Menu Close

“ဆင္ခ်ည္ႀကိဳး နဲ႔ ယုံၾကည္မွု”

Elephant Rope And Belief

Zawgyi

အားလုံးပဲ မဂၤလာပါ။ Motivsuccess ကေန ျပန္လည္ႀကိဳဆိုပါတယ္။ သူငယ္ခ်င္းတို႔ေရ ဒီတစ္ခါ သူငယ္ခ်င္းတို႔ကို “ဆင္ခ်ည္ႀကိဳးနဲ႔ ယုံၾကည္မွု”ဆိုတဲ့ ခံယူခ်က္ ယုံၾကည္မွုနဲ႔သက္ဆိုင္တဲ့ ပုံျပင္တိုေလးအေၾကာင္း ေျပာျပေပးသြားမွာျဖစ္ပါတယ္။ အရင္တင္ခဲ့တဲ့ ေဆာင္းပါးေတြမွာလည္း ေအာင္ျမင္မွုအတြက္ ယုံၾကည္မွုရဲ့ အေရးပါမွုေတြကို သိၿပီးျဖစ္မွာပါေနာ္။ ဒီတစ္ေခါက္ပုံျပင္ေလးမွာလည္း ထပ္ၿပီးေျပာျပေပးဦးမယ္ေနာ္။

တစ္ခါက လူတစ္ေယာက္က ဆင္စခန္းေရွ႕ကေနျဖတ္ေလၽွာက္တဲ့အခ်ိန္ တစ္ခုကိုသတိျပဳမိသြားတယ္။ သာမန္ဆိုရင္ ဒီေလာက္ႀကီးမားတဲ့ဆင္ေတြကို ေလွာင္အိမ္ထဲ ဒါမွမဟုတ္ သံႀကိဳးေတြနဲ႔ ခ်ည္ထားတာပဲေတြ႕ဖူးတာပါ။ အခုမွ ဒီေလာက္ႀကီးတဲ့ဆင္ေတြကို ေလွာင္အိမ္ထဲလည္းမထည့္ သံႀကိဳးႀကီးႀကီးေတြနဲ႔ ေသာ့ခတ္ၿပီးလည္းမထား။ ခပ္ေသးေသးႀကိဳးနဲ႔ပဲ ေျခတစ္ဖက္ကိုတုပ္ထားတာေတြ႕ရေတာ့ ေတာ္ေတာ္အံဩသြားတယ္။ ၿပီးေတာ့ ဆင္ႀကီးေတြကသူတို႔အားနဲ႔ ႀကိဳးေသးေသးေလးေတြကို အလြယ္တကူျဖတ္လို႔ရရဲ့သားနဲ႔ ဘာလို႔ ဆင္စခန္းကေန ထြက္ေျပးမသြားတာလဲဆိုၿပီး ေတာ္ေတာ္ ဇေဝဇဝါျဖစ္သြားတယ္။ စပ္စပ္စုစုနဲ႔ အရမ္းလည္း သိခ်င္လာေတာ့ အနီးအနားမွာရွိတဲ့ ဆင္ထိန္းဆီသြားၿပီး ဘာလို႔ဆင္ေတြက ဒီကေနထြက္ေျပးဖို႔မႀကိဳးစားၾကတာလဲလို႔ေမးၾကည့္လိုက္တယ္။

ဆင္ထိန္းႀကီးေျပာျပတာက “သူတို႔ငယ္တဲ့အခ်ိန္တုန္းကလည္း ဒီႀကိဳးနဲ႔အရြယ္အစားတူတဲ့ ႀကိဳးနဲ႔ပဲခ်ည္ခဲ့တာ။ အဲ့တုန္းက ဆင္ေတြကလည္းငယ္ေသးေတာ့ ဒီႀကိဳးေသးေသးေလးေတြနဲ႔ ေကာင္းေကာင္းထိန္းထားနိုင္တယ္။ ႀကီးလာတဲ့ အခါက်ေတာ့လည္း ဒီႀကိဳးေတြကို သူတို႔႐ုန္းနိုင္မွာ မဟုတ္ဘူးဆိုၿပီး ယုံၾကည္သြားတဲ့အတြက္ေၾကာင့္ သူတို႔ဘယ္ေတာ့မွ ထြက္ေျပး႐ုန္းထြက္ဖို႔မႀကိဳးစားေတာ့တာ ျဖစ္တယ္” လို႔ ရွင္းျပပါတယ္။

အေၾကာင္းျပခ်က္တစ္ခုတည္းရွိပါတယ္။ ဆင္ေတြက သူတို႔ ငယ္ငယ္က တစ္ႀကိမ္တစ္ခါ မလုပ္နိုင္ခဲ့ဘူး၊ မျဖစ္နိုင္ခဲ့ဘူးဆိုတဲ့ ယုံၾကည္ခ်က္ကို အျမဲတမ္းအျဖစ္ စြဲယူမွတ္သားသြားမိလို႔ ထြက္ေျပးဖို႔ မႀကိဳးစားေတာ့ပဲ အျမဲ ဆင္စခန္းမွာခ်ဳပ္ေႏွာင္ျခင္း ခံေနရတာပဲျဖစ္ပါတယ္။

Related Post :  စိတ္ဝင္စားဖြယ္ရာ Black Hole အေၾကာင္း

ဒါေၾကာင့္မို႔လို႔ ကၽြန္ေတာ္တို႔ တစ္ႀကိမ္တစ္ခါက်ရွုံးဖူး႐ုံနဲ႔ ဒီအရာမျဖစ္နိုင္ဘူးဆိုၿပီး လက္ေလၽွာ့ဖို႔ စိတ္မကူးပါနဲ႔။ ဘယ္ေလာက္ပဲ အခက္အခဲ အတားအဆီးေတြရွိပါေစ ကၽြန္ေတာ္တို႔ရဲ့ စိတ္ကူးအိပ္မက္ေတြက အျမဲတမ္းျဖစ္နိုင္တယ္ဆိုတဲ့ ယုံၾကည္မွုကို ဘယ္ေတာ့မွ မစြန႔္လႊတ္လိုက္ပါနဲ႔။ မိမိကိုယ္ကို ယုံၾကည္မွုဟာ ကၽြန္ေတ္တို႔ေအာင္ျမင္လာဖို႔အတြက္ အေရးအႀကီးဆုံးေသာ ေျခလွမ္းတစ္လွမ္းျဖစ္ပါတယ္။ ဒါေၾကာင့္ မိမိကိုယ္ကို ယုံၾကည္ၿပီး ယုံၾကည္ရာကို မစြန႔္လႊတ္မိဖို႔ တိုက္တြန္းႏွိုးေဆာ္ရင္း ပုံျပင္ေလးကို အဆုံးသတ္လိုက္ပါတယ္ေနာ္။

အေပၚမွာေဖာ္ျပခဲ့တာကေတာ့ “ဆင္ခ်ည္ႀကိဳးနဲ႔ ယုံၾကည္မွု”ဆိုတဲ့ ကိုယ္ပိုင္ယုံၾကည္ခ်က္ဟာ ဘယ္ေလာက္ထိအေရးပါေၾကာင္း ေျပာျပထားတဲ့ ပုံျပင္တိုေလးတစ္ပုဒ္ ပဲျဖစ္ပါတယ္။ ဒီပုံျပင္တိုေလးက သူငယ္ခ်င္းတို႔အားလုံးအတြက္​ အက်ိဳးရွိလိမ့္မယ္​လို႔ ေမၽွာ္​လင္​့ပါတယ္​။ ေနာက္​လည္​း ဒီ Facebook Page ေပၚမွာ သူငယ္ခ်င္းတို႔အတြက္​ အက်ိဳးရွိမယ္​့၊ ဗဟုသုတတိုးပြားေစမယ့္ ေဆာင္​းပါေလးေတြ ေရးသားတင္​ျပပါအုံးမယ္​။ အႀကံေပး၊ ေဆြးေႏြးခ်င္​တာရွိရင္​လည္​း Comment (or) Chat Box မွလာေရာက္​ေဆြးေႏြးနိုင္​ပါတယ္​။ ေနာက္​တင္​မယ္​့ပို႔စ္​ေတြကို လက္​မလြတ္​ဖို႔ Like & Follow ေလးလုပ္​ထားနိုင္​ပါတယ္​။ ဒီ Page ကိုကူညီပံ့ပိုးေပးခ်င္​ရင္​ေတာ့ See First ေလးလုပ္​ထားေပးၿပီး၊ ပို႔စ္​ကိုလည္​း Share နိုင္​ပါတယ္​။ အဆုံးအထိဖတ္​ေပးလို႔ေက်းဇူးအမ်ားႀကီးတင္​ပါတယ္​။ ေပ်ာ္​ရႊင္​စရာေန႔ေလး ျဖစ္​ပါေစ။

Related Post :  သင္​့ရဲ႕ ကိုယ္​ရည္​ကုိယ္​​ေသြးတိုးတက္​မႈကို ျမန္​ျမန္​ဆန္​ဆန္​ ျမႇင္​့တင္​​နိုင္​​ေအာင္​ ကူညီ​ေပးနိုင္​မယ္​့ နည္​းလမ္​း (၁၀) ခု

Unicode

“ဆင်ချည်ကြိုး နဲ့ ယုံကြည်မှု”

အားလုံးပဲ မင်္ဂလာပါ။ Motivsuccess ကနေ ပြန်လည်ကြိုဆိုပါတယ်။ သူငယ်ချင်းတို့ရေ ဒီတစ်ခါ သူငယ်ချင်းတို့ကို “ဆင်ချည်ကြိုးနဲ့ ယုံကြည်မှု”ဆိုတဲ့ ခံယူချက် ယုံကြည်မှုနဲ့သက်ဆိုင်တဲ့ ပုံပြင်တိုလေးအကြောင်း ပြောပြပေးသွားမှာဖြစ်ပါတယ်။ အရင်တင်ခဲ့တဲ့ ဆောင်းပါးတွေမှာလည်း အောင်မြင်မှုအတွက် ယုံကြည်မှုရဲ့ အရေးပါမှုတွေကို သိပြီးဖြစ်မှာပါနော်။ ဒီတစ်ခေါက်ပုံပြင်လေးမှာလည်း ထပ်ပြီးပြောပြပေးဦးမယ်နော်။

တစ်ခါက လူတစ်ယောက်က ဆင်စခန်းရှေ့ကနေဖြတ်လျှောက်တဲ့အချိန် တစ်ခုကိုသတိပြုမိသွားတယ်။ သာမန်ဆိုရင် ဒီလောက်ကြီးမားတဲ့ဆင်တွေကို လှောင်အိမ်ထဲ ဒါမှမဟုတ် သံကြိုးတွေနဲ့ ချည်ထားတာပဲတွေ့ဖူးတာပါ။ အခုမှ ဒီလောက်ကြီးတဲ့ဆင်တွေကို လှောင်အိမ်ထဲလည်းမထည့် သံကြိုးကြီးကြီးတွေနဲ့ သော့ခတ်ပြီးလည်းမထား။ ခပ်သေးသေးကြိုးနဲ့ပဲ ခြေတစ်ဖက်ကိုတုပ်ထားတာတွေ့ရတော့ တော်တော်အံဩသွားတယ်။ ပြီးတော့ ဆင်ကြီးတွေကသူတို့အားနဲ့ ကြိုးသေးသေးလေးတွေကို အလွယ်တကူဖြတ်လို့ရရဲ့သားနဲ့ ဘာလို့ ဆင်စခန်းကနေ ထွက်ပြေးမသွားတာလဲဆိုပြီး တော်တော် ဇဝေဇဝါဖြစ်သွားတယ်။ စပ်စပ်စုစုနဲ့ အရမ်းလည်း သိချင်လာတော့ အနီးအနားမှာရှိတဲ့ ဆင်ထိန်းဆီသွားပြီး ဘာလို့ဆင်တွေက ဒီကနေထွက်ပြေးဖို့မကြိုးစားကြတာလဲလို့မေးကြည့်လိုက်တယ်။

ဆင်ထိန်းကြီးပြောပြတာက “သူတို့ငယ်တဲ့အချိန်တုန်းကလည်း ဒီကြိုးနဲ့အရွယ်အစားတူတဲ့ ကြိုးနဲ့ပဲချည်ခဲ့တာ။ အဲ့တုန်းက ဆင်တွေကလည်းငယ်သေးတော့ ဒီကြိုးသေးသေးလေးတွေနဲ့ ကောင်းကောင်းထိန်းထားနိုင်တယ်။ ကြီးလာတဲ့ အခါကျတော့လည်း ဒီကြိုးတွေကို သူတို့ရုန်းနိုင်မှာ မဟုတ်ဘူးဆိုပြီး ယုံကြည်သွားတဲ့အတွက်ကြောင့် သူတို့ဘယ်တော့မှ ထွက်ပြေးရုန်းထွက်ဖို့မကြိုးစားတော့တာ ဖြစ်တယ်” လို့ ရှင်းပြပါတယ်။

အကြောင်းပြချက်တစ်ခုတည်းရှိပါတယ်။ ဆင်တွေက သူတို့ ငယ်ငယ်က တစ်ကြိမ်တစ်ခါ မလုပ်နိုင်ခဲ့ဘူး၊ မဖြစ်နိုင်ခဲ့ဘူးဆိုတဲ့ ယုံကြည်ချက်ကို အမြဲတမ်းအဖြစ် စွဲယူမှတ်သားသွားမိလို့ ထွက်ပြေးဖို့ မကြိုးစားတော့ပဲ အမြဲ ဆင်စခန်းမှာချုပ်နှောင်ခြင်း ခံနေရတာပဲဖြစ်ပါတယ်။

Related Post :  အာင္ျမင္ဖို႔အတြက္ ဒီအခ်က္ (၅) ခ်က္ကို လိုက္နာေဆာင္႐ြက္ပါ

ဒါကြောင့်မို့လို့ ကျွန်တော်တို့ တစ်ကြိမ်တစ်ခါကျရှုံးဖူးရုံနဲ့ ဒီအရာမဖြစ်နိုင်ဘူးဆိုပြီး လက်လျှော့ဖို့ စိတ်မကူးပါနဲ့။ ဘယ်လောက်ပဲ အခက်အခဲ အတားအဆီးတွေရှိပါစေ ကျွန်တော်တို့ရဲ့ စိတ်ကူးအိပ်မက်တွေက အမြဲတမ်းဖြစ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုကို ဘယ်တော့မှ မစွန့်လွှတ်လိုက်ပါနဲ့။ မိမိကိုယ်ကို ယုံကြည်မှုဟာ ကျွန်တေ်တို့အောင်မြင်လာဖို့အတွက် အရေးအကြီးဆုံးသော ခြေလှမ်းတစ်လှမ်းဖြစ်ပါတယ်။ ဒါကြောင့် မိမိကိုယ်ကို ယုံကြည်ပြီး ယုံကြည်ရာကို မစွန့်လွှတ်မိဖို့ တိုက်တွန်းနှိုးဆော်ရင်း ပုံပြင်လေးကို အဆုံးသတ်လိုက်ပါတယ်နော်။

အပေါ်မှာဖော်ပြခဲ့တာကတော့ “ဆင်ချည်ကြိုးနဲ့ ယုံကြည်မှု”ဆိုတဲ့ ကိုယ်ပိုင်ယုံကြည်ချက်ဟာ ဘယ်လောက်ထိအရေးပါကြောင်း ပြောပြထားတဲ့ ပုံပြင်တိုလေးတစ်ပုဒ် ပဲဖြစ်ပါတယ်။ ဒီပုံပြင်တိုလေးက သူငယ်ချင်းတို့အားလုံးအတွက်​ အကျိုးရှိလိမ့်မယ်​လို့ မျှော်​လင်​့ပါတယ်​။ နောက်​လည်​း ဒီ Facebook Page ပေါ်မှာ သူငယ်ချင်းတို့အတွက်​ အကျိုးရှိမယ်​့၊ ဗဟုသုတတိုးပွားစေမယ့် ဆောင်​းပါလေးတွေ ရေးသားတင်​ပြပါအုံးမယ်​။ အကြံပေး၊ ဆွေးနွေးချင်​တာရှိရင်​လည်​း Comment (or) Chat Box မှလာရောက်​ဆွေးနွေးနိုင်​ပါတယ်​။ နောက်​တင်​မယ်​့ပို့စ်​တွေကို လက်​မလွတ်​ဖို့ Like & Follow လေးလုပ်​ထားနိုင်​ပါတယ်​။ ဒီ Page ကိုကူညီပံ့ပိုးပေးချင်​ရင်​တော့ See First လေးလုပ်​ထားပေးပြီး၊ ပို့စ်​ကိုလည်​း Share နိုင်​ပါတယ်​။ အဆုံးအထိဖတ်​ပေးလို့ကျေးဇူးအများကြီးတင်​ပါတယ်​။ ပျော်​ရွှင်​စရာနေ့လေး ဖြစ်​ပါစေ။

Related Posts

Leave a Reply