Menu Close

အာင္ျမင္ဖို႔အတြက္ ဒီအခ်က္ (၅) ခ်က္ကို လိုက္နာေဆာင္႐ြက္ပါ

Five Tips To Become Successful

Zawgyi

အားလံုးသိၾကတဲ့အတိုင္း ၂၁ ရာစုဟာ အရမ္​းကို ၿပိဳင္​ဆိုင္​မႈ ျပင္​းထန္​တဲ့ ရာစုနွစ္​တစ္​ခုပါ။ တိုးတက္​မႈဟာလည္​း အရမ္​းကိုျမန္​ဆန္​ပါတယ္​။ ဒီလို ၿပိဳင္​ဆိုင္​မႈျပင္​းထန္​ၿပီး၊ တိုးတက္​ေျပာင္​းလဲမႈေတြ အမ်ားအျပားရွိတဲ့ ေခတ္​ႀကီးထဲမွာ ခိုင္​ခိုင္​မာမာ ရပ္​တည္​နိုင္​ဖို႔ဆိုတာ မလြယ္​ကူပါဘူး။ ေတာင္​းဆိုမႈေတြလည္​း အင္​မတန္မ်ားလွပါတယ္​။ ဒါေၾကာင္​့ လူတိုင္​းဟာ အခ်ိန္​ကို အက်ိဳးရွိရွိအသံုးခ်ၿပီး မိမိေရာက္​လိုတဲ့ ပန္​းတိုင္​ကိုေရာက္​ေအာင္​ ႀကိဳးစားအားထုတ္​ဖို႔လည္​းလိုအပ္ပါတယ္​။ လူအမ်ားစုဟာလည္​း ႀကိဳးစားေနၾကပါတယ္​။ တခ်ိဳ႕လူေတြက ေအာင္​ျမင္​မႈကို လ်င္​လ်င္​ျမန္​ျမန္​ရတယ္​၊ တခ်ိဳ႕က အခ်ိန္​အတိုင္​းအတာတစ္​ခုအထိ ေစာင္​့ရတယ္​။ တျခားလူေတြ ေအာင္​ျမင္​မႈကိုရေနတဲ့အခ်ိန္​ သင္​ကေရာဘာေၾကာင္​့မရနိုင္​ေသးတာလဲ? သူတို႔ႀကိဳးစားေနတဲ့အခ်ိန္​ သင္​က ဘာေၾကာင္​့ ႀကိဳးစားမေနတာလဲ? ေမးမယ္​ဆိုရင္​ေမးခြန္​းေတြကေတာ့ အမ်ားႀကီးထြက္​လာမွာပါ။ ဒါဆို အခုပဲ “ေအာင္ျမင္ဖို႔အတြက္ ဒီအခ်က္ (၅) ခ်က္ကို လိုက္နာေဆာင္႐ြက္ပါ” ဆိုတဲ့ ေဆာင္းပါးေလးကို ေလ့လာၿပီး မိမိကိုယ္​ကိုျပဳျပင္​ေျပာင္​းလဲလိုက္​ၾကရေအာင္​။

၁။ ပ်င္းရိျခင္းကို စြန္႔လႊတ္ပါ
တက္​တက္​ႂကြႂကြနဲ႔ လုပ္​ငန္​းေတြကို ေဆာင္​႐ြက္​ေနတဲ့လူေတြရွိသလို ဘာမွလုပ္​ခ်င္​စိတ္​မရွိဘဲ ပ်င္​းရိေနတဲ့လူေတြလည္​း အမ်ားအျပားရွိပါတယ္​။ ပ်င္​းရိျခင္​းကေတာ့ လူအမ်ားစုအတြက္​ ေအာင္​ျမင္​မႈကိုသြားတဲ့ လမ္​းေပၚမွာ ႀကီးမားတဲ့ အတားအဆီးႀကီးတစ္​ခုဆိုရင္​လည္​းမမွားပါဘူး။ အလုပ္​လုပ္​မွာကိုပ်င္​းေနရင္​ အနာဂတ္​မွာ ထမင္​းနပ္​မွန္​မွန္​စားရဖို႔ေတာင္​ မေသခ်ာပါဘူး။ ကြၽန္​ေတာ္​တို႔ လူငယ္​အမ်ားစုဟာ အလုပ္​(ပန္​းတိုင္​ကိုေရာက္​ေအာင္​)ႀကိဳးစားမယ္​့အစား တစ္​ေနကုန္​ TV ထိုင္​ၾကည္​့၊ သီခ်င္​းနားေထာင္​၊ ဂိမ္​းေဆာ့ စသည္​ျဖင္​့ တျခားအရာေတြမွာ အခ်ိန္​ကုန္​ေနၾကပါတယ္​။ အထက္​ေဖာ္​ျပပါအရာေတြကို မလုပ္​ရဘူးလို႔ ဆိုလုိတာေတာ့မဟုတ္​ပါဘူး။ အခ်ိန္​ အကန္​႔အသတ္​ေလး ထားဖို႔ေတာ့ သတိေပးခ်င္​ပါတယ္​။ အလုပ္​ကို တက္​တက္​ႂကြႂကြနဲ႔ အာရံုစူးစိုက္​ၿပီးလုပ္​ေလ ေအာင္​ျမင္​မႈကိုျမန္​ျမန္​ရရွိဖို႔ အခြင္​့အေရးမ်ားေလပါပဲ။

၂။ မျဖစ္နိုင္ဘူးဆိုတာကို ေခါင္းထဲကထုတ္ပစ္ပါ
ေလာကမွာ တခ်ိဳ႕လူေတြေအာင္​ျမင္​ေနၾကတယ္​ဆိုတာ မွန္​ပါတယ္​။ ဒါေပမယ္​့ အခုအခ်ိန္​ထိ သင္​ မေအာင္ျမင္​ေသးလို႔ စိတ္​ဓာတ္​က်၊ အားငယ္​စရာမလိုပါဘူး။ လူတိုင္​းဟာ ကိုယ္​့အခ်ိန္​နဲ႔ကို သြားေနၾကတာပါ။ တခ်ိဳ႕က ငယ္​ငယ္​႐ြယ္​႐ြယ္​နဲ႔ ေအာင္​ျမင္​မႈကိုရရွိတယ္​။ တခ်ိဳ႕ကအသက္​ႀကီးမွ ေအာင္​ျမင္​မႈကိုရရွိတယ္​။ ဥပမာ – အေမရိကန္​ျပည္​ေထာင္​စုရဲ႕ ၄၄ ဆက္​ေျမာက္​သမၼတ မစ္​စတာ အိုဘားမား ဟာဆိုရင္​ အသက္​ ၄၈ နွစ္​အ႐ြယ္​မွာ သမၼတ ျဖစ္​တယ္​။ ၄၅ ဆက္​ေျမာက္​ သမၼတ မစၥတာ ေဒၚနယ္​ ထရန္​႔ က်ေတာ့ ၇၁ နွစ္​မွ သမၼတ အျဖစ္​ တာဝန္​စတင္​ထမ္​းေဆာင္​တယ္​။ ဘယ္​အသက္​အ႐ြယ္​မွာ ဘာျဖစ္​ရမယ္​လို႔လဲ ပံုေသနည္​းမရွိပါဘူး။ ဒါေၾကာင္​့ ဒီ နံပါတ္​ ၂ အခ်က္​ကိုေျဖရွင္​းဖို႔ ကုိယ္​ ဘာကိုစိတ္​ဝင္​စားတယ္​ဆိုတာကိုရွာေဖြပါ၊ စိတ္​ဝင္​စားတဲ့အရာကို ဘယ္​လို အေကာင္​အထည္​ေဖာ္​မယ္​ဆိုတာကို စီစဥ္​ပါ၊ မသိရင္​လည္​း အေတြ႕အႀကံဳရွိတဲ့ သူေတြဆီကေနသင္​ယူပါ၊ လိုအပ္​တဲ့ ပညာရပ္​ေတြကိုလည္​း ေလ့လာပါ။

၃။ အလြယ္တကူ အရွံုးမေပးပဲ ဇဲြရွိရွိနဲ႔ ႀကိဳးစားပါ
တရုတ္​နိုင္​ငံအေျခစိုက္​ Alibaba Company ရဲ႕တည္​ေထာင္​သူ ဂ်က္​မားကိုေတာ့ လူတိုင္​း သိၾကမယ္​ထင္​ပါတယ္​။ တရုတ္​နိုင္​ငံမွာရွိတဲ့ အခ်မ္​းသာဆံုးလူေတြထဲကတစ္​ေယာက္​ဆိုရင္​လည္​းမမွားပါဘူး။ ကြၽန္​ေတာ္​တို႔အခုျမင္​ေနရတာကေတာ့ သူ႔ရဲ႕ ႀကီးက်ယ္​ခမ္​းနားတဲ့ ေအာင္​ျမင္​မႈေတြပါ။ ဒီေအာင္​ျမင္​မႈေတြကို ဘာမွမလုပ္​ပဲ အလကားရလာတာမဟုတ္​ပါဘူး။ ႀကိမ္​ဖန္​မ်ားစြာႀကိဳးစားခဲ့ဖူးသလို က်လည္​းက်ရႈံးဖူးခဲ့ပါတယ္​။ တရုတ္​ျပည္​ကို KFC ဆိုင္​ေရာက္​လာတဲ့အခ်ိန္​ အလုပ္​သြားေလ်ာက္​တယ္​။ အေယာက္​ ၃၀ မွာ ၂၉ ေယာက္​ အေ႐ြးခံရတယ္​။ သူမပါဘူး။ ရဲစခန္​းမွာ လူေခၚေနတုန္​းသြားေလ်ာက္​ျပန္​ေတာ့လည္​း ၅ ေယာက္​မွာ ၄ ေယာက္​အေ႐ြးခံရတယ္​။ သူတစ္​ေယာက္​တည္​းက်န္​ခဲ့တယ္​။ အေမရိကန္​နိုင္​ငံက Harvest တကၠသုိလ္​ဝင္​ခြင္​့သြားေလ်ာက္​ေတာ့လည္​း ၁၀ ႀကိမ္​တိုင္​တိုင္​ အပယ္​ခံခဲ့ရတယ္​။ ဒါေပမယ္​့ သူ ဘယ္​ေတာ့မွလက္​မေလ်ာ့ခဲ့ပါဘူး။ သူ႔ရဲ႕ အရွံုးမေပးပဲ ဇဲြရွိရွိနဲ႔ႀကိဳးစားခဲ့တဲ့ ရလဒ္​ကေတာ့ ဘီလီယံနာသူေဌးႀကီးျဖစ္​ေနတာပါပဲ။ ဒါ့ေၾကာင္​့ သင္​ႀကိဳးစားေနသေ႐ြ႕ ဘယ္​ေတာ့မွ က်ရွံုးမွာမဟုတ္​ပါဘူး။

၄။ အခ်ိန္​မဆဲြပါနဲ႔
လူတိုင္​းဟာ တစ္​နည္​းမဟုတ္​၊ တစ္​နည္​းနဲ႔ အခ်ိန္​ဆဲြေနၾကတာပါပဲ။ နည္​းတာ၊ မ်ားတာပဲကြာမွာပါ။ ဘာေၾကာင္​့ လူေတြ အခ်ိန္​ဆဲြၾကတာလဲ? အခ်ိန္​ဆဲြရင္​ေရာ ဘယ္​လိုအက်ိဳးေက်းဇူးေတြ ရလို႔လဲ? အခ်ိန္​ဆဲြတယ္​ဆိုတာ အခ်ိန္​ကို ႀကိဳးနဲ႔ခ်ည္​ၿပီးဆဲြတာေတာ့မဟုတ္​ပါဘူး။ မိမိလုပ္​ကိုလုပ္​ရမယ္​့ အလုပ္​(ကိစၥ) တစ္​ခုကို မလုပ္​ပဲ တစ္​ျခားတစ္​ခုကို လုပ္​ေနတာမ်ိဳးကိုဆိုလာပါတယ္​။ ဥပမာ – ေနာက္​တစ္​ပတ္​ ဖိုင္​နယ္​ စာေမးပဲြ ေျဖရေတာ့မယ္​။ စာက်က္​ကိုက်က္​ရေတာ့မယ္​့ အေျခအေန။ ဒါေပမယ္​့ စာက်က္​မယ္​့အစား သူငယ္​ခ်င္​းေတြနဲ႔ ေလ်ွာက္​သြား၊ ဂိမ္​းေဆာ့၊ TV ၾကည္​့ စသည္​ျဖင္​့ တျခားအရာေတြကို လုပ္ေနတာမ်ိဳးပါ။ အဲ့ဒီအခ်ိန္​မွာ တျခားအရာေတြက မိမိလုပ္​ရမယ္​့ အရာထက္​ ပိုၿပီး ဆြဲေဆာင္​မႈရွိေနနိုင္​ပါတယ္​။ ဒါ့ေၾကာင္​့ပဲ ဒီလိုအခ်ိန္​ဆြဲေနရင္​ ကိုယ္​ရနိုင္​တဲ့ ရလဒ္​ကိုမရပဲ ပိုနိမ္​့တဲ့ရလဒ္​မ်ိဳးကိုရေနတတ္​တာပါ။ အခ်ိန္​ဆဲြတာနဲ႔ ပတ္​သတ္​ၿပီးေတာ့ ကြၽန္​ေတာ္​ ေဆာင္​းပါးေလးတစ္​ပုဒ္​ေရးဖို႔ရွိပါတယ္​။ အဲ့ဒီေဆာင္​းပါးမွာေတာ့ အခ်ိန္​ဆဲြတာနဲ႔ ပတ္​သတ္​တဲ့ ဗဟုသုတေတြကိုမ်ွေဝေပးသြားမွာပါ။

Related Post :  Egg, Potato And Coffee

၅။ သူတစ္​ပါးကိုအျပစ္​မတင္​ပါနဲ႔
မေအာင္​ျမင္​တဲ့လူေတြမွာရွိတဲ့ အထင္​ရွားဆံုးလကၡဏာေတြထဲကတစ္​ခုကေတာ့ သူမ်ားကို အျပစ္​တင္​ျခင္​းပဲျဖစ္​ပါတယ္​။ ဒီလိုလူေတြဟာ သူတို႔လိုခ်င္​တာကို မရရင္​ အဲ့ဒီျဖစ္​ရပ္​နဲ႔ သက္​ဆိုင္​တဲ့ အရာေတြကို အျပစ္​တင္​တတ္​ၾကပါတယ္​။ တာဝန္​ယူမႈ၊ တာဝန္​ခံမႈလည္​း ရွိသင္​့သေလာက္​မရွိၾကပါဘူး။ ဥပမာ – အဖဲြ႕အစည္​းက ခ်မွတ္​ထားတဲ့ ပန္​းတိုင္​းတစ္​ခုကို အတူတူလုပ္​ေဆာင္​ၾကတယ္​။ ေအာင္​ျမင္​မႈကိုရခဲ့ရင္​ သူတို႔အမ်ားစုက နာမည္​ေကာင္​းယူတယ္​။ ဒါေပမယ္​့ မေအာင္​ျမင္​ရင္​ တျခားသူေတြကို အျပစ္​တင္​တယ္​။ ဒါကေတာ့ ေတာ္​ေတာ္​ေလးကို မေကာင္​းတဲ့ စရိုက္​ထဲမွာလည္​း ပါပါတယ္​။ လူတိုင္​းစိတ္ဓာတ္​က်ေနတဲ့အခ်ိန္​ သူတို႔ကို အျပစ္​သြားတင္​ရင္​ေတာ့ အဲ့ဒါဟာ တကယ္​့ကိုဆိုး႐ြားတဲ့ လုပ္​ရပ္​ပါပဲ။ အဲ့လိုအျပစ္​တင္​ေနမယ္​့အစား အမွားေတြကေနသင္​ခန္​းစာယူ၊ လိုအပ္​တဲ့ skill ေတြကိုေလ့လာ၊ အေပၚမွာေဖာ္​ျပခဲ့တဲ့ အခ်က္္ ၄ ခ်က္​စလံုးကို လိုက္နာေဆာင္႐ြက္ပါ။ ဒီလိုဆိုရင္​ေတာ့ ေအာင္ျမင္မႈက သင့္ရဲ႕ လက္တစ္ကမ္းမွာ ရွိေနပါလိမ့္မယ္။

အေပၚမွာ ေဖာ္​ျပခဲ့တဲ့ အခ်က္​ေတြအကုန္​လံုးဟာ သင္​့အတြက္​ အက်ိဳးရွိမယ္​လို႔ေမ်ွာ္​လင္​့ပါတယ္​။ အႀကံျပဳ၊ ျဖည္​့စြက္​လိုတာရွိရင္​ comment မွာေရးသားျဖည္​့စြက္​နိုင္​သလို Chat box ကလည္​းလာေရာက္​ အႀကံျပဳနိုင္​ပါတယ္​။ သင္​ဖတ္​ခ်င္​တဲ့ ေခါင္​းစဥ္​ေလးေတြရွိရင္​လည္​း comment မွာေရးထားခဲ့နိုင္​ပါတယ္​။ ဖတ္​ရႈသူေတြအတြက္​ အက်ိဳးရွိၿပီး အရည္​အေသြးျပည္​့မွီတဲ့ ေဆာင္​းပါးေတြေရးဖို႔ ကြၽန္​ေတာ္​တို႔ အၿမဲႀကိဳးစားေနပါတယ္​။ အဆံုးထိ ဖတ္​ေပးတဲ့အတြက္​ ေက်းဇူးအထူးတင္​ရွိပါတယ္​။ Please don’t forget to like and see first! ?

 

Unicode

“အောင်မြင်ဖို့အတွက် ဒီအချက် (၅) ချက်ကို လိုက်နာဆောင်ရွက်ပါ”

အားလုံးသိကြတဲ့အတိုင်း ၂၁ ရာစုဟာ အရမ်​းကို ပြိုင်​ဆိုင်​မှု ပြင်​းထန်​တဲ့ ရာစုနှစ်​တစ်​ခုပါ။ တိုးတက်​မှုဟာလည်​း အရမ်​းကိုမြန်​ဆန်​ပါတယ်​။ ဒီလို ပြိုင်​ဆိုင်​မှုပြင်​းထန်​ပြီး၊ တိုးတက်​ပြောင်​းလဲမှုတွေ အများအပြားရှိတဲ့ ခေတ်​ကြီးထဲမှာ ခိုင်​ခိုင်​မာမာ ရပ်​တည်​နိုင်​ဖို့ဆိုတာ မလွယ်​ကူပါဘူး။ တောင်​းဆိုမှုတွေလည်​း အင်​မတန်များလှပါတယ်​။ ဒါကြောင်​့ လူတိုင်​းဟာ အချိန်​ကို အကျိုးရှိရှိအသုံးချပြီး မိမိရောက်​လိုတဲ့ ပန်​းတိုင်​ကိုရောက်​အောင်​ ကြိုးစားအားထုတ်​ဖို့လည်​းလိုအပ်ပါတယ်​။ လူအများစုဟာလည်​း ကြိုးစားနေကြပါတယ်​။ တချို့လူတွေက အောင်​မြင်​မှုကို လျင်​လျင်​မြန်​မြန်​ရတယ်​၊ တချို့က အချိန်​အတိုင်​းအတာတစ်​ခုအထိ စောင်​့ရတယ်​။ တခြားလူတွေ အောင်​မြင်​မှုကိုရနေတဲ့အချိန်​ သင်​ကရောဘာကြောင်​့မရနိုင်​သေးတာလဲ? သူတို့ကြိုးစားနေတဲ့အချိန်​ သင်​က ဘာကြောင်​့ ကြိုးစားမနေတာလဲ? မေးမယ်​ဆိုရင်​မေးခွန်​းတွေကတော့ အများကြီးထွက်​လာမှာပါ။ ဒါဆို အခုပဲ “အောင်မြင်ဖို့အတွက် ဒီအချက် (၅) ချက်ကို လိုက်နာဆောင်ရွက်ပါ” ဆိုတဲ့ ဆောင်းပါးလေးကို လေ့လာပြီး မိမိကိုယ်​ကိုပြုပြင်​ပြောင်​းလဲလိုက်​ကြရအောင်​။

၁။ ပျင်းရိခြင်းကို စွန့်လွှတ်ပါ
တက်​တက်​ကြွကြွနဲ့ လုပ်​ငန်​းတွေကို ဆောင်​ရွက်​နေတဲ့လူတွေရှိသလို ဘာမှလုပ်​ချင်​စိတ်​မရှိဘဲ ပျင်​းရိနေတဲ့လူတွေလည်​း အများအပြားရှိပါတယ်​။ ပျင်​းရိခြင်​းကတော့ လူအများစုအတွက်​ အောင်​မြင်​မှုကိုသွားတဲ့ လမ်​းပေါ်မှာ ကြီးမားတဲ့ အတားအဆီးကြီးတစ်​ခုဆိုရင်​လည်​းမမှားပါဘူး။ အလုပ်​လုပ်​မှာကိုပျင်​းနေရင်​ အနာဂတ်​မှာ ထမင်​းနပ်​မှန်​မှန်​စားရဖို့တောင်​ မသေချာပါဘူး။ ကျွန်​တော်​တို့ လူငယ်​အများစုဟာ အလုပ်​(ပန်​းတိုင်​ကိုရောက်​အောင်​)ကြိုးစားမယ်​့အစား တစ်​နေကုန်​ TV ထိုင်​ကြည်​့၊ သီချင်​းနားထောင်​၊ ဂိမ်​းဆော့ စသည်​ဖြင်​့ တခြားအရာတွေမှာ အချိန်​ကုန်​နေကြပါတယ်​။ အထက်​ဖော်​ပြပါအရာတွေကို မလုပ်​ရဘူးလို့ ဆိုလိုတာတော့မဟုတ်​ပါဘူး။ အချိန်​ အကန်​့အသတ်​လေး ထားဖို့တော့ သတိပေးချင်​ပါတယ်​။ အလုပ်​ကို တက်​တက်​ကြွကြွနဲ့ အာရုံစူးစိုက်​ပြီးလုပ်​လေ အောင်​မြင်​မှုကိုမြန်​မြန်​ရရှိဖို့ အခွင်​့အရေးများလေပါပဲ။

၂။ မဖြစ်နိုင်ဘူးဆိုတာကို ခေါင်းထဲကထုတ်ပစ်ပါ
လောကမှာ တချို့လူတွေအောင်​မြင်​နေကြတယ်​ဆိုတာ မှန်​ပါတယ်​။ ဒါပေမယ်​့ အခုအချိန်​ထိ သင်​ မအောင်မြင်​သေးလို့ စိတ်​ဓာတ်​ကျ၊ အားငယ်​စရာမလိုပါဘူး။ လူတိုင်​းဟာ ကိုယ်​့အချိန်​နဲ့ကို သွားနေကြတာပါ။ တချို့က ငယ်​ငယ်​ရွယ်​ရွယ်​နဲ့ အောင်​မြင်​မှုကိုရရှိတယ်​။ တချို့ကအသက်​ကြီးမှ အောင်​မြင်​မှုကိုရရှိတယ်​။ ဥပမာ – အမေရိကန်​ပြည်​ထောင်​စုရဲ့ ၄၄ ဆက်​မြောက်​သမ္မတ မစ်​စတာ အိုဘားမား ဟာဆိုရင်​ အသက်​ ၄၈ နှစ်​အရွယ်​မှာ သမ္မတ ဖြစ်​တယ်​။ ၄၅ ဆက်​မြောက်​ သမ္မတ မစ္စတာ ဒေါ်နယ်​ ထရန်​့ ကျတော့ ရ၁ နှစ်​မှ သမ္မတ အဖြစ်​ တာဝန်​စတင်​ထမ်​းဆောင်​တယ်​။ ဘယ်​အသက်​အရွယ်​မှာ ဘာဖြစ်​ရမယ်​လို့လဲ ပုံသေနည်​းမရှိပါဘူး။ ဒါကြောင်​့ ဒီ နံပါတ်​ ၂ အချက်​ကိုဖြေရှင်​းဖို့ ကိုယ်​ ဘာကိုစိတ်​ဝင်​စားတယ်​ဆိုတာကိုရှာဖွေပါ၊ စိတ်​ဝင်​စားတဲ့အရာကို ဘယ်​လို အကောင်​အထည်​ဖော်​မယ်​ဆိုတာကို စီစဉ်​ပါ၊ မသိရင်​လည်​း အတွေ့အကြုံရှိတဲ့ သူတွေဆီကနေသင်​ယူပါ၊ လိုအပ်​တဲ့ ပညာရပ်​တွေကိုလည်​း လေ့လာပါ။

Related Post :  Good Communication Skills - Key to Any Success

၃။ အလွယ်တကူ အရှံုးမပေးပဲ ဇွဲရှိရှိနဲ့ ကြိုးစားပါ
တရုတ်​နိုင်​ငံအခြေစိုက်​ Alibaba Company ရဲ့တည်​ထောင်​သူ ဂျက်​မားကိုတော့ လူတိုင်​း သိကြမယ်​ထင်​ပါတယ်​။ တရုတ်​နိုင်​ငံမှာရှိတဲ့ အချမ်​းသာဆုံးလူတွေထဲကတစ်​ယောက်​ဆိုရင်​လည်​းမမှားပါဘူး။ ကျွန်​တော်​တို့အခုမြင်​နေရတာကတော့ သူ့ရဲ့ ကြီးကျယ်​ခမ်​းနားတဲ့ အောင်​မြင်​မှုတွေပါ။ ဒီအောင်​မြင်​မှုတွေကို ဘာမှမလုပ်​ပဲ အလကားရလာတာမဟုတ်​ပါဘူး။ ကြိမ်​ဖန်​များစွာကြိုးစားခဲ့ဖူးသလို ကျလည်​းကျရှုံးဖူးခဲ့ပါတယ်​။ တရုတ်​ပြည်​ကို KFC ဆိုင်​ရောက်​လာတဲ့အချိန်​ အလုပ်​သွားလျောက်​တယ်​။ အယောက်​ ၃၀ မှာ ၂၉ ယောက်​ အရွေးခံရတယ်​။ သူမပါဘူး။ ရဲစခန်​းမှာ လူခေါ်နေတုန်​းသွားလျောက်​ပြန်​တော့လည်​း ၅ ယောက်​မှာ ၄ ယောက်​အရွေးခံရတယ်​။ သူတစ်​ယောက်​တည်​းကျန်​ခဲ့တယ်​။ အမေရိကန်​နိုင်​ငံက Harvest တက္ကသိုလ်​ဝင်​ခွင်​့သွားလျောက်​တော့လည်​း ၁၀ ကြိမ်​တိုင်​တိုင်​ အပယ်​ခံခဲ့ရတယ်​။ ဒါပေမယ်​့ သူ ဘယ်​တော့မှလက်​မလျော့ခဲ့ပါဘူး။ သူ့ရဲ့ အရှံုးမပေးပဲ ဇွဲရှိရှိနဲ့ကြိုးစားခဲ့တဲ့ ရလဒ်​ကတော့ ဘီလီယံနာသူဌေးကြီးဖြစ်​နေတာပါပဲ။ ဒါ့ကြောင်​့ သင်​ကြိုးစားနေသရွေ့ ဘယ်​တော့မှ ကျရှံုးမှာမဟုတ်​ပါဘူး။

၄။ အချိန်​မဆွဲပါနဲ့
လူတိုင်​းဟာ တစ်​နည်​းမဟုတ်​၊ တစ်​နည်​းနဲ့ အချိန်​ဆွဲနေကြတာပါပဲ။ နည်​းတာ၊ များတာပဲကွာမှာပါ။ ဘာကြောင်​့ လူတွေ အချိန်​ဆွဲကြတာလဲ? အချိန်​ဆွဲရင်​ရော ဘယ်​လိုအကျိုးကျေးဇူးတွေ ရလို့လဲ? အချိန်​ဆွဲတယ်​ဆိုတာ အချိန်​ကို ကြိုးနဲ့ချည်​ပြီးဆွဲတာတော့မဟုတ်​ပါဘူး။ မိမိလုပ်​ကိုလုပ်​ရမယ်​့ အလုပ်​(ကိစ္စ) တစ်​ခုကို မလုပ်​ပဲ တစ်​ခြားတစ်​ခုကို လုပ်​နေတာမျိုးကိုဆိုလာပါတယ်​။ ဥပမာ – နောက်​တစ်​ပတ်​ ဖိုင်​နယ်​ စာမေးပွဲ ဖြေရတော့မယ်​။ စာကျက်​ကိုကျက်​ရတော့မယ်​့ အခြေအနေ။ ဒါပေမယ်​့ စာကျက်​မယ်​့အစား သူငယ်​ချင်​းတွေနဲ့ လျှောက်​သွား၊ ဂိမ်​းဆော့၊ TV ကြည်​့ စသည်​ဖြင်​့ တခြားအရာတွေကို လုပ်နေတာမျိုးပါ။ အဲ့ဒီအချိန်​မှာ တခြားအရာတွေက မိမိလုပ်​ရမယ်​့ အရာထက်​ ပိုပြီး ဆွဲဆောင်​မှုရှိနေနိုင်​ပါတယ်​။ ဒါ့ကြောင်​့ပဲ ဒီလိုအချိန်​ဆွဲနေရင်​ ကိုယ်​ရနိုင်​တဲ့ ရလဒ်​ကိုမရပဲ ပိုနိမ်​့တဲ့ရလဒ်​မျိုးကိုရနေတတ်​တာပါ။ အချိန်​ဆွဲတာနဲ့ ပတ်​သတ်​ပြီးတော့ ကျွန်​တော်​ ဆောင်​းပါးလေးတစ်​ပုဒ်​ရေးဖို့ရှိပါတယ်​။ အဲ့ဒီဆောင်​းပါးမှာတော့ အချိန်​ဆွဲတာနဲ့ ပတ်​သတ်​တဲ့ ဗဟုသုတတွေကိုမျှဝေပေးသွားမှာပါ။

၅။ သူတစ်​ပါးကိုအပြစ်​မတင်​ပါနဲ့
မအောင်​မြင်​တဲ့လူတွေမှာရှိတဲ့ အထင်​ရှားဆုံးလက္ခဏာတွေထဲကတစ်​ခုကတော့ သူများကို အပြစ်​တင်​ခြင်​းပဲဖြစ်​ပါတယ်​။ ဒီလိုလူတွေဟာ သူတို့လိုချင်​တာကို မရရင်​ အဲ့ဒီဖြစ်​ရပ်​နဲ့ သက်​ဆိုင်​တဲ့ အရာတွေကို အပြစ်​တင်​တတ်​ကြပါတယ်​။ တာဝန်​ယူမှု၊ တာဝန်​ခံမှုလည်​း ရှိသင်​့သလောက်​မရှိကြပါဘူး။ ဥပမာ – အဖွဲ့အစည်​းက ချမှတ်​ထားတဲ့ ပန်​းတိုင်​းတစ်​ခုကို အတူတူလုပ်​ဆောင်​ကြတယ်​။ အောင်​မြင်​မှုကိုရခဲ့ရင်​ သူတို့အများစုက နာမည်​ကောင်​းယူတယ်​။ ဒါပေမယ်​့ မအောင်​မြင်​ရင်​ တခြားသူတွေကို အပြစ်​တင်​တယ်​။ ဒါကတော့ တော်​တော်​လေးကို မကောင်​းတဲ့ စရိုက်​ထဲမှာလည်​း ပါပါတယ်​။ လူတိုင်​းစိတ်ဓာတ်​ကျနေတဲ့အချိန်​ သူတို့ကို အပြစ်​သွားတင်​ရင်​တော့ အဲ့ဒါဟာ တကယ်​့ကိုဆိုးရွားတဲ့ လုပ်​ရပ်​ပါပဲ။ အဲ့လိုအပြစ်​တင်​နေမယ်​့အစား အမှားတွေကနေသင်​ခန်​းစာယူ၊ လိုအပ်​တဲ့ skill တွေကိုလေ့လာ၊ အပေါ်မှာဖော်​ပြခဲ့တဲ့ အချက်် ၄ ချက်​စလုံးကို လိုက်နာဆောင်ရွက်ပါ။ ဒီလိုဆိုရင်​တော့ အောင်မြင်မှုက သင့်ရဲ့ လက်တစ်ကမ်းမှာ ရှိနေပါလိမ့်မယ်။

အပေါ်မှာ ဖော်​ပြခဲ့တဲ့ အချက်​တွေအကုန်​လုံးဟာ သင်​့အတွက်​ အကျိုးရှိမယ်​လို့မျှော်​လင်​့ပါတယ်​။ အကြံပြု၊ ဖြည်​့စွက်​လိုတာရှိရင်​ comment မှာရေးသားဖြည်​့စွက်​နိုင်​သလို Chat box ကလည်​းလာရောက်​ အကြံပြုနိုင်​ပါတယ်​။ သင်​ဖတ်​ချင်​တဲ့ ခေါင်​းစဉ်​လေးတွေရှိရင်​လည်​း comment မှာရေးထားခဲ့နိုင်​ပါတယ်​။ ဖတ်​ရှုသူတွေအတွက်​ အကျိုးရှိပြီး အရည်​အသွေးပြည်​့မှီတဲ့ ဆောင်​းပါးတွေရေးဖို့ ကျွန်​တော်​တို့ အမြဲကြိုးစားနေပါတယ်​။ အဆုံးထိ ဖတ်​ပေးတဲ့အတွက်​ ကျေးဇူးအထူးတင်​ရှိပါတယ်​။ Please don’t forget to like and see first! ?

Related Posts