Menu Close
10 Motivational Tips To Inspire You To Become Successful
Zawgyi
၂။ နေ့စဉ်အလေ့အထ
Related Post :  စိတ်ဝင်စားဖွယ်ရာ Black Hole အကြောင်း
၇။ အကောင်းမြင်မှု
အကျဉ်းချုပ်
၂။ နေ့စဉ်အလေ့အထ
၇။ အကောင်းမြင်မှု
Unicode
ဘဝမှာ အောင်မြင်လိုသူတွေအတွက် လက်ဆောင်စကား ၁၀ ခွန်း
Related Post :  Marketing အတြက္ မရွိမျဖစ္လိုအပ္တဲ့ P (၇) လံုး
သူငယ်ချင်းတို့ရေ မျိုးရိုးဗီဇအရ ကျွန်တော်တို့အားလုံးမှာ အောင်မြင်ချင်တဲ့ စိတ်ဆန္ဒဟာပါလာပြီးဖြစ်ပါတယ်။ အိပ်မက်တွေကိုအကောင်အထည်ဖော်ချင်ကြတယ်။ လက်ရှိအခြေအနေထက်ပိုပြီး တိုးတက် အောင်မြင်လိုကြတယ်။ ကျွန်တော်တို့မှာ အောင်မြင်ရမယ်ဆိုတဲ့ပြတ်သားတဲ့ဆုံးဖြတ်ချက်တစ်ခုနဲ့ ပြင်းပြတဲ့ဆန္ဒသာရှိမယ်ဆိုရင် အိပ်မက်တွေဟာ အမှန်တကယ်ဖြစ်လာမှာပါ။ တောင်မည်မျှပင်မြင့်မားပါစေ ဇွဲလုံ့လဝီရိယစိတ်ဓာတ်ပြင်းထန်တဲ့ တောင်တက်သမားရဲ့ဖဝါးအောက်ကိုရောက်ရစမြဲပင်ဖြစ်ပါတယ်။ ဒီပို့စ်မှာ သူငယ်ချင်းတို့အောင်မြင်မှုခရီးလမ်းမှာ အထောက်အကူဖြစ်စေမယ့် အကြံပြုချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။
၁။ စိတ်ကူးစိတ်သန်းနဲ့ပုံဖော်ကြည့်ရပါမယ်။
ကျွန်တော်တို့ဖြစ်ချင်တဲ့အရာတွေကို မကြာခဏစိတ်ကူးပုံဖော်ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ရဲ့လက်တွေ့ဘဝကို ထင်ဟပ်လာစေနိုင်မှာဖြစ်ပါတယ်။ ပျော်ရွှင်စိတ်ချမ်းသာမှုတွေနဲ့စိတ်ကူးယဉ်ထားတဲ့ အရာတစ်ခုကိုမကြာခဏပြန်ပြန်ပြီးပုံဖော်ပေးတာက ဆန့်ကျင်ဘက်အတွေးတွေပုံရိပ်ထဲပေါ်မလာစေတော့သလို ကိုယ့်ရဲ့ပန်းတိုင်ကို အကောင်အထည်ဖော်ရာမှာလည်း ပိုပြီးအထောက်အကူဖြစ်စေပါတယ်။
၂။ နေ့စဉ်အလေ့အထ
ကျွန်တော်တို့နေ့စဉ်ပုံမှန်လုပ်နေကျ အလုပ်တွေဟာ ကွန်တော်တို့ ရည်ရွယ်စဉ်းစားစရာမလိုဘဲ အားထုန်စရာမလိုဘဲ လုပ်နေတဲ့လုပ်ရိုးလုပ်စဉ်လုပ်ငန်းများဖြစ်ကြပါတယ်။ ( ဥပမာ မနက်အိပ်ရာထမျက်နှာသစ် သွားတိုက်တာ။ ကျွန်တော်တို့ အိပ်ရာထမျက်နှာသစ် သွားတိုက်လုပ်ဖို့ကို ရှည်ရှည်ဝေးဝေး စဉ်းစားနေစရာမလိုသလို ဒါတွေလုပ်ဖို့ကို အရှိန်ယူ အားထုတ်ရတာမျိုးလည်းမရှိပါဘူး။) ကဲဒီလိုပဲ ကျွန်တော်တို့အတွက် အောင်မြင်ရေးလမ်းကြောင်းကို ဦးတည်ပေးတဲ့ ကောင်းတဲ့အလေ့အထတွေကိုလည်း လုပ်ရိုးလုပ်စဉ်နေ့တိုင်းအလေ့အထတွေလိုပဲ တဖြည်းဖြည်း နေ့စဉ်လုပ်ခင်းဆောင်တာမှာထည့်သွင်းပြီး လေ့ကျင့်သွားမယ်ဆိုရင် ကျွန်တော်တို့အတွက် အောင်မြင်မှုပန်းတိုင်က လက်တစ်ကမ်းသာသာအနေမှာ ရှိနေတော့မှာဖြစ်ပါတယ်။
၃။ စိတ်ဓာတ်ခိုင်မာခြင်းနှင့် ကိုယ်ပိုင်နည်းစနစ်စည်းကမ်းများ
ကျွန်တော်တို့အားလုံးဟာ ကိုယ့်ရဲ့စိတ်အခြေအနေ၊ စိတ်ခံစားချက်တွေကို လွှတ်ထားမယ်ဆိုရင် လှေပေါ်မှာဒီအတိုင်းထိုင်နေတဲ့ လှိုင်းသယ်ရာဘယ်ဆီဘယ်ဝယ်ကိုမသိခေါ်ဆောင်ခြင်းခံရတဲ့လူနဲ့တူနေပါတော့တယ်။ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ကိုယ်ပိုင်နည်းစနစ်စည်းကမ်းတွေရှိမှသာ မိမိသွားချင်တဲ့ဆိပ်ကမ်းကိုဦးတည်သွားရာမှာ ကူညီပေးမယ့် အားကောင်းတဲ့စက်တစ်လုံးလှေပေါ်မှာတပ်ဆင်လိုက်ခြင်းနဲ့အလားတူမှာဖြစ်ပါတော့တယ်။
၄။ အသစ်သစ်သောနည်းလမ်းများ
ကျွန်တော်တို့ဟာ အခက်အခဲတစ်ခုကျော်ဖြတ်မယ်ဆို နည်းလမ်းမျိုးစုံသုံးကြရပါတယ်။ အသစ်သစ်သောနည်းလမ်းများကိုရှာဖွေခြင်းဟာလည်း အောင်မြင်မှုပန်းတိုင်နဲ့ နီးကပ်စေမှာဖြစ်ပါတယ်။
၅။ ကြိုးနဲ့တူတဲ့မျှော်လင့်ချက်
မျှော်လင့်ချက်ကို ဘယ်တော့မှမစွန့်လွှတ်အာနဲ့။ အဆုံးရှုံးမခံပါနဲ့။ မျှော်လင့်ချက်ဟာ ကျွန်တော်တို့ကို အပေါ်ရောက်အောင်ဆွဲတင်ပးမယ့် ကြိုးတစ်ချောင်းပါ။ မျှော်လင့်ချက်က ကျွန်တော်တို့အိပ်မက်တွေနဲ့ ချိတ်ဆက်ထားတဲ့ ဆက်သွယ်မှာတစ်ခု၊ အိပ်မက်တွေနဲ့မျှော်မှန်းချက်တွေကို ရောက်စေနိုင်မယ့် လှေကားထစ်တွေပါ။ ဒါကြောင့် မျှော်လင့်ခြင်းကြိုးကိုဘယ်တော့မှ မဆုံးရှုံးပါစေနဲ့။
၆။ စာဖတ်ခြင်းကိုကျော်လွန်၍
ကျွန်တော်တို့ဟာ သုတ ရသ စာမျိုးစုံကိုဖတ်ဖြစ်ကြမှာပါ။ စာကိုစာအတိုင်းဖတ်ရင် စာကိုနားလည်မှာတော့ အသေအချာပါပဲ။ စာဖတ်ခြင်းရဲ့အနှစ် အသိညဏ်ပညာတိုးတက်မှာကတော့ စာဖတ်ရင်းထည့်သွင်းစဉ်းစားခြင်းပဲဖြစ်ပါတယ်။ ရသစာအုပ်တွေမှာဆိုရင် “ငါသာဆိုရင်” ဆိုတဲ့ နေရာနဲ့ထည့်သွင်းစဉ်းစားကြည့်ပြီး သုတစာအုပ်တွေမှာတော့ စိတ်ကူးနဲ့အသုံးချကြည့်ရင် အသိပညာအစစ်ကိုရရှိနိုင်မှာဖြစ်ပါတယ်။
Related Post :  ဘယ်လို စိတ်ဓာတ်ကြံ့ခိုင်အောင် လုပ်ကြမလဲ။
၇။ အကောင်းမြင်မှု
လောကဆိုတာ အကောင်းနဲ့အဆိုးဒွန်တွဲနေတာပါ။ လူတစ်ယောက်ရဲ့စိတ်ခံစားချက်က သူတစ်ခုခုပေါ်မှာဘယ်လိုစိတ်သဘောထားနဲ့ခံယူလဲဆိုတာနဲ့အလွန်သက်ဆိုင်ပါတယ်။ အပြုသဘောဆောင်တဲ့အတွေးမျိုးရှိသူဟာ နားလည်မှုပြည့်ဝပြီး ပျော်ရွှင်မှု၊ စိတ်စေတနာကောင်းမှုတွေနဲ့အတူ အခွင့်အလမ်းတွေကိုလည်း ပိုပြီးသတိမူလာနိုင်မှာဖြစ်ပါတယ်။
၈။ ယုံကြည်မှုနဲ့ စိတ်ဆုံးဖြတ်ချက်
ကျွန်တော်တို့မှာတိကျပြတ်သားတဲ့ ရည်မှန်းချက်၊ ပြင်းထန်တဲ့စိတ်ဆန္ဒ နဲ့ ယုံကြည်မှုတို့သာရှိမယ်ဆိုရင် ကျွန်တော်တို့ဘဝမှာ ကောင်းသောအပြောင်းအလဲတွေအများကြီးရှိလာနိုင်မှာဖြစ်ပါတယ်။
၉။ဘဏ်ထဲမှစုငွေများနှင့်အချိန်သည်အလားတူ
ကျွန်တော်တို့အားလုံးဟာ နေ့တစ်နေ့ရဲ့ ၂၄ နာရီကိုတူတူပိုင်ဆိုင်ကြပါတယ်။ တစ်နေ့တစ်နေ့ကုန်လွန်သွားတဲ့အချိန်တွေကို စုထားတဲလငွေတွေ တဖြည်းဖြည်းလျော့သွားပြီဆိုပြီး ယှဉ်ကြည့်ပါ။ ကျွန်တော်တို့ဟာ ပိုက်ဆံနဲ့ပတ်သက်ပြီး အလေးထားသလို အချိန်နဲ့ပတ်သက်ပြီးတော့လည်း အလေးထားပြီး ကျွန်တော်တို့ကို အကျိုးရှိစေမယ့်ဟာတွေအပေါ်မှာ မှန်မှန်ကန်ကန် အသုံးချဖို့သင့်ပါတယ်။
၁၀။ တည်တည်ငြိမ်ငြိမ် ပွင့်ပွင့်လင်းလင်း
တည်ငြိမ်ပြီး ပွင့်လင်းတဲ့ စိတ်ဓာတ်ကို လူတိုင်းအတုယူမွေးမြူသင့်ပါတယ်။ ဒါမှသာ သဘာဝရဲ့ဒေါင့်ပေါင်းစုံ၊ အတွေးမျိုးစုံကို လက်ခံ မြင်လာပြီး အောင်မြင်မှု ပန်းတိုင်နဲ့နီးကပ်လာမှာဖြစ်ပါတယ်။
အကျဉ်​းချုပ်​
၁။စိတ်ကူးစိတ်သန်းနဲ့ပုံဖော်ကြည့်ရပါမယ်။
၂။ နေ့စဉ်အလေ့အထ
၃။ စိတ်ဓာတ်ခိုင်မာခြင်းနှင့် ကိုယ်ပိုင်နည်းစနစ်စည်းကမ်းများ
၄။ အသစ်သစ်သောနည်းလမ်းများ
၅။ ကြိုးနဲ့တူတဲ့မျှော်လင့်ချက်
၆။ စာဖတ်ခြင်းကိုကျော်လွန်၍
၇။ အကောင်းမြင်မှု
၈။ ယုံကြည်မှုနဲ့ စိတ်ဆုံးဖြတ်ချက်
၉။ဘဏ်ထဲမှစုငွေများနှင့်အချိန်သည်အလားတူ
၁၀။ တည်တည်ငြိမ်ငြိမ် ပွင့်ပွင့်လင်းလင်း
အပေါ်မှာ ဖော်​ပြခဲ့တာကတော့ အောင်မြင်စေရန် စိတ်ခွန်အားဖြစ်စေမည့် အချက် ၁၀ ချက်ပဲဖြစ်ပါတယ်။ ဒီဆောင်​းပါဟာ သူငယ်ချင်းအတွက်​ အသုံးဝင်​မယ်​လို့ မျှော်​လင်​့ပါတယ်​။ နောက်​လည်​း ဒီ Facebook Page ပေါ်မှာ သင်​့အတွက်​ အကျိုးရှိမယ်​့ ဆောင်​းပါလေးတွေ ရေးသားတင်​ပြပါအုံးမယ်​။ အကြံပေး၊ ဆွေးနွေးချင်​တာရှိရင်​လည်​း Comment (or) Chat Box မှလာရောက်​ဆွေးနွေးနိုင်​ပါတယ်​။ နောက်​တင်​မယ်​့ပို့စ်​တွေကို လက်​မလွတ်​ဖို့ Like & Follow လေးလုပ်​ထားနိုင်​ပါတယ်​။ ဒီ Page ကိုကူညီပံ့ပိုးပေးချင်​ရင်​တော့ See First လေးလုပ်​ထားပေးပြီး၊ ပို့စ်​ကိုလည်​း Share နိုင်​ပါတယ်​။ အဆုံးအထိဖတ်​ပေးလို့ကျေးဇူးအများကြီးတင်​ပါတယ်​။
Related Posts
Leave a Reply