Menu Close

ျမန္ျမန္ဆန္ဆန္ ျပဳျပင္ေျပာင္းလဲျခင္းက မိမိကိုယ္ကို တိုးတက္ေျပာင္းလဲမႈအတြက္ တကယ္ အကူအညီျဖစ္ေစပါသလား?

Quick Fixes Do't Work in personal development

Zawgyi

သူငယ္ခ်င္းတို႔ေရ … မဂၤလာပါ။ Motivsuccess ကေန ျပန္လည္ ႀကိဳဆိုပါတယ္။ ဒီေန႔မွာေတာ့ သူငယ္ခ်င္းတို႔ကို ေမးခြန္းေလး တစ္ခုေလာက္ ေမးခ်င္ပါတယ္။ 🎙ျမန္ျမန္ဆန္ဆန္ ျပဳျပင္ေျပာင္းလဲျခင္းက ကြ်န္မတို႔အားလံုးအတြက္ တကယ္ပဲ အေထာက္အကူ ျဖစ္ေစတာလား⁉️

ကၽြန္မတို႔အမ်ားစုဟာ ကိစၥတစ္ခုခု (သို႔) အက်င့္တစ္ခုခုကို လ်င္လ်င္ျမန္ျမန္ေျပာင္းလဲဖို႔ ႀကိဳးစားခဲ့ဖူးၾကမွာပါ။ တကယ္တမ္းက်ေတာ့ ကၽြန္မတို႔ မိမိကိုယ္ကို ဖြံ႕ၿဖိဳးတိုးတက္ဖို႔အတြက္ ေျပာင္းလဲမႈေတြကို ျဖတ္လမ္းကတစ္ဆင့္ အလြယ္လိုက္လို႔ မရႏိုင္ပါဘူး။

မိမိကိုယ္ကို ဖြံ႕ၿဖိဳးတိုးတက္ေစမယ့္ခရီးက ရွည္လ်ားၿပီး ေတာက္ေလၽွာက္ လုပ္ေဆာင္ေနရမွာပဲ ျဖစ္ပါတယ္။ အခ်ိန္ေရာ၊ စိတ္ေရာႏွစ္ၿပီး စိတ္ရွည္ရွည္နဲ႔ နည္းစနစ္တက် ေဆာင္ရြက္ရမယ့္ ခရီးလို႔လည္း ဆိုႏိုင္ပါတယ္။

လူသားသဘာဝအရ မိမိလိုခ်င္တာရဖို႔ အလ်င္ျမန္ဆံုးနဲ႔ အလြယ္ဆံုးနည္းလမ္းကို ရွာတတ္ၾကပါတယ္။ ကၽြန္မတို႔မွာျဖစ္ေနတဲ့ ျပႆနာေတြ အကုန္လံုးကို ေျပလည္သြားေစမယ့္ တစ္ခုတည္းေသာ ေျဖရွင္းခ်က္ကို ရွာတာမ်ိဳးေပါ့။ တစ္ခါတစ္ရံ စာအုပ္ေတြ၊ DVD ေတြ၊ ဒါမွမဟုတ္ ရုပ္ျမင္သံၾကား ပရိုဂရမ္ေတြဟာ ဘဝကို တစ္ခဏခ်င္း ခ်က္ခ်င္း တိုးတက္ေျပာင္းလဲသြားေစႏိုင္မယ္ အထင္နဲ႔ အားကိုးယံုၾကည္တတ္ၾကပါေသးတယ္။

ဒါေပမယ့္ တကယ့္ လက္ေတြ႕မွာက်ေတာ့ တခဏခ်င္း တိုးတက္ေျပာင္းလဲဖို႔ဆိုတာ လက္ေတြ႕မဆန္သလို ျဖစ္လည္း မျဖစ္ႏိုင္ပါဘူး။ မျဖစ္ႏိုင္တဲ့ အေၾကာင္းေတြထဲက တစ္ခ်က္ကေတာ့ ျမန္ျမန္ဆန္ဆန္ ျပဳျပင္ေျပာင္းလဲမႈေတြက အခ်ိန္ၾကာၾကာမခံတတ္လို႔ပါပဲ။

ကၽြန္မတို႔ဘဝမွာ ေရရွည္ခံၿပီး ေကာင္းမြန္ေသာ ေျပာင္းလဲျခင္းေတြအတြက္ အခ်ိန္ယူရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့

၁။ အေလ့အက်င့္သစ္တစ္ခုနဲ႔ ေနသားက်ဖို႔ အနည္းဆံုး ၂၁ ရက္ အခ်ိန္လိုပါတယ္။

ကၽြန္မတို႔ဟာ အေလ့အက်င့္တစ္ခုကို ေျပာင္းလဲဖို႔ (သို႔) အေလ့အက်င့္သစ္တစ္ခုကို ပ်ိဳးေထာင္ဖို႔ ႀကိဳးစားတဲ့အခါ ဒီအေလ့အက်င့္နဲ႔ ေနသားတက်ျဖစ္ဖို႔ ထပ္ကာ ထပ္ကာ ႀကိဳးစားဖို႔ လိုအပ္ပါတယ္။ အေလ့အက်င့္တစ္ခုျဖစ္လို႔ အနည္းဆံုး ၂၁ ရက္ အခ်ိန္လိုအပ္ပါတယ္။ အေလ့အက်င့္တစ္ခု အျမဲ စြဲေနေစဖို႔အတြက္ေတာ့ ၃၅ ရက္ ထက္မနည္း အခ်ိန္ယူရပါတယ္။ အဲ့ဒါေၾကာင့္ ျမန္ျမန္ဆန္ဆန္ျပဳျပင္ေျပာင္းလဲရံုနဲ႔ အေလ့အထတစ္ခု ေျပာင္းလဲမသြားပါဘူး။

၂။ Habituation (အေလ့အက်င့္ျဖစ္ေအာင္ က်င့္ယူျခင္း) နဲ႔ Homeostasis အေၾကာင္းရင္းမ်ား

Habituation (အေလ့အက်င့္ျဖစ္ေအာင္ က်င့္ယူျခင္း) ဆိုတာ ျပဳလုပ္ေဆာင္ရြက္ဖို႔အတြက္ စဥ္းစားစရာမလိုတဲ့ ကြ်န္မတို႔ ေန႔စဥ္ျပဳလုပ္ေနတဲ့ အရာေတြကို ရည္ညႊန္းခ်င္တာပါ။ Homeostasis ဆိုတဲ့ ဇီဝေဗဒ ပညာရပ္သံုး စကားလံုးရဲ႕ အဓိပၸါယ္ကေတာ့ ဇီဝကမၼျဖစ္စဥ္ကို တည္ၿငိမ္ေအာင္ ထိန္းသိမ္းေပးတဲ့ လုပ္ငန္းေဆာင္တာ ျဖစ္ပါတယ္။ ဥပမာ ေျပာရမယ္ဆိုရင္ ပတ္ဝန္းက်င္မွာ အပူခ်ိန္သိသိသာသာ က်သြားရင္ျဖစ္ေစ၊ တက္သြားရင္ျဖစ္ေစ တက္သြားတဲ့ အပူခ်ိန္နဲ႔အတူတူ ခႏၶာကိုယ္လည္း အပူခ်ိန္တက္သြားျခင္းမရွိပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ကၽြန္မတို႔ ခႏၶာကိုယ္မွာ ဇီဝကမၼျဖစ္စဥ္ ထိန္းညႇိေပးတဲ့စနစ္ပါရွိလို႔ပါပဲ။ ထို႔အတူ စိတ္ပိုင္းဆိုင္ရာမွာလည္း ကၽြန္မတို႔ကို လုပ္ခင္းေဆာင္တာေတြနဲ႔ အသားတက်ျဖစ္ေအာင္ ညႇိေပးတာေၾကာင့္ အေလ့အထတစ္ခုကို ေျပာင္းလဲဖို႔ (သို႔) အေလ့အထသစ္တစ္ခု ပ်ိဳးေထာင္ဖို႔ ခက္ခဲပါတယ္။

Related Post :  သင္​့ရဲ႕ ကိုယ္​ရည္​ကုိယ္​​ေသြးတိုးတက္​မႈကို ျမန္​ျမန္​ဆန္​ဆန္​ ျမႇင္​့တင္​​နိုင္​​ေအာင္​ ကူညီ​ေပးနိုင္​မယ္​့ နည္​းလမ္​း (၁၀) ခု

၃။ တခ်ိဳ႕ေသာ ႀကိဳးပမ္းအားထုတ္မႈေတြက စနစ္တက်နဲ႔ စြဲစြဲျမဲျမဲႀကိဳးစားမွသာ အက်ိဳးေက်းဇူးကို ေတြ႕ျမင္ႏိုင္မွာပါ။

ဥပမာ အေနနဲ႔ဆိုရင္ ကၽြန္မကဝတယ္။ ေပါင္ ၂၀ ေလာက္ ဝိတ္က်ခ်င္တယ္။ ဒါကို တစ္ေန႔တည္း အစာနည္းနည္းေလာက္စားၿပီး အားကစားလုပ္ရံုနဲ႔ မက်ႏိုင္ပါဘူး။ အဲ့ဒီအစား အခ်ိန္တစ္ခု သတ္မွတ္ၿပီး ဒီအခ်ိန္အတြင္းမွာ ဘယ္ေလာက္ဝတ္က်ေအာင္ ခ်မယ္။ ဘယ္ေလာက္ ကယ္လိုရီပဲ စားမယ္။ စသျဖင့္ စနစ္တက် အစီအစဥ္ဆြဲၿပီး ဇြဲရွိရွိနဲ႔ အစီအစဥ္ ေအာင္ျမင္ေအာင္ လုပ္ေဆာင္မွ ရမွာပါ။

ဒီအတိုင္းပါပဲ။ ကၽြန္မတို႔က ေပ်ာ္ရႊင္တဲ့ Relationship တစ္ခု ပိုင္ဆိုင္ခ်င္တယ္။ ဒါေပမယ့္ ဒီလို ပိုင္ဆိုင္ရဖို႔ တစ္ရက္၊ ႏွစ္ရက္ အခ်ိန္ေပးၿပီး စိတ္ခ်မ္းခ်မ္းသာသာထားရံုနဲ႔ ျဖစ္မလာႏိုင္ပါဘူး။ ရက္၊လ၊ ႏွစ္ခ်ီၿပီး ယံုၾကည္မႈတည္ေဆာက္ရတယ္။ အျပန္အလွန္ နားလည္မႈရွိၿပီး ႏွစ္ဦးႏွစ္ဖက္ ျဖည့္ဆည္းေပးရတယ္။ တစ္ရက္ ႏွစ္ရက္အတြင္း ျဖစ္မလာႏိုင္ပါဘူး။

ကၽြန္မတို႔ရဲ႕ ရည္မွန္းခ်က္ေတြကို မရပ္မနားနဲ႔ ေျဖးေျဖးမွန္မွန္ ႀကိဳးစားမွသာ ေရရွည္တည္တံ့ၿပီး ထိုက္တန္တဲ့ ရလဒ္ေကာင္းေတြ ရမွာ ျဖစ္ပါတယ္။

၄။ ႀကိဳးစားအားထုတ္မႈနဲ႔ ကတိကဝတ္ရွိဖို႔ လိုအပ္ပါတယ္။

ပေရာဂ်က္ အသစ္တစ္ခုလုပ္ဖို႔၊ မနက္တိုင္း အားကစားလုပ္တဲ့ အေလ့အက်င့္လုပ္ဖို႔၊ စားေသာက္တဲ့ ပံုစံေျပာင္းဖို႔၊ ပိုက္ဆံစုဖို႔ စတဲ့ စတဲ့ အေလ့အက်င့္ေတြ ေမြးျမဴဖို႔ အႀကိမ္ႀကိမ္ ႀကိဳးစားခဲ့ဖူးၾကမွာပါ။ အစပိုင္းေတာ့ အင္တိုက္အားတိုက္စၿပီး ေနာက္ပိုင္း ဆက္မလုပ္ျဖစ္ခဲ့တဲ့ဟာေတြ အမ်ားႀကီးရွိမွာပါ။ အာရံုစိုက္ၿပီး ဇြဲရွိရွိလုပ္ဖို႔ဆိုတာ မလြယ္ကူလွပါဘူး။ ဒါေၾကာင့္ တစိုက္မတ္မတ္ အခ်ိန္ေပးၿပီး ႀကိဳးစားဖို႔ လိုအပ္ပါတယ္။

မိမိကိုယ္ကို ဖြံ႔ၿဖိဳးတိုးတက္ေအာင္လုပ္ဖို႔ဆိုတာ ခက္ခဲတဲ့အလုပ္ပါ။ အခ်ိန္ေပး အာရံုစိုက္ၿပီး စိတ္ရွည္ရွည္နဲ႔ နည္းစနစ္တက် တစိုက္မတ္မတ္ႀကိဳးစားမွသာ ကၽြန္မတို႔ ႀကိဳးစားသမၽွအရာအားလံုးက ထိုက္တန္တဲ့ ေအာင္ျမင္မႈျဖစ္လာမွာပါ။ ကၽြန္မတို႔ Motivsuccess မွာ သူငယ္ခ်င္းတို႔အတြက္ အသံုးဝင္တဲ့ ေဆာင္းပါးေတြကို အပတ္စဥ္ တနလၤာေန႔တိုင္း တင္ေပးမွာ ျဖစ္တာေၾကာင့္ ေစာင့္ေမၽွာ္ ၾကည့္ရႈေပးဖို႔ တိုက္တြန္းလိုက္ပါတယ္။ သူငယ္ခ်င္းတို႔လည္း ေအာင္ျမင္မႈေတြကို ဆြတ္ခူးႏိုင္ပါေစလို႔ ဆုေတာင္းရင္း နိဂံုးခ်ဳပ္ပါရေစ။ ဖတ္ရႈအားေပးတဲ့အတြက္ ေက်းဇူးတင္ရွိပါတယ္။

Related Post :  Good Communication Skills - Key to Any Success

Unicode

သူငယ်ချင်းတို့ရေ … မင်္ဂလာပါ။ Motivsuccess ကနေ ပြန်လည် ကြိုဆိုပါတယ်။ ဒီနေ့မှာတော့ သူငယ်ချင်းတို့ကို မေးခွန်းလေး တစ်ခုလောက် မေးချင်ပါတယ်။ 🎙မြန်မြန်ဆန်ဆန် ပြုပြင်ပြောင်းလဲခြင်းက ကျွန်မတို့အားလုံးအတွက် တကယ်ပဲ အထောက်အကူ ဖြစ်စေတာလား⁉️

ကျွန်မတို့အများစုဟာ ကိစ္စတစ်ခုခု (သို့) အကျင့်တစ်ခုခုကို လျင်လျင်မြန်မြန်ပြောင်းလဲဖို့ ကြိုးစားခဲ့ဖူးကြမှာပါ။ တကယ်တမ်းကျတော့ ကျွန်မတို့ မိမိကိုယ်ကို ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပြောင်းလဲမှုတွေကို ဖြတ်လမ်းကတစ်ဆင့် အလွယ်လိုက်လို့ မရနိုင်ပါဘူး။

မိမိကိုယ်ကို ဖွံ့ဖြိုးတိုးတက်စေမယ့်ခရီးက ရှည်လျားပြီး တောက်လျှောက် လုပ်ဆောင်နေရမှာပဲ ဖြစ်ပါတယ်။ အချိန်ရော၊ စိတ်ရောနှစ်ပြီး စိတ်ရှည်ရှည်နဲ့ နည်းစနစ်တကျ ဆောင်ရွက်ရမယ့် ခရီးလို့လည်း ဆိုနိုင်ပါတယ်။

လူသားသဘာဝအရ မိမိလိုချင်တာရဖို့ အလျင်မြန်ဆုံးနဲ့ အလွယ်ဆုံးနည်းလမ်းကို ရှာတတ်ကြပါတယ်။ ကျွန်မတို့မှာဖြစ်နေတဲ့ ပြဿနာတွေ အကုန်လုံးကို ပြေလည်သွားစေမယ့် တစ်ခုတည်းသော ဖြေရှင်းချက်ကို ရှာတာမျိုးပေါ့။ တစ်ခါတစ်ရံ စာအုပ်တွေ၊ DVD တွေ၊ ဒါမှမဟုတ် ရုပ်မြင်သံကြား ပရိုဂရမ်တွေဟာ ဘဝကို တစ်ခဏချင်း ချက်ချင်း တိုးတက်ပြောင်းလဲသွားစေနိုင်မယ် အထင်နဲ့ အားကိုးယုံကြည်တတ်ကြပါသေးတယ်။

ဒါပေမယ့် တကယ့် လက်တွေ့မှာကျတော့ တခဏချင်း တိုးတက်ပြောင်းလဲဖို့ဆိုတာ လက်တွေ့မဆန်သလို ဖြစ်လည်း မဖြစ်နိုင်ပါဘူး။ မဖြစ်နိုင်တဲ့ အကြောင်းတွေထဲက တစ်ချက်ကတော့ မြန်မြန်ဆန်ဆန် ပြုပြင်ပြောင်းလဲမှုတွေက အချိန်ကြာကြာမခံတတ်လို့ပါပဲ။

ကျွန်မတို့ဘဝမှာ ရေရှည်ခံပြီး ကောင်းမွန်သော ပြောင်းလဲခြင်းတွေအတွက် အချိန်ယူရပါတယ်။ ဘာကြောင့်လဲဆိုတော့

၁။ အလေ့အကျင့်သစ်တစ်ခုနဲ့ နေသားကျဖို့ အနည်းဆုံး ၂၁ ရက် အချိန်လိုပါတယ်။

ကျွန်မတို့ဟာ အလေ့အကျင့်တစ်ခုကို ပြောင်းလဲဖို့ (သို့) အလေ့အကျင့်သစ်တစ်ခုကို ပျိုးထောင်ဖို့ ကြိုးစားတဲ့အခါ ဒီအလေ့အကျင့်နဲ့ နေသားတကျဖြစ်ဖို့ ထပ်ကာ ထပ်ကာ ကြိုးစားဖို့ လိုအပ်ပါတယ်။ အလေ့အကျင့်တစ်ခုဖြစ်လို့ အနည်းဆုံး ၂၁ ရက် အချိန်လိုအပ်ပါတယ်။ အလေ့အကျင့်တစ်ခု အမြဲ စွဲနေစေဖို့အတွက်တော့ ၃၅ ရက် ထက်မနည်း အချိန်ယူရပါတယ်။ အဲ့ဒါကြောင့် မြန်မြန်ဆန်ဆန်ပြုပြင်ပြောင်းလဲရုံနဲ့ အလေ့အထတစ်ခု ပြောင်းလဲမသွားပါဘူး။

၂။ Habituation (အလေ့အကျင့်ဖြစ်အောင် ကျင့်ယူခြင်း) နဲ့ Homeostasis အကြောင်းရင်းများ

Habituation (အလေ့အကျင့်ဖြစ်အောင် ကျင့်ယူခြင်း) ဆိုတာ ပြုလုပ်ဆောင်ရွက်ဖို့အတွက် စဉ်းစားစရာမလိုတဲ့ ကျွန်မတို့ နေ့စဉ်ပြုလုပ်နေတဲ့ အရာတွေကို ရည်ညွှန်းချင်တာပါ။ Homeostasis ဆိုတဲ့ ဇီဝဗေဒ ပညာရပ်သုံး စကားလုံးရဲ့ အဓိပ္ပါယ်ကတော့ ဇီဝကမ္မဖြစ်စဉ်ကို တည်ငြိမ်အောင် ထိန်းသိမ်းပေးတဲ့ လုပ်ငန်းဆောင်တာ ဖြစ်ပါတယ်။ ဥပမာ ပြောရမယ်ဆိုရင် ပတ်ဝန်းကျင်မှာ အပူချိန်သိသိသာသာ ကျသွားရင်ဖြစ်စေ၊ တက်သွားရင်ဖြစ်စေ တက်သွားတဲ့ အပူချိန်နဲ့အတူတူ ခန္ဓာကိုယ်လည်း အပူချိန်တက်သွားခြင်းမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ ခန္ဓာကိုယ်မှာ ဇီဝကမ္မဖြစ်စဉ် ထိန်းညှိပေးတဲ့စနစ်ပါရှိလို့ပါပဲ။ ထို့အတူ စိတ်ပိုင်းဆိုင်ရာမှာလည်း ကျွန်မတို့ကို လုပ်ခင်းဆောင်တာတွေနဲ့ အသားတကျဖြစ်အောင် ညှိပေးတာကြောင့် အလေ့အထတစ်ခုကို ပြောင်းလဲဖို့ (သို့) အလေ့အထသစ်တစ်ခု ပျိုးထောင်ဖို့ ခက်ခဲပါတယ်။

Related Post :  "သင့္အနာဂတ္အတြက္ ေဆာင္ထားသင့္တဲ့ P ေလးလံုး"

၃။ တချို့သော ကြိုးပမ်းအားထုတ်မှုတွေက စနစ်တကျနဲ့ စွဲစွဲမြဲမြဲကြိုးစားမှသာ အကျိုးကျေးဇူးကို တွေ့မြင်နိုင်မှာပါ။

ဥပမာ အနေနဲ့ဆိုရင် ကျွန်မကဝတယ်။ ပေါင် ၂၀ လောက် ဝိတ်ကျချင်တယ်။ ဒါကို တစ်နေ့တည်း အစာနည်းနည်းလောက်စားပြီး အားကစားလုပ်ရုံနဲ့ မကျနိုင်ပါဘူး။ အဲ့ဒီအစား အချိန်တစ်ခု သတ်မှတ်ပြီး ဒီအချိန်အတွင်းမှာ ဘယ်လောက်ဝတ်ကျအောင် ချမယ်။ ဘယ်လောက် ကယ်လိုရီပဲ စားမယ်။ စသဖြင့် စနစ်တကျ အစီအစဉ်ဆွဲပြီး ဇွဲရှိရှိနဲ့ အစီအစဉ် အောင်မြင်အောင် လုပ်ဆောင်မှ ရမှာပါ။

ဒီအတိုင်းပါပဲ။ ကျွန်မတို့က ပျော်ရွှင်တဲ့ Relationship တစ်ခု ပိုင်ဆိုင်ချင်တယ်။ ဒါပေမယ့် ဒီလို ပိုင်ဆိုင်ရဖို့ တစ်ရက်၊ နှစ်ရက် အချိန်ပေးပြီး စိတ်ချမ်းချမ်းသာသာထားရုံနဲ့ ဖြစ်မလာနိုင်ပါဘူး။ ရက်၊လ၊ နှစ်ချီပြီး ယုံကြည်မှုတည်ဆောက်ရတယ်။ အပြန်အလှန် နားလည်မှုရှိပြီး နှစ်ဦးနှစ်ဖက် ဖြည့်ဆည်းပေးရတယ်။ တစ်ရက် နှစ်ရက်အတွင်း ဖြစ်မလာနိုင်ပါဘူး။

ကျွန်မတို့ရဲ့ ရည်မှန်းချက်တွေကို မရပ်မနားနဲ့ ဖြေးဖြေးမှန်မှန် ကြိုးစားမှသာ ရေရှည်တည်တံ့ပြီး ထိုက်တန်တဲ့ ရလဒ်ကောင်းတွေ ရမှာ ဖြစ်ပါတယ်။

၄။ ကြိုးစားအားထုတ်မှုနဲ့ ကတိကဝတ်ရှိဖို့ လိုအပ်ပါတယ်။

ပရောဂျက် အသစ်တစ်ခုလုပ်ဖို့၊ မနက်တိုင်း အားကစားလုပ်တဲ့ အလေ့အကျင့်လုပ်ဖို့၊ စားသောက်တဲ့ ပုံစံပြောင်းဖို့၊ ပိုက်ဆံစုဖို့ စတဲ့ စတဲ့ အလေ့အကျင့်တွေ မွေးမြူဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးကြမှာပါ။ အစပိုင်းတော့ အင်တိုက်အားတိုက်စပြီး နောက်ပိုင်း ဆက်မလုပ်ဖြစ်ခဲ့တဲ့ဟာတွေ အများကြီးရှိမှာပါ။ အာရုံစိုက်ပြီး ဇွဲရှိရှိလုပ်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ဒါကြောင့် တစိုက်မတ်မတ် အချိန်ပေးပြီး ကြိုးစားဖို့ လိုအပ်ပါတယ်။

မိမိကိုယ်ကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ဆိုတာ ခက်ခဲတဲ့အလုပ်ပါ။ အချိန်ပေး အာရုံစိုက်ပြီး စိတ်ရှည်ရှည်နဲ့ နည်းစနစ်တကျ တစိုက်မတ်မတ်ကြိုးစားမှသာ ကျွန်မတို့ ကြိုးစားသမျှအရာအားလုံးက ထိုက်တန်တဲ့ အောင်မြင်မှုဖြစ်လာမှာပါ။ ကျွန်မတို့ Motivsuccess မှာ သူငယ်ချင်းတို့အတွက် အသုံးဝင်တဲ့ ဆောင်းပါးတွေကို အပတ်စဉ် တနင်္လာနေ့တိုင်း တင်ပေးမှာ ဖြစ်တာကြောင့် စောင့်မျှော် ကြည့်ရှုပေးဖို့ တိုက်တွန်းလိုက်ပါတယ်။ သူငယ်ချင်းတို့လည်း အောင်မြင်မှုတွေကို ဆွတ်ခူးနိုင်ပါစေလို့ ဆုတောင်းရင်း နိဂုံးချုပ်ပါရစေ။ ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။

Related Posts

Leave a Reply