Menu Close

ေဝါဒစ္စနီ(Walt Disney) ရဲ့ ကိုယ္ေရးအက်ဥ္း

Biography Of Walt Disney

Zawgyi

အားလုံးကို မဂၤလာပါလို႔ MotivSuccess ကေန ႀကိဳဆိုလိုက္ပါတယ္ ခင္ဗ်ာ။ ဒီေန႔ သင္ဖတ္ရွုရမယ့္ အေၾကာင္းအရာကေတာ့ ေဝါဒစ္စနီ(Walt Disney) ရဲ့ ကိုယ္ေရးအက်ဥ္း ပဲျဖစ္ပါတယ္။

လူတိုင္းမွာ စိတ္ဝင္စားဖို႔ေကာင္းတဲ့ အခ်က္ေလးေတြ ကိုယ္စီ ရွိေနပါတယ္။ ဘဝမွာ ေအာင္ျမင္မွုေတြ အေျမာက္အမ်ားနဲ႔ ခ်မ္းသာေပ်ာ္ရြင္ေနၾကသူေတြ ရွိေနသလို ေအာင္ျမင္မွုနဲ႔ ေဝးကြာေနၿပီး ဆင္းရဲတြင္းထဲက ႐ုန္းမထြက္နိုင္သူေတြလည္း ဒုနဲ႔ေဒးပါ။ ဘဝဆိုတာ ဝိုင္းဝိုင္းရဲ့ ‘ေျဖသိမ့္လိုက္’ သီခ်င္းထဲကလို ‘ခ်ိဳတစ္လွည့္၊ ခါးတစ္လွည္း’ ‘ေအာင္ျမင္လိုက္၊ ရွုံးနိမ့္လိုက္’ ျဖစ္ပါတယ္။

‘ကိုယ္ေရးအက်ဥ္း’

ဒီလိုလူေတြ အမ်ားႀကီးထဲကမွ တစ္ေခတ္တစ္ခါက ေအာင္ျမင္မွုေတြ တစ္သီႀကီးရခဲ့တဲ့၊ အခုအခ်ိန္အထိ animation video ေတြကိုႀကိဳက္သူေတြရဲ့ ပါးစပ္မွာ တမ္းတမ္းစြဲျဖစ္ေနတဲ့ ပုဂၢိဳလ္တစ္ဦးရဲ့ အေၾကာင္းကို ဒီေန႔ MotivSuccess ကေနေဖာ္ျပေပးလိုက္ပါတယ္။ ဒီပုဂၢိဳလ္ရဲ့ အမည္ကို လူအမ်ားစုက ကုန္အမွတ္တံဆိတ္(brand) အမည္အေနနဲ႔ပဲ သိၾကပါတယ္။ သူကေတာ့ The Walt Disney Company(Cinderella, Snow White, Frozen နဲ႔ တျခားေသာ နာမည္ႀကီး ကာတြန္းကားေတြကို ထုတ္လုပ္တင္ဆက္ေပးတဲ့ လုပ္ငန္း) ကို သူ႔အစ္ကို ရြိင္(Roy) နဲ႔ ၁၉၂၀ ခုႏွစ္မွာ တည္ေထာင္ခဲ့သူ ေဝါ အက္လီးယက္စ္ ဒစ္စနီ(Walt Elias Disney) ပဲျဖစ္ပါတယ္။ သူ႔ကို ၁၉၀၁ ခုႏွစ္၊ ဒီဇင္ဘာလ (၅) ရက္၊ အစ္လီႏွိုက္စ္ျပည္နယ္၊ ခ်ီကာဂိုၿမိဳ႕မွာ ေမြးဖြားခဲ့ၿပီး၊ စြန႔္ဦးတီထြင္သူ၊ ကာတြန္းဖန္တီးသူ၊ အသံသ႐ုပ္ေဆာင္နဲ႔ ႐ုပ္ရွင္ထုတ္လုပ္သူအျဖစ္ လူသိမ်ားပါတယ္။ အဆုတ္ကင္ဆာေၾကာင့္ ၁၉၆၆ ခုႏွစ္၊ ဒီဇင္ဘာလ (၁၅) ရက္ေန႔မွာ ကြယ္လြန္သြားခဲ့ပါတယ္။

Walt Disney

ေအာင္ျမင္မွုနဲ႔ ရွုံးနိမ့္မွု

သူ႔ဘဝမွာ ေအာင္ျမင္မွုကိုေရာ၊ ရွံုးနိမ့္မွုကိုပါ မ်ားစြာ ေတြ႕ႀကံဳခဲ့ဖူးပါတယ္။ သူ႔ရဲ့ အႀကီးမားဆုံး ရွံုးနိမ့္မွုကို ၾကည့္မယ္ဆိုရင္ ၁၉၃၉ ခုႏွစ္ကေန ၁၉၄၅ ခုႏွစ္အထိ ၆ ႏွစ္တာရွည္ၾကာတဲ့ ဒုတိယကမၻာစစ္ရဲ့ အက်ိဳးသက္ေရာက္မွုေၾကာင့္ပဲ ျဖစ္ပါတယ္။ ၁၉၄၀ ခုႏွစ္မွာ ထုတ္လုပ္ခဲ့တဲ့ Fantasia ဇာတ္ကား၊ Pinocchi ဇာတ္ကားနဲ႔ ၁၉၄၂ ခုႏွစ္မွာ ထုတ္လုပ္ခဲ့တဲ့ Bambi ဇာတ္ကားေတြဟာ သူ႔ရဲ့ ႀကီးမားတဲ့ ဆုံးရွံုးမွုေတြပဲ ျဖစ္ပါတယ္။ ဒီ ဇတ္ကားေတြေၾကာင့္ သူဟာ အျမတ္မရတဲ့အျပင္ ထိုေခတ္က အေမရိကန္ေဒၚလာ ၄ သန္းေလာက္ အေမရိကန္ဘဏ္မွာ အေႂကြးတင္သြားပါတယ္။ ဒါေပမယ့္ သူအရွံုးမေပးခဲ့ပါဘူး။ သူ႔ရဲ့ အရည္အခ်င္းကို အမွန္တကယ္လက္ခံၿပီး၊ သူေအာင္ျမင္မယ္လို႔ ယုံၾကည္သူေတြေၾကာင့္လို႔ သူေအာင္ျမင္လာခဲ့တာလို႔လဲ ယူဆလို႔ရပါတယ္။

Related Post :  စိတ္ဝင္စားဖြယ္ရာ Black Hole အေၾကာင္း

သူ႔ဘဝမွာ ေအာင္ျမင္မွုေတြလည္း အမ်ားအျပားရွိေနပါတယ္။ သူ႔လုပ္ငန္း သက္တန္းတစ္ေလ်ာက္မွာ အကယ္ဒမီဆုေပါင္း ၂၂ ဆုေတာင္ရရွိခဲ့ပါတယ္။ လက္ရွိအခ်ိန္အထိ သူဟာ အကယ္ဒမီ အမ်ားဆုံး ဆုရွင္အျဖစ္ မွတ္တမ္းဝင္ေနဆဲ ျဖစ္ပါတယ္။ တစ္ႏွစ္အတြင္း အကယ္ဒမီ ၄ ဆု သိမ္းပိုက္ခဲ့ဖူးတာေၾကာင့္လည္း တစ္ႏွစ္အတြင္း အကယ္ဒမီဆု အမ်ားဆုံးရသာအျဖစ္ မွတ္တမ္းဝင္ေနပါတယ္။ ဒါတင္မကေသးပါဘူး Golden Globe ဆု ၂ ၾကမ္နဲ႔ Emmy Award ဆု ၁ ႀကိမ္ တို႔ကိုလည္း ဆြတ္ခူးခဲ့ပါေသးတယ္။

သူေျပာေလ့ရွိတဲ့ အဖိုးတန္စကားစု တစ္ခုကေတာ့ ‘If you can dream it, you can do it’ ‘သင္ကိစၥတစ္ခုကို စဥ္းစားေတြးေခၚနိင္ရင္ အဲ့ဒီအရာကို သင္လုပ္နိုင္ပါတယ္’ ဆိုတာပဲ ျဖစ္ပါတယ္။ မိမိအေပၚယုံၾကည္မွု အျပည့္ရွိၿပီး မိမိယုံၾကည္ရာကို အျပင္းအထန္ႀကိဳးစားသူတစ္ဦး အေနနဲ႔လည္း Walt Disney ကို ေတြ႕ျမင္နိုင္ပါတယ္။

[quiz-cat id=”226″]

အႏွစ္ခ်ဳပ္

အမည္ – ေဝါ အက္လီးယက္စ္ ဒစ္စနီ(Walt Elias Disney)
ေမြးသကၠရာဇ္ – ၁၉၀၁ ခုႏွစ္၊ ဒီဇင္ဘာလ (၅) ရက္
ေမြးဇာတိ – ခ်ီကာဂိုၿမိဳ႕၊ အစ္လီႏွိုက္စ္ျပည္နယ္၊ အေမရိကန္ျပည္ေထာင္စု
ကြယ္လြန္သည့္ခုႏွစ္ – ၁၉၆၆ ခုႏွစ္၊ ဒီဇင္ဘာလ (၁၅) ရက္
အလုပ္အကိုင္ – စြန႔္ဦးတီထြင္သူ၊ ကာတြန္းဖန္တီးသူ၊ အသံသ႐ုပ္ေဆာင္၊ ႐ုပ္ရွင္ထုတ္လုပ္သူ
ဆုတံဆိပ္ – အကယ္ဒမီ (၂၃) ဆု
Golden Globe (၂) ဆု
Emmy Award (၁) ဆု
စကားစု – သင္ကိစၥတစ္ခုကို စဥ္းစားေတြးေခၚနိင္ရင္ အဲ့ဒီအရာကို သင္လုပ္နိုင္ပါတယ္

အေပၚမွာ ေဖာ္ျပခဲ့တာကေတာ့ Walt Disney ရဲ့ ကိုယ္ေရးအက်ဥ္းပဲ ျဖစ္ပါတယ္။ ဒီေဆာင္းပါးဟာ သူငယ္ခ်င္းအတြက္ အသုံးဝင္မယ္လို႔ ေမၽွာ္လင့္ပါတယ္။ ဒီလို ေဆာင္းပါးေတြကို အပတ္စဥ္ဖတ္ခ်င္တယ္ဆိုရင္ေတာ့ ကၽြန္ေတာ့္တို႔ရဲ့ Facebook Page ကို Like & See First လုပ္ထားေပးဖို႔ တိုက္တြန္းခ်င္ပါတယ္။ သင့္ အသိမိတ္ေဆြေတြအတြက္ ဒီ post ကို share ရင္း အသိေပးၿပီး ဒါနကုသိုလ္ ယူလိုက္ပါ။ ေက်းဇူးတင္ပါတယ္။

Unicode

Related Post :  မဟတၱမ ဂႏၵီ (Mahatma Gandhi) ရဲ႕ ကိုယ္ေရးအက်ဥ္း

ဝေါဒစ်စနီ(Walt Disney) ရဲ့ ကိုယ်ရေးအကျဉ်း

အားလုံးကို မင်္ဂလာပါလို့ MotivSuccess ကနေ ကြိုဆိုလိုက်ပါတယ် ခင်ဗျာ။ ဒီနေ့ သင်ဖတ်ရှုရမယ့် အကြောင်းအရာကတော့ ဝေါဒစ်စနီ(Walt Disney) ရဲ့ ကိုယ်ရေးအကျဉ်း ပဲဖြစ်ပါတယ်။

လူတိုင်းမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်လေးတွေ ကိုယ်စီ ရှိနေပါတယ်။ ဘဝမှာ အောင်မြင်မှုတွေ အမြောက်အများနဲ့ ချမ်းသာပျော်ရွင်နေကြသူတွေ ရှိနေသလို အောင်မြင်မှုနဲ့ ဝေးကွာနေပြီး ဆင်းရဲတွင်းထဲက ရုန်းမထွက်နိုင်သူတွေလည်း ဒုနဲ့ဒေးပါ။ ဘဝဆိုတာ ဝိုင်းဝိုင်းရဲ့ ‘ဖြေသိမ့်လိုက်’ သီချင်းထဲကလို ‘ချိုတစ်လှည့်၊ ခါးတစ်လှည်း’ ‘အောင်မြင်လိုက်၊ ရှုံးနိမ့်လိုက်’ ဖြစ်ပါတယ်။

‘ကိုယ်ရေးအကျဉ်း’

ဒီလိုလူတွေ အများကြီးထဲကမှ တစ်ခေတ်တစ်ခါက အောင်မြင်မှုတွေ တစ်သီကြီးရခဲ့တဲ့၊ အခုအချိန်အထိ animation video တွေကိုကြိုက်သူတွေရဲ့ ပါးစပ်မှာ တမ်းတမ်းစွဲဖြစ်နေတဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့ အကြောင်းကို ဒီနေ့ MotivSuccess ကနေဖော်ပြပေးလိုက်ပါတယ်။ ဒီပုဂ္ဂိုလ်ရဲ့ အမည်ကို လူအများစုက ကုန်အမှတ်တံဆိတ်(brand) အမည်အနေနဲ့ပဲ သိကြပါတယ်။ သူကတော့ The Walt Disney Company(Cinderella, Snow White, Frozen နဲ့ တခြားသော နာမည်ကြီး ကာတွန်းကားတွေကို ထုတ်လုပ်တင်ဆက်ပေးတဲ့ လုပ်ငန်း) ကို သူ့အစ်ကို ရွိင်(Roy) နဲ့ ၁၉၂၀ ခုနှစ်မှာ တည်ထောင်ခဲ့သူ ဝေါ အက်လီးယက်စ် ဒစ်စနီ(Walt Elias Disney) ပဲဖြစ်ပါတယ်။ သူ့ကို ၁၉၀၁ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်၊ အစ်လီနှိုက်စ်ပြည်နယ်၊ ချီကာဂိုမြို့မှာ မွေးဖွားခဲ့ပြီး၊ စွန့်ဦးတီထွင်သူ၊ ကာတွန်းဖန်တီးသူ၊ အသံသရုပ်ဆောင်နဲ့ ရုပ်ရှင်ထုတ်လုပ်သူအဖြစ် လူသိများပါတယ်။ အဆုတ်ကင်ဆာကြောင့် ၁၉၆၆ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။

Walt Disney

အောင်မြင်မှုနဲ့ ရှုံးနိမ့်မှု

သူ့ဘဝမှာ အောင်မြင်မှုကိုရော၊ ရှံုးနိမ့်မှုကိုပါ များစွာ တွေ့ကြံုခဲ့ဖူးပါတယ်။ သူ့ရဲ့ အကြီးမားဆုံး ရှံုးနိမ့်မှုကို ကြည့်မယ်ဆိုရင် ၁၉၃၉ ခုနှစ်ကနေ ၁၉၄၅ ခုနှစ်အထိ ၆ နှစ်တာရှည်ကြာတဲ့ ဒုတိယကမ္ဘာစစ်ရဲ့ အကျိုးသက်ရောက်မှုကြောင့်ပဲ ဖြစ်ပါတယ်။ ၁၉၄၀ ခုနှစ်မှာ ထုတ်လုပ်ခဲ့တဲ့ Fantasia ဇာတ်ကား၊ Pinocchi ဇာတ်ကားနဲ့ ၁၉၄၂ ခုနှစ်မှာ ထုတ်လုပ်ခဲ့တဲ့ Bambi ဇာတ်ကားတွေဟာ သူ့ရဲ့ ကြီးမားတဲ့ ဆုံးရှံုးမှုတွေပဲ ဖြစ်ပါတယ်။ ဒီ ဇတ်ကားတွေကြောင့် သူဟာ အမြတ်မရတဲ့အပြင် ထိုခေတ်က အမေရိကန်ဒေါ်လာ ၄ သန်းလောက် အမေရိကန်ဘဏ်မှာ အကြွေးတင်သွားပါတယ်။ ဒါပေမယ့် သူအရှံုးမပေးခဲ့ပါဘူး။ သူ့ရဲ့ အရည်အချင်းကို အမှန်တကယ်လက်ခံပြီး၊ သူအောင်မြင်မယ်လို့ ယုံကြည်သူတွေကြောင့်လို့ သူအောင်မြင်လာခဲ့တာလို့လဲ ယူဆလို့ရပါတယ်။

Related Post :  "ဆင္ခ်ည္ႀကိဳး နဲ႔ ယုံၾကည္မွု"

သူ့ဘဝမှာ အောင်မြင်မှုတွေလည်း အများအပြားရှိနေပါတယ်။ သူ့လုပ်ငန်း သက်တန်းတစ်လျောက်မှာ အကယ်ဒမီဆုပေါင်း ၂၂ ဆုတောင်ရရှိခဲ့ပါတယ်။ လက်ရှိအချိန်အထိ သူဟာ အကယ်ဒမီ အများဆုံး ဆုရှင်အဖြစ် မှတ်တမ်းဝင်နေဆဲ ဖြစ်ပါတယ်။ တစ်နှစ်အတွင်း အကယ်ဒမီ ၄ ဆု သိမ်းပိုက်ခဲ့ဖူးတာကြောင့်လည်း တစ်နှစ်အတွင်း အကယ်ဒမီဆု အများဆုံးရသာအဖြစ် မှတ်တမ်းဝင်နေပါတယ်။ ဒါတင်မကသေးပါဘူး Golden Globe ဆု ၂ ကြမ်နဲ့ Emmy Award ဆု ၁ ကြိမ် တို့ကိုလည်း ဆွတ်ခူးခဲ့ပါသေးတယ်။

သူပြောလေ့ရှိတဲ့ အဖိုးတန်စကားစု တစ်ခုကတော့ ‘If you can dream it, you can do it’ ‘သင်ကိစ္စတစ်ခုကို စဉ်းစားတွေးခေါ်နိင်ရင် အဲ့ဒီအရာကို သင်လုပ်နိုင်ပါတယ်’ ဆိုတာပဲ ဖြစ်ပါတယ်။ မိမိအပေါ်ယုံကြည်မှု အပြည့်ရှိပြီး မိမိယုံကြည်ရာကို အပြင်းအထန်ကြိုးစားသူတစ်ဦး အနေနဲ့လည်း Walt Disney ကို တွေ့မြင်နိုင်ပါတယ်။

[quiz-cat id=”227″]

အနှစ်ချုပ်

အမည် – ဝေါ အက်လီးယက်စ် ဒစ်စနီ(Walt Elias Disney)
မွေးသက္ကရာဇ် – ၁၉၀၁ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်
မွေးဇာတိ – ချီကာဂိုမြို့၊ အစ်လီနှိုက်စ်ပြည်နယ်၊ အမေရိကန်ပြည်ထောင်စု
ကွယ်လွန်သည့်ခုနှစ် – ၁၉၆၆ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်
အလုပ်အကိုင် – စွန့်ဦးတီထွင်သူ၊ ကာတွန်းဖန်တီးသူ၊ အသံသရုပ်ဆောင်၊ ရုပ်ရှင်ထုတ်လုပ်သူ
ဆုတံဆိပ် – အကယ်ဒမီ (၂၃) ဆု
Golden Globe (၂) ဆု
Emmy Award (၁) ဆု
စကားစု – သင်ကိစ္စတစ်ခုကို စဉ်းစားတွေးခေါ်နိင်ရင် အဲ့ဒီအရာကို သင်လုပ်နိုင်ပါတယ်

အပေါ်မှာ ဖော်ပြခဲ့တာကတော့ Walt Disney ရဲ့ ကိုယ်ရေးအကျဉ်းပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးဟာ သူငယ်ချင်းအတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။ ဒီလို ဆောင်းပါးတွေကို အပတ်စဉ်ဖတ်ချင်တယ်ဆိုရင်တော့ ကျွန်တော့်တို့ရဲ့ Facebook Page ကို Like & See First လုပ်ထားပေးဖို့ တိုက်တွန်းချင်ပါတယ်။ သင့် အသိမိတ်ဆွေတွေအတွက် ဒီ post ကို share ရင်း အသိပေးပြီး ဒါနကုသိုလ် ယူလိုက်ပါ။ ကျေးဇူးတင်ပါတယ်။

Related Posts

Leave a Reply