Menu Close

ေအာင္ျမင္လိုသူေတြ ေက်ာ္ျဖတ္ရမယ့္ စိတ္ပိုင္းဆိုင္ရာ ေထာင္ေခ်ာက္ ၅ ခု

10 Mental Traps On Your Way To Become Successful

Zawgyi

သူငယ္ခ်င္းတို႔ေရ တစ္ခါတစ္ရံကၽြန္ေတာ္တို႔ရဲ့ ထင္ျမင္ယူဆခ်က္ေတြ၊ အေတြးအေခၚေတြ လမ္းလြဲသြားတတ္တဲ့အခ်ိန္မ်ိဳးေတြရွိၾကတယ္ဟုတ္။ လမ္းလြဲသြားေအာင္ တြန္းပို႔တတ္တဲ့ ေထာင္ေခ်ာက္ကေလးေတြလည္းရွိေနတာကိုး။ အဲ့ဒီေထာင္ေခ်ာက္ေလးေတြကေတာ့ ကၽြန္ေတာ္တို႔ရဲ့ ေတြးေခၚပုံ၊ အယူအဆ၊ ခံယူခ်က္ေတြပဲျဖစ္ပါတယ္။ ဒီအခါမွာ ကၽြန္ေတာ္တို႔ထင္ျမင္ယူဆခ်က္ေတြ လမ္းလြဲသြားရင္ ပန္းတိုင္ကိုေရာက္ဖို႔ သြားေနခ်ိန္မွာ အမွားလုပ္မိဖို႔လြယ္ကူၿပီး ေအာင္ျမင္ဖို႔ေႏွာင့္ေႏွးသြားနိုင္ပါတယ္။ ေအာင္ျမင္မွုကိုေႏွာင့္ေႏွးေစၿပီး အမွန္တရားကို ဖုံးလႊမ္းပ်က္စီးေစတဲ့ စိတ္ပိုင္းဆိုင္ရာေထာင္ေခ်ာက္ ၅ ခုရွိပါတယ္။

၁။ မိမိကိုယ္ပိုင္ကန႔္သတ္ထားတဲ့ ယုံၾကည္ခ်က္မ်ား

ဘယ္အရာကမွ ကိုယ့္ကိုကိုယ္ သံသယရွိမွုနဲ႔ တျခားကန႔္သတ္ခံထားရတဲ့ယုံၾကည္မွုတို႔ေလာက္ သင့္ရဲ့တိုးတက္မွုနဲ႔ သင့္ရဲ့ေအာင္ျမင္မွုကို တားဆီးကန႔္သတ္ထားလို႔မရပါဘူး။ ကၽြန္ေတာ္တို႔က ကိုယ့္ကိုကိုယ္ ငါဒါကိုမလုပ္နိုင္ဘူး။ ငါမလုပ္သင့္ဘူးဆိုတဲ့ ကန႔္သတ္စကားလုံး ယုံၾကည္မွုေတြနဲ႔ခ်ဳပ္ေႏွာင္ထားရင္ အဲ့ဒီအေတြးေတြက မိမိကိုယ္ကို ေအာင္ျမင္မွုလမ္းေၾကာင္းလြဲသြားေအာင္၊ ေအာင္ျမင္မွုဆီသို႔ မေရာက္ေအာင္၊ ေခ်ာက္ထဲက်ေအာင္ တြန္းပို႔ေနတာပဲျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔ၾကဳံေတြ႕ခဲ့ရတဲ့ အေတြ႕အႀကံဳဆိုးေတြကေန ဒီကန႔္သတ္ခံထားရတဲ့အေတြးေတြက ေပါက္ပြားလာခဲ့တာျဖစ္ၿပီး ဒီကန႔္သတ္ခံယူဆခ်က္ေတြကို ကၽြန္ေတာ္တို႔ကိုယ္တိုင္ ခြင့္ျပဳထားမယ္ဆိုရင္ေတာ့ အရည္အခ်င္း လုပ္နိုင္စြမ္းရည္ေတြကို အဆိပ္အေတာက္ျဖစ္ေစမွာျဖစ္ပါတယ္။ ငါမလုပ္နိုင္ဘူးဆိုၿပီးေတြးမယ့္အစား ငါဘယ္လိုလုပ္မလဲဆိုတဲ့ အေတြးေလးနဲ႔ေျပာင္းလဲေတြးၾကည့္ရင္ ကၽြန္ေတာ္တို႔အတြက္ ေအာင္ျမင္မွုကလက္တစ္ကမ္းမွာ ရွိလာမွာျဖစ္ပါတယ္။

၂။ အလုံးစုံၿပီးျပည့္စုံလိုျခင္း

မိမိလုပ္ေဆာင္သမၽွတိုင္းကို ဟာကြက္မရွိေအာင္ၿပီးျပည့္စုံၿပီး အေကာင္းဆုံးျဖစ္ေစခ်င္တာကေတာ့ ေကာင္းတဲ့ညာဥ္တစ္ခုပါ။ ကၽြန္ေတာ္တို႔ရဲ့ ေလ့လာတိုးတက္မွုႏွုန္းကို တြန္းအားတစ္ခုျဖစ္ေစပါတယ္။ လက္ေတြ႕မွာ ကၽြန္ေတာ္တို႔အားလုံးက မျပည့္စုံဘူးဆိုတာကိုေတာ့ လက္ခံရပါမယ္။ ကၽြန္ေတာ္တို႔က အေဝဖန္ခံရမွာကို
ေၾကာက္ၾကတယ္။ ပယ္ခ်ခံရမွာကိုေၾကာက္ၾကပါတယ္။ ကၽြန္ေတာ္တို႔ရဲ့ လိုအပ္ခ်က္၊ အားနည္းခ်က္၊ အျပစ္အနာအဆာေတြကိုေဝဖန္ျပစ္တင္ခံရမွာကို အလြန္ေၾကာက္ၾကပါတယ္။ ၿပီးျပည့္စုံမွုကို ေတာင့္တေနသမၽွကာလပတ္လုံး ဘယ္လိုေအာင္ျမင္မွုေတြပဲရရ ဘယ္အရာကမွေကာင္းတယ္လို႔ သင္ခံစားရမွာမဟုတ္ပါဘူး။ ဒါေၾကာင့္အရမ္းၿပီးျပည့္စုံမွုကို ေတာင့္တေနျခင္းဟာလည္း ကၽြန္ေတာ္တို႔ရဲ့ စိတ္ကိုေထာင္ေခ်ာက္တစ္ခုထဲက်ေရာက္ေစပါတယ္။

၃။ လိုအင္ကိုပဲေရြးၾကည့္မွု

ကၽြန္ေတာ္တို႔ တစ္ခါတစ္ရံမွာ တစ္ဖက္ေစာင္းနင္းေရးထားတဲ့ စာေတြကိုဖတ္ဖူးၾကမွာပါ။ တစ္ျခားတစ္ေယာက္က မတူကြဲျပားတဲ့ေထာင့္ကေန တင္ျပေတာ့လည္းမွန္တယ္လို႔ထင္မိျပန္ေရာ။ ဒါေတြအားလုံးက ကၽြန္ေတာ္တို႔ဟာ ကိုယ့္အျမင္နဲ႔ကိုယ္ ၾကည့္ုၾကလို႔ပဲျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔ရဲ့အျမင္က ကၽြန္ေတာ္တို႔ကို ေနာက္ျပန္ဆြဲေနတဲ့အရာျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔က အျခားေနရာကေန ေျပာင္းမၾကည့္ၾကလို႔ပဲျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔က တျခားေထာင့္ကေန ေျပာင္းၾကည့္ဖို႔လဲလိုပါတယ္။ ကၽြန္ေတာ္တို႔စိတ္က ကိုယ္လိုတဲ့ဘက္ကိုဆြဲေတြးၿပီး မေကာင္းျမင္ဘက္ကိုေရာက္သြားရာကေနတစ္ဆင့္ အျခားရွုေထာင့္ကိုမျမင္မိပဲနဲ႔ ကိုယ္သြားေနတဲ့ လမ္းေၾကာင္းကိုအေလ်ာ့ေပးလိုက္ရတာမ်ိဳးေတြရွိတတ္ပါတယ္။ ဒါကလည္းေထာင္ေခ်ာက္တစ္ခုပါပဲ။

Related Post :  မိဘအုပ္ထိန္းမႈပံုစံ ၄ မ်ိဳး

၄။ အေျပာင္းအလဲကိုေၾကာက္ရြံမွု

စကားပုံေလးတစ္ခုေတာင္ရွိပါေသးတယ္။ “မပ်က္ေသးသေရြ႕ ျပင္စရာမလိုပါဘူး” ကၽြန္ေတာ္တို႔အားလုံးက အေျပာင္းအလဲလုပ္ရမွာကို လက္တြန႔္ၾကပါတယ္။ ဘာလို႔လဲဆိုေတာ့ ေျပာင္းလိုက္လို႔ တစ္ခုခုယိုယြင္းသြားတာထက္စာရင္ မေျပာင္းလဲပဲ ဒီအတိုင္းရွိေနတဲ့အေျခအေနေလးက ပိုၿပီးလုံၿခံဳစိတ္ခ်ရၿပီး ပိုၿပီးလြယ္ကူတာအမွန္ပါပဲ။ ေျပာင္းလဲျခင္းဆိုတာ မလြဲမေသြက်ိန္းေသႀကံဳရမယ့္ ကိစၥတစ္ခုပါ။ ေအာင္ျမင္မွုဆိုတာကလည္း စြန႔္စားမွုနဲ႔ ျပႆနာေျဖရွင္းနည္းလမ္းအသစ္ေတြဆီက ရလာတာပါ။ ဒါေၾကာင့္ အေျခအေနတစ္ခုမွာ အေျပာင္းအလဲတစ္ခုက ပိုေကာင္းတဲ့အေျခအေနတစ္ခုကို ေရာက္သြားမယ္လို႔ထင္ရင္ ေျပာင္းလဲသင့္တဲ့အရာတစ္ခ်ိဳ႕ကို ေျပာင္းလဲလိုက္ပါ။ ေျပာင္းလဲျခင္းလုပ္ရမွာကို ေနာက္တြန႔္ေနတတ္တာကလည္း ေထာင္ေခ်ာက္တစ္မ်ိဳးပါပဲ။

၅။ အေျခအေနတစ္ခုကိုအၾကာႀကီးဆုပ္ကိုင္မထားပါနဲ႔

ကၽြန္ေတာ္တို႔ဟာ တစ္ခါတစ္ေလက်ရင္ အခ်ိန္ေတြ၊ ပိုက္ဆံေတြ၊ အားအင္ေတြ အစြမ္းကုန္ထုတ္ၿပီး ဘယ္ေတာ့မွအလုပ္မျဖစ္နိုင္တဲ့ ကိစၥတစ္ခုကို လုပ္ေနမယ္ဆိုရင္ေတာ့ ကၽြန္ေတာ္တို႔ စြန႔္လႊတ္သင့္ပါတယ္။ က်ရွုံးေတာ့မယ္လို႔သတိျပဳမိတာနဲ႔ ကၽြန္ေတာ္တို႔ဆုံးရွုံးရမွာေတြကို အနည္းဆုံးျဖစ္ေအာင္ ရပ္တန္းက ျဖတ္ေတာက္သင့္ပါတယ္။ ကၽြန္ေတာ္တို႔ အဲ့ဒီလုပ္ငန္းကိုစြန႔္လႊတ္ၿပီး အသစ္ကေနျပန္စတင္သင့္ပါတယ္။ ဒါကသင့္အတြက္ အခြင့္အလမ္းအသစ္ေတြကို ပိုၿပီးဖန္တီးနိုင္မွာျဖစ္သလို ေအာင္ျမင္မွုအစစ္အမွန္ကို ရနိုင္မွာလည္းျဖစ္ပါတယ္။

အက်ဥ္​းခ်ဳပ္​

၁။မိမိကိုယ္ပိုင္ကန႔္သတ္ထားတဲ့ယုံၾကည္ခ်က္မ်ား (Self-limiting beliefs)
၂။ အလုံးစုံၿပီးျပည့္စုံလိုျခင္း (Perfectionism)
၃။ လိုအင္ကိုပဲေရြးၾကည့္မွု (Only seeing what you want)
၄။ အေျပာင္းအလဲကိုေၾကာက္ရြံမွု (Fear of change)
၅။အေျခအေနတစ္ခုကိုအၾကာႀကီးဆုပ္ကိုင္မထားပါနဲ႔ (Hangining on too long)

ဒီအခ်က္ငါးခ်က္ကေတာ့ ကၽြန္ေတာ္တို႔ေအာင္ျမင္မွုခရီးကို ေရာက္ေအာင္သြားတဲ့အခ်ိန္မွာ စိတ္ပိုင္းဆိုင္ရာအရ ျပင္ဆင္ထားသင့္တဲ့ အခ်က္ငါးခ်က္ပဲျဖစ္ပါတယ္။ ဒီေဆာင္​းပါဟာ သူငယ္ခ်င္းအတြက္​ အသုံးဝင္​မယ္​လို႔ ေမၽွာ္​လင္​့ပါတယ္​။ ေနာက္​လည္​း ဒီ Facebook Page ေပၚမွာ သင္​့အတြက္​ အက်ိဳးရွိမယ္​့ ေဆာင္​းပါေလးေတြ ေရးသားတင္​ျပပါအုံးမယ္​။ အႀကံေပး၊ ေဆြးေႏြးခ်င္​တာရွိရင္​လည္​း Comment (or) Chat Box မွလာေရာက္​ေဆြးေႏြးနိုင္​ပါတယ္​။ ေနာက္​တင္​မယ္​့ပို႔စ္​ေတြကို လက္​မလြတ္​ဖို႔ Like & Follow ေလးလုပ္​ထားနိုင္​ပါတယ္​။ ဒီ Page ကိုကူညီပံ့ပိုးေပးခ်င္​ရင္​ေတာ့ See First ေလးလုပ္​ထားေပးၿပီး၊ ပို႔စ္​ကိုလည္​း Share နိုင္​ပါတယ္​။ အဆုံးအထိဖတ္​ေပးလို႔ေက်းဇူးအမ်ားႀကီးတင္​ပါတယ္​။

Unicode

အောင်မြင်လိုသူတွေ ကျော်ဖြတ်ရမယ့် စိတ်ပိုင်းဆိုင်ရာ ထောင်ချောက် ၅ ခု

Related Post :  8 Parts Of Speech

သူငယ်ချင်းတို့ရေ တစ်ခါတစ်ရံကျွန်တော်တို့ရဲ့ ထင်မြင်ယူဆချက်တွေ၊ အတွေးအခေါ်တွေ လမ်းလွဲသွားတတ်တဲ့အချိန်မျိုးတွေရှိကြတယ်ဟုတ်။ လမ်းလွဲသွားအောင် တွန်းပို့တတ်တဲ့ ထောင်ချောက်ကလေးတွေလည်းရှိနေတာကိုး။ အဲ့ဒီထောင်ချောက်လေးတွေကတော့ ကျွန်တော်တို့ရဲ့ တွေးခေါ်ပုံ၊ အယူအဆ၊ ခံယူချက်တွေပဲဖြစ်ပါတယ်။ ဒီအခါမှာ ကျွန်တော်တို့ထင်မြင်ယူဆချက်တွေ လမ်းလွဲသွားရင် ပန်းတိုင်ကိုရောက်ဖို့ သွားနေချိန်မှာ အမှားလုပ်မိဖို့လွယ်ကူပြီး အောင်မြင်ဖို့နှောင့်နှေးသွားနိုင်ပါတယ်။ အောင်မြင်မှုကိုနှောင့်နှေးစေပြီး အမှန်တရားကို ဖုံးလွှမ်းပျက်စီးစေတဲ့ စိတ်ပိုင်းဆိုင်ရာထောင်ချောက် ၅ ခုရှိပါတယ်။

၁။ မိမိကိုယ်ပိုင်ကန့်သတ်ထားတဲ့ ယုံကြည်ချက်များ

ဘယ်အရာကမှ ကိုယ့်ကိုကိုယ် သံသယရှိမှုနဲ့ တခြားကန့်သတ်ခံထားရတဲ့ယုံကြည်မှုတို့လောက် သင့်ရဲ့တိုးတက်မှုနဲ့ သင့်ရဲ့အောင်မြင်မှုကို တားဆီးကန့်သတ်ထားလို့မရပါဘူး။ ကျွန်တော်တို့က ကိုယ့်ကိုကိုယ် ငါဒါကိုမလုပ်နိုင်ဘူး။ ငါမလုပ်သင့်ဘူးဆိုတဲ့ ကန့်သတ်စကားလုံး ယုံကြည်မှုတွေနဲ့ချုပ်နှောင်ထားရင် အဲ့ဒီအတွေးတွေက မိမိကိုယ်ကို အောင်မြင်မှုလမ်းကြောင်းလွဲသွားအောင်၊ အောင်မြင်မှုဆီသို့ မရောက်အောင်၊ ချောက်ထဲကျအောင် တွန်းပို့နေတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြံုဆိုးတွေကနေ ဒီကန့်သတ်ခံထားရတဲ့အတွေးတွေက ပေါက်ပွားလာခဲ့တာဖြစ်ပြီး ဒီကန့်သတ်ခံယူဆချက်တွေကို ကျွန်တော်တို့ကိုယ်တိုင် ခွင့်ပြုထားမယ်ဆိုရင်တော့ အရည်အချင်း လုပ်နိုင်စွမ်းရည်တွေကို အဆိပ်အတောက်ဖြစ်စေမှာဖြစ်ပါတယ်။ ငါမလုပ်နိုင်ဘူးဆိုပြီးတွေးမယ့်အစား ငါဘယ်လိုလုပ်မလဲဆိုတဲ့ အတွေးလေးနဲ့ပြောင်းလဲတွေးကြည့်ရင် ကျွန်တော်တို့အတွက် အောင်မြင်မှုကလက်တစ်ကမ်းမှာ ရှိလာမှာဖြစ်ပါတယ်။

၂။ အလုံးစုံပြီးပြည့်စုံလိုခြင်း

မိမိလုပ်ဆောင်သမျှတိုင်းကို ဟာကွက်မရှိအောင်ပြီးပြည့်စုံပြီး အကောင်းဆုံးဖြစ်စေချင်တာကတော့ ကောင်းတဲ့ညာဉ်တစ်ခုပါ။ ကျွန်တော်တို့ရဲ့ လေ့လာတိုးတက်မှုနှုန်းကို တွန်းအားတစ်ခုဖြစ်စေပါတယ်။ လက်တွေ့မှာ ကျွန်တော်တို့အားလုံးက မပြည့်စုံဘူးဆိုတာကိုတော့ လက်ခံရပါမယ်။ ကျွန်တော်တို့က အဝေဖန်ခံရမှာကို
ကြောက်ကြတယ်။ ပယ်ချခံရမှာကိုကြောက်ကြပါတယ်။ ကျွန်တော်တို့ရဲ့ လိုအပ်ချက်၊ အားနည်းချက်၊ အပြစ်အနာအဆာတွေကိုဝေဖန်ပြစ်တင်ခံရမှာကို အလွန်ကြောက်ကြပါတယ်။ ပြီးပြည့်စုံမှုကို တောင့်တနေသမျှကာလပတ်လုံး ဘယ်လိုအောင်မြင်မှုတွေပဲရရ ဘယ်အရာကမှကောင်းတယ်လို့ သင်ခံစားရမှာမဟုတ်ပါဘူး။ ဒါကြောင့်အရမ်းပြီးပြည့်စုံမှုကို တောင့်တနေခြင်းဟာလည်း ကျွန်တော်တို့ရဲ့ စိတ်ကိုထောင်ချောက်တစ်ခုထဲကျရောက်စေပါတယ်။

၃။ လိုအင်ကိုပဲရွေးကြည့်မှု

ကျွန်တော်တို့ တစ်ခါတစ်ရံမှာ တစ်ဖက်စောင်းနင်းရေးထားတဲ့ စာတွေကိုဖတ်ဖူးကြမှာပါ။ တစ်ခြားတစ်ယောက်က မတူကွဲပြားတဲ့ထောင့်ကနေ တင်ပြတော့လည်းမှန်တယ်လို့ထင်မိပြန်ရော။ ဒါတွေအားလုံးက ကျွန်တော်တို့ဟာ ကိုယ့်အမြင်နဲ့ကိုယ် ကြည့်ုကြလို့ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့အမြင်က ကျွန်တော်တို့ကို နောက်ပြန်ဆွဲနေတဲ့အရာဖြစ်ပါတယ်။ ကျွန်တော်တို့က အခြားနေရာကနေ ပြောင်းမကြည့်ကြလို့ပဲဖြစ်ပါတယ်။ ကျွန်တော်တို့က တခြားထောင့်ကနေ ပြောင်းကြည့်ဖို့လဲလိုပါတယ်။ ကျွန်တော်တို့စိတ်က ကိုယ်လိုတဲ့ဘက်ကိုဆွဲတွေးပြီး မကောင်းမြင်ဘက်ကိုရောက်သွားရာကနေတစ်ဆင့် အခြားရှုထောင့်ကိုမမြင်မိပဲနဲ့ ကိုယ်သွားနေတဲ့ လမ်းကြောင်းကိုအလျော့ပေးလိုက်ရတာမျိုးတွေရှိတတ်ပါတယ်။ ဒါကလည်းထောင်ချောက်တစ်ခုပါပဲ။

Related Post :  "ဆင္ခ်ည္ႀကိဳး နဲ႔ ယုံၾကည္မွု"

၄။ အပြောင်းအလဲကိုကြောက်ရွံမှု

စကားပုံလေးတစ်ခုတောင်ရှိပါသေးတယ်။ “မပျက်သေးသရွေ့ ပြင်စရာမလိုပါဘူး” ကျွန်တော်တို့အားလုံးက အပြောင်းအလဲလုပ်ရမှာကို လက်တွန့်ကြပါတယ်။ ဘာလို့လဲဆိုတော့ ပြောင်းလိုက်လို့ တစ်ခုခုယိုယွင်းသွားတာထက်စာရင် မပြောင်းလဲပဲ ဒီအတိုင်းရှိနေတဲ့အခြေအနေလေးက ပိုပြီးလုံခြံုစိတ်ချရပြီး ပိုပြီးလွယ်ကူတာအမှန်ပါပဲ။ ပြောင်းလဲခြင်းဆိုတာ မလွဲမသွေကျိန်းသေကြံုရမယ့် ကိစ္စတစ်ခုပါ။ အောင်မြင်မှုဆိုတာကလည်း စွန့်စားမှုနဲ့ ပြဿနာဖြေရှင်းနည်းလမ်းအသစ်တွေဆီက ရလာတာပါ။ ဒါကြောင့် အခြေအနေတစ်ခုမှာ အပြောင်းအလဲတစ်ခုက ပိုကောင်းတဲ့အခြေအနေတစ်ခုကို ရောက်သွားမယ်လို့ထင်ရင် ပြောင်းလဲသင့်တဲ့အရာတစ်ချို့ကို ပြောင်းလဲလိုက်ပါ။ ပြောင်းလဲခြင်းလုပ်ရမှာကို နောက်တွန့်နေတတ်တာကလည်း ထောင်ချောက်တစ်မျိုးပါပဲ။

၅။ အခြေအနေတစ်ခုကိုအကြာကြီးဆုပ်ကိုင်မထားပါနဲ့

ကျွန်တော်တို့ဟာ တစ်ခါတစ်လေကျရင် အချိန်တွေ၊ ပိုက်ဆံတွေ၊ အားအင်တွေ အစွမ်းကုန်ထုတ်ပြီး ဘယ်တော့မှအလုပ်မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုကို လုပ်နေမယ်ဆိုရင်တော့ ကျွန်တော်တို့ စွန့်လွှတ်သင့်ပါတယ်။ ကျရှုံးတော့မယ်လို့သတိပြုမိတာနဲ့ ကျွန်တော်တို့ဆုံးရှုံးရမှာတွေကို အနည်းဆုံးဖြစ်အောင် ရပ်တန်းက ဖြတ်တောက်သင့်ပါတယ်။ ကျွန်တော်တို့ အဲ့ဒီလုပ်ငန်းကိုစွန့်လွှတ်ပြီး အသစ်ကနေပြန်စတင်သင့်ပါတယ်။ ဒါကသင့်အတွက် အခွင့်အလမ်းအသစ်တွေကို ပိုပြီးဖန်တီးနိုင်မှာဖြစ်သလို အောင်မြင်မှုအစစ်အမှန်ကို ရနိုင်မှာလည်းဖြစ်ပါတယ်။

အကျဉ်​းချုပ်​

၁။မိမိကိုယ်ပိုင်ကန့်သတ်ထားတဲ့ယုံကြည်ချက်များ (Self-limiting beliefs)
၂။ အလုံးစုံပြီးပြည့်စုံလိုခြင်း (Perfectionism)
၃။ လိုအင်ကိုပဲရွေးကြည့်မှု (Only seeing what you want)
၄။ အပြောင်းအလဲကိုကြောက်ရွံမှု (Fear of change)
၅။အခြေအနေတစ်ခုကိုအကြာကြီးဆုပ်ကိုင်မထားပါနဲ့ (Hangining on too long)

ဒီအချက်ငါးချက်ကတော့ ကျွန်တော်တို့အောင်မြင်မှုခရီးကို ရောက်အောင်သွားတဲ့အချိန်မှာ စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ထားသင့်တဲ့ အချက်ငါးချက်ပဲဖြစ်ပါတယ်။ ဒီဆောင်​းပါဟာ သူငယ်ချင်းအတွက်​ အသုံးဝင်​မယ်​လို့ မျှော်​လင်​့ပါတယ်​။ နောက်​လည်​း ဒီ Facebook Page ပေါ်မှာ သင်​့အတွက်​ အကျိုးရှိမယ်​့ ဆောင်​းပါလေးတွေ ရေးသားတင်​ပြပါအုံးမယ်​။ အကြံပေး၊ ဆွေးနွေးချင်​တာရှိရင်​လည်​း Comment (or) Chat Box မှလာရောက်​ဆွေးနွေးနိုင်​ပါတယ်​။ နောက်​တင်​မယ်​့ပို့စ်​တွေကို လက်​မလွတ်​ဖို့ Like & Follow လေးလုပ်​ထားနိုင်​ပါတယ်​။ ဒီ Page ကိုကူညီပံ့ပိုးပေးချင်​ရင်​တော့ See First လေးလုပ်​ထားပေးပြီး၊ ပို့စ်​ကိုလည်​း Share နိုင်​ပါတယ်​။ အဆုံးအထိဖတ်​ပေးလို့ကျေးဇူးအများကြီးတင်​ပါတယ်​။

Related Posts

Leave a Reply