Menu Close
How To Maintain Your Health
Zawgyi
Unicode
ကျန်းမာရေးကို ဘယ်လို ထိန်းသိမ်းကြမလဲ
အားလုံးပဲ မင်္ဂလာရှိပြီး ပျော်ရွှင်စရာကောင်းတဲ့ မြန်မာ့နှစ်ဆန်း နှစ်ရက်လေး ဖြစ်ကြပါစေ ခင်ဗျာ။ ဒီနေ့မှာတော့ သူငယ်ချင်းတို့တင် မဟုတ်ဘဲ ကျွန်တော်တို့ လူသားအားလုံးအတွက် အရေးအကြီးဆုံးအရာနဲ့ ဆက်စပ်တဲ့ ဆောင်းပါးလေးနဲ့ မိတ်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။
အားလုံးပဲ သိချင်နေကြပြီ ဟုတ်။ ကျွန်တော်တို့တွေဟာ မတူညီတဲ့ ရည်မှန်းချက် ပန်းတိုင်တွေနဲ့ နေ့စဉ် သွားလာလှုပ်ရှား နေကြပါတယ်။ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ကျန်းမာရေးဟာ သိပ်ပြီး အရေးပါလွန်းပါတယ်။ လာဘ်ကြီးတစ်ပါးဖြစ်တဲ့ ကျန်းမာရေးဟာ အခုခေတ်မှာ ဆိုရင် အလှအပရေးရာ အရရော တော်တော့်ကို အရေးပါလာတာတွေ့ရမှာပါ။ ကဲအခုပဲ ကျန်းမာကြံ့ခိုင်အောင် ကျန်းမာရေးကို ဘယ်လို ထိန်းသိမ်းကြမလဲဆိုတာ ကြည့်လိုက်ရအောင်လားဗျာ။
ကျန်းမာရေးအတွက် အစားအသောက်က အရေးကြီးတဲ့ နေရာကနေ ပါဝင်နေပါတယ်။ ကျန်းမာစွာ စားသောက်နေထိုင်ခြင်းက ခန္ဓာကိုယ် သွက်လက်ဖျတ်လတ်စွာ နေထိုင်လှုပ်ရှားနိုင်ဖို့အတွက် အရေးပါလှပါတယ်။ ကျန်းမာစွာ စားသောက်နေထိုင်နိုင်ဖို့အတွက် စားသောက်မှုပုံစံ အချို့ကို တင်ပြပေးလိုက်ပါတယ်။
၁။ အသီးအနှံ နဲ့ အရွက်တွေကို ဦးစားပေးစားပေးပါ။
ကျန်းမာတဲ့ စားသောက်မှုဆိုတာ ဗီတာမင်၊ အာဟာရတွေပြည့်ဝတဲ့ လတ်ဆတ်တဲ့ အစားအသောက်ပဲ ဖြစပါတယ်။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေက ကယ်လိုရီ ပြည့်တာမဟုတ်ဘဲ အာဟာရဖြစ်စေတာကြောင့် ဝ လာမှာ စိုးရိမ်စရာမလိုပါဘူး။ လတ်ဆတ်လေ ကောင်းလေပါပဲ။
၂။ အဆီနည်းတဲ့ အသား၊ အဆီနည်းတဲ့ နို့ထွက်ပစ္စည်းတွေ၊ ဂျုံထွက်ပစ္စည်းတွေကိုလည်း ထည့်စားပေးပါ။
အသီးအရွက်နဲ့ သစ်သီးတွေလိုပဲ အခြား အစားအစာတွေကိုလဲ မျှတစွာ စားပေးသင့်ပါတယ်။ အသားအတွက်ဆိုရင် အဆီနည်းတဲ့ အသားတွေ၊ အဆီနည်းတဲ့ နို့ထွက်ပစ္စည်းတွေ၊ ဂျံုထွက်ပစ္စည်းတွေကိုလည်း ရောနှော စားသင့်ပါတယ်။ အသားဆိုရင်တော့ အသားချည်း (အရေခွံမပါ)၊ အဆီနည်းတဲ့ ဒါမှမဟုတ် အဆီထုတ်ပြီးသား နို့၊ ဒိန်ခဲ၊ ဒိန်ချဉ်၊ အုတ်ဂျံုတွေကို စားပေးနိုင်ပါတယ်။ အညိုရောင် ဂျံုထွက်ပစ္စည်းတွေကိုပဲ စားပေးသင့်ပါတယ်။
၃။ အာဟာရမဖြစ်တဲ့ အသင့်စားနိုင်တဲ့ အစားအစာတွေကိုလည်း မစားသောက်သင့်ပါဘူး။
အလွယ်တကူ စားသုံးနိုင်တဲ့ အသင့်စား အစားအစာတွေဟာ အာဟာရမဖြစ်တဲ့ အပြင် ကိုယ်တွင်းအဆီကိုလည်း တိုးမြင့်နိုင်ချေများပါတယ်။ တစ်ခါတစ်လေကျရင် ကျက်အောင် ချက်ပြုတ်ထားခြင်းမရှိတာကြောင့်လည်း ကျန်းမာရေးထိခိုက်စေနိုင်ပါသေးတယ်။
၄။ ရေကို တစ်နေ့ ၈ ခွက် သောက်ပေးခြင်းဟာ ပိုပြီး ကျန်းမာစေနိုင်ပါတယ်။
ခန္ဓာကိုယ်ရဲ့ ရ၅ ရာခိုင်နှုန်းကို ရေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ရေများများသောက်ခြင်းက အသားအရေ၊ လက်သည်း၊ ဆံပင်၊ ခန္ဓာကိုယ်တွင်း အင်္ဂါတွေအတွက်ရော၊ စိတ်ပါ ကျန်းမာစေပါတယ်။ ခန္ဓာကိုယ် အလေးချိန်လည်း ကျစေနိုင်ပါသေးတယ်နော်။
၅။ ကောင်းကောင်းချက်ပြုတ် စားသောက်ပါ။
မိမိဘာသာ ချက်ပြုတ်စားသောက်တာက အကုန်အကျသက်သာစေတာ အမှန်ပါ။ ပြီးတော့ ဟင်းချက် စွမ်းရည်ကိုလည်း တိုးတက်လာစေပြီး ခန္ဓာကိုယ်လည်း ကျစ်လျစ်ပြီး လှပလာမှာ ဖြစ်ပါတယ်။
အကျဉ်းချုပ်အနေနဲ့ ပြောရရင် ကျန်းမာဖို့အတွက် ကျန်းမာစေတဲ့ အစားအသောက် ပုံစံကို ရွေးချယ်သင့်ပါတယ်။ ဒါလေးတွေကတော့
၁။ အသီးအနှံ နဲ့ အရွက်တွေကို ဦးစားပေးစားပေးပါ။
၂။ အဆီနည်းတဲ့ အသား၊ အဆီနည်းတဲ့ နို့ထွက်ပစ္စည်းတွေ၊ ဂျံုထွက်ပစ္စည်းတွေကိုလည်း ထည့်စားပေးပါ။
၃။ အာဟာရမဖြစ်တဲ့ အသင့်စားနိုင်တဲ့ အစားအစာတွေကိုလည်း မစားသောက်သင့်ပါဘူး။
၄။ ရေကို တစ်နေ့ ၈ ခွက် သောက်ပေးခြင်းဟာ ပိုပြီး ကျန်းမာစေနိုင်ပါတယ်။
၅။ ကောင်းကောင်းချက်ပြုတ် စားသောက်ပါ။
အပေါ်မှာ ဖော်ပြခဲ့တာကတော့ ကျန်းမာကြံ့ခိုင်ဖို့အတွက် ကျန်းမာစွာ စားသောက်နေထိုင်ပုံစံ အကြောင်း တင်ပြပေးခဲ့တာပဲ ဖြစ်ပါတယ်။ နောက်အပတ်မှာလည်း ကျန်းမာအောင် ဘယ်လိုနေထိုင်ရမယ် ဆိုတာ တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးဟာ သူငယ်ချင်းအတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။ ဒီလို ဆောင်းပါးတွေကို အပတ်စဉ်ဖတ်ချင်တယ်ဆိုရင်တော့ ကျွန်တော့်တို့ရဲ့ Facebook Page ကို Like & See First လုပ်ထားပေးဖို့ တိုက်တွန်းချင်ပါတယ်။ ဒီ post လေးကို သဘောကျရင် Like နဲ့ share လုပ်ပြီး ကျွန်တော်တို့ကို အားပေးနိုင်ပါတယ်ဗျာ။ ကျေးဇူးတင်ပါတယ်။ မနက်ဖြန် ပြန်တွေ့ကြမယ်နော်။
Related Posts