Menu Close
how to stay under this under weather
Zawgyi
Related Post :  ဘဝမှာ အောင်မြင်လိုသူတွေအတွက် လက်ဆောင်စကား ၁၀ ခွန်း
Unicode
? ပူပြင်းတဲ့ ရာသီဥတုမှာ ဘယ်လိုနေထိုင်ကြမလဲ ?
အခုဆိုရင် ရာသီဥတုက အရမ်းပူပြင်းလှပါတယ်။ ရာသီဥတု ပူပြင်းခြင်းကြောင့် ရေဓာတ်ကုန်ခမ်းခြင်း၊ နေမကောင်းခြင်း၊ အပူကြောင့် စိတ်ဖိစီးမှုဖြစ်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ အပူရှပ်ခြင်း စတဲ့ အပူနဲ့ ဆက်စပ်ပြီး နာမကျန်းတာတွေ ဖြစ်လေ့ရှိပါတယ်။ ပူပြင်းတဲ့ ရာသီဥတုမှာ အပူဒဏ်ကို အံတုပြီး ဘယ်လိုနေကြမလဲဆိုတာ ကြည့်လိုက်ကြရအောင်။
ပထမဆုံးကတော့ စားသောက်နေထိုင်ပုံပဲဖြစ်ပါတယ်။
? ပူပြင်းတဲ့ နွေရာသီမှာ ခန္ဓာကိုယ်ကို အေးချမ်းအောင် ထားပေးနိုင်တာက ရေပါပဲ။ ရေဆာမနေရင်တောင်မှ ရေကို ခန္ဓာကိုယ်အတွက် ခဏ ခဏ သောက်သုံးပေးသင့်ပါတယ်။ အခြား အိုင်ယွန်ဖြည့်အချိုရည်တွေဖြစ်တဲ့ (Pocari Sweat, 100plus ) တို့ကိုလည်း သောက်သုံးနိုင်ပါတယ်။
? ရေဓာတ် အဆင့်ကို တိုင်းတာနိုင်တဲ့ အကောင်းဆုံးနည်းလမ်းက ဆီးရဲ့ အရောင်ရဲ့ ဖြစ်ပါတယ်။ ကောက်ရိုးအရောင်ထက် ရင့်နေပြီဆိုရင်တော့ ရေဓာတ်လိုအပ်နေပြီဆိုတာ အသေအချာပါ။
? ဆိုဒါစတဲ့ သကြားပါတဲ့ အရည်တွေကို မသောက်သုံးသင့်ပါဘူး။ အကယ်၍ သကြားမပါဘူးဆိုရင်တောင်မှပါ။ အရက်ပါဝင်တဲ့၊ သို့ ကဖင်းပါဝင်တဲ့ သောက်စရာတွေ၊ ကော်ဖီတွေ ကိုလည်း မသောက်သုံးသင်ပါဘူး။
Related Post :  အရပ်ပိုရှည်လာအောင် ဘယ်လို လုပ်ကြမလဲ?
?ရဘေူးကို သှားလရောယူသှားပါ။ ရေဆာတဲ့ အချိန်ထိ စောင့်မနေပါနဲ့။ ဖြစ်နိုင်ရင် ရေဘူးကို အိမ်မှာခဲပြီး အပြင်ရောက်ရင် အရည်ပျော်သွားမှာဖြစ်လို့ အဆင်ပြေမှာပါ။ ရေသောက်ဖို့ မေ့နေမှာဆိုးရင် ရေသောက်ဖို့သတိပေးတဲ့ application ကို ဒေါင်းထားလိုက်ပါနော်။
? အေးတဲ့ အစားအစာတွေကို ရွေးချယ်စားပေးပါ။ အသုပ်တွေ၊ အသီးတွေ၊ အသီးအရွက်တွေကို ရွေးချယ်စားပေးပါ။ အသားနဲ့ ပရိုတိန်းတွေ အများကြီးပါတဲ့ အစားအစာတွေကို စားခြင်းက ရေဓာတ်ဆုံးရှုံးစေပါတယ်။ ဖြစ်နိုင်ရင် အစားအသောက်တွေကိုလည်း မီးဖို မသုံးပဲ ချက်ပြုတ်တာက အပူချိန်ကို မြင့်တက်စေတာဖြစ်လို့ ခေတ္တသုံးတာကို ရပ်ထားသင့်ပါတယ်။
☀️ နေအရမ်းပူတဲ့အချိန်မှာ အပြင်မထွက်ပါနဲ့။ ဖြစ်နိုင်ရင် မနက်ပိုင်း (သို့) နေ့လည်ခင်း နောက်ပိုင်းအချိန်တွေမှာ အပြင်သွားတာ ပိုကောင်းပါတယ်။
? နေပူခံ ခရင်မ် လိမ်းပါ။ နေပူခံ ခရင်မ်က အေးမြစေတဲ့ သက်ရောက်မှု မရှိသော်လည်း ပူပြင်းတဲ့နေရောင်ကိုတော့ ကာကွယ်ပေးနိုင်ပါတယ်။ ၂ နာရီခြား တစ်ခါလောက်ခြား ခြားလိမ်းပေးပါ။
? အရိပ်ရတဲ့ နေရာမှာနေပါ။
? ရေနည်းနည်း ဖြန်းပေးပါ။ စပရေး ပုလင်းထဲကို ရေသန့်ထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ပြီး ပူတဲ့ အချိန် မျက်နှာ၊ ခန္ဓာကိုယ်ကို ဖြန်းပေးတာက သင့်ကို အလျင်အမြန် အေးမြစေမှာပါ။
အဝတ်အစားနဲ့ ပတ်သက်ရင်တော့
?? ပေါ့ပေါ့ပါးပါးရှိတဲ့ အဝတ်အစားတွေကို ရွေးချယ် ဝတ်သင့်ပါတယ်။
??? ဦးထုပ် (သို့) ထီးဆောင်းဖို့ မမေ့ပါနဲ့။
? ဖိနပ်ကိုလည်း သက်တောင့်သက်တာရှိမယ့် ဟာမျိုး ရွေးချယ် ဝတ်ဆင်ပါ။
ဒါကတော့ သူငယ်ချင်းတို့အတွက် ပူပြင်းတဲ့ ရာသီဥတုကို အံတုနိုင်မယ့် နည်းလမ်းအချို့ကို တင်ပြခဲ့တာပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးဟာ သူငယ်ချင်းအတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။ ဒီလို ဆောင်းပါးတွေကို အပတ်စဉ်ဖတ်ချင်တယ်ဆိုရင်တော့ ကျွန်တော့်တို့ရဲ့ Facebook Page ကို Like & See First လုပ်ထားပေးဖို့ တိုက်တွန်းချင်ပါတယ်။ သင့် အသိမိတ်ဆွေတွေအတွက် ဒီ post ကို share ရင်း အသိပေးပြီး ပူပြင်းတဲ့ နွေရာသီကို အံတုနိုင်ဖို့ ဆုတောင်းပေးလိုက်ပါတယ်။
Related Posts