Menu Close

ဘယ္လို စိတ္ဓာတ္ၾကံ့ခိုင္ေအာင္ လုပ္ၾကမလဲ။

How To Become Emotionally Strong

Zawgyi

အားလံုးပဲ မဂၤလာပါ။ MotivSuccess ကေန ျပန္လည္ႀကိဳဆိုလိုက္ပါတယ္ ခင္ဗ်ာ။ သူငယ္ခ်င္းတို႔ေရ ကၽြန္ေတာ္တို႔အားလံုးဟာ ေလာကဓံ အနိမ့္အျမင့္ၾကားမွာ ျဖတ္သန္းေနၾကရတာပါ။ တစ္ခါတစ္ေလ ေလာကဓံရဲ႕ ရိုက္ခတ္မႈေၾကာင့္ ကၽြန္ေတာ္တို႔ ယိုင္လဲခဲ့ရတဲ့ အခ်ိန္ေတြရွိပါတယ္။ စိတ္ဓာတ္ေတြက်သြားတဲ့ အခ်ိန္ေတြ၊ စိတ္ညစ္စရာေတြ ျပည့္ႏွက္ေနတဲ့ အခ်ိန္၊ ေလာကႀကီးကေန ထြက္သြားခ်င္တဲ့အခ်ိန္၊ ကိုယ့္ကိုကိုယ္ သတ္ေသခ်င္တဲ့ အခိုက္အတန္႔ေတြ ရွိခဲ့မွာပါ။ ဘယ္ေလာက္ပဲ စိတ္ဓာတ္ၾကံ့ခိုင္တဲ့သူ ျဖစ္ျဖစ္ အားေပ်ာ့သြားၾကပါတယ္။ ျပန္ၿပီးစိတ္ဓာတ္ၾကံ့ခိုင္ေအာင္လုပ္ဖို႔လည္း အခ်ိန္ အနည္းနဲ႔ အမ်ား ယူၾကရပါတယ္။ ဒီတစ္ခါမွာေတာ့ သူငယ္ခ်င္းတို႔အတြက္ ခက္ခဲတဲ့ ျပႆနာေတြ ၾကံဳလာရင္ေတာင္မွ ကိုယ့္စိတ္ကို ေပ်ာ့ညံ့မသြားေအာင္၊ စိတ္ဓာတ္ကို ၾကံ့ခိုင္ေအာင္ ထားႏိုင္မယ့္ နည္းလမ္းအခ်ိဳ႕ထဲကမွ ပထမအပိုင္းကို ေဝမွ်ေပးလိုက္ပါတယ္ေနာ္။

ပထမအပိုင္းကေတာ့ အခက္အခဲ၊ စိန္ေခၚမႈေတြကို ခြဲျခားသံုးသပ္ၿပီး ရည္မွန္းခ်က္ေတြ ခ်မွတ္ေပးရပါမယ္။

– စိတ္ပိုင္းဆိုင္ရာအရ ၾကံ့ခိုင္ၿပီး ဒဏ္ခံႏိုင္တယ္ဆိုတာ စိတ္ဖိစီးမႈ၊ စိတ္ဒဏ္ရာေတြ၊ ဝမ္းနည္းစရာအျဖစ္အပ်က္ေတြနဲ႔ က်င့္သားရေအာင္ ေကာင္းေကာင္း ကိုင္တြယ္ေျဖရွင္းႏိုင္တာပဲ ျဖစ္ပါတယ္။ စိတ္ဓာတ္ၾကံ့ခိုင္တယ္ဆိုရာမွာ နာက်င္မႈေတြကို မခံစားရဘူးလို႔ မဆိုလိုပါဘူး။ ျပႆနာေတြ ၾကံဳလာတဲ့အခါ ၾကံဳခဲ့ရတဲ့ အေတြ႕အၾကံဳက ေလ့လာ သင္ယူၿပီး မိမိကိုယ္ကို ျပန္တည္ေဆာက္ႏိုင္တာကို ဆိုလိုပါတယ္။ ၿပီးေတာ့ စိတ္ဖိစီးမႈေတြ၊ ေဝဒနာေတြကို တြန္းလွန္ႏိုင္ဖို႔ဆိုရင္ အစီအစဥ္ေတြဆြဲတာ၊ မိမိကိုယ္ကို ယံုၾကည္မႈ ျပန္တည္ေဆာက္တာ၊ ကိုယ့္ကိုကို အေကာင္းျမင္တာ၊ ျပင္းထန္တဲ့ ခံစားခ်က္ေတြကို ဘယ္လို ကိုင္တြယ္ရမလဲဆိုတာကို ေလ့လာတာ စတဲ့ အရည္အခ်င္းေတြ လိုအပ္ပါတယ္။ ဒါမွလည္း ေကာင္းေကာင္း ေျဖရွင္းႏိုင္မွာပါ။

– ကိုယ့္ စိတ္ခံစားခ်က္ကို ဘယ္လို ထိန္းခ်ဳပ္ရမယ္ဆိုကလည္း စိတ္ပိုင္းဆိုင္ရာ ၾကံ့ခိုင္လာျခင္းရဲ႕ အျခားေသာ အစိတ္အပိုင္းတစ္ခုပါ။ ေလာကဓံကေပးတဲ့ အခက္အခဲေတြကို ကၽြန္ေတာ္တို႔ ထိန္းခ်ဳပ္ႏိုင္စြမ္းမရွိပါဘူး။ ကၽြန္ေတာ္တို႔ ထိန္းခ်ဳပ္ႏိုင္တာက ကၽြန္ေတာ္တို႔ရဲ႕ ေရြးခ်ယ္မႈနဲ႔ ကၽြန္ေတာ္တို႔ ဘယ္လို တံု႔ျပန္ၾကမလဲဆိုတာပါပဲ။

– စိတ္ဓာတ္ၾကံ့ခိုင္မႈ မတည္ေဆာက္ႏိုင္ခင္မွာ ကၽြန္ေတာ္တို႔ရဲ႕ အားသာခ်က္ေတြနဲ႔ ၾကံဳေတြ႕ရမယ့္ စိန္ေခၚမႈေတြကို စာရင္းလုပ္ထားဖို႔လိုပါတယ္။ ဒါမွ မိမိကိုယ္ကို ပိုမိုသိလာၿပီး စိန္ေခၚမႈေတြကို အခြင့္အေရးအျဖစ္အသံုးခ်ၿပီး ရည္မွန္းခ်က္အျဖစ္ ေကာင္းေကာင္း ေဆာင္ရြက္ႏိုင္မွာပဲ ျဖစ္ပါတယ္။

– ကိုယ့္ရဲ႕ အားသာခ်က္ေတြကို အသိအမွတ္ျပဳၿပီး အားသာခ်က္ေတြအတြက္ ခ်ီးမြမ္းေပးပါ။ ကိုယ့္ရဲ႕ အားသားခ်က္ေတြကို အေျချပဳ အာရံုစိုက္ၿပီး စိတ္ဓာတ္ၾကံ့ခိုင္မႈကို တည္ေဆာက္ပါ။

– အရင္တုန္းက ၾကံဳခဲ့ရတာေတြကို ျပန္စဥ္းစားပါ။ စိတ္ဓာတ္ၾကံ့ခိုင္မႈမရွိတာက ကေလးဘဝတုန္းက ျဖစ္ခဲ့တာ ဒါမွမဟုတ္ မၾကာေသးခင္ကမွ ျဖစ္ခဲ့တာစတဲ့ အရာေၾကာင့္လားဆိုတာ စဥ္းစားသင့္ပါတယ္။ စစ္တမ္းေတြအရ ငယ္ငယ္တုန္းက အႏိုင္က်င့္ခံရတဲ့၊ အစြပ္စြဲခံရတဲ့ ကေလးေတြက မ်ားေသာအားျဖင့္ စိတ္ပိုင္းဆိုင္ရာ ျပႆနာေလးေတြရွိၾကပါတယ္။

– အေတြးေတြ၊ ခံစားရတာေတြကို ဒိုင္ယာရီ ဒါမွမဟုတ္ ဂ်ာနယ္လိုမ်ိဳးမွာ ေရးၿပီး မွတ္ထားသင့္ပါတယ္။ ဒီလိုမ်ိဳးခ်ေရးတာက စိတ္ဖိစီးမႈကို ေလၽွာ့ခ်ေပးဖို႔ ေကာင္းမြန္တဲ့ နည္းလမ္းျဖစ္တဲ့အျပင္ ဒီလိုစိန္ေခၚမႈေတြကို ျဖစ္ေစတဲ့ အေၾကာင္းရင္းကိုလည္း သိေစႏိုင္မွာ ျဖစ္ပါတယ္။ တစ္ေန႔ကို မိနစ္ ၂၀ ေလာက္ အခ်ိန္ေလးေပးၿပီး သက္ေတာင့္သက္သာရွိတဲ့ ေနရာမွာ ကိုယ္ဘာေတြးေနလဲ၊ ဘယ္လိုေတြ ခံစားရလဲဆိုတာကို ေရးရင္ ေကာင္းမြန္တဲ့ သက္ေရာက္မႈ ျဖစ္လာေစႏိုင္ပါတယ္။

– စိတ္ၿငိမ္းခ်မ္းမႈကို အေႏွာင့္အယွက္ေပးႏိုင္တဲ့ အမူအက်င့္ေတြကို ေရွာင္ရွားပါ။အရက္ေသစာ ေသာက္စားတာတို႔၊ လိမိညာတာစတဲ့ မေကာင္းတဲ့ အမူအက်င့္ေလးေတြကို ေရွာင္ရွားတာက စိတ္ဓာတ္ၾကံ့ခိုင္မႈလာေစမႈကို အေထာက္အကူ ျဖစ္ေစမွာပါ။

Related Post :  Good Communication Skills - Key to Any Success

– မိမိကိုယ္ကို ေကာင္းေကာင္းဂရုစိုက္ပါ။ ကိုယ့္ကိုကို က်န္းမာေစဖို႔အတြက္ အစားအေသာက္၊ အနားယူျခင္း၊ ေလ့က်င့္ခန္းစတာေတြကို လုပ္ေပးပါ။
• တစ္ေန႔ကို ေန႔စဥ္ မိနစ္ ၃၀ ေလ့က်င့္ခန္းလုပ္ပါ။
• အသီးအရြက္၊ အသားငါး၊ ပရိုတင္းပါတဲ့ အစားအေသာက္ေတြကိုပိုစားေပးပါ။
• တစ္ေန႔ ၈ နာရီ ပံုမွန္အိပ္ပါ။
• ေရ တစ္ေန႔ ၈ ခြက္ေလာက္ ပံုမွနေသာက္ၿပီး ေခၽြးထြက္ေစမယ့္ အားကစားျပဳလုပ္ပါ။

– ၿပီးေတာ့ တရားထိုင္ေပးတာကလည္း စိတ္ကို ေအးခ်မ္းေစၿပီး ၾကံ့ခိုင္လာေစမွာပါ။

– စိတ္ခြန္အားတိုးတက္လာေအာင္ လုပ္ပါ။ စာအုပ္ေတြဖတ္တာ၊ ရုပ္ရွင္ေကာင္းေတြ ၾကည့္တာ၊ ပြဲေတြသြားတာ၊ စတဲ့ အရာေတြ လုပ္တာက စိတ္ခြန္အားတိုးတက္ေစမွာပါ။ ၿပီးေတာ့ ရႏိုင္သမွ် ေလ့လာပါ။

ဒါကေတာ့ စိတ္ဓာတ္ၾကံ့ခိုင္လာေစဖို႔အတြက္ နည္းလမ္းေတြထဲကမွ ပထမအပိုင္းကို တင္ျပခဲ့တာပဲ ျဖစ္ပါတယ္။ ေနာကိလာမယ့္ အပိုင္းေလးကိုလည္း ေစာင့္ဖတ္ေပးဖို႔ အၾကံဳျပဳပါရေစေနာ္။ ဒီေန႔ ေဆာင္းပါးေလးကို ဖတ္ရႈေပးတဲ့ သူငယ္ခ်င္းတို႔လည္း မွတ္သားစရာ တစ္ခုခုရသြားမယ္လို႔ ေမၽွာ္လင့္ပါတယ္ေနာ္။ သူငယ္ခ်င္းအေနနဲ႔ ဒီပို႔စ္ေလးကို Like နဲ႔ Share လုပ္ျခင္းက ကၽြန္ေတာ္တို႔ိကို ပိုမိုေကာင္းမြန္ေသာ ေဆာင္းပါးေလးေတြေရးဖို႔ အင္အားေတြ ျဖစ္ေစပါတယ္။ Page ကိုလည္း Follow လုပ္ေပးပါဦးေနာ္။ အားလံုးကို ေက်းဇူးတင္ပါတယ္။ မနက္ျဖန္ျပန္ေတြ႕ၾကမယ္ေနာ္။

Unicode

ဘယ်လို စိတ်ဓာတ်ကြံ့ခိုင်အောင် လုပ်ကြမလဲ။

အားလုံးပဲ မင်္ဂလာပါ။ MotivSuccess ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ် ခင်ဗျာ။ သူငယ်ချင်းတို့ရေ ကျွန်တော်တို့အားလုံးဟာ လောကဓံ အနိမ့်အမြင့်ကြားမှာ ဖြတ်သန်းနေကြရတာပါ။ တစ်ခါတစ်လေ လောကဓံရဲ့ ရိုက်ခတ်မှုကြောင့် ကျွန်တော်တို့ ယိုင်လဲခဲ့ရတဲ့ အချိန်တွေရှိပါတယ်။ စိတ်ဓာတ်တွေကျသွားတဲ့ အချိန်တွေ၊ စိတ်ညစ်စရာတွေ ပြည့်နှက်နေတဲ့ အချိန်၊ လောကကြီးကနေ ထွက်သွားချင်တဲ့အချိန်၊ ကိုယ့်ကိုကိုယ် သတ်သေချင်တဲ့ အခိုက်အတန့်တွေ ရှိခဲ့မှာပါ။ ဘယ်လောက်ပဲ စိတ်ဓာတ်ကြံ့ခိုင်တဲ့သူ ဖြစ်ဖြစ် အားပျော့သွားကြပါတယ်။ ပြန်ပြီးစိတ်ဓာတ်ကြံ့ခိုင်အောင်လုပ်ဖို့လည်း အချိန် အနည်းနဲ့ အများ ယူကြရပါတယ်။ ဒီတစ်ခါမှာတော့ သူငယ်ချင်းတို့အတွက် ခက်ခဲတဲ့ ပြဿနာတွေ ကြုံလာရင်တောင်မှ ကိုယ့်စိတ်ကို ပျော့ညံ့မသွားအောင်၊ စိတ်ဓာတ်ကို ကြံ့ခိုင်အောင် ထားနိုင်မယ့် နည်းလမ်းအချို့ထဲကမှ ပထမအပိုင်းကို ဝေမျှပေးလိုက်ပါတယ်နော်။

ပထမအပိုင်းကတော့ အခက်အခဲ၊ စိန်ခေါ်မှုတွေကို ခွဲခြားသုံးသပ်ပြီး ရည်မှန်းချက်တွေ ချမှတ်ပေးရပါမယ်။

– စိတ်ပိုင်းဆိုင်ရာအရ ကြံ့ခိုင်ပြီး ဒဏ်ခံနိုင်တယ်ဆိုတာ စိတ်ဖိစီးမှု၊ စိတ်ဒဏ်ရာတွေ၊ ဝမ်းနည်းစရာအဖြစ်အပျက်တွေနဲ့ ကျင့်သားရအောင် ကောင်းကောင်း ကိုင်တွယ်ဖြေရှင်းနိုင်တာပဲ ဖြစ်ပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်တယ်ဆိုရာမှာ နာကျင်မှုတွေကို မခံစားရဘူးလို့ မဆိုလိုပါဘူး။ ပြဿနာတွေ ကြုံလာတဲ့အခါ ကြုံခဲ့ရတဲ့ အတွေ့အကြုံက လေ့လာ သင်ယူပြီး မိမိကိုယ်ကို ပြန်တည်ဆောက်နိုင်တာကို ဆိုလိုပါတယ်။ ပြီးတော့ စိတ်ဖိစီးမှုတွေ၊ ဝေဒနာတွေကို တွန်းလှန်နိုင်ဖို့ဆိုရင် အစီအစဉ်တွေဆွဲတာ၊ မိမိကိုယ်ကို ယုံကြည်မှု ပြန်တည်ဆောက်တာ၊ ကိုယ့်ကိုကို အကောင်းမြင်တာ၊ ပြင်းထန်တဲ့ ခံစားချက်တွေကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာကို လေ့လာတာ စတဲ့ အရည်အချင်းတွေ လိုအပ်ပါတယ်။ ဒါမှလည်း ကောင်းကောင်း ဖြေရှင်းနိုင်မှာပါ။

Related Post :  ေအာင္ျမင္၊ ေက်ာ္ၾကားသူေတြရဲ႕ အေလ့အထေကာင္း (၇) ခု

– ကိုယ့် စိတ်ခံစားချက်ကို ဘယ်လို ထိန်းချုပ်ရမယ်ဆိုကလည်း စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်လာခြင်းရဲ့ အခြားသော အစိတ်အပိုင်းတစ်ခုပါ။ လောကဓံကပေးတဲ့ အခက်အခဲတွေကို ကျွန်တော်တို့ ထိန်းချုပ်နိုင်စွမ်းမရှိပါဘူး။ ကျွန်တော်တို့ ထိန်းချုပ်နိုင်တာက ကျွန်တော်တို့ရဲ့ ရွေးချယ်မှုနဲ့ ကျွန်တော်တို့ ဘယ်လို တုံ့ပြန်ကြမလဲဆိုတာပါပဲ။

– စိတ်ဓာတ်ကြံ့ခိုင်မှု မတည်ဆောက်နိုင်ခင်မှာ ကျွန်တော်တို့ရဲ့ အားသာချက်တွေနဲ့ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကို စာရင်းလုပ်ထားဖို့လိုပါတယ်။ ဒါမှ မိမိကိုယ်ကို ပိုမိုသိလာပြီး စိန်ခေါ်မှုတွေကို အခွင့်အရေးအဖြစ်အသုံးချပြီး ရည်မှန်းချက်အဖြစ် ကောင်းကောင်း ဆောင်ရွက်နိုင်မှာပဲ ဖြစ်ပါတယ်။

– ကိုယ့်ရဲ့ အားသာချက်တွေကို အသိအမှတ်ပြုပြီး အားသာချက်တွေအတွက် ချီးမွမ်းပေးပါ။ ကိုယ့်ရဲ့ အားသားချက်တွေကို အခြေပြု အာရုံစိုက်ပြီး စိတ်ဓာတ်ကြံ့ခိုင်မှုကို တည်ဆောက်ပါ။

– အရင်တုန်းက ကြုံခဲ့ရတာတွေကို ပြန်စဉ်းစားပါ။ စိတ်ဓာတ်ကြံ့ခိုင်မှုမရှိတာက ကလေးဘဝတုန်းက ဖြစ်ခဲ့တာ ဒါမှမဟုတ် မကြာသေးခင်ကမှ ဖြစ်ခဲ့တာစတဲ့ အရာကြောင့်လားဆိုတာ စဉ်းစားသင့်ပါတယ်။ စစ်တမ်းတွေအရ ငယ်ငယ်တုန်းက အနိုင်ကျင့်ခံရတဲ့၊ အစွပ်စွဲခံရတဲ့ ကလေးတွေက များသောအားဖြင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာလေးတွေရှိကြပါတယ်။

– အတွေးတွေ၊ ခံစားရတာတွေကို ဒိုင်ယာရီ ဒါမှမဟုတ် ဂျာနယ်လိုမျိုးမှာ ရေးပြီး မှတ်ထားသင့်ပါတယ်။ ဒီလိုမျိုးချရေးတာက စိတ်ဖိစီးမှုကို လျှော့ချပေးဖို့ ကောင်းမွန်တဲ့ နည်းလမ်းဖြစ်တဲ့အပြင် ဒီလိုစိန်ခေါ်မှုတွေကို ဖြစ်စေတဲ့ အကြောင်းရင်းကိုလည်း သိစေနိုင်မှာ ဖြစ်ပါတယ်။ တစ်နေ့ကို မိနစ် ၂၀ လောက် အချိန်လေးပေးပြီး သက်တောင့်သက်သာရှိတဲ့ နေရာမှာ ကိုယ်ဘာတွေးနေလဲ၊ ဘယ်လိုတွေ ခံစားရလဲဆိုတာကို ရေးရင် ကောင်းမွန်တဲ့ သက်ရောက်မှု ဖြစ်လာစေနိုင်ပါတယ်။

– စိတ်ငြိမ်းချမ်းမှုကို အနှောင့်အယှက်ပေးနိုင်တဲ့ အမူအကျင့်တွေကို ရှောင်ရှားပါ။အရက်သေစာ သောက်စားတာတို့၊ လိမိညာတာစတဲ့ မကောင်းတဲ့ အမူအကျင့်လေးတွေကို ရှောင်ရှားတာက စိတ်ဓာတ်ကြံ့ခိုင်မှုလာစေမှုကို အထောက်အကူ ဖြစ်စေမှာပါ။

– မိမိကိုယ်ကို ကောင်းကောင်းဂရုစိုက်ပါ။ ကိုယ့်ကိုကို ကျန်းမာစေဖို့အတွက် အစားအသောက်၊ အနားယူခြင်း၊ လေ့ကျင့်ခန်းစတာတွေကို လုပ်ပေးပါ။
• တစ်နေ့ကို နေ့စဉ် မိနစ် ၃၀ လေ့ကျင့်ခန်းလုပ်ပါ။
• အသီးအရွက်၊ အသားငါး၊ ပရိုတင်းပါတဲ့ အစားအသောက်တွေကိုပိုစားပေးပါ။
• တစ်နေ့ ၈ နာရီ ပုံမှန်အိပ်ပါ။
• ရေ တစ်နေ့ ၈ ခွက်လောက် ပုံမှနသောက်ပြီး ချွေးထွက်စေမယ့် အားကစားပြုလုပ်ပါ။

– ပြီးတော့ တရားထိုင်ပေးတာကလည်း စိတ်ကို အေးချမ်းစေပြီး ကြံ့ခိုင်လာစေမှာပါ။

– စိတ်ခွန်အားတိုးတက်လာအောင် လုပ်ပါ။ စာအုပ်တွေဖတ်တာ၊ ရုပ်ရှင်ကောင်းတွေ ကြည့်တာ၊ ပွဲတွေသွားတာ၊ စတဲ့ အရာတွေ လုပ်တာက စိတ်ခွန်အားတိုးတက်စေမှာပါ။ ပြီးတော့ ရနိုင်သမျှ လေ့လာပါ။

ဒါကတော့ စိတ်ဓာတ်ကြံ့ခိုင်လာစေဖို့အတွက် နည်းလမ်းတွေထဲကမှ ပထမအပိုင်းကို တင်ပြခဲ့တာပဲ ဖြစ်ပါတယ်။ နောကိလာမယ့် အပိုင်းလေးကိုလည်း စောင့်ဖတ်ပေးဖို့ အကြုံပြုပါရစေနော်။ ဒီနေ့ ဆောင်းပါးလေးကို ဖတ်ရှုပေးတဲ့ သူငယ်ချင်းတို့လည်း မှတ်သားစရာ တစ်ခုခုရသွားမယ်လို့ မျှော်လင့်ပါတယ်နော်။ သူငယ်ချင်းအနေနဲ့ ဒီပို့စ်လေးကို Like နဲ့ Share လုပ်ခြင်းက ကျွန်တော်တို့ိကို ပိုမိုကောင်းမွန်သော ဆောင်းပါးလေးတွေရေးဖို့ အင်အားတွေ ဖြစ်စေပါတယ်။ Page ကိုလည်း Follow လုပ်ပေးပါဦးနော်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ မနက်ဖြန်ပြန်တွေ့ကြမယ်နော်။

 

Related Posts

Leave a Reply