Welcome
ASEAN Youth Ledership Summit 2019

ASEAN Youth Leadership Summit 2019

ASEAN Youth Leadership Summit 2019 Applications are now open for “ASEAN Youth Leadership Summit 2019” which will be held in Manila, Philippines on 28th, 29th and 30th November, 2019 on the occasion of that summit  Global Youth Parliament  will go to reward “ASEAN Youth Leadership Award 2019”, to those who contributes, acknowledges and celebrates outstanding contribution in the sector of youth, peace SDGs and Democracy. […]

Hong Kong PhD Fellowship Scheme

Hong Kong PhD Fellowship Scheme

Hong Kong PhD Fellowship Scheme for ASEAN Students – Fully Funded  250 PhD Fellowships will be awarded in the 2020/21 academic year. Established in 2009 by the Research Grants Council (RGC), the Hong Kong PhD Fellowship Scheme (HKPFS) aims at attracting the best and brightest students in the world to pursue their PhD programs in […]

10 steps to master time management

အချိန်ကို အကျိုးရှိအောင် အသုံးချနိုင်မယ့် နည်းလမ်း (၁၀)ခု

Zawgyi “အချိန်နဲ့ ဒီရေသည် လူကိုမစောင့်” ဆိုတဲ့ စကားပုံအတိုင်း အချိန်ဟာ မည်သူတစ်ဦးတစ်ယောက်ကိုမျှ မစောင့်ဘဲ ဆက်သွားနေမှာ ဖြစ်ပါတယ်။ အချို့သော လူတွေက အချိန်ကို အကျိုးရှိရှိ အသုံးချတတ်ကြသလို၊ အချိန်ကို အကျိုးရှိရှိ အသုံးမချကြတဲ့ သူတွေလည်းရှိပါတယ်။ အောင်မြင်သူတွေနဲ့ ကျရှုံးသူတွေရဲ့ အဓိက ကွဲပြားခြားနားခြင်းက အချိန်ကို စနစ်တကျ စီမံခန့်ခွဲနိုင်စွမ်းရှိခြင်း၊ မရှိခြင်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့ အားလုံး တစ်ရက်မှာ ၂၄ နာရီဆိုတဲ့ အချိန်ကို ညီတူညီမျှရနေကြတာပါ။ အချိန်ရှိတယ်၊ မရှိဘူးဆိုတာ အကြောင်းပြချက်သက်သက်သာ ဖြစ်ပါတယ်။ တကယ်တော့ ကျွန်တော်တို့ ပိုင်ဆိုင်တဲ့ အချိန်ကို ဘယ်လို အသုံးချလဲ ဆိုတဲ့ အချက်ပေါ်မှာသာ မူတည်တာ ဖြစ်ပါတယ်။ အိပ်မက်တွေ၊ အောင်မြင်မှုတွေကို အကောင်အထည်ဖော်ချင်ရင် ရေတို၊ ရေရှည် စီမံကိန်းတွေ […]

Reading & Audio Book

စာဖတ်ခြင်းနဲ့ Audio book

Zawgyi ?စာဖတ်ခြင်းဆိုတာ လူကြီးလူငယ်လူရွယ်မရွေး အတွက် အလွန်အရေးပါလှပါတယ်။✨ တစ်ခါတစ်လေကျတော့လည်း ကျွန်တော်တို့ ?စာအုပ်ကြီးကိုကိုင်ပြီး ဖတ်ရတာ ငြီးငွေ့လာတတ်သလို တစ်ခါတစ်ရံ စာအုပ်ကိုင်ပြီးဖတ်ဖို့ အချိန်နေရာမပေးတာမျိုးလည်း ရှိတတ်ပါတယ်။ ?‍♂️ဒီတစ်ပတ်မှာတော့ သူငယ်ချင်းတို့အတွက် အချိန်ကို အကျိုးရှိရှိအသုံးချနိုင်ပြီး အလွန်အသုံးဝင်စေမယ့် Audio Book နဲ့မိတ်ဆက်ပေးပါရစေ။ ?‍♂️ ?‍♂️Audio Book ဆိုတာကတော့ ကျွန်တော်တို့ဖတ်ချင်တဲ့ စာအုပ်ကစာတွေကို အသံလှိုင်းအနေနဲ့ အသွင်ပြောင်းထားတဲ့ စာသားနဲ့ အတူ အသံပါ ပူးတွဲပါဝင်တဲ့ စာအုပ်တွေပဲ ဖြစ်ပါတယ်။ ၁၉၅၃ ခုနှစ်ကတည်းက ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ ?Audio Bookတွေက ကျွန်တော်တို့ရဲ့ အားလပ်ချိန်တွေကို အကျိုးရှိရှိကုန်ဆုံးနိုင်စေရန် အထောက်အပံ့ ကောင်းကောင်းပေးနိုင်မှာဖြစ်ပါတယ်။? ?လမ်းသွားရင်း သီချင်းနားထောင်တဲ့အချိန်တွေကိုလည်း Audio Book နဲ့ အစားထိုးပြီး ဗဟုသုတ အသိပညာ တိုးပွားအောင် […]

How To Become Emotionally Strong

ဘယ်လို စိတ်ဓာတ်ကြံ့ခိုင်အောင် လုပ်ကြမလဲ။

Zawgyi အားလုံးပဲ မင်္ဂလာပါ။ MotivSuccess ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ် ခင်ဗျာ။ သူငယ်ချင်းတို့ရေ ကျွန်တော်တို့အားလုံးဟာ လောကဓံ အနိမ့်အမြင့်ကြားမှာ ဖြတ်သန်းနေကြရတာပါ။ တစ်ခါတစ်လေ လောကဓံရဲ့ ရိုက်ခတ်မှုကြောင့် ကျွန်တော်တို့ ယိုင်လဲခဲ့ရတဲ့ အချိန်တွေရှိပါတယ်။ စိတ်ဓာတ်တွေကျသွားတဲ့ အချိန်တွေ၊ စိတ်ညစ်စရာတွေ ပြည့်နှက်နေတဲ့ အချိန်၊ လောကကြီးကနေ ထွက်သွားချင်တဲ့အချိန်၊ ကိုယ့်ကိုကိုယ် သတ်သေချင်တဲ့ အခိုက်အတန့်တွေ ရှိခဲ့မှာပါ။ ဘယ်လောက်ပဲ စိတ်ဓာတ်ကြံ့ခိုင်တဲ့သူ ဖြစ်ဖြစ် အားပျော့သွားကြပါတယ်။ ပြန်ပြီးစိတ်ဓာတ်ကြံ့ခိုင်အောင်လုပ်ဖို့လည်း အချိန် အနည်းနဲ့ အများ ယူကြရပါတယ်။ ဒီတစ်ခါမှာတော့ သူငယ်ချင်းတို့အတွက် ခက်ခဲတဲ့ ပြဿနာတွေ ကြုံလာရင်တောင်မှ ကိုယ့်စိတ်ကို ပျော့ညံ့မသွားအောင်၊ စိတ်ဓာတ်ကို ကြံ့ခိုင်အောင် ထားနိုင်မယ့် နည်းလမ်းအချို့ထဲကမှ ပထမအပိုင်းကို ဝေမျှပေးလိုက်ပါတယ်နော်။ ပထမအပိုင်းကတော့ အခက်အခဲ၊ စိန်ခေါ်မှုတွေကို ခွဲခြားသုံးသပ်ပြီး […]

Biography Of Gandhi

မဟတ္တမ ဂန္ဒီ (Mahatma Gandhi) ရဲ့ ကိုယ်ရေးအကျဉ်း

Zawgyi အားလုံးပဲ မင်္ဂလာပါ။ MotivSuccess ကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ်ခင်ဗျာ။ ဒီနေ့မှာတော့ အကြမ်းမဖက်ရေးမူကို ကျင့်သုံးပြီး ပြည်သူတွေရဲ့လွတ်လပ်ရေးကို ဆောင်ကြဉ်းပေးခဲ့တဲ့ တစ်နည်းအားဖြင့် အိန္ဒိယနိုင်ငံရဲ့ ဖခင်ကြီးလို့ တင်စားခံရတဲ့ မဟတ္တမ ဂန္ဒီရဲ့ ကိုယ်ရေးအကျဉ်းကို တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။ ‘ကိုယ်ရေးအကျဉ်း’ ငြိမ်းချမ်းရေးအတွက်၊ နိုင်ငံ့လွတ်လပ်ရေးအတွက် ကြိုးစားခဲ့ကြတဲ့ သူရဲကောင်းတွေအများကြီးထဲက တစ်ဦးဖြစ်တဲ့ မဟတ္တမ ဂန္ဒီ ကို အိန္ဒိယ တစ်နိုင်ငံတည်းက သာမက တစ်ကမ္ဘာလုံးကပါ ချစ်ခင်လေးစားကြပါတယ်။ မဟတ္တမ ဂန္ဒီ ကို ၁၈၆၉ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့မှာ ကုန်သည်လူတန်းစားကနေ မွေးဖွားခဲ့တာဖြစ်ပြီး ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့မှာ လုပ်ကြံခံရပြီး ကွယ်လွန်ခဲ့ရတာပါ။ အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေးအတွက် လှုပ်ရှားသူတစ်ဦးဖြစ်ပြီး […]

how to stay under this under weather

? ပူပြင်းတဲ့ ရာသီဥတုမှာ ဘယ်လိုနေထိုင်ကြမလဲ ?

Zawgyi အခုဆိုရင် ရာသီဥတုက အရမ်းပူပြင်းလှပါတယ်။ ရာသီဥတု ပူပြင်းခြင်းကြောင့် ရေဓာတ်ကုန်ခမ်းခြင်း၊ နေမကောင်းခြင်း၊ အပူကြောင့် စိတ်ဖိစီးမှုဖြစ်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ အပူရှပ်ခြင်း စတဲ့ အပူနဲ့ ဆက်စပ်ပြီး နာမကျန်းတာတွေ ဖြစ်လေ့ရှိပါတယ်။ ပူပြင်းတဲ့ ရာသီဥတုမှာ အပူဒဏ်ကို အံတုပြီး ဘယ်လိုနေကြမလဲဆိုတာ ကြည့်လိုက်ကြရအောင်။ ပထမဆုံးကတော့ စားသောက်နေထိုင်ပုံပဲဖြစ်ပါတယ်။ ? ပူပြင်းတဲ့ နွေရာသီမှာ ခန္ဓာကိုယ်ကို အေးချမ်းအောင် ထားပေးနိုင်တာက ရေပါပဲ။ ရေဆာမနေရင်တောင်မှ ရေကို ခန္ဓာကိုယ်အတွက် ခဏ ခဏ သောက်သုံးပေးသင့်ပါတယ်။ အခြား အိုင်ယွန်ဖြည့်အချိုရည်တွေဖြစ်တဲ့ (Pocari Sweat, 100plus ) တို့ကိုလည်း သောက်သုံးနိုင်ပါတယ်။ ? ရေဓာတ် အဆင့်ကို တိုင်းတာနိုင်တဲ့ အကောင်းဆုံးနည်းလမ်းက ဆီးရဲ့ အရောင်ရဲ့ ဖြစ်ပါတယ်။ ကောက်ရိုးအရောင်ထက် […]

8 Tips For A Successful Relationship

Relationship ကို ခိုင်မြဲအောင် ထိန်းသိမ်းပေးနိုင်မယ့် အချက် ၈ ချက်

Zawgyi အားလုံးပဲ မင်္ဂလာပါ။ MotivSuccess ကနေ ပြန်လည် ကြိုဆိုပါရစေ ခင်ဗျာ။ MotivSuccess မှာ နေ့စဉ်နေ့တိုင်း မတူညီတဲ့ ဗဟုသုတရစရာ အကြောင်းအရာလေးတွေ မျှဝေပေးနေကြပါ။ ဒီနေ့ သောကြာနေ့ညလေးမှာတော့ MotivSuccess ရဲ့ ဆယ်ကျော်သက် စာဖတ်ပုရိသတ်တွေအတွက် Relationship နဲ့ ပတ်သက်ပြီး အကြံပြုနိုင်ဖို့ ဆောင်းပါးလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ ခင်ဗျာ။ ကျွန်တော်တို့အားလုံးမှာ ဘဝမှာ အနည်းဆုံး တစ်ကြိမ်တစ်ခါတော့ အချစ်ဆိုတဲ့ အရာနဲ့ ကြုံဆုံခဲ့ကြရမှာပါ။ အကြောင်းအရာ အမျိုးမျိုးကြောင့် လက်လျှော့ခဲ့ရတဲ့ relationship တွေလည်း ရှိသလို အခက်အခဲတွေကို မရမကကျော်ဖြတ်ပြီး အဆုံးရှုံးမခံကြတဲ့ ချစ်သူတွေလည်း အမြောက်အမြားပါ။ Relationship တစ်ခုတည်ဆောက်ပြီဆိုရင် ဖြတ်ကျော်ရမယ့် အခက်အခဲတွေဟာ အလွန်များပြားတာပါ။ ဒီနေ့ ဆောင်းပါးရဲ့ ပထမပိုင်းအနေနဲ့ Relationship […]

How To Maintain Your Health

ကျန်းမာရေးကို ဘယ်လို ထိန်းသိမ်းကြမလဲ

Zawgyi အားလုံးပဲ မင်္ဂလာရှိပြီး ပျော်ရွှင်စရာကောင်းတဲ့ မြန်မာ့နှစ်ဆန်း နှစ်ရက်လေး ဖြစ်ကြပါစေ ခင်ဗျာ။ ဒီနေ့မှာတော့ သူငယ်ချင်းတို့တင် မဟုတ်ဘဲ ကျွန်တော်တို့ လူသားအားလုံးအတွက် အရေးအကြီးဆုံးအရာနဲ့ ဆက်စပ်တဲ့ ဆောင်းပါးလေးနဲ့ မိတ်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ အားလုံးပဲ သိချင်နေကြပြီ ဟုတ်။ ကျွန်တော်တို့တွေဟာ မတူညီတဲ့ ရည်မှန်းချက် ပန်းတိုင်တွေနဲ့ နေ့စဉ် သွားလာလှုပ်ရှား နေကြပါတယ်။ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ကျန်းမာရေးဟာ သိပ်ပြီး အရေးပါလွန်းပါတယ်။ လာဘ်ကြီးတစ်ပါးဖြစ်တဲ့ ကျန်းမာရေးဟာ အခုခေတ်မှာ ဆိုရင် အလှအပရေးရာ အရရော တော်တော့်ကို အရေးပါလာတာတွေ့ရမှာပါ။ ကဲအခုပဲ ကျန်းမာကြံ့ခိုင်အောင် ကျန်းမာရေးကို ဘယ်လို ထိန်းသိမ်းကြမလဲဆိုတာ ကြည့်လိုက်ရအောင်လားဗျာ။ ကျန်းမာရေးအတွက် အစားအသောက်က အရေးကြီးတဲ့ နေရာကနေ ပါဝင်နေပါတယ်။ ကျန်းမာစွာ စားသောက်နေထိုင်ခြင်းက ခန္ဓာကိုယ် […]

10 Motivational Tips To Inspire You To Become Successful

ဘဝမှာ အောင်မြင်လိုသူတွေအတွက် လက်ဆောင်စကား ၁၀ ခွန်း

Zawgyi သူငယ်ချင်းတို့ရေ မျိုးရိုးဗီဇအရ ကျွန်တော်တို့အားလုံးမှာ အောင်မြင်ချင်တဲ့ စိတ်ဆန္ဒဟာပါလာပြီးဖြစ်ပါတယ်။ အိပ်မက်တွေကိုအကောင်အထည်ဖော်ချင်ကြတယ်။ လက်ရှိအခြေအနေထက်ပိုပြီး တိုးတက် အောင်မြင်လိုကြတယ်။ ကျွန်တော်တို့မှာ အောင်မြင်ရမယ်ဆိုတဲ့ပြတ်သားတဲ့ဆုံးဖြတ်ချက်တစ်ခုနဲ့ ပြင်းပြတဲ့ဆန္ဒသာရှိမယ်ဆိုရင် အိပ်မက်တွေဟာ အမှန်တကယ်ဖြစ်လာမှာပါ။ တောင်မည်မျှပင်မြင့်မားပါစေ ဇွဲလုံ့လဝီရိယစိတ်ဓာတ်ပြင်းထန်တဲ့ တောင်တက်သမားရဲ့ဖဝါးအောက်ကိုရောက်ရစမြဲပင်ဖြစ်ပါတယ်။ ဒီပို့စ်မှာ သူငယ်ချင်းတို့အောင်မြင်မှုခရီးလမ်းမှာ အထောက်အကူဖြစ်စေမယ့် အကြံပြုချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။ ၁။ စိတ်ကူးစိတ်သန်းနဲ့ပုံဖော်ကြည့်ရပါမယ်။ ကျွန်တော်တို့ဖြစ်ချင်တဲ့အရာတွေကို မကြာခဏစိတ်ကူးပုံဖော်ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ရဲ့လက်တွေ့ဘဝကို ထင်ဟပ်လာစေနိုင်မှာဖြစ်ပါတယ်။ ပျော်ရွှင်စိတ်ချမ်းသာမှုတွေနဲ့စိတ်ကူးယဉ်ထားတဲ့ အရာတစ်ခုကိုမကြာခဏပြန်ပြန်ပြီးပုံဖော်ပေးတာက ဆန့်ကျင်ဘက်အတွေးတွေပုံရိပ်ထဲပေါ်မလာစေတော့သလို ကိုယ့်ရဲ့ပန်းတိုင်ကို အကောင်အထည်ဖော်ရာမှာလည်း ပိုပြီးအထောက်အကူဖြစ်စေပါတယ်။ ၂။ နေ့စဉ်အလေ့အထ ကျွန်တော်တို့နေ့စဉ်ပုံမှန်လုပ်နေကျ အလုပ်တွေဟာ ကွန်တော်တို့ ရည်ရွယ်စဉ်းစားစရာမလိုဘဲ အားထုန်စရာမလိုဘဲ လုပ်နေတဲ့လုပ်ရိုးလုပ်စဉ်လုပ်ငန်းများဖြစ်ကြပါတယ်။ ( ဥပမာ မနက်အိပ်ရာထမျက်နှာသစ် သွားတိုက်တာ။ ကျွန်တော်တို့ အိပ်ရာထမျက်နှာသစ် သွားတိုက်လုပ်ဖို့ကို ရှည်ရှည်ဝေးဝေး စဉ်းစားနေစရာမလိုသလို ဒါတွေလုပ်ဖို့ကို အရှိန်ယူ အားထုတ်ရတာမျိုးလည်းမရှိပါဘူး။) […]