Menu Close

Good Communication Skills – Key to Any Success

Good Communication Skills

Zawgyi

မဂၤလာပါ သူငယ္ခ်င္းတို႔ေရ။ ဒီေန႔မွာေတာ့ အားလံုးအတြက္ အသံုးဝင္မယ့္ ေအာင္ျမင္မႈအတြက္ အဓိက ေသာ့ခ်က္ျဖစ္တဲ့ “ေကာင္းမြန္စြာေျပာဆိုဆက္ဆံႏိုင္ျခင္း” အေၾကာင္း တင္ျပသြားမွာပဲ ျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔အားလံုးရဲ႕ ေန႔စဥ္ဘဝမွာ တစ္ဦးနဲ႔ တစ္ဦး ေျပာဆိုဆက္ဆံေရးက အလြန္အေရးပါပါတယ္။

ေကာင္းမြန္စြာ ေျပာဆိုဆက္ဆံႏိုင္ျခင္းက ဘဝ ေအာင္ျမင္မႈအတြက္ အဓိကပါပဲ။ ထိေရာက္စြာ ေျပာဆို မဆက္သြယ္ႏိုင္ရင္ နားလည္မႈလြဲတာေတြ၊ လြဲမွားေဖာ္ျပတာေတြ စတဲ့ ႀကီးမားတဲ့ အမွားေတြလည္း ျဖစ္သြားႏိုင္ပါတယ္။ ဒါေၾကာင့္ ထိေရာက္စြာ ေျပာဆို ဆက္ဆံႏိုင္ျခင္းက အေရးႀကီးပါတယ္။

“ေျပာဆိုဆက္ဆံျခင္း” ဆိုတာကေတာ့ လူတစ္ဦးနဲ႔ တစ္ဦး (သို႔) လူ႔အဖြဲ႕အစည္းမွာ အေၾကာင္းအရာ၊ သတင္း စတဲ့ အခ်က္အလက္ေတြကို ဖလွယ္ျခင္းပဲ ျဖစ္ပါတယ္။ ဒီလိုလုပ္ရာမွာ ကြ်န္ေတာ္တို႔ဟာ အေတြးေတြ၊ ရည္ရြယ္ခ်က္ေတြ၊ စတဲ့ အခ်က္အလက္ေတြကို သူမ်ား နားအလည္ဆံုး၊ အရွင္းလင္းဆံုးနဲ႔ အတိက်ဆံုးျဖစ္ေအာင္ ႀကိဳးစား ေျပာဆိုၾကပါတယ္။

ေျပာဆိုဆက္က္ဆံေရးတစ္ခု ေအာင္ျမင္တယ္ဆိုတာ နားေထာင္သူက ေပးပို႔သူ(ေျပာဆိုသူ) ရဲ႕ အခ်က္အလက္အတိုင္း တူညီစြာနားလည္တာကို ဆိုလိုတာပါ။ သတင္းအခ်က္အလက္နဲ႔ နည္းပညာတိုးတက္လာတဲ့ ေခတ္ႀကီးမွာ ေကာင္းမြန္စြာ ေျပာဆိုဆက္ဆံႏိုင္တဲ့ စြမ္းရည္ရွိျခင္းက အလုပ္မွာေရာ၊ လူမႈေရးနဲ႔ Relationship မွာပါ ပိုပိုၿပီး အေရးႀကီးလာပါၿပီ။

ေျပာဆိုဆက္ဆံေရးစြမ္းရည္ ျမႇင့္တင္ဖို႔အတြက္ ေအာက္မွာ ေဖာ္ျပထားတဲ့ အခ်က္ (၃) ခ်က္ကို သတိျပဳသင့္ပါတယ္။

၁။ ကိုယ္ေျပာခ်င္တဲ့ အေၾကာင္းအရာကို မိမိကိုယ္တိုင္ နားလည္ေအာင္ လုပ္ပါ။

ကိုယ္ေျပာခ်င္တဲ့ အေၾကာင္းနဲ႔ ရည္ရြယ္ခ်က္ကို မိမိကိုယ္တိုင္ ရွင္းရွင္းလင္းလင္းသိနားလည္ထားရပါမယ္။ ၿပီးေတာ့ ကိုယ္က ဘယ္သူနဲ႔ ေျပာရမွာလဲ? စတဲ့ စကားေျပာတဲ့ အခ်ိန္မွာ ရွိႏိုင္တဲ့ အတားအဆီးေတြ (ဘာသာစကား အခက္အခဲ၊ ယဥ္ေက်းမႈ ကြဲျပားျခင္း) စတာေတြကို ႀကိဳတင္စဥ္းစားၿပီး ျပင္ဆင္ထားသင့္ပါတယ္။ ဘယ္လို ရလဒ္မ်ိဳးလိုခ်င္တာလဲ ဆိုတာကိုလည္း မိမိလိုခ်င္တဲ့ ရလဒ္ရေအာင္ ေျပာဆိုႏိုင္ဖို႔ ႀကိဳတင္ျပင္ဆင္ထားဖို႔ လိုအပ္ပါတယ္။

၂။ ဘယ္လိုေျပာၾကမွာလဲ။

ေျပာဆို ဆက္ဆံေရးမွာ အျမဲတမ္း ဘာေျပာမွာလဲ ဆိုတာက အေရးအႀကီးဆံုး မဟုတ္ပါဘူး။ “ဘယ္လိုေျပာမွာလဲ” ဆ္ိုတာကလည္း အေရးႀကီးပါေသးတယ္။ ကဲ .. ဒါဆိုရင္ ဘယ္လို ေျပာၾကမလဲ? ပထမဆံုး အေနနဲ႔ ေျပာမယ့္သူနဲ႔ မ်က္လံုးခ်င္း ဆံုေအာင္ၾကည့္ပါ။ နားေထာင္သူကို ၾကည့္ၿပီး စကားေျပာတဲ့အခါ ကိုယ့္မ်က္လံုးမွာ နားေထာင္သူအေပၚ ယံုၾကည္စိတ္ခ်မႈ ေပၚလြင္ပါေစ။ ဒုတိယအေနနဲ႔ မိမိရဲ႕ ကိုယ္ေနဟန္ထားကို သတိမူသင့္ပါတယ္။ လက္ပိုက္ၿပီး ကိုယ္ေနဟန္ထား ကိုင္းကိုင္းႀကီး ျဖစ္ေနတာက ေျပာေနတဲ့သူအေပၚ စိတ္မဝင္စားသလို မေျပာခ်င္သလို ထင္ေစပါတယ္။ ကိုယ္ေနဟန္ထား မတ္မတ္ေနၿပီး လက္ေတြကို ေဘးႏွစ္ဖက္မွာ ခ်ထားတဲ့ ပံုစံက သင့္ကို ခ်ဥ္းကပ္ရလြယ္ကူၿပီး ေျပာဆိုဆက္သြယ္ရတာ ေကာင္းတဲ့သူ ပံုစံေပၚေစမွာပါ။ ကိုယ္ေနဟန္ထားကလည္း ေျပာဆိုဆက္သြယ္ေရးမွာ အေရးပါလွပါတယ္။ ဒါ့အျပင္ ေျပာဆိုရာမွာလည္း ေဝဖန္မႈကင္းၿပီး ဆန္႔က်င္ဘက္မေျပာဖို႔လည္း အေရးႀကီးပါေသးတယ္။

Related Post :  Emerging Global Leadership Scholarship

၃။ နားေထာင္ပါ။

ေျပာဆိုဆက္ဆံေရးဆိုတာ ႏွစ္လမ္းသြားပါ။ ကိုယ္ေျပာရမယ့္ဟာ ေျပာၿပီးသြားၿပီဆိုရင္ ရပ္ၿပီး တံု႔ျပန္ခ်က္ေတြကို နားေထာင္ပါ။ ေမးတဲ့ ေမးခြန္းေတြကို ဂရုတစိုက္နားေထာင္ပါ။ ေမးခြန္းေမးတဲ့ သူကိုလည္း တေလးတစားနဲ႔ နားေထာင္ၿပီး အေကာင္းဆံုးေျဖေပးပါ။ ျပီးတဲ့အခါမွာလည္း ကိုယ္ေျပာလိုက္တဲ့အေၾကာင္းအရာ ရွင္းရွင္းလင္းလင္း နားလည္လားဆိုတာ သိႏိုင္ဖို႔အတြက္ ပြင့္ပြင့္လင္းလင္း ေဆြးေႏြးႏိုင္မယ့္ ေမးခြန္းေတြကို ေမးျခင္းအားျဖင့္ ေျပာဆိုဆက္ဆံေရး စြမ္းရည္ တိုးတက္လာႏိုင္ပါတယ္။

ဒီ အခ်က္ (၃) ခ်က္ကေတာ့ ေျပာဆိုဆက္ဆံေရးအတြက္ အေရးအႀကီးဆံုး (၃) ခ်က္ပဲ ျဖစ္ပါတယ္။ ေကာင္းမြန္စြာ ေျပာဆိုဆက္ဆံႏိုင္တဲ့ စြမ္းရည္ရွိတဲ့ သူေတြအတြက္ အခြင့္အလမ္းေတြလည္း ေပါမ်ားၿပီး ရည္မွန္းခ်က္ေတြကို ေအာင္ေအာင္ျမင္ျမင္ အေကာင္အထည္ေဖာ္ႏိုင္ဖို႔ ပိုမိုလြယ္ကူသြားမယ္လို႔ ေမၽွာ္လင့္ပါတယ္။

ဒီေဆာင္းပါးေလးက သူငယ္ခ်င္းတို႔အတြက္ အသံုးဝင္မယ္လို႔ ေမၽွာ္လင့္ပါတယ္ ခင္ဗ်။
Motivsuccess မွာ သူငယ္ခ်င္းတို႔အတြက္ အသံုးဝင္တဲ့ ေဆာင္းပါးေတြကို အပတ္စဥ္ တနလၤာေန႔တိုင္း တင္ေပးမွာ ျဖစ္တာေၾကာင့္ ေစာင့္ေမၽွာ္ ၾကည့္ရႈေပးဖို႔ တိုက္တြန္းလိုက္ပါတယ္။ သူငယ္ခ်င္းတို႔လည္း ေအာင္ျမင္မႈေတြကို ဆြတ္ခူးႏိုင္ပါေစလို႔ ဆုေတာင္းရင္း နိဂံုးခ်ဳပ္ပါရေစ။ ဖတ္ရႈအားေပးတဲ့အတြက္ ေက်းဇူးတင္ရွိပါတယ္။

Unicode

မင်္ဂလာပါ သူငယ်ချင်းတို့ရေ။ ဒီနေ့မှာတော့ အားလုံးအတွက် အသုံးဝင်မယ့် အောင်မြင်မှုအတွက် အဓိက သော့ချက်ဖြစ်တဲ့ “ကောင်းမွန်စွာပြောဆိုဆက်ဆံနိုင်ခြင်း” အကြောင်း တင်ပြသွားမှာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးရဲ့ နေ့စဉ်ဘဝမှာ တစ်ဦးနဲ့ တစ်ဦး ပြောဆိုဆက်ဆံရေးက အလွန်အရေးပါပါတယ်။

ကောင်းမွန်စွာ ပြောဆိုဆက်ဆံနိုင်ခြင်းက ဘဝ အောင်မြင်မှုအတွက် အဓိကပါပဲ။ ထိရောက်စွာ ပြောဆို မဆက်သွယ်နိုင်ရင် နားလည်မှုလွဲတာတွေ၊ လွဲမှားဖော်ပြတာတွေ စတဲ့ ကြီးမားတဲ့ အမှားတွေလည်း ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ထိရောက်စွာ ပြောဆို ဆက်ဆံနိုင်ခြင်းက အရေးကြီးပါတယ်။

“ပြောဆိုဆက်ဆံခြင်း” ဆိုတာကတော့ လူတစ်ဦးနဲ့ တစ်ဦး (သို့) လူ့အဖွဲ့အစည်းမှာ အကြောင်းအရာ၊ သတင်း စတဲ့ အချက်အလက်တွေကို ဖလှယ်ခြင်းပဲ ဖြစ်ပါတယ်။ ဒီလိုလုပ်ရာမှာ ကျွန်တော်တို့ဟာ အတွေးတွေ၊ ရည်ရွယ်ချက်တွေ၊ စတဲ့ အချက်အလက်တွေကို သူများ နားအလည်ဆုံး၊ အရှင်းလင်းဆုံးနဲ့ အတိကျဆုံးဖြစ်အောင် ကြိုးစား ပြောဆိုကြပါတယ်။

ပြောဆိုဆက်က်ဆံရေးတစ်ခု အောင်မြင်တယ်ဆိုတာ နားထောင်သူက ပေးပို့သူ(ပြောဆိုသူ) ရဲ့ အချက်အလက်အတိုင်း တူညီစွာနားလည်တာကို ဆိုလိုတာပါ။ သတင်းအချက်အလက်နဲ့ နည်းပညာတိုးတက်လာတဲ့ ခေတ်ကြီးမှာ ကောင်းမွန်စွာ ပြောဆိုဆက်ဆံနိုင်တဲ့ စွမ်းရည်ရှိခြင်းက အလုပ်မှာရော၊ လူမှုရေးနဲ့ Relationship မှာပါ ပိုပိုပြီး အရေးကြီးလာပါပြီ။

ပြောဆိုဆက်ဆံရေးစွမ်းရည် မြှင့်တင်ဖို့အတွက် အောက်မှာ ဖော်ပြထားတဲ့ အချက် (၃) ချက်ကို သတိပြုသင့်ပါတယ်။

Related Post :  စိတ္ဝင္စားဖြယ္ရာ Black Hole အေၾကာင္း

၁။ ကိုယ်ပြောချင်တဲ့ အကြောင်းအရာကို မိမိကိုယ်တိုင် နားလည်အောင် လုပ်ပါ။

ကိုယ်ပြောချင်တဲ့ အကြောင်းနဲ့ ရည်ရွယ်ချက်ကို မိမိကိုယ်တိုင် ရှင်းရှင်းလင်းလင်းသိနားလည်ထားရပါမယ်။ ပြီးတော့ ကိုယ်က ဘယ်သူနဲ့ ပြောရမှာလဲ? စတဲ့ စကားပြောတဲ့ အချိန်မှာ ရှိနိုင်တဲ့ အတားအဆီးတွေ (ဘာသာစကား အခက်အခဲ၊ ယဉ်ကျေးမှု ကွဲပြားခြင်း) စတာတွေကို ကြိုတင်စဉ်းစားပြီး ပြင်ဆင်ထားသင့်ပါတယ်။ ဘယ်လို ရလဒ်မျိုးလိုချင်တာလဲ ဆိုတာကိုလည်း မိမိလိုချင်တဲ့ ရလဒ်ရအောင် ပြောဆိုနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။

၂။ ဘယ်လိုပြောကြမှာလဲ။

ပြောဆို ဆက်ဆံရေးမှာ အမြဲတမ်း ဘာပြောမှာလဲ ဆိုတာက အရေးအကြီးဆုံး မဟုတ်ပါဘူး။ “ဘယ်လိုပြောမှာလဲ” ဆိုတာကလည်း အရေးကြီးပါသေးတယ်။ ကဲ .. ဒါဆိုရင် ဘယ်လို ပြောကြမလဲ? ပထမဆုံး အနေနဲ့ ပြောမယ့်သူနဲ့ မျက်လုံးချင်း ဆုံအောင်ကြည့်ပါ။ နားထောင်သူကို ကြည့်ပြီး စကားပြောတဲ့အခါ ကိုယ့်မျက်လုံးမှာ နားထောင်သူအပေါ် ယုံကြည်စိတ်ချမှု ပေါ်လွင်ပါစေ။ ဒုတိယအနေနဲ့ မိမိရဲ့ ကိုယ်နေဟန်ထားကို သတိမူသင့်ပါတယ်။ လက်ပိုက်ပြီး ကိုယ်နေဟန်ထား ကိုင်းကိုင်းကြီး ဖြစ်နေတာက ပြောနေတဲ့သူအပေါ် စိတ်မဝင်စားသလို မပြောချင်သလို ထင်စေပါတယ်။ ကိုယ်နေဟန်ထား မတ်မတ်နေပြီး လက်တွေကို ဘေးနှစ်ဖက်မှာ ချထားတဲ့ ပုံစံက သင့်ကို ချဉ်းကပ်ရလွယ်ကူပြီး ပြောဆိုဆက်သွယ်ရတာ ကောင်းတဲ့သူ ပုံစံပေါ်စေမှာပါ။ ကိုယ်နေဟန်ထားကလည်း ပြောဆိုဆက်သွယ်ရေးမှာ အရေးပါလှပါတယ်။ ဒါ့အပြင် ပြောဆိုရာမှာလည်း ဝေဖန်မှုကင်းပြီး ဆန့်ကျင်ဘက်မပြောဖို့လည်း အရေးကြီးပါသေးတယ်။

၃။ နားထောင်ပါ။

ပြောဆိုဆက်ဆံရေးဆိုတာ နှစ်လမ်းသွားပါ။ ကိုယ်ပြောရမယ့်ဟာ ပြောပြီးသွားပြီဆိုရင် ရပ်ပြီး တုံ့ပြန်ချက်တွေကို နားထောင်ပါ။ မေးတဲ့ မေးခွန်းတွေကို ဂရုတစိုက်နားထောင်ပါ။ မေးခွန်းမေးတဲ့ သူကိုလည်း တလေးတစားနဲ့ နားထောင်ပြီး အကောင်းဆုံးဖြေပေးပါ။ ပြီးတဲ့အခါမှာလည်း ကိုယ်ပြောလိုက်တဲ့အကြောင်းအရာ ရှင်းရှင်းလင်းလင်း နားလည်လားဆိုတာ သိနိုင်ဖို့အတွက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်မယ့် မေးခွန်းတွေကို မေးခြင်းအားဖြင့် ပြောဆိုဆက်ဆံရေး စွမ်းရည် တိုးတက်လာနိုင်ပါတယ်။

ဒီ အချက် (၃) ချက်ကတော့ ပြောဆိုဆက်ဆံရေးအတွက် အရေးအကြီးဆုံး (၃) ချက်ပဲ ဖြစ်ပါတယ်။ ကောင်းမွန်စွာ ပြောဆိုဆက်ဆံနိုင်တဲ့ စွမ်းရည်ရှိတဲ့ သူတွေအတွက် အခွင့်အလမ်းတွေလည်း ပေါများပြီး ရည်မှန်းချက်တွေကို အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ဖို့ ပိုမိုလွယ်ကူသွားမယ်လို့ မျှော်လင့်ပါတယ်။

ဒီဆောင်းပါးလေးက သူငယ်ချင်းတို့အတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ် ခင်ဗျ။
Motivsuccess မှာ သူငယ်ချင်းတို့အတွက် အသုံးဝင်တဲ့ ဆောင်းပါးတွေကို အပတ်စဉ် တနင်္လာနေ့တိုင်း တင်ပေးမှာ ဖြစ်တာကြောင့် စောင့်မျှော် ကြည့်ရှုပေးဖို့ တိုက်တွန်းလိုက်ပါတယ်။ သူငယ်ချင်းတို့လည်း အောင်မြင်မှုတွေကို ဆွတ်ခူးနိုင်ပါစေလို့ ဆုတောင်းရင်း နိဂုံးချုပ်ပါရစေ။ ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။

Related Posts