Menu Close
Biography Of Gandhi
Zawgyi
‘ကိုယ်ရေးအကျဉ်း’
Related Post :  "ဆင်ချည်ကြိုး နဲ့ ယုံကြည်မှု"
အနှစ်ချုပ်
Unicode
မဟတ္တမ ဂန္ဒီ (Mahatma Gandhi) ရဲ့ ကိုယ်ရေးအကျဉ်း
Related Post :  Relationship ကို ခိုင်မြဲအောင် ထိန်းသိမ်းပေးနိုင်မယ့် အချက် ၈ ချက်
အားလုံးပဲ မင်္ဂလာပါ။ MotivSuccess ကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ်ခင်ဗျာ။ ဒီနေ့မှာတော့ အကြမ်းမဖက်ရေးမူကို ကျင့်သုံးပြီး ပြည်သူတွေရဲ့လွတ်လပ်ရေးကို ဆောင်ကြဉ်းပေးခဲ့တဲ့ တစ်နည်းအားဖြင့် အိန္ဒိယနိုင်ငံရဲ့ ဖခင်ကြီးလို့ တင်စားခံရတဲ့ မဟတ္တမ ဂန္ဒီရဲ့ ကိုယ်ရေးအကျဉ်းကို တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။
‘ကိုယ်ရေးအကျဉ်း’
ငြိမ်းချမ်းရေးအတွက်၊ နိုင်ငံ့လွတ်လပ်ရေးအတွက် ကြိုးစားခဲ့ကြတဲ့ သူရဲကောင်းတွေအများကြီးထဲက တစ်ဦးဖြစ်တဲ့ မဟတ္တမ ဂန္ဒီ ကို အိန္ဒိယ တစ်နိုင်ငံတည်းက သာမက တစ်ကမ္ဘာလုံးကပါ ချစ်ခင်လေးစားကြပါတယ်။ မဟတ္တမ ဂန္ဒီ ကို ၁၈၆၉ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့မှာ ကုန်သည်လူတန်းစားကနေ မွေးဖွားခဲ့တာဖြစ်ပြီး ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့မှာ လုပ်ကြံခံရပြီး ကွယ်လွန်ခဲ့ရတာပါ။ အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေးအတွက် လှုပ်ရှားသူတစ်ဦးဖြစ်ပြီး တစ်ကမ္ဘာလုံးကို လွှမ်းမိုးနိုင်ခဲ့တဲ့ အကြမ်းမဖက် ပြည်သူ့ဆန္ဒထုတ်ဖော်ခြင်းကို ဦးဆောင်လမ်းရွက်ပြုခဲ့သူလည်း ဖြစ်ပါတယ်။ မဟတ္တမ ဂန္ဒီ ရဲ့ ဘဝနဲ့ လှုပ်ရှားမှုတွေက နောက်ပိုင်း ခေါင်းဆောင်တွေဖြစ်တဲ့ မာတင်လူသာကင်း၊ နယ်လ်ဆန်မန်ဒယ်လားတို့အတွက် စံနမူနာ ထားစရာ ဖြစ်ခဲ့ပါတယ်။
ဂူဂျာရတ်ပြည်နယ် ကုန်သည်မျိုးရိုးကနေ မွေးဖွားလာတဲ့ မဟတ္တမ ဂန္ဒီ ဟာ လန်ဒန်မှာ ဥပဒေပညာကို သင်ကြားခဲ့ပြီး တောင်အာဖရိကမှာ ရှေ့နေအဖြစ်ဆောင်ရွက်ခဲ့ပါတယ်။ အိန္ဒိယလူမျိုးတွေရဲ့ အခွင့်အရေး၊ လွတ်လပ်ရေးအတွက်နဲ့ ခွဲခြားဆက်ဆံမှုတွေကို နှိမ်နင်းဖို့ ကြိုးစားဆောင်ရွက်ခဲ့တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ မဟတ္တမ ဂန္ဒီ ဟာ အိန္ဒိယ အမျိုးသားညီလာခံရဲ့ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။ အကျဉ်းထောင်လည်း မကြာခဏချခံရပြီးတော့ ဗြိတိသျှရဲ့ အခွန်နှုန်းတိုးမြင့်ကောက်ခံမှုတွေနဲ့ ပတ်သက်ပြီး အကြမ်းမဖက် ဆန့်ကျင်ဆန္ဒပြခဲ့တာပါ။ ခွဲခြားနှိမ့်ချမှုတွေကို တိုက်ထုတ်ဖို့အတွက် ၁၈၉၄ မှာ နတ်တယ်လ် အိန္ဒိယ ကွန်ဂရက်စ်ကို ဖွဲ့စည်းခဲ့ပါတယ်။
မဟတ္တမ ဂန္ဒီ ဟာ အသက် ၁၃ နှစ်အရွယ်မှာ အိမ်ထောင်ကျပြီး သားသမီးလေးယောက် ရခဲ့ပါတယ်။ မိမိကိုယ်တိုင်ရက်လုပ်တဲ့ ဒိုတီကိုပဲ ဝတ်ဆင်ပြီး သတ်သတ်လွတ်စားတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ ဟိန္ဒူဘာသာ ကိုးကွယ် ယုံကြည်သူတစ်ဦးဖြစ်ပြီး ကမ္ဘာ့ဘာသာကြီးတွေ အကြောင်းလည်း လေ့လာခဲ့ပါတယ်။
“The Story Of My Experiments with Truth” ဆိုတဲ့ စာအုပ်ကိုလည်း ရေးသားခဲ့ပါတယ်။ အိန္ဒိယ လွတ်လပ်ရေး လှုပ်ရှားမှု၊ ငြိမ်းချမ်းရေးလှုပ်ရှားမှု၊ အကြမ်းမဖက် ဆန့်ကျင်ရေး အတွက်လည်း ကျော်ကြားခဲ့ပါတယ်။ အမှန်တရားနဲ့ အကြမ်းမဖက်ခြင်းဆိုတဲ့ အဓိက ကဏ္ဍနှစ်ရပ်ပါဝင်တဲ့ ဂန္ဒီ အတွေးအခေါ်ကလည်း ထင်ရှားပါတယ်။
Related Post :  ဝေါဒစ်စနီ(Walt Disney) ရဲ့ ကိုယ်ရေးအကျဉ်း
မဟတ္တမ ဂန္ဒီ ရဲ့ မွေးနေ့ဖြစ်တဲ့ အောက်တိုဘာ ၂ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အကြမ်းမဖက်ရေးနေ့ အဖြစ်လည်းကောင်း၊ အိန္ဒိယနိုင်ငံရဲ့ အမျိုးသားနေ့အဖြစ်လည်းကောင်း၊ သေဆုံးတဲ့ နေ့ဖြစ်တဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့ကို အိန္ဒိယနိုင်ငံရဲ့ တပ်မတော်နေ့အဖြစ် သတ်မှတ်ထားကြပါတယ်။
၁၉၃၀ မှာ တိုင်းမ် မဂ္ဂဇင်းက မဟတ္တမ ဂန္ဒီ ကို “Man Of The Year” ဆိုပြီး သတ်မှတ်ခဲ့ပါတယ်။ အယ်လ်ဘတ် အိုင်းစတိုင်းရဲ့ “Person Of The Century” လည်း ဖြစ်ခဲ့ပါသေးတယ်။ ငြိမ်းချမ်းရေးဆောင်ရွက်တဲ့ ခေါင်းဆောင်တွေကိုလည်း မဟတ္တမ ဂန္ဒီ ရဲ့ အမည်နဲ့ “Gandhi Peace Prize”ကိုလည်း နှစ်စဉ် ချီးမြှင့်လေ့ရှိပါတယ်။ မဟတ္တမ ဂန္ဒီ ရဲ့ အတ္ထုပ္ပတ္တိကိုလည်း ရုပ်ရှင်ဇာတ်လမ်းများ ပြန်ရိုက်ထားကြပါသေးတယ်။ မဟတ္တမ ဂန္ဒီရဲ့ ဆောင်ပုဒ်တွေထဲ က တစ်ခုဖြစ်တဲ့ “Be The Change That You Want To See In The World” “ကမ္ဘာကြီးအတွက် သင်ဖြစ်စေချင်တဲ့ ပြောင်းလဲမှုကို သင့်ကိုသင်ပြောင်းလဲခြင်းဖြင့် စတင်ပါ။” ဆိုတဲ့အတိုင်း အနာဂတ်မှာ ကောင်းသောပြောင်းလဲခြင်းတွေဖြစ်စေဖို့ ကျွန်တော်တို့ကိုယ်တိုင် စတင်ပြောင်းလဲဖို့ အကြုံပြုရင်း နိဂုံးချုပ်လိုက်ပါတယ်။
အနှစ်ချုပ်
အမည် – မိုဟန်ဒတ်စ် ကာရန်ချန်းဒ် ဂန္ဒီ (ခေါ်) မဟတ္တမ ဂန္ဒီ
မွေးသက္ကရာဇ် – ၁၈၆၉ ခုနှစ် အောက်တိုဘာလ ၂ရက်
မွေးဇာတိ – ဂူဂျာရတ်မြို့၊ အိန္ဒိယ နိုင်ငံ
ကွယ်လွန်သည့်ခုနစ် – ဇန်နဝါရီလ ၁၀ ရက် ၁၉၄၈ ခုနှစ်
အလုပ်အကိုင် – ရှေ့နေ၊ နိုင်ငံရေးခေါင်းဆောငင်၊ တက်ကြွလှုပ်ရှားသူ၊ စာရေးဆရာ
စကားစု – “ကမ္ဘာကြီးပေါ်မှာ ဖြစ်စေချင်တဲ့ ပြောင်းလဲမှုကို သင့်ကိုသင်ပြောင်းလဲခြင်းဖြင့် စတင်ပါ”
ဒါကတော့ သူငယ်ချင်းတို့အတွက် မဟတ္တမ ဂန္ဒီရဲ့ ကိုယ်ရေးအကျဉ်းကို တင်ပြခဲ့တာပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးဟာ သူငယ်ချင်းအတွက် ဗဟုသုတရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီလို ဆောင်းပါးတွေကို အပတ်စဉ်ဖတ်ချင်တယ်ဆိုရင်တော့ ကျွန်တော့်တို့ရဲ့ Facebook Page ကို Like & See First လုပ်ထားပေးဖို့ တိုက်တွန်းချင်ပါတယ်။ မနက်ဖြန်ပြန်တွေ့ကြမယ်နော်။
Related Posts
Leave a Reply