Menu Close

Egg, Potato And Coffee

Egg, Potato and Coffee

English Version Is Below!??

Zawgyi

တစ္ခါတုန္းက သားအဖ ႏွစ္ေယာက္ရွိတယ္တဲ့။ တစ္ေန႔မွာေတာ့ သမီးျဖစ္သူက အေဖျဖစ္သူကို သူ႔ဘဝဟာ အလြန္ ဆိုးရြားေၾကာင္းနဲ႔ ေရွ႕ဆက္ၿပီး ဘယ္လိုလုပ္ရမလဲမသိေၾကာင္း ညည္းညဴပါေတာ့တယ္။ အျမဲတမ္း ရုန္းကန္လႈပ္ရွားေနရတာ ၿငီးေငြ႕ေနၿပီး ျပႆနာကတစ္ခုေျဖရွင္းၿပီးတိုင္း တစ္ခုက ေပၚလာတာပဲဆိုၿပီး ေျပာပါတယ္။

စားဖိုမွဴးတစ္ေယာက္ျဖစ္တဲ့ အေဖျဖစ္သူက သူ႔သမီးကို မီးဖိုေခ်ာင္ထဲ ေခၚေဆာင္သြားပါတယ္။ ၿပီးေတာ့ ေရအိုး (၃) အိုးကို ေရျဖည့္ၿပီး အပူရွိန္ျမင့္ျမင့္နဲ႔ စတင္တည္ပါေတာ့တယ္။ ေရအိုးထဲကေရေတြဆူလာတာနဲ႔ တစ္ၿပိဳင္နက္ ပထမအိုးထဲကို အာလူးထည့္လိုက္ပါတယ္။ ဒုတိယအိုးထဲကို ၾကက္ဥထည့္လိုက္ပါတယ္။ တတိယအိုးထဲကို ေကာ္ဖီေစ့ေတြ ထည့္လိုက္ပါတယ္။

ထို႔ေနာက္ သမီးျဖစ္သူကို စကားတစ္လံုးမွ မေျပာဘဲ ပြက္ပြက္ဆူတဲ့အထိ ထိုင္ေစာင့္ေနပါတယ္။ သမီးျဖစ္သူကလည္း အေဖျဖစ္သူ ဘာလုပ္ေနတာလည္းဆိုတာကို စူးစမ္းရင္း စိတ္မရွည္စြာနဲ႔ပဲ ေစာင့္ေနခဲ့ပါတယ္။

မိနစ္ ၂၀ ၾကာတဲ့အခါ မီးဖိုကို ပိတ္လိုက္ပါတယ္။  အိုးထဲကေန အာလူးေတြကို ထုတ္ၿပီး ပန္းကန္လံုးတစ္လံုးထဲကို ထည့္လိုက္ပါတယ္။ ၿပီးေတာ့ ၾကက္ဥေတြကို ထုတ္ၿပီး ေနာက္ပန္းကန္လံုးတစ္လံုးထဲ ထည့္လိုက္တယ္။ ေနာက္ေတာ့ ေကာ္ဖီကိုငွဲ႔ၿပီး ခြက္တစ္ခုထဲ ထည့္ထားလိုက္ပါတယ္။

သမီးျဖစ္သူဘက္လွည့္ၿပီး “သမီး ဘာျမင္လဲ” လို႔ေမးပါတယ္။ “အာလူး၊ ၾကက္ဥနဲ႔ ေကာ္ဖီေတြပါ အေဖ” ဆိုၿပီး မဆိုင္းမတြ ျပန္ေျဖပါတယ္။

“ေသေသခ်ာခ်ာ ၾကည့္ပါအံုး သမီးရယ္။ အာလူးကို ထိၾကည့္ပါအံုး။” ဆိုၿပီး အေဖျဖစ္သူက ေျပာပါတယ္။ သမီးျဖစ္သူက အာလူးေတြကို ထိၾကည့္ၿပီး အာလူးက ေပ်ာ့အိေနတာကို သတိထားမိသြားပါတယ္။ ထို႔ေနာက္ ဖခင္ျဖစ္သူက ၾကက္ဥကိုယူၿပီး ခြဲၾကည့္ခိုင္းပါတယ္။ အခြံခြာၿပီးတဲ့အခါ ၾကက္ဥက အက်က္လြန္ၿပီး မာေနပါတယ္။ ေနာက္ဆံုးမွ ေကာ္ဖီကို တစ္ငံုေလာက္ေသာက္ၿပီး ျမည္းခိုင္းလိုက္ပါတယ္။ ေကာ္ဖီရဲ႕ ေမႊးႀကိဳင္ႀကိဳင္ ရနံ႔ေၾကာင့္ သမီးျဖစ္သူ ျပံဳးသြားပါတယ္။

ဒါေပမယ့္ ဘာကိုဆိုလိုမွန္း သေဘာမေပါက္ေသးပါဘူး။ သမီးျဖစ္သူက “အေဖ ဘာကိုဆိုလိုတာလဲ” လို႔ ေမးလိုက္ပါတယ္။

ထို႔ေနာက္ အေဖျဖစ္သူက “ၾကက္ဥေတြ၊ အာလူးေတြ၊ ေကာ္ဖီေစ့ေတြက တူညီတဲ့ အခက္အခဲ တစ္ခုျဖစ္တဲ့ ပြက္ပြက္ဆူေနတဲ့ ေရ ကို ၾကံဳေတြ႕ခဲ့ရတယ္။”

ဒါေပမယ့္ တစ္ခုနဲ႔ တစ္ခု တံု႔ျပန္ပံုေတြကေတာ့ ကြဲျပားၾကတယ္။

အာလူးက အစက ခက္ထန္မာေက်ာတယ္။ ဒါေပမယ့္ ေရေႏြးပူနဲ႔ ေတြ႕တဲ့အခါမွာေတာ့ ေပ်ာ့ေပ်ာင္းသြားတယ္။

ၾကက္ဥက ေရေႏြးပူထဲ မထည့္ခင္အခ်ိန္အထိ ကြဲလြယ္တယ္။ အထဲက အႏွစ္ကို အျပင္ အကာပါးပါးေလး အုပ္ထားရာကေန ေနာက္ေတာ့ ၾကက္ဥ အထဲကအရည္ေတြ ပိုၿပီး မာေက်ာလာတ

ဒါေပမယ့္ ေကာ္ဖီေစ့ကေတာ့ ထူးျခားတယ္။ ဆူပြက္ေနတဲ့ ေရေႏြးပူနဲ႔ ထိၿပီးတဲ့အခါ ေကာ္ဖီေစ့ေတြက ေရေႏြးကို အျခားပိုမိုေကာင္းမြန္တဲ့ အရာတစ္ခုအျဖစ္ ေျပာင္းလဲလိုက္ပါတယ္။

“သမီးကေရာ ဘာနဲ႔တူလဲ” ဆိုၿပီး ဖခင္ျဖစ္သူက သမီးျဖစ္သူကို ေမးပါတယ္။ “အခက္အခဲေတြနဲ႔ သမီးၾကံဳတဲ့အခါ ဘယ္လို တံု႔ျပန္ေလ့ရွိပါသလဲ။ သမီးက အာလူးလို လူမ်ိဳးလား။ ၾကက္ဥလိုလား။ ဒါမွမဟုတ္ ေကာ္ဖီလိုလား။”

ကၽြန္ေတာ္တို႔ အားလံုးဟာ ဘဝမွာ အခက္အခဲေတြ အမ်ားႀကီး ၾကံဳရပါတယ္။ အခက္အခဲကို ကၽြန္ေတာ္တို႔ ဘယ္လို တံု႔ျပန္လဲဆိုတာက အေရးႀကီးတာပါ။ ဘယ္လိုတံု႔ျပန္လဲဆိုတာေပၚမူတည္ၿပီး ကၽြန္ေတာ္တို႔ ေအာင္ျမင္မႈေတြ ကြာျခားသြားၾကပါတယ္။

ဒီပို႔စ္ဟာ သူငယ္ခ်င္းအတြက္​ အသံုးဝင္​မယ္​လို႔ ေမ်ွာ္​လင္​့ပါတယ္​။ ေနာက္​လည္​း ဒီ Facebook Page ေပၚမွာ သင္​့အတြက္​ အက်ိဳးရွိမယ္​့ ေဆာင္​းပါေလးေတြ ေရးသားတင္​ျပပါအံုးမယ္​။ အႀကံေပး၊ ေဆြးေႏြးခ်င္​တာရွိရင္​လည္​း Comment (or) Chat Box မွလာေရာက္​ေဆြးေႏြးနိုင္​ပါတယ္​။ ေနာက္​တင္​မယ္​့ပို႔စ္​ေတြကို လက္​မလြတ္​ဖို႔ Like & Follow ေလးလုပ္​ထားနိုင္​ပါတယ္​။ ဒီ Page ကိုကူညီပံ့ပိုးေပးခ်င္​ရင္​ေတာ့ See First ေလးလုပ္​ထားေပးၿပီး၊ ပို႔စ္​ကိုလည္​း Share နိုင္​ပါတယ္​။ အဆံုးအထိဖတ္​ေပးလို႔ေက်းဇူးအမ်ားႀကီးတင္​ပါတယ္​။

————————————————————————————————————————–————————————————————————————————————————–——————————

Unicode

တစ်ခါတုန်းက သားအဖ နှစ်ယောက်ရှိတယ်တဲ့။ တစ်နေ့မှာတော့ သမီးဖြစ်သူက အဖေဖြစ်သူကို သူ့ဘဝဟာ အလွန် ဆိုးရွားကြောင်းနဲ့ ရှေ့ဆက်ပြီး ဘယ်လိုလုပ်ရမလဲမသိကြောင်း ညည်းညူပါတော့တယ်။ အမြဲတမ်း ရုန်းကန်လှုပ်ရှားနေရတာ ငြီးငွေ့နေပြီး ပြဿနာကတစ်ခုဖြေရှင်းပြီးတိုင်း တစ်ခုက ပေါ်လာတာပဲဆိုပြီး ပြောပါတယ်။

စားဖိုမှူးတစ်ယောက်ဖြစ်တဲ့ အဖေဖြစ်သူက သူ့သမီးကို မီးဖိုချောင်ထဲ ခေါ်ဆောင်သွားပါတယ်။ ပြီးတော့ ရေအိုး (၃) အိုးကို ရေဖြည့်ပြီး အပူရှိန်မြင့်မြင့်နဲ့ စတင်တည်ပါတော့တယ်။ ရေအိုးထဲကရေတွေဆူလာတာနဲ့ တစ်ပြိုင်နက် ပထမအိုးထဲကို အာလူးထည့်လိုက်ပါတယ်။ ဒုတိယအိုးထဲကို ကြက်ဥထည့်လိုက်ပါတယ်။ တတိယအိုးထဲကို ကော်ဖီစေ့တွေ ထည့်လိုက်ပါတယ်။

ထို့နောက် သမီးဖြစ်သူကို စကားတစ်လုံးမှ မပြောဘဲ ပွက်ပွက်ဆူတဲ့အထိ ထိုင်စောင့်နေပါတယ်။ သမီးဖြစ်သူကလည်း အဖေဖြစ်သူ ဘာလုပ်နေတာလည်းဆိုတာကို စူးစမ်းရင်း စိတ်မရှည်စွာနဲ့ပဲ စောင့်နေခဲ့ပါတယ်။

မိနစ် ၂၀ ကြာတဲ့အခါ မီးဖိုကို ပိတ်လိုက်ပါတယ်။  အိုးထဲကနေ အာလူးတွေကို ထုတ်ပြီး ပန်းကန်လုံးတစ်လုံးထဲကို ထည့်လိုက်ပါတယ်။ ပြီးတော့ ကြက်ဥတွေကို ထုတ်ပြီး နောက်ပန်းကန်လုံးတစ်လုံးထဲ ထည့်လိုက်တယ်။ နောက်တော့ ကော်ဖီကိုငှဲ့ပြီး ခွက်တစ်ခုထဲ ထည့်ထားလိုက်ပါတယ်။

သမီးဖြစ်သူဘက်လှည့်ပြီး “သမီး ဘာမြင်လဲ” လို့မေးပါတယ်။ “အာလူး၊ ကြက်ဥနဲ့ ကော်ဖီတွေပါ အဖေ” ဆိုပြီး မဆိုင်းမတွ ပြန်ဖြေပါတယ်။

Related Post :  ဆက္ဆံေရးေကာင္းသူေတြရဲ႕ လ်ွိ႕ဝွက္ခ်က္ ၈ ခု

“သေသေချာချာ ကြည့်ပါအုံး သမီးရယ်။ အာလူးကို ထိကြည့်ပါအုံး။” ဆိုပြီး အဖေဖြစ်သူက ပြောပါတယ်။ သမီးဖြစ်သူက အာလူးတွေကို ထိကြည့်ပြီး အာလူးက ပျော့အိနေတာကို သတိထားမိသွားပါတယ်။ ထို့နောက် ဖခင်ဖြစ်သူက ကြက်ဥကိုယူပြီး ခွဲကြည့်ခိုင်းပါတယ်။ အခွံခွာပြီးတဲ့အခါ ကြက်ဥက အကျက်လွန်ပြီး မာနေပါတယ်။ နောက်ဆုံးမှ ကော်ဖီကို တစ်ငုံလောက်သောက်ပြီး မြည်းခိုင်းလိုက်ပါတယ်။ ကော်ဖီရဲ့ မွှေးကြိုင်ကြိုင် ရနံ့ကြောင့် သမီးဖြစ်သူ ပြုံးသွားပါတယ်။

ဒါပေမယ့် ဘာကိုဆိုလိုမှန်း သဘောမပေါက်သေးပါဘူး။ သမီးဖြစ်သူက “အဖေ ဘာကိုဆိုလိုတာလဲ” လို့ မေးလိုက်ပါတယ်။

ထို့နောက် အဖေဖြစ်သူက “ကြက်ဥတွေ၊ အာလူးတွေ၊ ကော်ဖီစေ့တွေက တူညီတဲ့ အခက်အခဲ တစ်ခုဖြစ်တဲ့ ပွက်ပွက်ဆူနေတဲ့ ရေ ကို ကြုံတွေ့ခဲ့ရတယ်။”

ဒါပေမယ့် တစ်ခုနဲ့ တစ်ခု တုံ့ပြန်ပုံတွေကတော့ ကွဲပြားကြတယ်။

အာလူးက အစက ခက်ထန်မာကျောတယ်။ ဒါပေမယ့် ရေနွေးပူနဲ့ တွေ့တဲ့အခါမှာတော့ ပျော့ပျောင်းသွားတယ်။

ကြက်ဥက ရေနွေးပူထဲ မထည့်ခင်အချိန်အထိ ကွဲလွယ်တယ်။ အထဲက အနှစ်ကို အပြင် အကာပါးပါးလေး အုပ်ထားရာကနေ နောက်တော့ ကြက်ဥ အထဲကအရည်တွေ ပိုပြီး မာကျောလာတ

ဒါပေမယ့် ကော်ဖီစေ့ကတော့ ထူးခြားတယ်။ ဆူပွက်နေတဲ့ ရေနွေးပူနဲ့ ထိပြီးတဲ့အခါ ကော်ဖီစေ့တွေက ရေနွေးကို အခြားပိုမိုကောင်းမွန်တဲ့ အရာတစ်ခုအဖြစ် ပြောင်းလဲလိုက်ပါတယ်။

“သမီးကရော ဘာနဲ့တူလဲ” ဆိုပြီး ဖခင်ဖြစ်သူက သမီးဖြစ်သူကို မေးပါတယ်။ “အခက်အခဲတွေနဲ့ သမီးကြုံတဲ့အခါ ဘယ်လို တုံ့ပြန်လေ့ရှိပါသလဲ။ သမီးက အာလူးလို လူမျိုးလား။ ကြက်ဥလိုလား။ ဒါမှမဟုတ် ကော်ဖီလိုလား။”

ကျွန်တော်တို့ အားလုံးဟာ ဘဝမှာ အခက်အခဲတွေ အများကြီး ကြုံရပါတယ်။ အခက်အခဲကို ကျွန်တော်တို့ ဘယ်လို တုံ့ပြန်လဲဆိုတာက အရေးကြီးတာပါ။ ဘယ်လိုတုံ့ပြန်လဲဆိုတာပေါ်မူတည်ပြီး ကျွန်တော်တို့ အောင်မြင်မှုတွေ ကွာခြားသွားကြပါတယ်။

ဒီပို့စ်ဟာ သူငယ်ချင်းအတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။ နောက်လည်း ဒီ Facebook Page ပေါ်မှာ သင့်အတွက် အကျိုးရှိမယ့် ဆောင်းပါလေးတွေ ရေးသားတင်ပြပါအုံးမယ်။ အကြံပေး၊ ဆွေးနွေးချင်တာရှိရင်လည်း Comment (or) Chat Box မှလာရောက်ဆွေးနွေးနိုင်ပါတယ်။ နောက်တင်မယ့်ပို့စ်တွေကို လက်မလွတ်ဖို့ Like & Follow လေးလုပ်ထားနိုင်ပါတယ်။ ဒီ Page ကိုကူညီပံ့ပိုးပေးချင်ရင်တော့ See First လေးလုပ်ထားပေးပြီး၊ ပို့စ်ကိုလည်း Share နိုင်ပါတယ်။ အဆုံးအထိဖတ်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်။

————————————————————————————————————————–————————————————————————————————————————–——————————

Egg, Potato and Coffee

Once upon a time, there were a daughter and a father. One day, the daughter complained to her father that her life was miserable and that she didn’t know how she was going to make it. She was tired of fighting and struggling all the time and it seemed just as one problem was solved, another one soon followed.

Her father, a chef, took her to the kitchen. He filled three pots with water and placed each on a high fire. Once the three pots began to boil, he placed potatoes in one pot, eggs in the second pot, and ground coffee beans in the third pot.

He then let them sit and boil, without saying a word to his daughter. The daughter, impatiently waited, wondering what he was doing.

After twenty minutes he turned off the burners. He took the potatoes out of the pot and placed them in a bowl. He pulled the boiled eggs out and placed them in a bowl. He then ladled the coffee out and placed it in a cup.

Turning to her he asked. “Daughter, what do you see?” “Potatoes, eggs, and coffee,” she hastily replied.

“Look closer,” he said, “and touch the potatoes.” She did and noted that they were soft. He then asked her to take an egg and break it. After pulling off the shell, she observed the hard-boiled egg. Finally, he asked her to sip the coffee. Its rich aroma brought a smile to her face.

But she still did not get what he wanted to mention. “Father, what does this mean?” she asked.

He then explained that the potatoes, the eggs and coffee beans had each faced the same adversity– the boiling water.

However, each one reacted differently.

The potato went in strong, hard, and unrelenting, but in boiling water, it became soft and weak.

The egg was fragile, with the thin outer shell protecting its liquid interior until it was put in the boiling water. Then the inside of the egg became hard.

However, the ground coffee beans were unique. After they were exposed to the boiling water, they changed the water and created something new.

“Which one are you,” he asked his daughter. “When adversity knocks on your door, how do you respond? Are you a potato, an egg, or a coffee bean? “

We all have faced a lot of adversities in life. How we respond to the adversities is the most important. Depending on different responses, our success varies from others.

We hope this post will be useful for our friends. We will keep uploading beneficial articles on our facebook page. If you have suggestions for the betterment of Motivsuccess, please feel free to reach us through comment or chatbox. We would like to suggest you to like and follow our page not to miss upcoming posts. We would thank you very much if you make see first to our page and share our posts. Thank you very much for reading our post tilll to end.

Related Post :  Good Communication Skills - Key to Any Success

Related Posts