရပ္ေတြေပၚေပါက္ခဲ့ပါေသးတယ္။ ဒါေပမယ့္ ဇင္ဘာေဘြနိုင္ငံသားေတြကေတာ့ ခရီးသြားေတြကို ဖိတ္ေခၚလ်က္ရွိပါတယ္။ လာေရာက္လည္ပတ္တဲ့ ခရီးသြားေတြကိုလည္း ထုံးစံအတိုင္း ကူညီေဖးမေပးေနၾကပါတယ္။ ဒါ့ေၾကာင့္ပဲ ဇင္ဘာေဘြနိုင္ငံဟာ ၂၀၁၉ ခုႏွစ္ရဲ့ တတိယ ခရီးသြားဖြယ္အေကာင္းဆုံးနိုင္ငံအျဖစ္သတ္မွတ္ျခင္း ခံထားရတာပဲျဖစ္ပါတယ္။

၂။ ဂ်ာမဏီ (Germany)

Related Post :  မိဘအုပ္ထိန္းမႈပံုစံ ၄ မ်ိဳး

Germany

ဒီစာရင္းရဲ့ ဒုတိယေနရာမွာရွိတာကေတာ့ ဂ်ာမဏီနိုင္ငံပဲျဖစ္ပါတယ္။ ဂ်ာမဏီနိုင္ငံဟာ တခါတုန္းက စစ္အင္အား အလြန္ႀကီးမားတဲ့ နိုင္ငံ တစ္နိင္ငံပါ။ ကမၻာ့လူႀကိဳက္အမ်ားဆုံး အားကစားတစ္မ်ိဳးျဖစ္တဲ့ ေဘာလုံးမွာလည္း သူတို႔က ဆရာတစ္ဆူပါပဲ။ ၂၁ ရာစုမွာ တီထြင္ဖန္တီးမွု၊ နည္းပညာျမင့္မားမွု စတဲ့ နယ္ပယ္ေတြမွာလည္း ထင္ရွားေက်ာ္ၾကားသူေတြပါ။ ဂ်ာမဏီနိုင္ငံရဲ့ ၿမိဳ႕ႀကီး ၃ ၿမိဳ႕ျဖစ္တဲ့ ဘားေဟာက္စ္(Bauhaus), ေဝမာ(Weimar), ဒက္ေစာ့(Dessau) တို႔မွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေရွးအခါက အခန္းအနားေတြကို ျပန္လည္မြန္းမံတာ၊ ဖ်က္သိမ္းတာေတြ ရွိခဲ့ပါတယ္။ ဒါ့ေၾကာင့္ ဒီၿမိဳ႕ႀကီး ၃ ၿမိဳ႕မွာ ျပတိုက္အသစ္ေတြတည္ထားၿပီး ဖြင့္လွစ္ဖို႔ စီစဥ္ထားပါတယ္။ ဒီအခ်ိန္မွာ ဂ်ာမဏီတစ္နိုင္ငံလုံး ျပတိုက္နဲ႔သက္ဆိုင္တဲ့ ျပပြဲေတြ၊ အခမ္းအနားေတြနဲ႔အတူ စည္ကားသိုက္ၿမိဳက္ေနမွာျဖစ္ပါတယ္။

၁။ သီရီလကၤာ (Sri Lanka)

Sri Lanka

ယခုအခ်ိန္ ဧၿပီလအထိ အခ်က္အလက္ေတြအရ ၂၀၁၉ ခုႏွစ္ရဲ့ ခရီးသြားေတြအတြက္ အေကာင္းဆုံးေနရာကိုေျပာပါဆိုရင္ေတာ့ သီရီလကၤာ လို႔ပဲေျဖရပါေတာ့မယ္။ သီရီလကၤာကို နိုင္ငံတကာ ခရီးသြားေတြ စိတ္ဝင္တစား ျဖစ္ရတဲ့ အေၾကာင္းရင္းေတြထဲမွ တစ္ခုကေတာ့ သူ႔ရဲ့ ဘာသာေပါင္းစုံ၊ ဓေလ့ေပါင္းစုံရွိတဲ့ လူေတြ ေရာေႏွာေနထိုင္ျခင္းေၾကာင့္ပဲ ျဖစ္ပါတယ္။ တျခားအေၾကာင္းအရာေတြမွာ ဘုရားေက်ာင္းေတြေပါမ်ားျခင္း၊ ေတာရိုင္းတိရစၧာန္မ်ားစြာကို အလြယ္တကူ ၾကည့္ရွုနိုင္ျခင္း၊ ေရလႊာလွိုင္းစီးကစားနိုင္ျခင္းအျပင္ တျခား စိတ္ဝင္စားဖြယ္မ်ားစြားရွိပါတယ္။ ၂၀၁၉ ခုႏွစ္မွာ ခရီးထြက္ၾကမယ့္ မိသားစုေတြ၊ သဘာဝပတ္ဝန္းက်င္ ေလ့လာေရးသမားေတြ၊ အေတြ႕အႀကံဳေကာင္းေတြကိုေတြ႕ႀကံဳခံစားလိုသူေတြနဲ႔ အစားအေသာက္သမားေတြ အားလုံးအတြက္ တကယ္ကို သြားေရာက္လည္ပတ္ခ်င္စရာပါ။

အက်ဥ္းခ်ဳပ္
၁။ သီရီလကၤာ (Sri Lanka)
၂။ ဂ်ာမဏီ (Germany)
၃။ ဇင္ဘာေဘြ(Zinbabwe)
၄။ ပနားမား (Panama)
၅။ ေခးေဂစတန္ (Kyrgyzstan)

အေပၚမွာ ေဖာ္ျပခဲ့တာေတြကေတာ့ ၂၀၁၉ ခုႏွစ္အတြက္ ခရီးထြက္ဖို႔အေကာင္းဆုံး နိုင္ငံ ၅ နိုင္ငံပဲျဖစ္ပါတယ္။ စာဖတ္သူတို႔ ႏွစ္သက္ၾကမယ္လို႔လဲ ကၽြန္ေတာ္တို႔ယူဆပါတယ္။ ေနာက္လာမယ့္ ေဆာင္းပါးေတြကို တစ္ခုထက္တစ္ခု ပိုေကာင္းေအာင္ ကၽြန္ေတာ္တို႔ႀကိဳးစားသြားပါမယ္။ အႀကံေပးစရာ၊ တိုင္ပင္စရာေတြရွိပါက comment မွာ၊ ဒါမွမဟုတ္ chat box မွာလာေရာက္ေဆြးေႏြးနိုင္ပါတယ္။ ကၽြန္ေတာ္တို႔ကို ဆက္လက္အားေပးေနရင္ ကၽြန္ေတာ္တို႔ရဲ့ Facebook Page ကို Like & See First လုပ္ၿပီး၊ ဒီ post ကို share ေပးဖို႔တိုက္တြန္းလိုပါတယ္။ အားလုံးကို ေက်းဇူး အထူးတင္ရွိပါတယ္။

[quiz-cat id=”188″]

Unicode

၂၀၁၉ ခုနှစ်အတွက် ခရီးထွက်ဖို့အကောင်းဆုံး နိုင်ငံ ၅ နိုင်ငံ

Related Post :  မိဘအုပ္ထိန္းမႈပံုစံ ၄ မ်ိဳး

အားလုံး မင်္ဂလာပါ။ MotivSuccess ရဲ့ Top 5 အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ကျွန်တော်တို့ရဲ့ စာဖတ်ပုရိတ်သတ်တွေအတွက် ဒီနေ့တင်ပြပေးချင်တာကတော့ ကမ္ဘာပေါ်မှာရှိတဲ့ ခရီးထွက်ပြီး အပန်းဖြေ၊ အနားယူစရာအကောင်းဆုံး နိုင်ငံ ၅ နိုင်ငံ အကြောင်းပဲဖြစ်ပါတယ်။ အသေးစိတ်ကို ပုံနဲ့တကွ အောက်မှာဖော်ပြပေးထားပါတယ်။

၅။ ခေးဂေစတန် (Kyrgyzstan)

Kyrgystan

ခေးဂေစတန်နိုင်ငံဟာ ၂၀၁၈ ခုနှစ် အာရှအလယ်ပိုင်းမှာကျင်းပပြုလုပ်တဲ့ ဒေသခံတွေရဲ့အားကစားကိုအခြေခံတဲ့ နိုင်ငံတကာအားကစားပြိုင်ပွဲ(World Nomad Games) မှစတင်ကာ ကမ္ဘာအရပ်ရပ်မှာရှိတဲ့ ခရီးသွားတွေရဲ့ အာရုံစိုက်မှုကို ဖမ်းယူနိုင်ခဲ့ပါတယ်။ ခေးဂေစတန်နိုင်ငံဟာ ၂၀၁၉ ခုနှစ်မှာ ခရီးသွားတွေအတွက် အထူးအစီအစဉ်တွေကို ပြုလုပ်ပေးထားပါတယ်။ ကီလိုမီတာ ၂၇၀၀ ရှည်တဲ့ ခြေလျင်ခရီးစဉ်၊ နိုင်ငံတစ်ဝန်းလုံးမှာဖြန့်ကျက်ထားတဲ့ အရည်အသွေးမြင့် ခရီးသွားအသုံးအဆောင်ပစ္စည်းတွေ၊ အချိန်ကုန်သက်သာပြီး ခရီးသွားတဲ့အခါလျင်မြန်တဲ့ အဝေးပြေးစနစ်တွေနဲ့အတူ အလွယ်တကူပြုလုပ်နိုင်တဲ့ e-visa စနစ်တွေလည်းရှိပါတယ်။ အပေါ်မှာဖော်ပြခဲ့တဲ့ အချက်တွေကြောင့်ပဲ ၂၀၁၉ ခုနှစ်မှာ ခေးဂေစတန်နိုင်ငံဟာ နဂိုအတိုင်းရှိနေတဲ့ သဘာဝအလှတရားတွေကို လွတ်လွတ်လပ်လပ်ခံစားလိုတဲ့ ခရီးသွားတွေအကြိုက်တွေ့မယ့် နေရာတစ်နေရာဖြစ်လာပါတယ်။

၄။ ပနားမား (Panama)

Panama

နံပါတ် ၄ နေရာမှာရပ်တည်နေတာကတော့ ပနားမားနိုင်ငံပဲဖြစ်ပါတယ်။ ပနားမားဟာ တောင်အမေရိကတိုက်နဲ့ အမေရိကတိုက်အလယ်ပိုင်းကို ဆက်သွယ်ထားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ပနားမားနိုင်ငံရဲ့မြောက်ပိုင်းကနေတောင်ပိုင်းအထိ အပူပိုင်းဒေသနေ လူမျိုးခြားတွေရဲ့ ဘာသာရေးပွဲတော်တွေနဲ့ စည်ကားနေပြီး အရှေ့ပိုင်းကနေ အနောက်ပိုင်းအထိ ကျယ်ပြန့်လှတဲ့ ကမ္ဘာ့စီးပွားရေးလုပ်ငန်းတွေနဲ့ဖွံ့ဖြိုးတိုးတက်နေပါတယ်။ ပြောရမယ်ဆိုရင် ပနားမားဟာ နိုင်ငံငယ်လေးတစ်နိုင်ငံဖြစ်ပေမယ့် အဖိုးတန်ရတနာတွေနဲ့ ပြည့်စုံနေပါတယ်။ သဲဖြူပြင်တွေရှိတဲ့ ပင်လယ်ကမ်းခြေတွေကအစ၊ အပူပိုင်း အမြဲစိမ်းတောတွေကအဆုံး။ ဒေသခံလူမျိုးစုတွေရဲ့ ယဉ်ကျေးမှုတွေကလည်း အလွန်စိတ်ဝင်စားစရာကောင်းလှပါတယ်။ ၂၀၁၉ ခုနှစ်မှာကျင်းပမယ့် ပနားမားမြို့(Panama City)ရဲ့ စည်ကားသိုက်မြိုက်တဲ့ နှစ် ၅၀၀ ပြည့် သမိုင်းဝင်ပွဲတော်ကြီးရှိနေတာကြောင့် ၂၀၁၉ ခုနှစ်အတွက် နိုင်ငံတကာခရီးသွားတွေကိုဆွဲဆောင်နိုင်ဆုံး ထိပ်ဆုံးနိုင်ငံတွေ စာရင်းမှာပါဝင်လာတာပဲဖြစ်ပါတယ်။

၃။ ဇင်ဘာဘွေ (Zinbabwe)

Victoria Falls

ဇင်ဘာဘွေနိုင်ငံဟာ သိပ်မကြာသေးတဲ့အချိန်က သတင်းဆိုးတွေနဲ့ ရှိနေခဲ့ပေမယ့် ဒီနိုင်ငံကိုရောက်ဖူးတဲ့ ခရီးသွားတိုင်းရဲ့ ချီးမွှမ်းပြောဆိုခြင်းကို ခံနေရပါတယ်။ ဇင်ဘာဘွေနိုင်ငံဟာ အာဖရိကတိုက်ရဲ့ အလုံခြုံဆုံးနိုင်ငံဖြစ်ရုံသာမက ခင်မင်ရင်းနှီးစရာကောင်းတဲ့ ဒေသခံတွေ၊ သာယာပြီး၊ သန့်ရှင်းတဲ့ အမျိုးသားပန်းခြံတွေ၊ သစ်တောတွေနဲ့အတူ အလွန်ကြီးမားတဲ့ ဗစ်တိုးရီးယား ရေတံခွန်ကြီး(Victoria Falls)ပါ ရှိနေပါတယ်။ ၂၀၁၈ ခုနှစ်မှာကျင်းပပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲပြီးနောက် အငြင်းပွားဖွယ်ကိစ္စရပ်တွေပေါ်ပေါက်ခဲ့ပါသေးတယ်။ ဒါပေမယ့် ဇင်ဘာဘွေနိုင်ငံသားတွေကတော့ ခရီးသွားတွေကို ဖိတ်ခေါ်လျက်ရှိပါတယ်။ လာရောက်လည်ပတ်တဲ့ ခရီးသွားတွေကိုလည်း ထုံးစံအတိုင်း ကူညီဖေးမပေးနေကြပါတယ်။ ဒါ့ကြောင့်ပဲ ဇင်ဘာဘွေနိုင်ငံဟာ ၂၀၁၉ ခုနှစ်ရဲ့ တတိယ ခရီးသွားဖွယ်အကောင်းဆုံးနိုင်ငံအဖြစ်သတ်မှတ်ခြင်း ခံထားရတာပဲဖြစ်ပါတယ်။

Related Post :  မိဘအုပ္ထိန္းမႈပံုစံ ၄ မ်ိဳး

၂။ ဂျာမဏီ (Germany)

Germany

ဒီစာရင်းရဲ့ ဒုတိယနေရာမှာရှိတာကတော့ ဂျာမဏီနိုင်ငံပဲဖြစ်ပါတယ်။ ဂျာမဏီနိုင်ငံဟာ တခါတုန်းက စစ်အင်အား အလွန်ကြီးမားတဲ့ နိုင်ငံ တစ်နိင်ငံပါ။ ကမ္ဘာ့လူကြိုက်အများဆုံး အားကစားတစ်မျိုးဖြစ်တဲ့ ဘောလုံးမှာလည်း သူတို့က ဆရာတစ်ဆူပါပဲ။ ၂၁ ရာစုမှာ တီထွင်ဖန်တီးမှု၊ နည်းပညာမြင့်မားမှု စတဲ့ နယ်ပယ်တွေမှာလည်း ထင်ရှားကျော်ကြားသူတွေပါ။ ဂျာမဏီနိုင်ငံရဲ့ မြို့ကြီး ၃ မြို့ဖြစ်တဲ့ ဘားဟောက်စ်(Bauhaus), ဝေမာ(Weimar), ဒက်စော့(Dessau) တို့မှာ အကြောင်းအမျိုးမျိုးကြောင့် ရှေးအခါက အခန်းအနားတွေကို ပြန်လည်မွန်းမံတာ၊ ဖျက်သိမ်းတာတွေ ရှိခဲ့ပါတယ်။ ဒါ့ကြောင့် ဒီမြို့ကြီး ၃ မြို့မှာ ပြတိုက်အသစ်တွေတည်ထားပြီး ဖွင့်လှစ်ဖို့ စီစဉ်ထားပါတယ်။ ဒီအချိန်မှာ ဂျာမဏီတစ်နိုင်ငံလုံး ပြတိုက်နဲ့သက်ဆိုင်တဲ့ ပြပွဲတွေ၊ အခမ်းအနားတွေနဲ့အတူ စည်ကားသိုက်မြိုက်နေမှာဖြစ်ပါတယ်။

၁။ သီရီလင်္ကာ (Sri Lanka)

Sri Lanka

ယခုအချိန် ဧပြီလအထိ အချက်အလက်တွေအရ ၂၀၁၉ ခုနှစ်ရဲ့ ခရီးသွားတွေအတွက် အကောင်းဆုံးနေရာကိုပြောပါဆိုရင်တော့ သီရီလင်္ကာ လို့ပဲဖြေရပါတော့မယ်။ သီရီလင်္ကာကို နိုင်ငံတကာ ခရီးသွားတွေ စိတ်ဝင်တစား ဖြစ်ရတဲ့ အကြောင်းရင်းတွေထဲမှ တစ်ခုကတော့ သူ့ရဲ့ ဘာသာပေါင်းစုံ၊ ဓလေ့ပေါင်းစုံရှိတဲ့ လူတွေ ရောနှောနေထိုင်ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ တခြားအကြောင်းအရာတွေမှာ ဘုရားကျောင်းတွေပေါများခြင်း၊ တောရိုင်းတိရစ္ဆာန်များစွာကို အလွယ်တကူ ကြည့်ရှုနိုင်ခြင်း၊ ရေလွှာလှိုင်းစီးကစားနိုင်ခြင်းအပြင် တခြား စိတ်ဝင်စားဖွယ်များစွားရှိပါတယ်။ ၂၀၁၉ ခုနှစ်မှာ ခရီးထွက်ကြမယ့် မိသားစုတွေ၊ သဘာဝပတ်ဝန်းကျင် လေ့လာရေးသမားတွေ၊ အတွေ့အကြံုကောင်းတွေကိုတွေ့ကြံုခံစားလိုသူတွေနဲ့ အစားအသောက်သမားတွေ အားလုံးအတွက် တကယ်ကို သွားရောက်လည်ပတ်ချင်စရာပါ။

အကျဉ်းချုပ်
၁။ သီရီလင်္ကာ (Sri Lanka)
၂။ ဂျာမဏီ (Germany)
၃။ ဇင်ဘာဘွေ (Zinbabwe)
၄။ ပနားမား (Panama)
၅။ ခေးဂေစတန် (Kyrgyzstan)

အပေါ်မှာ ဖော်ပြခဲ့တာတွေကတော့ ၂၀၁၉ ခုနှစ်အတွက် ခရီးထွက်ဖို့အကောင်းဆုံး နိုင်ငံ ၅ နိုင်ငံပဲဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်ကြမယ်လို့လဲ ကျွန်တော်တို့ယူဆပါတယ်။ နောက်လာမယ့် ဆောင်းပါးတွေကို တစ်ခုထက်တစ်ခု ပိုကောင်းအောင် ကျွန်တော်တို့ကြိုးစားသွားပါမယ်။ အကြံပေးစရာ၊ တိုင်ပင်စရာတွေရှိပါက comment မှာ၊ ဒါမှမဟုတ် chat box မှာလာရောက်ဆွေးနွေးနိုင်ပါတယ်။ ကျွန်တော်တို့ကို ဆက်လက်အားပေးနေရင် ကျွန်တော်တို့ရဲ့ Facebook Page ကို Like & See First လုပ်ပြီး၊ ဒီ post ကို share ပေးဖို့တိုက်တွန်းလိုပါတယ်။ အားလုံးကို ကျေးဇူး အထူးတင်ရှိပါတယ်။

Leave a Reply