Menu Close

ဆက္ဆံေရးေကာင္းသူေတြရဲ႕ လ်ွိ႕ဝွက္ခ်က္ ၈ ခု

8 Secrets Of Good Communicators

Zawgyi

၂၁ ရာစု (သို႔) ICT (Information, Communication & Technology) ေခတ္မွာ ေျပာဆိုဆက္ဆံေရး(communication) ဟာ အလြန္ကို အေရးပါလာပါတယ္။ Communication Skills ေကာင္းျခင္းဟာ ေက်ာင္းေတြမွာ presentation လုပ္တဲ့ေနရာမွာေသာ္လည္းေကာင္း၊ အလုပ္ အင္တာဗ်ဴး(interview) ေတြမွာေသာ္လည္းေကာင္း၊ ျပႆနာတစ္ခုကို ကိုင္တြယ္ေျဖရွင္းတဲ့ ေနရာမွာေသာ္လည္းေကာင္း သင့္အတြက္ မ်ားစြာ အေထာက္အကူျပဳနိုင္ပါတယ္။ အျခားေကာင္းက်ိဳးေတြလည္း အမ်ားႀကီး ရွိပါေသးတယ္။ သတင္းေကာင္းတစ္ခုကေတာ့ သင့္ရဲ႕ communication skills ကို တိုးတက္ေအာင္ ကူညီေပးနိုင္တဲ့ နည္းလမ္းေတြ ရွိေနပါတယ္။ ထိုနည္းလမ္းေတြကိုသာ သင္ အမွန္တကယ္ လိုက္နာ၊ က်င့္သံုးမယ္ဆိုရင္ အခြင့္အေရးရတဲ့အခါတိုင္း သင့္အေပၚသင္ ယံုၾကည္မႈရွိရွိနဲ႔ ေျပာဆိုဆက္ဆံနိုင္လာမွာပဲ ျဖစ္ပါတယ္။ ထို နည္းလမ္းေတြနဲ႔ ရွင္းလင္းခ်က္ေတြကို ကြၽန္ေတာ္တို႔ Motivsuccess က ေအာက္မွာ တစ္ခ်က္ခ်င္းစီ ေဖာ္ျပေပးထားပါတယ္။

ေျပာဆိုဆက္ဆံေရး(communication) ဆိုတာဘာလဲ?

တကယ္ေတာ့ communication ဆိုတာ ေပးပို႔သူ(ေျပာဆိုသူ)နဲ႔ လက္ခံသူ(နားေထာင္သူ) ၾကားမွာျဖစ္ေပၚတဲ့ စကား (သို႔) အခ်က္အလက္တစ္ခုခုကို ပို႔ေဆာင္ေပးတဲ့ လုပ္ငန္းစဥ္ပဲျဖစ္ပါတယ္။ Communication ကို စကားေျပာျခင္းနဲ႔ လုပ္ေဆာင္နိုင္သလုိ ကုိယ္ လက္အမူအရာ၊ စာအေရးအသားတို႔နဲ႔လည္း လုပ္ေဆာင္နိုင္ပါတယ္။

၁။ သင့္ရဲ႕ ထင္ျမင္ခ်က္ေတြကို ေျပာဖို႔ မေၾကာက္ပါနဲ႔

သင့္ထက္ေတာ္တယ္လို႔ထင္ရသူေတြ ပါဝင္တဲ့ စကားဝိုင္းတစ္ခုမွာ သင္ေရာက္ေနမယ္ဆိုရင္ မ်ားေသာအားျဖင့္ သင္ဟာ သင့္ရဲ႕ထင္ျမင္ခ်က္ေတြကို မေျပာျပပဲ နႈတ္ပိတ္ေနနိုင္ပါတယ္။ တကယ္ဆိုရင္ စကားဝိုင္းမွာရွိတဲ့ လူတိုင္းမွာ မိမိထင္ျမင္ခ်က္ကို ဝင္ေရာက္ေဆြးေႏြးပိုင္ခြင့္ရွိတဲ့အတြက္ ဒီအခြင့္အေရးကို လက္လြတ္မခံသင့္ပါဘူး။ သင့္အေပၚသင္ ယံုၾကည္မႈရွိပါ။ သင္ေျပာတာ မွားသြားမွာကို မေၾကာက္ပါနဲ႔။ သင္ေျပာလိုက္တဲ့ စကားဟာ သူတို႔အတြက္ အသံုးမဝင္ဘူးလို႔ ေတြးမိနိုင္ပါတယ္။ ဒါေပမယ့္ တစ္ခါတစ္ေလ သင့္ရဲ႕ ထင္ျမင္ယူဆခ်က္ဟာ သူတို႔ရွာေဖြေနတဲ့ တစ္ခုတည္းေသာ ေျဖရွင္းခ်က္လည္းျဖစ္နိုင္ပါတယ္။

၂။ မ်က္လံုးကို ၾကည့္ၿပီးေျပာပါ (သို႔) နားေထာင္ပါ (Eye Contact)

စကားေျပာေနတဲ့အခ်ိန္ျဖစ္ျဖစ္၊ နားေထာင္ေနတဲ့အခ်ိန္ပဲျဖစ္ျဖစ္ သင္နဲ႔ Communicate လုပ္ေနသူရဲ႕ မ်က္လံုးကို ၾကည့္ေနသင့္ပါတယ္။ သင္က နားေထာင္သူရဲ႕မ်က္လံုးေတြကိုၾကည့္ၿပီး စကားေျပာေနမယ္ဆိုရင္ သူကလည္း သင္ အတည္ေျပာေနတာဆိုၿပီး ေသေသခ်ာခ်ာ နားေထာင္မွာျဖစ္ပါတယ္။ ဒီလိုပဲ တျခားသူတစ္ေယာက္ေယာက္ စကားေျပာေနတဲ့အခ်ိန္ သင္က သူ႔မ်က္လံုးေတြကိုေသေသခ်ာခ်ာၾကည့္ၿပီး နားေထာင္ေနမယ္ဆိုရင္ သင္တကယ္စိတ္ဝင္တစား နားေထာင္ေနတာကို သူသိတဲ့အတြက္ ေျပာသူနဲ႔ နားေထာင္သူၾကား ပိုၿပီးအခ်ိတ္အဆက္မိမွာျဖစ္ပါတယ္။ Communicate လုပ္တဲ့အခါ Eye Contact သာရွိေနမယ္ဆိုရင္ ေသခ်ာတာက ဒီစကားဝိုင္းမွာ သင္ စိတ္ပါဝင္စားမႈ ရွိ၊ မရွိကို သိနိင္သလို ေျပာေနသူေတြကို ေလးစားမႈ ရွိ၊ မရွိကိုလည္း သိနိုင္ပါတယ္။ (လူအမ်ားေရွ႕မွာ စကားေျပာတဲ့အခါ နားေထာင္ေနသူေတြအားလံုးကို ၾကည့္ျဖစ္ေအာင္ႀကိဳးစားပါ၊ တစ္ေယာက္တည္းကို စိုက္မၾကည့္မိပါေစနဲ႔။)

၃။ စကားကို ရွင္းရွင္းလင္းလင္းေျပာပါ

စကားေျပာတဲ့အခါ ျပတ္ျပတ္သားသားနဲ႔ ရွင္းရွင္းလင္းလင္းေျပာနိုင္ေအာင္ ေလ့က်င့္ပါ။ သင္ေျပာလိုက္တဲ့စကားကို တျခားသူေတြနားမလည္လို႔ သင့္ကို ျပန္ေျပာဖို႔ ေတာင္းဆိုတဲ့အခ်ိန္ေတြရွိနိုင္ပါတယ္။ အဲ့လိုအခ်ိန္မ်ိဳးမွာ စကားကို ပိုမိုရွင္းလင္းေအာင္၊ သူမ်ားနားလည္ရလြယ္ကူေအာင္ ျပန္ေျပာေပးပါ။ တျခားသူေတြဒီလိုျဖစ္ေနရင္လည္း သူတို႔ကို သင္ ျပန္ၿပီး အႀကံျပဳနိုင္ပါတယ္။

၄။ အသံ အေနအထားကုိ ဂရုစိုက္ပါ

Related Post :  သင္​့ရဲ႕ ကိုယ္​ရည္​ကုိယ္​​ေသြးတိုးတက္​မႈကို ျမန္​ျမန္​ဆန္​ဆန္​ ျမႇင္​့တင္​​နိုင္​​ေအာင္​ ကူညီ​ေပးနိုင္​မယ္​့ နည္​းလမ္​း (၁၀) ခု

စကားကို မလိုအပ္ပဲ ျမန္ျမန္မေျပာမိပါေစနဲ႔။ အရမ္းႀကီး မေနွးဖို႔ကိုလည္း သိထားသင့္ပါတယ္။ ထို႔အတူ အသံကို မလိုအပ္ပဲ က်ယ္က်ယ္ မေျပာမိဖို႔ကိုလည္း သတိထားသင့္ပါတယ္။ စကားေျပာတဲ့အခါ အသံအနိမ့္၊ အျမင့္ကို ေကာင္းေကာင္းအသံုးခ်တတ္ဖို႔လည္း အေရးႀကီးပါတယ္။

၅။ ကိုယ္ဟန္အမူအရာကို အသံုးျပဳပါ (Gestures)

အေၾကာင္းအရာတစ္ခုကို ရွင္းျပတဲ့အခါ (သို႔) ေျပာျပတဲ့အခါ ကိုယ္ဟန္ အမူအရာကို အသံုးျပဳပါ။ Gestures ကိုအသံုးမျပဳပဲ စကားသီးသန္႔ေျပာေနမယ္ဆိုရင္လည္း သိပ္အဆင္မေျပပါဘူး။ ေက်ာက္ရုပ္ႀကီးထဲမွာ Sound box ထည့္ၿပီးဖြင့္ထားသလို ျဖစ္ေနပါလိမ့္မယ္။ စကားေျပာတဲ့အခါ ကိုယ္ဟန္ အမူအရာကိုအသံုးျပဳၿပီးေျပာရင္ သင့္အေပၚ လူေတြ စိတ္ဝင္စားမႈ ပိုတိုးလာမွာျဖစ္ပါတယ္။ သင္ေျပာလိုက္တဲ့စကား၊ သံုးလိုက္တဲ့ ကိုယ္ဟန္အမူအရာ၊ မ်က္နွာအေနအထားနဲ႔ အသံအနိမ့္အျမင့္ေတြ ကိုက္ညီမႈရွိဖို႔ေတာ့ လိုအပ္ပါတယ္။

၆။ ကိုယ္ဟန္ အေနအထား (Postures)

တကယ္တမ္း လူေတြနဲ႔ဆက္ဆံလာရတဲ့အခါ သင့္ရဲ႕ ကိုယ္ေနဟန္ထားကလည္း ေတာ္ေတာ္အေရးပါပါတယ္။

ေပါ့ေပါ့ပါးပါး ကိုယ္ေနဟန္ထားရွိတဲ့သူေတြကို မ်ားေသာအားျဖင့္ ဆက္ဆံေရးေကာင္းသူေတြအျဖစ္ သတ္မွတ္နိုင္ပါတယ္။ ေျပာစရာရွိရင္ (သို႔) ေမးစရာတစ္ခုခုရွိရင္ ဒီလိုလူေတြကို အလြယ္တကူ communicate လုပ္နိုင္ပါတယ္။

လက္ပိုက္ၿပီး ရပ္ေနရင္ အဲ့ဒီလိို ကိုယ္ဟန္အေနအထားရွိတဲ့လူကို ေယဘုယ်အားျဖင့္ တျခားသူေတြနဲ႔ လိုိလိုလားလား communicate မလုပ္ခ်င္တဲ့သူအျဖစ္ သတ္မွတ္ပါတယ္။

ကိုယ္ဟန္အေနအထားနဲ႔ပတ္သက္ျပီး ေျပာမယ္ဆိုရင္ေတာ့ ေျပာလို႔ေတာင္ကုန္မယ္မထင္ပါဘူး။

၇။ အျပဳသေဘာေဆာင္ပါ

လူတစ္ေယာက္နဲ႔ တစ္ေယာက္ ေျပာဆိုဆက္ဆံတဲ့အခါ စိတ္ေနစိတ္ထားကလည္း အခရာက်ပါတယ္။ ဒါ့ေၾကာင့္ အျခားသူေတြနဲ႔ ဆက္ဆံတဲ့အခါ ရိုးသားမႈရွိပါ၊ စိတ္ရွည္ရွည္ထားပါ၊ အေကာင္းျမင္စိတ္ေမြးပါ၊ ေလးစားမႈရွိပါ။ သူတို႔ရဲ႕စိတ္ခံစားခ်က္ကို လက္ခံ၊ နားလည္နိုင္ေအာင္ႀကိဳးစားဖို႔ လိုအပ္ေသးသလို သူတို႔ရဲ႕ စြမ္းေဆာင္ရည္ေတြကို ယံုၾကည္၊ လက္ခံဖို႔လည္း ႀကိဳးစားသင့္ပါတယ္။

၈။ နားေထာင္မႈစြမ္းရည္ကို ျမႇင့္တင္ပါ (Listening Skills)

ဆက္ဆံေရးေကာင္းသူတစ္ေယာက္ျဖစ္ဖို႔ စကားေျပာေကာင္းရံုနဲ႔လည္း မလံုေလာက္ေသးပါဘူး။ တစ္ဖက္လူေျပာတဲ့စကားကို ေသေသခ်ာခ်ာနားေထာင္ၿပီး စကားဝိုင္းကို အခ်ိတ္အဆက္မိမိျဖစ္ေအာင္ ေဆာင္႐ြက္နိုင္ဖို႔လည္း လိုအပ္ပါေသးတယ္။ တခ်ိဳ႕လူေတြရွိပါတယ္။ သူမ်ားေျပာတာကိုၿပီးေအာင္ေစာင့္တယ္။ စကားျပတ္တာနဲ႔ ကိုယ္ေျပာခ်င္တဲ့အေၾကာင္းကို အငမ္းမရေျပာေတာ့တာပဲ။ သင္လည္း ဒီလိုလုပ္ေနမယ္ဆိုရင္ ဒါဟာ သင္နဲ႔စကားေျပာသူအတြက္ ေကာင္းက်ိဳးမရွိသလို သင့္အတြက္လည္း ေကာင္းလာမွာမဟုတ္ပါဘူး။ ဒီလိုအက်င့္မ်ိဳးရွိေနရင္ေတာ့ အျမန္ဆံုးေဖ်ာက္ပစ္ဖို႔ တိုက္တြန္းခ်င္ပါတယ္။ တျခားသူေျပာေနတဲ့အခ်ိန္ ေသေသခ်ာခ်ာ အာရံုစိုက္ၿပီးနားေထာင္ပါ။ သူေျပာတဲ့ အေၾကာင္းအရာကို ေဆြးေႏြးပါ။ ေမးခြန္းေတြလည္းေမးနိုင္ပါတယ္။ သင္သာ ဒီလိုလုပ္လိုက္ရင္ သင့္အလွည့္က်တဲ့အခါလည္း သူတို႔ သင္ေျပာတာကို စိတ္ဝင္တစား နားေထာင္ပါလိမ့္မယ္။

အေပၚမွာ ေဖာ္ျပခဲ့တာေတြကေတာ့ ဆက္ဆံေရးေကာင္းသူတစ္ေယာက္ျဖစ္လာဖို႔ လိုအပ္တဲ့ နည္းလမ္း ၈ ခုပဲျဖစ္ပါတယ္။ ဒီေဆာင္​းပါဟာ သူငယ္ခ်င္းအတြက္​ အသံုးဝင္​မယ္​လို႔ ေမ်ွာ္​လင္​့ပါတယ္​။ ေနာက္​လည္​း ဒီ Facebook Page ေပၚမွာ သင္​့အတြက္​ အက်ိဳးရွိမယ္​့ ေဆာင္​းပါေလးေတြ ေရးသားတင္​ျပပါအံုးမယ္​။ အႀကံေပး၊ ေဆြးေႏြးခ်င္​တာရွိရင္​လည္​း Comment (or) Chat Box မွလာေရာက္​ေဆြးေႏြးနိုင္​ပါတယ္​။ ေနာက္​တင္​မယ္​့ပို႔စ္​ေတြကို လက္​မလြတ္​ဖို႔ Like & Follow ေလးလုပ္​ထားနိုင္​ပါတယ္​။ ဒီ Page ကိုကူညီပံ့ပိုးေပးခ်င္​ရင္​ေတာ့ See First ေလးလုပ္​ထားေပးၿပီး၊ ပို႔စ္​ကိုလည္​း Share နိုင္​ပါတယ္​။အဆံုးအထိဖတ္​ေပးလို႔ ေက်းဇူးအမ်ားႀကီးတင္​ပါတယ္​။

Unicode

ဆက်ဆံရေးကောင်းသူတွေရဲ့ လျှိ့ဝှက်ချက် ၈ ခု

Related Post :  အခ်ိန္ကို အက်ိဳးရွိေအာင္ အသံုးခ်ႏိုင္မယ့္ နည္းလမ္း (၁၀)ခု

၂၁ ရာစု (သို့) ICT (Information, Communication & Technology) ခေတ်မှာ ပြောဆိုဆက်ဆံရေး(communication) ဟာ အလွန်ကို အရေးပါလာပါတယ်။ Communication Skills ကောင်းခြင်းဟာ ကျောင်းတွေမှာ presentation လုပ်တဲ့နေရာမှာသော်လည်းကောင်း၊ အလုပ် အင်တာဗျူး(interview) တွေမှာသော်လည်းကောင်း၊ ပြဿနာတစ်ခုကို ကိုင်တွယ်ဖြေရှင်းတဲ့ နေရာမှာသော်လည်းကောင်း သင့်အတွက် များစွာ အထောက်အကူပြုနိုင်ပါတယ်။ အခြားကောင်းကျိုးတွေလည်း အများကြီး ရှိပါသေးတယ်။ သတင်းကောင်းတစ်ခုကတော့ သင့်ရဲ့ communication skills ကို တိုးတက်အောင် ကူညီပေးနိုင်တဲ့ နည်းလမ်းတွေ ရှိနေပါတယ်။ ထိုနည်းလမ်းတွေကိုသာ သင် အမှန်တကယ် လိုက်နာ၊ ကျင့်သုံးမယ်ဆိုရင် အခွင့်အရေးရတဲ့အခါတိုင်း သင့်အပေါ်သင် ယုံကြည်မှုရှိရှိနဲ့ ပြောဆိုဆက်ဆံနိုင်လာမှာပဲ ဖြစ်ပါတယ်။ ထို နည်းလမ်းတွေနဲ့ ရှင်းလင်းချက်တွေကို ကျွန်တော်တို့ Motivsuccess က အောက်မှာ တစ်ချက်ချင်းစီ ဖော်ပြပေးထားပါတယ်။

ပြောဆိုဆက်ဆံရေး(communication) ဆိုတာဘာလဲ?

တကယ်တော့ communication ဆိုတာ ပေးပို့သူ(ပြောဆိုသူ)နဲ့ လက်ခံသူ(နားထောင်သူ) ကြားမှာဖြစ်ပေါ်တဲ့ စကား (သို့) အချက်အလက်တစ်ခုခုကို ပို့ဆောင်ပေးတဲ့ လုပ်ငန်းစဉ်ပဲဖြစ်ပါတယ်။ Communication ကို စကားပြောခြင်းနဲ့ လုပ်ဆောင်နိုင်သလို ကိုယ် လက်အမူအရာ၊ စာအရေးအသားတို့နဲ့လည်း လုပ်ဆောင်နိုင်ပါတယ်။

၁။ သင့်ရဲ့ ထင်မြင်ချက်တွေကို ပြောဖို့ မကြောက်ပါနဲ့

သင့်ထက်တော်တယ်လို့ထင်ရသူတွေ ပါဝင်တဲ့ စကားဝိုင်းတစ်ခုမှာ သင်ရောက်နေမယ်ဆိုရင် များသောအားဖြင့် သင်ဟာ သင့်ရဲ့ထင်မြင်ချက်တွေကို မပြောပြပဲ နှုတ်ပိတ်နေနိုင်ပါတယ်။ တကယ်ဆိုရင် စကားဝိုင်းမှာရှိတဲ့ လူတိုင်းမှာ မိမိထင်မြင်ချက်ကို ဝင်ရောက်ဆွေးနွေးပိုင်ခွင့်ရှိတဲ့အတွက် ဒီအခွင့်အရေးကို လက်လွတ်မခံသင့်ပါဘူး။ သင့်အပေါ်သင် ယုံကြည်မှုရှိပါ။ သင်ပြောတာ မှားသွားမှာကို မကြောက်ပါနဲ့။ သင်ပြောလိုက်တဲ့ စကားဟာ သူတို့အတွက် အသုံးမဝင်ဘူးလို့ တွေးမိနိုင်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေ သင့်ရဲ့ ထင်မြင်ယူဆချက်ဟာ သူတို့ရှာဖွေနေတဲ့ တစ်ခုတည်းသော ဖြေရှင်းချက်လည်းဖြစ်နိုင်ပါတယ်။

၂။ မျက်လုံးကို ကြည့်ပြီးပြောပါ (သို့) နားထောင်ပါ (Eye Contact)

စကားပြောနေတဲ့အချိန်ဖြစ်ဖြစ်၊ နားထောင်နေတဲ့အချိန်ပဲဖြစ်ဖြစ် သင်နဲ့ Communicate လုပ်နေသူရဲ့ မျက်လုံးကို ကြည့်နေသင့်ပါတယ်။ သင်က နားထောင်သူရဲ့မျက်လုံးတွေကိုကြည့်ပြီး စကားပြောနေမယ်ဆိုရင် သူကလည်း သင် အတည်ပြောနေတာဆိုပြီး သေသေချာချာ နားထောင်မှာဖြစ်ပါတယ်။ ဒီလိုပဲ တခြားသူတစ်ယောက်ယောက် စကားပြောနေတဲ့အချိန် သင်က သူ့မျက်လုံးတွေကိုသေသေချာချာကြည့်ပြီး နားထောင်နေမယ်ဆိုရင် သင်တကယ်စိတ်ဝင်တစား နားထောင်နေတာကို သူသိတဲ့အတွက် ပြောသူနဲ့ နားထောင်သူကြား ပိုပြီးအချိတ်အဆက်မိမှာဖြစ်ပါတယ်။ Communicate လုပ်တဲ့အခါ Eye Contact သာရှိနေမယ်ဆိုရင် သေချာတာက ဒီစကားဝိုင်းမှာ သင် စိတ်ပါဝင်စားမှု ရှိ၊ မရှိကို သိနိင်သလို ပြောနေသူတွေကို လေးစားမှု ရှိ၊ မရှိကိုလည်း သိနိုင်ပါတယ်။ (လူအများရှေ့မှာ စကားပြောတဲ့အခါ နားထောင်နေသူတွေအားလုံးကို ကြည့်ဖြစ်အောင်ကြိုးစားပါ၊ တစ်ယောက်တည်းကို စိုက်မကြည့်မိပါစေနဲ့။)

၃။ စကားကို ရှင်းရှင်းလင်းလင်းပြောပါ

စကားပြောတဲ့အခါ ပြတ်ပြတ်သားသားနဲ့ ရှင်းရှင်းလင်းလင်းပြောနိုင်အောင် လေ့ကျင့်ပါ။ သင်ပြောလိုက်တဲ့စကားကို တခြားသူတွေနားမလည်လို့ သင့်ကို ပြန်ပြောဖို့ တောင်းဆိုတဲ့အချိန်တွေရှိနိုင်ပါတယ်။ အဲ့လိုအချိန်မျိုးမှာ စကားကို ပိုမိုရှင်းလင်းအောင်၊ သူများနားလည်ရလွယ်ကူအောင် ပြန်ပြောပေးပါ။ တခြားသူတွေဒီလိုဖြစ်နေရင်လည်း သူတို့ကို သင် ပြန်ပြီး အကြံပြုနိုင်ပါတယ်။

Related Post :  Relationship ကို ခိုင္ျမဲေအာင္ ထိန္းသိမ္းေပးႏိုင္မယ့္ အခ်က္ ၈ ခ်က္

။ အသံ အနေအထားကို ဂရုစိုက်ပါ

စကားကို မလိုအပ်ပဲ မြန်မြန်မပြောမိပါစေနဲ့။ အရမ်းကြီး မနှေးဖို့ကိုလည်း သိထားသင့်ပါတယ်။ ထို့အတူ အသံကို မလိုအပ်ပဲ ကျယ်ကျယ် မပြောမိဖို့ကိုလည်း သတိထားသင့်ပါတယ်။ စကားပြောတဲ့အခါ အသံအနိမ့်၊ အမြင့်ကို ကောင်းကောင်းအသုံးချတတ်ဖို့လည်း အရေးကြီးပါတယ်။

၅။ ကိုယ်ဟန်အမူအရာကို အသုံးပြုပါ (Gestures)

အကြောင်းအရာတစ်ခုကို ရှင်းပြတဲ့အခါ (သို့) ပြောပြတဲ့အခါ ကိုယ်ဟန် အမူအရာကို အသုံးပြုပါ။ Gestures ကိုအသုံးမပြုပဲ စကားသီးသန့်ပြောနေမယ်ဆိုရင်လည်း သိပ်အဆင်မပြေပါဘူး။ ကျောက်ရုပ်ကြီးထဲမှာ Sound box ထည့်ပြီးဖွင့်ထားသလို ဖြစ်နေပါလိမ့်မယ်။ စကားပြောတဲ့အခါ ကိုယ်ဟန် အမူအရာကိုအသုံးပြုပြီးပြောရင် သင့်အပေါ် လူတွေ စိတ်ဝင်စားမှု ပိုတိုးလာမှာဖြစ်ပါတယ်။ သင်ပြောလိုက်တဲ့စကား၊ သုံးလိုက်တဲ့ ကိုယ်ဟန်အမူအရာ၊ မျက်နှာအနေအထားနဲ့ အသံအနိမ့်အမြင့်တွေ ကိုက်ညီမှုရှိဖို့တော့ လိုအပ်ပါတယ်။

၆။ ကိုယ်ဟန် အနေအထား (Postures)

တကယ်တမ်း လူတွေနဲ့ဆက်ဆံလာရတဲ့အခါ သင့်ရဲ့ ကိုယ်နေဟန်ထားကလည်း တော်တော်အရေးပါပါတယ်။

ပေါ့ပေါ့ပါးပါး ကိုယ်နေဟန်ထားရှိတဲ့သူတွေကို များသောအားဖြင့် ဆက်ဆံရေးကောင်းသူတွေအဖြစ် သတ်မှတ်နိုင်ပါတယ်။ ပြောစရာရှိရင် (သို့) မေးစရာတစ်ခုခုရှိရင် ဒီလိုလူတွေကို အလွယ်တကူ communicate လုပ်နိုင်ပါတယ်။

လက်ပိုက်ပြီး ရပ်နေရင် အဲ့ဒီလို ကိုယ်ဟန်အနေအထားရှိတဲ့လူကို ယေဘုယျအားဖြင့် တခြားသူတွေနဲ့ လိုလိုလားလား communicate မလုပ်ချင်တဲ့သူအဖြစ် သတ်မှတ်ပါတယ်။

ကိုယ်ဟန်အနေအထားနဲ့ပတ်သက်ပြီး ပြောမယ်ဆိုရင်တော့ ပြောလို့တောင်ကုန်မယ်မထင်ပါဘူး။

၇။ အပြုသဘောဆောင်ပါ

လူတစ်ယောက်နဲ့ တစ်ယောက် ပြောဆိုဆက်ဆံတဲ့အခါ စိတ်နေစိတ်ထားကလည်း အခရာကျပါတယ်။ ဒါ့ကြောင့် အခြားသူတွေနဲ့ ဆက်ဆံတဲ့အခါ ရိုးသားမှုရှိပါ၊ စိတ်ရှည်ရှည်ထားပါ၊ အကောင်းမြင်စိတ်မွေးပါ၊ လေးစားမှုရှိပါ။ သူတို့ရဲ့စိတ်ခံစားချက်ကို လက်ခံ၊ နားလည်နိုင်အောင်ကြိုးစားဖို့ လိုအပ်သေးသလို သူတို့ရဲ့ စွမ်းဆောင်ရည်တွေကို ယုံကြည်၊ လက်ခံဖို့လည်း ကြိုးစားသင့်ပါတယ်။

၈။ နားထောင်မှုစွမ်းရည်ကို မြှင့်တင်ပါ (Listening Skills)

ဆက်ဆံရေးကောင်းသူတစ်ယောက်ဖြစ်ဖို့ စကားပြောကောင်းရုံနဲ့လည်း မလုံလောက်သေးပါဘူး။ တစ်ဖက်လူပြောတဲ့စကားကို သေသေချာချာနားထောင်ပြီး စကားဝိုင်းကို အချိတ်အဆက်မိမိဖြစ်အောင် ဆောင်ရွက်နိုင်ဖို့လည်း လိုအပ်ပါသေးတယ်။ တချို့လူတွေရှိပါတယ်။ သူများပြောတာကိုပြီးအောင်စောင့်တယ်။ စကားပြတ်တာနဲ့ ကိုယ်ပြောချင်တဲ့အကြောင်းကို အငမ်းမရပြောတော့တာပဲ။ သင်လည်း ဒီလိုလုပ်နေမယ်ဆိုရင် ဒါဟာ သင်နဲ့စကားပြောသူအတွက် ကောင်းကျိုးမရှိသလို သင့်အတွက်လည်း ကောင်းလာမှာမဟုတ်ပါဘူး။ ဒီလိုအကျင့်မျိုးရှိနေရင်တော့ အမြန်ဆုံးဖျောက်ပစ်ဖို့ တိုက်တွန်းချင်ပါတယ်။ တခြားသူပြောနေတဲ့အချိန် သေသေချာချာ အာရုံစိုက်ပြီးနားထောင်ပါ။ သူပြောတဲ့ အကြောင်းအရာကို ဆွေးနွေးပါ။ မေးခွန်းတွေလည်းမေးနိုင်ပါတယ်။ သင်သာ ဒီလိုလုပ်လိုက်ရင် သင့်အလှည့်ကျတဲ့အခါလည်း သူတို့ သင်ပြောတာကို စိတ်ဝင်တစား နားထောင်ပါလိမ့်မယ်။

အပေါ်မှာ ဖော်ပြခဲ့တာတွေကတော့ ဆက်ဆံရေးကောင်းသူတစ်ယောက်ဖြစ်လာဖို့ လိုအပ်တဲ့ နည်းလမ်း ၈ ခုပဲဖြစ်ပါတယ်။ ဒီဆောင်းပါဟာ သူငယ်ချင်းအတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။ နောက်လည်း ဒီ Facebook Page ပေါ်မှာ သင့်အတွက် အကျိုးရှိမယ့် ဆောင်းပါလေးတွေ ရေးသားတင်ပြပါအုံးမယ်။ အကြံပေး၊ ဆွေးနွေးချင်တာရှိရင်လည်း Comment (or) Chat Box မှလာရောက်ဆွေးနွေးနိုင်ပါတယ်။ နောက်တင်မယ့်ပို့စ်တွေကို လက်မလွတ်ဖို့ Like & Follow လေးလုပ်ထားနိုင်ပါတယ်။ ဒီ Page ကိုကူညီပံ့ပိုးပေးချင်ရင်တော့ See First လေးလုပ်ထားပေးပြီး၊ ပို့စ်ကိုလည်း Share နိုင်ပါတယ်။အဆုံးအထိဖတ်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်။

 

Related Posts