Menu Close
Black Hole
Zawgyi
Related Post :  မိဘအုပ်ထိန်းမှုပုံစံ ၄ မျိုး
Unicode
Related Post :  "ဆင်ချည်ကြိုး နဲ့ ယုံကြည်မှု"
စိတ်ဝင်စားဖွယ်ရာ Black Hole အကြောင်း
အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်တို့ MotivSuccess ကနေ နှုတ်ဆက်ပါရစေ ခင်ဗျာ။ ပျော်ရွှင်စရာ အတာသင်္ကြန် အကျနေ့လေး ဖြစ်ပါစေလို့လည်း ဆုတောင်းလိုက်ပါတယ် ခင်ဗျာ။ ကဲ ဒီနေ့မှာတော့ ဒီအပတ်အတွင်း စိတ်ဝင်စားစရာ အကောင်းဆုံးတွေထဲကတစ်ခုဖြစ်ခဲ့တဲ့ နက္ခတ္တဗေဒရပ်ဆိုင်ရာ အကြောင်းအရာတစ်ရပ်ကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့က ကမ္ဘာနဲ့ အလင်းနှစ်ပေါင်း ၅၀ အကွာမှာရှိတဲ့ Black Hole (ခေါ် ) တွင်းနက်ကြီးရဲ့ ဓာတ်ပုံကို နိုင်ငံတကာ သိပ္ပံပညာများပါဝင်တဲ့ အဖွဲ့က ပထမဆုံးအနေနဲ့ ပြသနိုင်ခဲ့တာဖြစ်ပါတယ်။
အတိအကျပြောရမယ်ဆိုရင်တော့ ဒါဟာ Black Hole ရဲ့ အရိပ်နဲ့ သူ့ရဲ့ ပတ်ဝန်းကျင်ပဲ ဖြစ်ပါတယ်။ Black Hole ရဲ့ ထုထည်က ဘယ်လောက်ထိ ကြီးမားသလဲဆိုရင် နေရဲ့ ထုထည်ထက် ၆.၅ ဘီလီယံဆလောက် ပိုများပြီး နာရီလက်တံ ဦးတည်ရာ လမ်းအတိုင်း လည်ပတ်နေတာ ဖြစ်ပါတယ်။
Black Hole ကို တယ်လီစကုပ် တစ်ခုတည်းနဲ့ ရိုက်ယူခဲ့ခြင်းမဟုတ်ဘဲ တယ်လီစကုပ် ၈ ခုကို ကမ္ဘာ တစ်ဝန်းမှာ သက်သက်စီထားပြီး ရိုက်ကူးခဲ့ရတာဖြစ်ပါတယ်။ တယ်လီစကုပ် ၈ ခုရဲ့ ဒေတာတွေအားလုံးက တစ်ခုနဲ့ တစ်ခု ဆက်စပ်နေတာပြီး တယ်လီစကုပ်တစ်ခုအနေနဲ့ အလုပ်လုပ်တာကြောင့် ပုံတစ်ပုံတည်း ဖြစ်လာစေတာပါ။
Related Post :  ဝေါဒစ်စနီ(Walt Disney) ရဲ့ ကိုယ်ရေးအကျဉ်း
Black Hole ဆိုတာကတော့ အလွန်တရာမှ သိပ်သည်း နက်နဲတဲ့ နေရာဖြစ်ပြီး မည်သည့်အရာဝတ္ထုဖြစ်ဖြစ် သူ့ပတ်ဝန်းကျင်ကို ဖြတ်သွားရင် တစ်ခါတည်း အတွင်းထဲကို ဆွဲသွင်းနိုင်အောင် သိပ်သည်းအားများပါတယ်။ Black Hole က အလင်း သူ့ရှေ့ဖြတ်သွားရင်တောင် အစုပ်ခံရတာပါ။ အရာဝတ္ထုဆိုရင် ဆိုစရာတောင်မရှိပါဘူး။ အိုင်းစတိုင်းပြောခဲ့တာကို စတီဖန် ဟော့ခင်းက သက်သေပြနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ ဒီလို အလွန်တော်တဲ့ ပညာရှင်ကြီးတွေပြောခဲ့တာတွေကို လက်တွေ့မြင်တွေ့ရတာ ဖြစ်ပါတယ်။
သူငယ်ချင်းတို့အတွက် ပိုမို ဆန်းသစ်သော ဆောင်းပါးတွေနဲ့ မနက်ဖြန်ပြန်လာခဲ့ပါ့မယ်။ ပျော်ရွှင်စရာ မြန်မာ့နှစ်ကူးသင်္ကြန်အခါသမလေး ဖြစ်ပါစေ လို့ ဆုတောင်းပေးပါတယ်နော်။ Admin တို့ကတော့ အလိမ္မာတုံး အိမ်တွင်းပုန်းတွေပါ 😜 စတာပါနော်။ MotivSuccess လေးကို ဆက်လက် အားပေးကြပါဦးနော် 🙆‍♂️ သူငယ်ချင်းတို့အနေနဲ့ ဒီပို့စ်လေးကို သဘောကျရင် Like နဲ့ Share လေး လုပ်ပေးဖို့တိုက်တွန်းအပ်ပါတယ်နော်။ အကြံပြုချင်တာလေးတွေ ရှိရင်လည်း Comment Box ဒါမှမဟုတ် Facebook page messenger ကနေလည်း ဆက်သွယ် အကြံပြုနိုင်ပါတယ်နော်။ မနက်ဖြန်ပြန်တွေ့မယ်။ တာ့တာ 👋👋
Leave a Reply