Menu Close

SMART ျဖစ္ရင္ ေအာင္ျမင္မယ္

SMART Analysis

အားလံုး မဂၤလာပါ။ MotivSuccess ကေနႀကိဳဆိုပါတယ္။ ဒီေန႔ ကြၽန္ေတာ္တိုရဲ႕ စာဖတ္ပုရိသေတြနဲ႔ မိတ္ဆက္ေပးခ်င္တာကေတာ့ SMART analysis အေၾကာင္းပဲျဖစ္ပါတယ္။

ကမာၻေပၚမွာ တစ္ေန႔ထက္တစ္ေန႔ လူဦးေရဟာ တိုးပြားလ်က္ရွိေနပါတယ္။ လူဦးေရတိုးပြားလာတာနဲ႔အမ်ွ လူေတြ၊ အဖဲြ႕စည္းေတြၾကားမွာ ၿပိဳင္ဆိုင္မႈကလည္း အလြန္ျပင္းထန္လာပါတယ္။ ၿပိဳင္ဆိုင္မႈျပင္းထန္တဲ့ အေနအထားမွာ ေအာင္ျမင္တဲ့လူေတြရွိသလို၊ ႀကိမ္ဖန္မ်ားစြာ က်ရွံုးေနတဲ့လူေတြလည္း ဒုနဲ႔ေဒးပါ။ သူတို႔က ဘာလို႔ေအာင္ျမင္ၿပီး၊ တခ်ိဳ႕လူေတြက ဘာ့ေၾကာင့္ မေအာင္ျမင္ၾကရတာလဲ?

တကယ္ေတာ့ ပန္းတိုင္အတြက္ ႀကိဳးပမ္းၾကတဲ့အခါ ကြၽန္ေတာ္တို႔ အမ်ားစုဟာ စနစ္တက် စီစဥ္ေဆာင္႐ြက္တာမ်ိဳး အလြန္ကိုနည္းပါးပါတယ္။ နည္းစနစ္ေတြကို မသိတာမ်ိဳးျဖစ္နိုင္သလို တိုင္ပင္ေဆြးေႏြးမယ့္သူ မရွိတာလဲျဖစ္နိုင္ပါတယ္။(တနဂၤေႏြေန႔တိုင္းမွာ MotivSuccess ကေန အခမဲ့ေဆြးေႏြးေပးတဲ့ အစီအစဥ္ရွိပါတယ္။ အေသးစိတ္ကို Chat Box မွာ လာေရာက္ စံုစမ္းနိုင္ပါတယ္။) ဒါ့ေၾကာင့္ ဒီေန႔ ကြၽန္ေတာ္တို႔ေဖာ္ျပေပးမွာကေတာ့ SMART ကိုအသံုးၿပီး မိမိပန္းတိုင္အတြက္ အေကာင္းဆံုးျဖစ္ေအာင္ ဘယ္လို စီစဥ္မလဲဆိုတဲ့ နည္းလမ္းပဲျဖစ္ပါတယ္။

SMART ဆိုတာ
– Specific(တိက်တဲ့),
– Measurable(တိုင္းတာလို႔ရတဲ့),
– Achievable(ေအာင္ျမင္နိုင္တဲ့),
– Realistic(လက္ေတြ႕က်တဲ့)နဲ႔
– Time – bound(အခ်ိန္ ကန္႔သတ္နိုင္တဲ့) အစရွိတဲ့ စာလံုးေတြကိုေပါင္းစည္းထားျခင္း ျဖစ္ပါတယ္။

စာလံုးတစ္လံုးခ်င္းစီမွာ ခိုင္မာတဲ့ အဓိပါယ္ရွိသလို၊ အားလံုးကိုေပါင္းစည္းလိုက္တဲ့အခါမွာလည္း ေတာ္ေတာ္ကို ထိေရာက္မႈရွိပါတယ္။ ဒီနည္းလမ္းအတိုင္းသာ ေဆာင္႐ြက္မယ္ဆိုရင္ သင့္အတြက္ ေအာင္ျမင္မႈေတြဟာ မေဝးေတာ့တဲ့ အနာဂတ္မွာ သင့္ကို ေစာင့္ႀကိဳေနမွာပါ။ SMART ကို ေအာက္မွာ အေသးစိတ္ ရွင္းျပထားပါတယ္။

Specific(တိက်တဲ့)

ကိစၥတစ္ခုခုကို စီစဥ္၊ ေဆာင္႐ြက္တဲ့အခါ တိက်ျပတ္သားတဲ့ ပန္းတိုင္ရွိဖို႔လိုပါတယ္။ တိက်၊ ျပတ္သားတဲ့ ပန္းတိုင္ကို ခ်မွတ္ဖို႔အတြက္ ေအာက္မွာ ေဖာ္ျပထားတဲ့ ေမးခြန္းေတြကို သင့္ကိုသင္ ေမးနိုင္ပါတယ္။

– သင္ ဘယ္အရာကိုလိုခ်င္တာလဲ? ဘာေၾကာင့္လဲ?
– ဒါကို ဘယ္လိုလုပ္ရမွာလဲ? ဘယ္နည္းလမ္းေတြကို သံုးရမွာလဲ?
– ဒါကဘာေၾကာင့္ သင့္အတြက္ အေရးပါတာလဲ?
– ဒါကို သင္တစ္ေယာက္တည္း လုပ္နိုင္မွာလား? ဘယ္သူေတြ ပါဝင္ဖို႔လိုေသးလဲ?
– ဒါကို ဘယ္ေနရာမွာ ျပဳလုပ္မွာလဲ? ဘယ္လို ပစၥည္းေတြကို အသံုးျပဳရမွာလဲ?

Measurable(တိုင္းတာလို႔ရတဲ့)

လုပ္ငန္းတစ္ခုကို လုပ္ေဆာင္တဲ့အခါ အခ်ိန္ၾကာလာတာနဲ႔အမ်ွ ထိုလုပ္ငန္းရဲ႕ ရလဒ္ကို တိုင္းတာလို႔ရ၊ မရဆိုတာလည္း ေတာ္ေတာ္ေလးကို အေရးပါပါတယ္။ တိုင္းတာနိုင္မွာသာ ဒီလုပ္ငန္းဟာ ဘယ္အေျခအေနအထိ ၿပီးစီးေနၿပီ၊ လုပ္ငန္းတစ္ခုလံုးၿပီးစီးဖို႔ လူအင္အား၊ စက္အင္အား ဘယ္ေလာက္သံုးလိုက္ရင္ ဘယ္အခ်ိန္အတိုင္းအတာအတြင္း ၿပီးမယ္ဆိုတာကို ခန္႔မွန္းနိုင္မွာျဖစ္ပါတယ္။ ပန္းတိုင္ခ်မွတ္တဲ့အခ်ိန္တည္းက တိုင္းတာလို႔မရဘူးဆိုရင္ ဒီလုပ္ငန္း ၿပီးစီး၊ ေအာင္ျမင္ဖို႔ ရာခိုင္းနႈန္း အလြန္နည္းသြားမွာ ျဖစ္ပါတယ္။

Achievable(ေအာင္ျမင္နိုင္တဲ့)

ဒါကေတာ့ ေျပာစရာေတာင္မလိုေလာက္ပါဘူး။ ကိုယ့္ ပန္းတိုင္ကို ေအာင္ျမင္စြာေရာက္ဖို႔အတြက္ အစကတည္းက ေအာင္ျမင္နိုင္တဲ့ ပန္းတိုင္ခ်မွတ္ထားဖို႔ အေရးႀကီးပါတယ္။ Achievable ကိုထည့္ထားျခင္းရဲ႕ အဓိကအေၾကာင္းရင္းကေတာ့ တစ္ခါတစ္ေလ လူအမ်ားစုဟာ မိမိမွားေနတာကို သိရက္နဲ႔ ဆက္မွားေနၾကလို႔ပဲျဖစ္ပါတယ္။ ေအာက္မွာေဖာ္ျပထားတဲ့ အခ်က္ေတြကို ေလ့လာၿပီး သင့္ပန္းတိုင္ ေအာင္ျမင္နိုင္သလားဆိုတာကို စဥ္းစား၊ ခ်င့္ခ်ိန္နိုင္ပါတယ္။

Related Post :  အခ်ိန္ကို အက်ိဳးရွိေအာင္ အသံုးခ်ႏိုင္မယ့္ နည္းလမ္း (၁၀)ခု

– သင့္ရဲ႕ ပန္းတိုင္ကို တိုင္းတာလို႔ရတယ္
– ဒါကိုလုပ္ၿပီး တျခားသူေတြ ေအာင္ျမင္ေနတယ္
– လိုအပ္တဲ့ ပစၥည္းေတြ သင့္မွာ အလံုအေလာက္ရွိတယ္
– သင့္ကို လိုအပ္တာအားလံုးေထာက္ပံ့ေပးမယ့္သူ (သို႔) အဖဲြ႕အစည္း တစ္ခုခု ရွိေနတယ္

မေအာင္ျမင္နိုင္တဲ့ ပန္းတိုင္ေတြကို ခ်မွတ္ခဲ့မယ္ဆိုရင္ သင့္အလုပ္မွာ သံသယစိတ္ေတြ ရွိေနနိုင္သလို ယံုၾကည္မႈလည္း ေလ်ာ့နည္းလာမွာျဖစ္ပါတယ္။ ဒီလိုျဖစ္လာခဲ့ရင္ သင့္အလုပ္မွာ အာရံုစိုက္မႈလည္း ေလ်ာ့လာၿပီး အလုပ္ကိုပါ ရပ္တန္႔သြားေစနိုင္ပါတယ္။

Realistic(လက္ေတြ႕က်တဲ့)

ကိစၥတစ္ခုခုကို ေဆာင္႐ြက္တဲ့အခါ လက္ေတြ႕က်ဖို႔ မ်ားစြာ အေရးႀကီးတယ္ဆိုတာကိုေတာ့ လူတိုင္း နားလည္၊ သေဘာေပါက္မယ္လို႔ ကြၽန္ေတာ္ ယံုၾကည္ပါတယ္။ သင့္ရဲ႕ စီစဥ္မႈဟာ လက္ေတြ႕က်နိုင္မလားဆိုတာကို ေအာက္မွာေဖာ္ျပထားတဲ့ အခ်က္ေတြကို ေလ့လာၿပီး စဥ္းစားနိုင္ပါတယ္။

– ဒီပန္းတိုင္ကို ေအာင္ျမင္ဖို႔ တကယ္ေရာ ျဖစ္နိုင္ရဲ႕လား?
– ဒါကို ဘယ္သူက တာဝန္ယူၿပီး ေဆာင္႐ြက္မွာလဲ?
– လုပ္မယ့္ လူေတြမွာေရာ လိုအပ္တဲ့ ကြၽမ္းက်င္မႈေတြ ရွိရဲ႕လား?
– လိုအပ္တဲ့ ေငြေၾကးကို ဘယ္က ရမွာလဲ?
– ဘယ္သူက ဘယ္တာဝန္ေတြကို ယူမွာလဲ?

Time – bound(အခ်ိန္ကန္႔သတ္နိုင္တဲ့)

မိမိပန္းတိုင္အတြက္ အစီအစဥ္ေရးဆဲြတဲ့အခါ အခ်ိန္ကန္႔သတ္ျခင္းဟာလည္း မရွိမျဖစ္ပါ။ အခ်ိန္ကန္႔သတ္ထားျခင္းဟာ လုပ္ငန္းရဲ႕ တိုင္းတာမႈကိုလည္း ကူညီေပးနိင္ပါတယ္။ ဘယ္တာဝန္ကို ဘယ္အခ်ိန္မွာ ၿပီးေအာင္လုပ္ရမယ္ ဆိုတာကိုသိမွသာ အဲ့ဒီအခ်ိန္မတိုင္ခင္ ႀကိဳတင္လုပ္ေဆာင္နိုင္မွာျဖစ္ပါတယ္။

ဥပမာ – ကြၽန္ေတာ္ ဒီေဆာင္းပါးကို ည ၈ နာရီတိတိ Facebook page မွာတင္မယ္လို႔ ေရတို ပန္းတိုင္ တစ္ခုခ်မွတ္ထားတယ္။ ဒါကို ေအာင္ေအာင္ျမင္ျမင္ၿပီးစီးခ်င္လို႔ မနက္ကတည္းက ဒီေဆာင္းပါးကိုစေရးတယ္။ PR အဖဲြ႕ကို poster လုပ္ဖို႔အတြက္ အေၾကာင္းၾကားတယ္။ တျခားျပင္ဆင္စရာရွိတာေတြကိုျပင္ဆင္တယ္။ ဒီလို အစီအစဥ္တက် ျပင္ဆင္ခဲ့လို႔ပဲ အခု ည ၈ နာရီတိတိမွာ ေဆာင္းပါးကို Facebook ေပၚမွာတင္နိုင္တာပါ။ ဒါကို ၾကည့္ျခင္းအားျဖင့္ ရည္မွန္းခ်က္၊ ပန္းတိုင္တစ္ခုကို ေအာင္ေအာင္ျမင္ျမင္ ၿပီးစီးေအာင္ ေဆာင္႐ြက္ဖို႔ အခ်ိန္ကန္႔သတ္ျခင္းဟာလည္း အခရာက်တယ္ဆိုတာ သိသာေနပါတယ္။

အပၚမွာ ေဖာ္ျပထားတာကေတာ့ SMART ကိုအသံုးၿပီး မိမိပန္းတိုင္းအတြက္ အေကာင္းဆံုးျဖစ္ေအာင္ ဘယ္လို စီစဥ္မလဲဆိုတဲ့ နည္းလမ္းပဲျဖစ္ပါတယ္။ ဒီေဆာင္းပါးကို ဖတ္ၿပီးရင္ သင္ ေနာက္ထပ္ဖတ္သင့္တာကေတာ့ ‘သင့္ဘဝအတြက္ အေရးပါတဲ့ P (၄) လံုး’ အေၾကာင္းပဲျဖစ္ပါတယ္။ (တနဂၤေႏြေန႔တိုင္းမွာ MotivSuccess ကေန အခမဲ့ေဆြးေႏြးေပးတဲ့ အစီအစဥ္ရွိပါတယ္။ အေသးစိတ္ကို Chat Box မွာ လာေရာက္ စံုစမ္းနိုင္ပါတယ္။) ဒီေဆာင္းပါးဟာ သင့္အတြက္ အလြန္ အသံုးဝင္မယ္လို႔ ကြၽန္ေတာ္ ေမ်ွာ္လင့္ပါတယ္။ ဒီေဆာင္းပါးကို သင့္သူငယ္ခ်င္းေတြကိုလည္း မ်ွေဝနိုင္ပါတယ္။ ဒီလိုေဆာင္းပါးေတြကို အပတ္စဥ္ ဖတ္ခ်င္တယ္ဆိုရင္ေတာ့ ကြၽန္ေတာ္တို႔ Facebook Page ကို Like & See First လုပ္ထားဖို႔ သင့္ကို တုိက္တြန္းခ်င္ပါတယ္။ ေက်းဇူးတင္ပါတယ္။

Unicode

Related Post :  ဘယ္လို စိတ္ဓာတ္ၾကံ့ခိုင္ေအာင္ လုပ္ၾကမလဲ။

SMART ဖြစ်ရင် အောင်မြင်မယ်

အားလုံး မင်္ဂလာပါ။ MotivSuccess ကနေကြိုဆိုပါတယ်။ ဒီနေ့ ကျွန်တော်တိုရဲ့ စာဖတ်ပုရိသတွေနဲ့ မိတ်ဆက်ပေးချင်တာကတော့ SMART analysis အကြောင်းပဲဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ တစ်နေ့ထက်တစ်နေ့ လူဦးရေဟာ တိုးပွားလျက်ရှိနေပါတယ်။ လူဦးရေတိုးပွားလာတာနဲ့အမျှ လူတွေ၊ အဖွဲ့စည်းတွေကြားမှာ ပြိုင်ဆိုင်မှုကလည်း အလွန်ပြင်းထန်လာပါတယ်။ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ အနေအထားမှာ အောင်မြင်တဲ့လူတွေရှိသလို၊ ကြိမ်ဖန်များစွာ ကျရှုံးနေတဲ့လူတွေလည်း ဒုနဲ့ဒေးပါ။ သူတို့က ဘာလို့အောင်မြင်ပြီး၊ တချို့လူတွေက ဘာ့ကြောင့် မအောင်မြင်ကြရတာလဲ?

တကယ်တော့ ပန်းတိုင်အတွက် ကြိုးပမ်းကြတဲ့အခါ ကျွန်တော်တို့ အများစုဟာ စနစ်တကျ စီစဉ်ဆောင်ရွက်တာမျိုး အလွန်ကိုနည်းပါးပါတယ်။ နည်းစနစ်တွေကို မသိတာမျိုးဖြစ်နိုင်သလို တိုင်ပင်ဆွေးနွေးမယ့်သူ မရှိတာလဲဖြစ်နိုင်ပါတယ်။(တနင်္ဂနွေနေ့တိုင်းမှာ MotivSuccess ကနေ အခမဲ့ဆွေးနွေးပေးတဲ့ အစီအစဉ်ရှိပါတယ်။ အသေးစိတ်ကို Chat Box မှာ လာရောက် စုံစမ်းနိုင်ပါတယ်။) ဒါ့ကြောင့် ဒီနေ့ ကျွန်တော်တို့ဖော်ပြပေးမှာကတော့ SMART ကိုအသုံးပြီး မိမိပန်းတိုင်အတွက် အကောင်းဆုံးဖြစ်အောင် ဘယ်လို စီစဉ်မလဲဆိုတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။

SMART ဆိုတာ
– Specific(တိကျတဲ့),
– Measurable(တိုင်းတာလို့ရတဲ့),
– Achievable(အောင်မြင်နိုင်တဲ့),
– Realistic(လက်တွေ့ကျတဲ့)နဲ့
– Time – bound(အချိန် ကန့်သတ်နိုင်တဲ့) အစရှိတဲ့ စာလုံးတွေကိုပေါင်းစည်းထားခြင်း ဖြစ်ပါတယ်။

စာလုံးတစ်လုံးချင်းစီမှာ ခိုင်မာတဲ့ အဓိပါယ်ရှိသလို၊ အားလုံးကိုပေါင်းစည်းလိုက်တဲ့အခါမှာလည်း တော်တော်ကို ထိရောက်မှုရှိပါတယ်။ ဒီနည်းလမ်းအတိုင်းသာ ဆောင်ရွက်မယ်ဆိုရင် သင့်အတွက် အောင်မြင်မှုတွေဟာ မဝေးတော့တဲ့ အနာဂတ်မှာ သင့်ကို စောင့်ကြိုနေမှာပါ။ SMART ကို အောက်မှာ အသေးစိတ် ရှင်းပြထားပါတယ်။

Specific(တိကျတဲ့)

ကိစ္စတစ်ခုခုကို စီစဉ်၊ ဆောင်ရွက်တဲ့အခါ တိကျပြတ်သားတဲ့ ပန်းတိုင်ရှိဖို့လိုပါတယ်။ တိကျ၊ ပြတ်သားတဲ့ ပန်းတိုင်ကို ချမှတ်ဖို့အတွက် အောက်မှာ ဖော်ပြထားတဲ့ မေးခွန်းတွေကို သင့်ကိုသင် မေးနိုင်ပါတယ်။

– သင် ဘယ်အရာကိုလိုချင်တာလဲ? ဘာကြောင့်လဲ?
– ဒါကို ဘယ်လိုလုပ်ရမှာလဲ? ဘယ်နည်းလမ်းတွေကို သုံးရမှာလဲ?
– ဒါကဘာကြောင့် သင့်အတွက် အရေးပါတာလဲ?
– ဒါကို သင်တစ်ယောက်တည်း လုပ်နိုင်မှာလား? ဘယ်သူတွေ ပါဝင်ဖို့လိုသေးလဲ?
– ဒါကို ဘယ်နေရာမှာ ပြုလုပ်မှာလဲ? ဘယ်လို ပစ္စည်းတွေကို အသုံးပြုရမှာလဲ?

Measurable(တိုင်းတာလို့ရတဲ့)

လုပ်ငန်းတစ်ခုကို လုပ်ဆောင်တဲ့အခါ အချိန်ကြာလာတာနဲ့အမျှ ထိုလုပ်ငန်းရဲ့ ရလဒ်ကို တိုင်းတာလို့ရ၊ မရဆိုတာလည်း တော်တော်လေးကို အရေးပါပါတယ်။ တိုင်းတာနိုင်မှာသာ ဒီလုပ်ငန်းဟာ ဘယ်အခြေအနေအထိ ပြီးစီးနေပြီ၊ လုပ်ငန်းတစ်ခုလုံးပြီးစီးဖို့ လူအင်အား၊ စက်အင်အား ဘယ်လောက်သုံးလိုက်ရင် ဘယ်အချိန်အတိုင်းအတာအတွင်း ပြီးမယ်ဆိုတာကို ခန့်မှန်းနိုင်မှာဖြစ်ပါတယ်။ ပန်းတိုင်ချမှတ်တဲ့အချိန်တည်းက တိုင်းတာလို့မရဘူးဆိုရင် ဒီလုပ်ငန်း ပြီးစီး၊ အောင်မြင်ဖို့ ရာခိုင်းနှုန်း အလွန်နည်းသွားမှာ ဖြစ်ပါတယ်။

Achievable(အောင်မြင်နိုင်တဲ့)

ဒါကတော့ ပြောစရာတောင်မလိုလောက်ပါဘူး။ ကိုယ့် ပန်းတိုင်ကို အောင်မြင်စွာရောက်ဖို့အတွက် အစကတည်းက အောင်မြင်နိုင်တဲ့ ပန်းတိုင်ချမှတ်ထားဖို့ အရေးကြီးပါတယ်။ Achievable ကိုထည့်ထားခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ တစ်ခါတစ်လေ လူအများစုဟာ မိမိမှားနေတာကို သိရက်နဲ့ ဆက်မှားနေကြလို့ပဲဖြစ်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ အချက်တွေကို လေ့လာပြီး သင့်ပန်းတိုင် အောင်မြင်နိုင်သလားဆိုတာကို စဉ်းစား၊ ချင့်ချိန်နိုင်ပါတယ်။

Related Post :  ဘဝမွာ ေအာင္ျမင္လိုသူေတြအတြက္ လက္ေဆာင္စကား ၁၀ ခြန္း

– သင့်ရဲ့ ပန်းတိုင်ကို တိုင်းတာလို့ရတယ်
– ဒါကိုလုပ်ပြီး တခြားသူတွေ အောင်မြင်နေတယ်
– လိုအပ်တဲ့ ပစ္စည်းတွေ သင့်မှာ အလုံအလောက်ရှိတယ်
– သင့်ကို လိုအပ်တာအားလုံးထောက်ပံ့ပေးမယ့်သူ (သို့) အဖွဲ့အစည်း တစ်ခုခု ရှိနေတယ်

မအောင်မြင်နိုင်တဲ့ ပန်းတိုင်တွေကို ချမှတ်ခဲ့မယ်ဆိုရင် သင့်အလုပ်မှာ သံသယစိတ်တွေ ရှိနေနိုင်သလို ယုံကြည်မှုလည်း လျော့နည်းလာမှာဖြစ်ပါတယ်။ ဒီလိုဖြစ်လာခဲ့ရင် သင့်အလုပ်မှာ အာရုံစိုက်မှုလည်း လျော့လာပြီး အလုပ်ကိုပါ ရပ်တန့်သွားစေနိုင်ပါတယ်။

Realistic(လက်တွေ့ကျတဲ့)

ကိစ္စတစ်ခုခုကို ဆောင်ရွက်တဲ့အခါ လက်တွေ့ကျဖို့ များစွာ အရေးကြီးတယ်ဆိုတာကိုတော့ လူတိုင်း နားလည်၊ သဘောပေါက်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ သင့်ရဲ့ စီစဉ်မှုဟာ လက်တွေ့ကျနိုင်မလားဆိုတာကို အောက်မှာဖော်ပြထားတဲ့ အချက်တွေကို လေ့လာပြီး စဉ်းစားနိုင်ပါတယ်။

– ဒီပန်းတိုင်ကို အောင်မြင်ဖို့ တကယ်ရော ဖြစ်နိုင်ရဲ့လား?
– ဒါကို ဘယ်သူက တာဝန်ယူပြီး ဆောင်ရွက်မှာလဲ?
– လုပ်မယ့် လူတွေမှာရော လိုအပ်တဲ့ ကျွမ်းကျင်မှုတွေ ရှိရဲ့လား?
– လိုအပ်တဲ့ ငွေကြေးကို ဘယ်က ရမှာလဲ?
– ဘယ်သူက ဘယ်တာဝန်တွေကို ယူမှာလဲ?

Time – bound(အချိန်ကန့်သတ်နိုင်တဲ့)

မိမိပန်းတိုင်အတွက် အစီအစဉ်ရေးဆွဲတဲ့အခါ အချိန်ကန့်သတ်ခြင်းဟာလည်း မရှိမဖြစ်ပါ။ အချိန်ကန့်သတ်ထားခြင်းဟာ လုပ်ငန်းရဲ့ တိုင်းတာမှုကိုလည်း ကူညီပေးနိင်ပါတယ်။ ဘယ်တာဝန်ကို ဘယ်အချိန်မှာ ပြီးအောင်လုပ်ရမယ် ဆိုတာကိုသိမှသာ အဲ့ဒီအချိန်မတိုင်ခင် ကြိုတင်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

ဥပမာ – ကျွန်တော် ဒီဆောင်းပါးကို ည ၈ နာရီတိတိ Facebook page မှာတင်မယ်လို့ ရေတို ပန်းတိုင် တစ်ခုချမှတ်ထားတယ်။ ဒါကို အောင်အောင်မြင်မြင်ပြီးစီးချင်လို့ မနက်ကတည်းက ဒီဆောင်းပါးကိုစရေးတယ်။ PR အဖွဲ့ကို poster လုပ်ဖို့အတွက် အကြောင်းကြားတယ်။ တခြားပြင်ဆင်စရာရှိတာတွေကိုပြင်ဆင်တယ်။ ဒီလို အစီအစဉ်တကျ ပြင်ဆင်ခဲ့လို့ပဲ အခု ည ၈ နာရီတိတိမှာ ဆောင်းပါးကို Facebook ပေါ်မှာတင်နိုင်တာပါ။ ဒါကို ကြည့်ခြင်းအားဖြင့် ရည်မှန်းချက်၊ ပန်းတိုင်တစ်ခုကို အောင်အောင်မြင်မြင် ပြီးစီးအောင် ဆောင်ရွက်ဖို့ အချိန်ကန့်သတ်ခြင်းဟာလည်း အခရာကျတယ်ဆိုတာ သိသာနေပါတယ်။

အပါ်မှာ ဖော်ပြထားတာကတော့ SMART ကိုအသုံးပြီး မိမိပန်းတိုင်းအတွက် အကောင်းဆုံးဖြစ်အောင် ဘယ်လို စီစဉ်မလဲဆိုတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။ ဒီဆောင်းပါးကို ဖတ်ပြီးရင် သင် နောက်ထပ်ဖတ်သင့်တာကတော့ ‘သင့်ဘဝအတွက် အရေးပါတဲ့ P (၄) လုံး’ အကြောင်းပဲဖြစ်ပါတယ်။ (တနင်္ဂနွေနေ့တိုင်းမှာ MotivSuccess ကနေ အခမဲ့ဆွေးနွေးပေးတဲ့ အစီအစဉ်ရှိပါတယ်။ အသေးစိတ်ကို Chat Box မှာ လာရောက် စုံစမ်းနိုင်ပါတယ်။) ဒီဆောင်းပါးဟာ သင့်အတွက် အလွန် အသုံးဝင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒီဆောင်းပါးကို သင့်သူငယ်ချင်းတွေကိုလည်း မျှဝေနိုင်ပါတယ်။ ဒီလိုဆောင်းပါးတွေကို အပတ်စဉ် ဖတ်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ Facebook Page ကို Like & See First လုပ်ထားဖို့ သင့်ကို တိုက်တွန်းချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

Related Posts

Leave a Reply