Menu Close

Relationship ကို ခိုင္ျမဲေအာင္ ထိန္းသိမ္းေပးႏိုင္မယ့္ အခ်က္ ၈ ခ်က္

8 Tips For A Successful Relationship

Zawgyi

အားလံုးပဲ မဂၤလာပါ။ MotivSuccess ကေန ျပန္လည္ ႀကိဳဆိုပါရေစ ခင္ဗ်ာ။ MotivSuccess မွာ ေန႔စဥ္ေန႔တိုင္း မတူညီတဲ့ ဗဟုသုတရစရာ အေၾကာင္းအရာေလးေတြ မၽွေဝေပးေနၾကပါ။ ဒီေန႔ ေသာၾကာေန႔ညေလးမွာေတာ့ MotivSuccess ရဲ႕ ဆယ္ေက်ာ္သက္ စာဖတ္ပုရိသတ္ေတြအတြက္ Relationship နဲ႔ ပတ္သက္ၿပီး အၾကံျပဳႏိုင္ဖို႔ ေဆာင္းပါးေလးတစ္ပုဒ္နဲ႔ မိတ္ဆက္ေပးပါရေစ ခင္ဗ်ာ။

ကၽြန္ေတာ္တို႔အားလံုးမွာ ဘဝမွာ အနည္းဆံုး တစ္ႀကိမ္တစ္ခါေတာ့ အခ်စ္ဆိုတဲ့ အရာနဲ႔ ၾကံဳဆံုခဲ့ၾကရမွာပါ။ အေၾကာင္းအရာ အမ်ိဳးမ်ိဳးေၾကာင့္ လက္ေလၽွာ့ခဲ့ရတဲ့ relationship ေတြလည္း ရွိသလို အခက္အခဲေတြကို မရမကေက်ာ္ျဖတ္ၿပီး အဆံုးရႈံးမခံၾကတဲ့ ခ်စ္သူေတြလည္း အေျမာက္အျမားပါ။ Relationship တစ္ခုတည္ေဆာက္ၿပီဆိုရင္ ျဖတ္ေက်ာ္ရမယ့္ အခက္အခဲေတြဟာ အလြန္မ်ားျပားတာပါ။

ဒီေန႔ ေဆာင္းပါးရဲ႕ ပထမပိုင္းအေနနဲ႔ Relationship မွာ ႏွစ္ဦးႏွစ္ဖက္ အေရးႀကီးတဲ့ အရာေလးေတြကို တင္ျပေပးလိုက္ပါတယ္ေနာ္။

၁။ ယံုၾကည္မႈ

ယံုၾကည္မႈက Relationship ရဲ႕ အုတ္ျမစ္ျဖစ္ပါတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ ယံုၾကည္မႈ ဆိုတဲ့ အုတ္ျမစ္မခိုင္မာရင္ ခိုင္မာတဲ့ Relationship ေဆာက္ဖို႔အတြက္ ခက္ခဲမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ တစ္ေယာက္နဲ႔ တစ္ေယာက္ ယံုၾကည္ၾကဖို႔ လိုအပ္ပါတယ္။ ကိုယ့္လက္တြဲေဖာ္ကို တန္ဖိုးထားျမတ္ႏိုးၿပီး အဆံုးရႈံးမခံခ်င္ရင္ေတာ့ ယံုၾကည္မႈကို အလြဲသံုးစား လံုးဝမလုပ္သင့္ပါဘူး။

၂။ ေလးစားမႈ

Reltionship တစ္ခုမွာ ႏွစ္ဦးႏွစ္ဖက္ ေလးစားမႈရွိဖို႔ အလြန္လိုအပ္ပါတယ္။ တစ္ေယာက္ကို တစ္ေယာက္ ေလးစားမႈမရွိရင္ Relationship တစ္ခု အခ်ိန္ၾကာၾကာ တည္ျမဲဖို႔ ခက္ခဲပါလိမ့္မယ္။ ကၽြန္ေတာ္တို႔ အားလံုးဟာ ကိုယ္ပိုင္ဘဝေလးေတြနဲ႔ပါ။ လက္တြဲေဖာ္အေနနဲ႔ တင္ မဟုတ္ပါဘူး။ ေလးစားမွာက မိသားစုအခ်င္းခ်င္း၊ ေမာင္ႏွမ အခ်င္းခ်င္း၊ သူငယ္ခ်င္း၊ မိတ္ေဆြအခ်င္းခ်င္းတင္မက လူ႔ပတ္ဝန္းက်င္မွာ လိုအပ္တဲ့ အေျခံခံ လူက်င့္ဝတ္ပဲ ျဖစ္ပါတယ္။

၃။ ရိုးသားမႈ

Relationship တစ္ခုဟာ အလံုးစံု ၿပီးျပည့္စံုစရာမလိုပါဘူး။ ဒါေပမယ့္ ရိုးသားမႈေတာ့ လိုအပ္ပါတယ္။ ကိုယ့္လက္တြဲေဖာ္အေပၚမွာ ရိုးသားမႈရွိမွသာ တစ္ေယာက္နဲ႔ တစ္ေယာက္ နားလည္မႈ တည္ေဆာက္ရာမွာလည္း လြယ္ကူမွာျဖစ္ပါတယ္။

၄။ သစၥာရွိျခင္း

တစ္ေယာက္နဲ႔ တစ္ေယာက္ သစၥာေစာင့္သိမႈဟာလည္း အလြန္တရာမွ အေရးႀကီးတဲ့ အရာပဲ ျဖစ္ပါတယ္။

၅။ ဆက္ဆံေရး

Relationship တစ္ခုမွာ ဆက္ဆံေရးကလည္း အေရးပါလွပါတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ တန္ဖိုးထားခ်စ္ခင္ၾကတယ္ဆိုရင္ အခ်ိန္ေပးဖို႔ကလည္း အေရးႀကီးလွပါတယ္။

၆။ နားလည္မႈ

နားလည္မႈကိုလည္း Relationship မွာ ပစ္ပယ္ထားလို႔ မရပါဘူး။ တစ္ဦးနဲ႔ တစ္ဦး နားလည္မႈ ရွိဖို႔ကလည္း Relationship မွာ အေျခခံက်တဲ့ အရာပါ။

ကဲ ဒုတိယပိုင္းအေနနဲ႔ Relationship ကို ေအာင္ေအာင္ျမင္ျမင္ တည္ေဆာက္ႏိုင္ဖို႔ အခ်က္ ၈ ခ်က္ကို တင္ျပေပးလိုက္ပါတယ္။

၁။ Relationship မွာ ျပႆနာေလးေတြဆိုတာ ရွိစျမဲပါ။

Relationship မွာ အျမဲ ေပ်ာ္ရႊင္မယ္လို႔ ေမၽွာ္လင့္ထားလို႔ မရပါဘူး။ စိတ္ညစ္စရာ၊ စိတ္ပ်က္စရာေတြနဲ႔ ရင္ဆိုင္ရရင္ေတာင္မွ ကိုယ့္လက္တြဲေဖာ္ကို ပိုၿပီးသိလာႏိုင္တဲ့ အခြင့္အေရးတစ္ခုအေနနဲ႔ အသံုးခ်ပါ။ အေနေဝးေနတဲ့ ခ်စ္သူေတြအတြက္ေတာ့ ခက္ခဲတဲ့ အခ်ိန္ေလးေတြမွာ ကိုယ့္ခ်စ္သူအေပၚအေကာင္းျမင္ေပးရင္ ပိုၿပီး ေပ်ာ္ရႊင္စရာေကာင္းတဲ့ relationship ေလး ျဖစ္သြားမွာပဲ ျဖစ္ပါတယ္။

၂။ ကိုယ့္ ခ်စ္သူကို နားလည္၊ လက္ခံေပးၿပီး အသိအမွတ္ျပဳေပးပါ။

ကို္ယ့္လက္တြဲေဖာ္အတြက္ အခ်ိန္၊ အားထုတ္ၿပီး နားလည္ေအာင္ႀကိဳးစားေပးပါ။ ကုိယ့္ခ်စ္သူကို သူ႔ရဲ႕ ကိုယ္ပိုင္ပံုစံအတိုင္း၊ သူတို႔ရဲ႕ ေဆာင္ရြက္မႈေလးေတြ၊ ႀကိဳးစားမႈေတြကို အသိအမွတ္ျပဳ လက္ခံေပးလိုက္ပါ။

၃။ “ငါတို႔” ဆိုတဲ့ အသံုးအႏႈန္းေလး

ကၽြန္ေတာ္တို႔ဟာ ကုိယ္ကိုတိုင္နဲ႔ ကိုယ့္လက္တြဲေဖာ္ကို ရည္ညႊန္းတဲ့ အခါ “ငါတို႔” ဆိုတဲ့ အသံုးအႏႈန္းေလးက ႏွစ္ေယာက္လံုးက တစ္ခုတည္း ဆိုတာကို သိသာထင္ရွားေစရံုသာမက ႏွစ္ေယာက္လံုးရဲ႕ ဆက္ဆံေရးကိုသာမက ယံုၾကည္မႈကိုလည္း တိုးေစပါတယ္။ ကယ္လီဖိုးနီးယား တကၠသိုလ္က လုပ္တဲ့ စစ္တမ္းအရဆိုရင္ “ကၽြန္ေတာ္” “ကၽြန္မ” ဆိုတဲ့ အသံုးအႏႈန္းကို သံုးတဲ့ သူေတြထက္ “ငါတို႔” ဆိုတဲ့ အသံုးအႏႈန္းကို သံုးတဲ့ ေတြက Relationship မွာ ပိုၿပီး ေပ်ာ္ရႊင္ၿပီး ေအာင္ျမင္က်တယ္လို႔ သိရပါတယ္။

၄။ အသစ္အဆန္းေလးေတြ

တစ္ခါတစ္ေလက်ရင္ Relationship မွာ တစ္ဖက္က နည္းနည္း ၿငီးေငြ႕လာတဲ့ အခါက်ရင္ ျပႆနာေလးေတြရွိလာတတ္ၾကပါတယ္။ အဲ့ဒီအခါၾကရင္ အသစ္အဆန္းေလးေတြ လုပ္ၾကဖို႔လည္း အၾကံေပးလိုက္ပါတယ္။

၅။ တန္ဖိုးထားခ်စ္ခင္ေၾကာင္းလည္း ျပသပါ။

ကိုယ့္လက္တြဲေဖာ္ကို တတ္ဖိုးထား ခ်စ္ခင္တယ္ဆိုတဲ့ အေၾကာင္း၊ ဂရုစိုက္တယ္ဆိုတဲ့ အေၾကာင္း ျပသသင့္ပါတယ္။ အေနေဝးေနတဲ့ ခ်စ္သူေတြအတြက္ဆိုရင္ေတာ့ ဖုန္းေခၚၿပီး သူ႔ကို သတိရေနတယ္၊ သူ႔အေၾကာင္းေတြးေနတယ္ဆိုတဲ့အေၾကာင္းေလးေတြ ေျပာေပးသင့္ပါတယ္။

Related Post :  အာင္ျမင္ဖို႔အတြက္ ဒီအခ်က္ (၅) ခ်က္ကို လိုက္နာေဆာင္႐ြက္ပါ

၆။ အားေပးပါ။

လူတိုင္းက ျပည့္စံုတယ္ဆိုတာေတာ့ မရွိပါဘူး။ ကိုယ့္ခ်စ္သူက အမွားလုပ္ခဲ့မိတာရွိရင္ ဒါမွမဟုတ္ ရံုးမွာ၊ အလုပ္မွာ အဆင္မေျပတာေလးေတြ ရွိတယ္ဆိုရင္ ကိုယ္ေရာ၊ စိတ္ေရာ ႏွစ္သိမ့္ အားေပးေပးပါ။ ကိုယ့္ခ်စ္သူ စိတ္ညစ္ေနတဲ့အခါ သူနဲ႔ စကားေျပာေပးၿပီး၊ သူေျပာတာေလးေတြ နားေထာင္ေပးၿပီး မၾကာခဏ ခ်ီးမြမ္းေပးပါ။ ကိုယ္ကူညီႏိုင္တာေလးေတြရွိရင္လည္း ကူညီေပးလိုက္ပါ။ သူတို႔ အားငယ္ေနတဲ့အခ်ိန္မွာ အရမ္းႀကီး ဆရာႀကီးလုပ္ၿပီး ဗို္လ္လည္း မက်ပါနဲ႔။

၇။ ရည္မွန္းခ်က္ေတြလည္း တူတူ အေကာင္အထည္ေဖာ္ပါ။

အကယ္၍ ခ်စ္သူႏွစ္ေယာက္လံုးက တူညီေသာ ရည္ရြယ္ခ်က္နဲ႔ အလုပ္လုပ္ေနၾကတယ္ဆိုရင္ ရည္မွန္းခ်က္ေလးေတြ အတူတူခ်ၿပီး တစ္ေယာက္နဲ႔ တစ္ေယာက္ ေကာင္းတာေလးေတြကို ျမင္ေပးၿပီး လက္တြဲညီညီ ႀကိဳးစားျခင္းက relationship ကို ပိုၿပီး ခိုင္မာေစမွာပါ။

၈။ တာဝန္၊ ဝတၱရားေတြကိုလည္း ျဖည့္ဆည္းေပးပါ။

Relationship မွာလည္း တာဝန္၊ ဝတၱရားေလးေတြ ရွိပါတယ္။ ကိုယ့္ခ်စ္သူေပ်ာ္ရႊင္ေအာင္ သတိေလးထားေပးၿပီး ျဖည့္ဆည္းေပးသင့္ပါတယ္။ ကိုယ္ကိုတိုင္ ေပ်ာ္ရႊင္ဖို႔လည္း အေရးႀကီးပါေသးတယ္။ ဒါေၾကာင့္ အဆင္မေျပတာေလးေတြရွိရင္ ကိုယ့္ခ်စ္သူကို ေျပာျပသင့္ပါတယ္။

ဒါကေတာ့ သူငယ္ခ်င္းတို႔အတြက္ ေႏြးေထြးေပ်ာ္ရႊင္ခိုင္မာတဲ့ Relationship ကို တည္ေဆာက္ႏိုင္ဖို႔ အခ်က္ ၈ ခ်က္ပဲ ျဖစ္ပါတယ္။ သူငယ္ခ်င္းတို႔အတြက္ အက်ိဳးျပဳႏိုင္မယ္လို႔ ေမၽွာ္လင့္ပါတယ္။ Relationship နဲ႔ သူငယ္ခ်င္းေတြ အားလံုးလည္း ကိုယ္တန္ဖိုးထား ျမတ္ႏိုးရတယ့္ ကိုယ့္ခ်စ္သူနဲ႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ နဲ႔ လမ္းထိပ္မုန္႔ဟင္းခါးဆိုင္ကေန နိဗၺာန္အထိ အတူတူ သြားႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးရင္း နိဂံုးခ်ဳပ္လိုက္ပါတယ္ ခင္ဗ်ာ။

ေဆာင္းပါးေလးကို အဆံုးထိ ဖတ္ရႈေပးၾကတဲ့ သူငယ္ခ်င္းေတြအားလံုးကို အလြန္ပဲ ေက်းဇူးတင္ပါတယ္ ခင္ဗ်ာ။ ကၽြန္ေတာ္တို႔ကို အားေပးတယ္ဆိုရင္ ကၽြန္ေတ္တို႔ရဲ႕ MotivSucces Facebook page ေလးကို Like နဲ႔ Follow လုပ္ေပးၿပီး ဒီ ပို႔စ္ေလးကိုလည္း Share လုပ္ေပးျခင္းျဖင့္ ကၽြန္ေတာ္တို႔ကို ဆန္းသစ္တဲ့ ေဆာင္းပါးေတြ အမ်ားႀကီးထပ္ေရးႏိုင္ဖို႔ စိတ္အားထက္သန္မႈေတြ ပိုမိုတိုးပြားလာေစမွာ ျဖစ္ပါတယ္။ မနက္ျဖန္မွာလည္း သူငယ္ခ်င္းတို႔အတြက္ အသံုးက်ေစမယ့္ ေဆာင္းပါးေတြနဲ႔ ျပန္လာခဲ့ပါ့မယ္ဗ်ာ။ အားလံုးကို ေက်းဇူးတင္ပါတယ္ ခင္ဗ်ာ။

Unicode

Relationship ကို ခိုင်မြဲအောင် ထိန်းသိမ်းပေးနိုင်မယ့် အချက် ၈ ချက်

အားလုံးပဲ မင်္ဂလာပါ။ MotivSuccess ကနေ ပြန်လည် ကြိုဆိုပါရစေ ခင်ဗျာ။ MotivSuccess မှာ နေ့စဉ်နေ့တိုင်း မတူညီတဲ့ ဗဟုသုတရစရာ အကြောင်းအရာလေးတွေ မျှဝေပေးနေကြပါ။ ဒီနေ့ သောကြာနေ့ညလေးမှာတော့ MotivSuccess ရဲ့ ဆယ်ကျော်သက် စာဖတ်ပုရိသတ်တွေအတွက် Relationship နဲ့ ပတ်သက်ပြီး အကြံပြုနိုင်ဖို့ ဆောင်းပါးလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ ခင်ဗျာ။

ကျွန်တော်တို့အားလုံးမှာ ဘဝမှာ အနည်းဆုံး တစ်ကြိမ်တစ်ခါတော့ အချစ်ဆိုတဲ့ အရာနဲ့ ကြုံဆုံခဲ့ကြရမှာပါ။ အကြောင်းအရာ အမျိုးမျိုးကြောင့် လက်လျှော့ခဲ့ရတဲ့ relationship တွေလည်း ရှိသလို အခက်အခဲတွေကို မရမကကျော်ဖြတ်ပြီး အဆုံးရှုံးမခံကြတဲ့ ချစ်သူတွေလည်း အမြောက်အမြားပါ။ Relationship တစ်ခုတည်ဆောက်ပြီဆိုရင် ဖြတ်ကျော်ရမယ့် အခက်အခဲတွေဟာ အလွန်များပြားတာပါ။

ဒီနေ့ ဆောင်းပါးရဲ့ ပထမပိုင်းအနေနဲ့ Relationship မှာ နှစ်ဦးနှစ်ဖက် အရေးကြီးတဲ့ အရာလေးတွေကို တင်ပြပေးလိုက်ပါတယ်နော်။

၁။ ယုံကြည်မှု

ယုံကြည်မှုက Relationship ရဲ့ အုတ်မြစ်ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှု ဆိုတဲ့ အုတ်မြစ်မခိုင်မာရင် ခိုင်မာတဲ့ Relationship ဆောက်ဖို့အတွက် ခက်ခဲမှာ ဖြစ်ပါတယ်။ ဒါကြောင့် တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်ကြဖို့ လိုအပ်ပါတယ်။ ကိုယ့်လက်တွဲဖော်ကို တန်ဖိုးထားမြတ်နိုးပြီး အဆုံးရှုံးမခံချင်ရင်တော့ ယုံကြည်မှုကို အလွဲသုံးစား လုံးဝမလုပ်သင့်ပါဘူး။

၂။ လေးစားမှု

Reltionship တစ်ခုမှာ နှစ်ဦးနှစ်ဖက် လေးစားမှုရှိဖို့ အလွန်လိုအပ်ပါတယ်။ တစ်ယောက်ကို တစ်ယောက် လေးစားမှုမရှိရင် Relationship တစ်ခု အချိန်ကြာကြာ တည်မြဲဖို့ ခက်ခဲပါလိမ့်မယ်။ ကျွန်တော်တို့ အားလုံးဟာ ကိုယ်ပိုင်ဘဝလေးတွေနဲ့ပါ။ လက်တွဲဖော်အနေနဲ့ တင် မဟုတ်ပါဘူး။ လေးစားမှာက မိသားစုအချင်းချင်း၊ မောင်နှမ အချင်းချင်း၊ သူငယ်ချင်း၊ မိတ်ဆွေအချင်းချင်းတင်မက လူ့ပတ်ဝန်းကျင်မှာ လိုအပ်တဲ့ အခြေံခံ လူကျင့်ဝတ်ပဲ ဖြစ်ပါတယ်။

၃။ ရိုးသားမှု

Relationship တစ်ခုဟာ အလုံးစုံ ပြီးပြည့်စုံစရာမလိုပါဘူး။ ဒါပေမယ့် ရိုးသားမှုတော့ လိုအပ်ပါတယ်။ ကိုယ့်လက်တွဲဖော်အပေါ်မှာ ရိုးသားမှုရှိမှသာ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု တည်ဆောက်ရာမှာလည်း လွယ်ကူမှာဖြစ်ပါတယ်။

၄။ သစ္စာရှိခြင်း

တစ်ယောက်နဲ့ တစ်ယောက် သစ္စာစောင့်သိမှုဟာလည်း အလွန်တရာမှ အရေးကြီးတဲ့ အရာပဲ ဖြစ်ပါတယ်။

Related Post :  မဟတၱမ ဂႏၵီ (Mahatma Gandhi) ရဲ႕ ကိုယ္ေရးအက်ဥ္း

၅။ ဆက်ဆံရေး

Relationship တစ်ခုမှာ ဆက်ဆံရေးကလည်း အရေးပါလှပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် တန်ဖိုးထားချစ်ခင်ကြတယ်ဆိုရင် အချိန်ပေးဖို့ကလည်း အရေးကြီးလှပါတယ်။

၆။ နားလည်မှု

နားလည်မှုကိုလည်း Relationship မှာ ပစ်ပယ်ထားလို့ မရပါဘူး။ တစ်ဦးနဲ့ တစ်ဦး နားလည်မှု ရှိဖို့ကလည်း Relationship မှာ အခြေခံကျတဲ့ အရာပါ။

ကဲ ဒုတိယပိုင်းအနေနဲ့ Relationship ကို အောင်အောင်မြင်မြင် တည်ဆောက်နိုင်ဖို့ အချက် ၈ ချက်ကို တင်ပြပေးလိုက်ပါတယ်။

၁။ Relationship မှာ ပြဿနာလေးတွေဆိုတာ ရှိစမြဲပါ။

Relationship မှာ အမြဲ ပျော်ရွှင်မယ်လို့ မျှော်လင့်ထားလို့ မရပါဘူး။ စိတ်ညစ်စရာ၊ စိတ်ပျက်စရာတွေနဲ့ ရင်ဆိုင်ရရင်တောင်မှ ကိုယ့်လက်တွဲဖော်ကို ပိုပြီးသိလာနိုင်တဲ့ အခွင့်အရေးတစ်ခုအနေနဲ့ အသုံးချပါ။ အနေဝေးနေတဲ့ ချစ်သူတွေအတွက်တော့ ခက်ခဲတဲ့ အချိန်လေးတွေမှာ ကိုယ့်ချစ်သူအပေါ်အကောင်းမြင်ပေးရင် ပိုပြီး ပျော်ရွှင်စရာကောင်းတဲ့ relationship လေး ဖြစ်သွားမှာပဲ ဖြစ်ပါတယ်။

၂။ ကိုယ့် ချစ်သူကို နားလည်၊ လက်ခံပေးပြီး အသိအမှတ်ပြုပေးပါ။

ကို်ယ့်လက်တွဲဖော်အတွက် အချိန်၊ အားထုတ်ပြီး နားလည်အောင်ကြိုးစားပေးပါ။ ကိုယ့်ချစ်သူကို သူ့ရဲ့ ကိုယ်ပိုင်ပုံစံအတိုင်း၊ သူတို့ရဲ့ ဆောင်ရွက်မှုလေးတွေ၊ ကြိုးစားမှုတွေကို အသိအမှတ်ပြု လက်ခံပေးလိုက်ပါ။

၃။ “ငါတို့” ဆိုတဲ့ အသုံးအနှုန်းလေး

ကျွန်တော်တို့ဟာ ကိုယ်ကိုတိုင်နဲ့ ကိုယ့်လက်တွဲဖော်ကို ရည်ညွှန်းတဲ့ အခါ “ငါတို့” ဆိုတဲ့ အသုံးအနှုန်းလေးက နှစ်ယောက်လုံးက တစ်ခုတည်း ဆိုတာကို သိသာထင်ရှားစေရုံသာမက နှစ်ယောက်လုံးရဲ့ ဆက်ဆံရေးကိုသာမက ယုံကြည်မှုကိုလည်း တိုးစေပါတယ်။ ကယ်လီဖိုးနီးယား တက္ကသိုလ်က လုပ်တဲ့ စစ်တမ်းအရဆိုရင် “ကျွန်တော်” “ကျွန်မ” ဆိုတဲ့ အသုံးအနှုန်းကို သုံးတဲ့ သူတွေထက် “ငါတို့” ဆိုတဲ့ အသုံးအနှုန်းကို သုံးတဲ့ တွေက Relationship မှာ ပိုပြီး ပျော်ရွှင်ပြီး အောင်မြင်ကျတယ်လို့ သိရပါတယ်။

၄။ အသစ်အဆန်းလေးတွေ

တစ်ခါတစ်လေကျရင် Relationship မှာ တစ်ဖက်က နည်းနည်း ငြီးငွေ့လာတဲ့ အခါကျရင် ပြဿနာလေးတွေရှိလာတတ်ကြပါတယ်။ အဲ့ဒီအခါကြရင် အသစ်အဆန်းလေးတွေ လုပ်ကြဖို့လည်း အကြံပေးလိုက်ပါတယ်။

၅။ တန်ဖိုးထားချစ်ခင်ကြောင်းလည်း ပြသပါ။

ကိုယ့်လက်တွဲဖော်ကို တတ်ဖိုးထား ချစ်ခင်တယ်ဆိုတဲ့ အကြောင်း၊ ဂရုစိုက်တယ်ဆိုတဲ့ အကြောင်း ပြသသင့်ပါတယ်။ အနေဝေးနေတဲ့ ချစ်သူတွေအတွက်ဆိုရင်တော့ ဖုန်းခေါ်ပြီး သူ့ကို သတိရနေတယ်၊ သူ့အကြောင်းတွေးနေတယ်ဆိုတဲ့အကြောင်းလေးတွေ ပြောပေးသင့်ပါတယ်။

၆။ အားပေးပါ။

လူတိုင်းက ပြည့်စုံတယ်ဆိုတာတော့ မရှိပါဘူး။ ကိုယ့်ချစ်သူက အမှားလုပ်ခဲ့မိတာရှိရင် ဒါမှမဟုတ် ရုံးမှာ၊ အလုပ်မှာ အဆင်မပြေတာလေးတွေ ရှိတယ်ဆိုရင် ကိုယ်ရော၊ စိတ်ရော နှစ်သိမ့် အားပေးပေးပါ။ ကိုယ့်ချစ်သူ စိတ်ညစ်နေတဲ့အခါ သူနဲ့ စကားပြောပေးပြီး၊ သူပြောတာလေးတွေ နားထောင်ပေးပြီး မကြာခဏ ချီးမွမ်းပေးပါ။ ကိုယ်ကူညီနိုင်တာလေးတွေရှိရင်လည်း ကူညီပေးလိုက်ပါ။ သူတို့ အားငယ်နေတဲ့အချိန်မှာ အရမ်းကြီး ဆရာကြီးလုပ်ပြီး ဗို်လ်လည်း မကျပါနဲ့။

၇။ ရည်မှန်းချက်တွေလည်း တူတူ အကောင်အထည်ဖော်ပါ။

အကယ်၍ ချစ်သူနှစ်ယောက်လုံးက တူညီသော ရည်ရွယ်ချက်နဲ့ အလုပ်လုပ်နေကြတယ်ဆိုရင် ရည်မှန်းချက်လေးတွေ အတူတူချပြီး တစ်ယောက်နဲ့ တစ်ယောက် ကောင်းတာလေးတွေကို မြင်ပေးပြီး လက်တွဲညီညီ ကြိုးစားခြင်းက relationship ကို ပိုပြီး ခိုင်မာစေမှာပါ။

၈။ တာဝန်၊ ဝတ္တရားတွေကိုလည်း ဖြည့်ဆည်းပေးပါ။

Relationship မှာလည်း တာဝန်၊ ဝတ္တရားလေးတွေ ရှိပါတယ်။ ကိုယ့်ချစ်သူပျော်ရွှင်အောင် သတိလေးထားပေးပြီး ဖြည့်ဆည်းပေးသင့်ပါတယ်။ ကိုယ်ကိုတိုင် ပျော်ရွှင်ဖို့လည်း အရေးကြီးပါသေးတယ်။ ဒါကြောင့် အဆင်မပြေတာလေးတွေရှိရင် ကိုယ့်ချစ်သူကို ပြောပြသင့်ပါတယ်။

ဒါကတော့ သူငယ်ချင်းတို့အတွက် နွေးထွေးပျော်ရွှင်ခိုင်မာတဲ့ Relationship ကို တည်ဆောက်နိုင်ဖို့ အချက် ၈ ချက်ပဲ ဖြစ်ပါတယ်။ သူငယ်ချင်းတို့အတွက် အကျိုးပြုနိုင်မယ်လို့ မျှော်လင့်ပါတယ်။ Relationship နဲ့ သူငယ်ချင်းတွေ အားလုံးလည်း ကိုယ်တန်ဖိုးထား မြတ်နိုးရတယ့် ကိုယ့်ချစ်သူနဲ့ ပျော်ပျော်ရွှင်ရွှင် နဲ့ လမ်းထိပ်မုန့်ဟင်းခါးဆိုင်ကနေ နိဗ္ဗာန်အထိ အတူတူ သွားနိုင်ကြပါစေလို့ ဆုတောင်းပေးရင်း နိဂုံးချုပ်လိုက်ပါတယ် ခင်ဗျာ။

ဆောင်းပါးလေးကို အဆုံးထိ ဖတ်ရှုပေးကြတဲ့ သူငယ်ချင်းတွေအားလုံးကို အလွန်ပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။ ကျွန်တော်တို့ကို အားပေးတယ်ဆိုရင် ကျွန်တေ်တို့ရဲ့ MotivSucces Facebook page လေးကို Like နဲ့ Follow လုပ်ပေးပြီး ဒီ ပို့စ်လေးကိုလည်း Share လုပ်ပေးခြင်းဖြင့် ကျွန်တော်တို့ကို ဆန်းသစ်တဲ့ ဆောင်းပါးတွေ အများကြီးထပ်ရေးနိုင်ဖို့ စိတ်အားထက်သန်မှုတွေ ပိုမိုတိုးပွားလာစေမှာ ဖြစ်ပါတယ်။ မနက်ဖြန်မှာလည်း သူငယ်ချင်းတို့အတွက် အသုံးကျစေမယ့် ဆောင်းပါးတွေနဲ့ ပြန်လာခဲ့ပါ့မယ်ဗျာ။ အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ။

Related Posts