Menu Close
8 Parts Of Speech
8 Parts Of Speech
Zawgyi
ဝါစင်္ဂ (၈) မျိုးကတော့
၁။ Noun (နာမ်)
၂။ Pronoun (နာမ်စား)
၃။ Adjective (နာမဝိသေသန)
၎။ Verb (ကြိယာ)
၅။ Adverb (ကြိယာဝိသေသန)
၆။ Preposition (ဝိဘတ်)
၇။ Conjunction (သမ္ဗန္ဓ)
၁။ Noun (နာမ်)
၂။ Pronoun (နာမ်စား)
၃။ Adjective (နာမဝိသေသန)
၎။ Verb (ကြိယာ)
၅။ Adverb (ကြိယာဝိသေသန)
၆။ Preposition (ဝိဘတ်)
Related Post :  စာဖတ်ခြင်းနဲ့ Audio book
၇။ Conjunction (သမ္ဗန္ဓ)
Unicode
ကျွန်တော်တို့တွေ နေ့စဉ်လှုပ်ရှားသွားလာ ပြောဆိုနေထိုင်ရေးမှာ ဘာသာစကားက တစ်ထောင့်တစ်နေရာကနေ အရေးပါလှပါတယ်။ စာပေ၊ ဘာသာစကားတွေက နိုင်ငံ၊ လူမျိုးနဲ့ ယဉ်ကျေးမှုကို မီးမောင်းထိုးပြနိုင်တယ်ဆိုလည်း မမှားပါဘူး။ အစဉ်နဲ့အမျှ ပြောင်းလဲလာတာနှင့်အညီ ကျွန်တော်တို့ နိုင်ငံမှာလည်း အင်္ဂလိပ်ဘာသာ စကားကို လေ့လာသူ အမြောက်အမြားရှိကြပါတယ်။
ဘာသာစကားတွေကို စကားလုံးတွေနဲ့ အဓိပ္ပါယ်ရှိအောင် ကျစ်လျစ်စွာဖွဲ့စည်းတည်ဆောက်ထားတာပါ။ ဒီလို တည်ဆောက်ရာမှာ လိုအပ်တဲ့ အင်္ဂါရပ်အချို့ရှိပါတယ်။ အဲ့ဒီအင်္ဂါရပ်အချို့ကို ဝါစင်္ကဆိုပြီး တင်စားခေါ်ဝေါ်ကြပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့က အင်္ဂလိပ်ဘာသာစကားမှာလည်း အဓိကကျတဲ့ ဝါစင်္ဂ (၈) မျိုးအကြောင်းကို တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။
ဝါစင်္ဂ (၈) မျိုးကတော့
၁။ Noun (နာမ်)
၂။ Pronoun (နာမ်စား)
၃။ Adjective (နာမဝိသေသန)
၄။ Verb (ကြိယာ)
၅။ Adverb (ကြိယာဝိသေသန)
၆။ Preposition (ဝိဘတ်)
၇။ Conjunction (သမ္ဗန္ဓ)
၈။ Interjection (အာမေဋိတ်) တို့ပဲ ဖြစ်ပါတယ်။
၁။ Noun (နာမ်)
သက်ရှိသက်မဲ့၊ ဒြပ်ရှိုဒြပ်မဲ့တို့၏ အမည်ဟူသမျှကို Noun (နာမ်) လို့ ခေါ်ကြပါတယ်။ အများစုရဲ့ ရှေ့မှာ “a” “an” “the” ထည့်သုံးလေ့ရှိပါတယ်။
ဥပမာ။ Ah! I wish me and my girlfriend travel to Europe yearly and visit all amazing sites.
ဒီစာကြောင်းမှာဆိုရင် Noun (နာမ်) တွေက “girlfriend”, “Europe”, “sites” တို့ ဖြစ်ပါတယ်။
၂။ Pronoun (နာမ်စား)
Noun (နာမ်) ကို Pronoun (နာမ်စား) နဲ့ အစားထိုးသုံးလို့ရပါတယ်။
ဥပမာ။ Ah! I wish me and my girlfriend travel to Europe yearly and visit all amazing sites.
ဒီစာကြောင်းမှာဆိုရင် “I”, “me” နဲ့ “my” က Pronoun (နာမ်စား) တွေဖြစ်ပါတယ်။
၃။ Adjective (နာမဝိသေသန)
Adjective (နာမဝိသေသန) က Noun (နာမ်) ကို ပိုပြီး ထူးခြားစေချင်တယ်၊ ပေါ်လွင်စေချင်တယ် ဆိုရင် Adjective (နာမဝိသေသန) ကို သုံးကြပါတယ်။
Related Post :  ကျန်းမာရေးကို ဘယ်လို ထိန်းသိမ်းကြမလဲ
ဥပမာ စာကြောင်းမှာဆိုရင် sites ဆိုတဲ့ Noun (နာမ်) ကို ပိုပြီး ပေါ်လွင်စေချင်တဲ့ အတွက် ကျွန်တော်တို့ “amazing” နဲ့ “all” ဆိုတဲ့ Adjective (နာမဝိသေသန) ကို သုံးလိုက်ပါတယ်။
၄။ Verb (ကြိယာ)
Verb (ကြိယာ) ကတော့ ကျွန်တော်တို့ရဲ့ ပြုမူဆောင်ရွက်မှုတွေ၊ သူ့ဘာသာ ဖြစ်နေတဲ့ လှုပ်ရှားမှုတွေနဲ့ ရှိခြင်း၊ ဖြစ်တည်ခြင်းတဲ့ အရာတွေကို ဖော်ပြတဲ့ ပုဒ်တစ်ခုပဲ ဖြစ်ပါတယ်။
ဥပမာ။ Ah! I wish me and my girlfriend travel to Europe yearly and visit all amazing sites.
ဒီ ဥပမာ စာကြောင်းမှာဆိုရင် “wish”, “travel” နဲ့ “visit” တို့က ပြုမူဆောင်ရွက်ခြင်း အမူအရာကို ပြတဲ့ ကြိယာတွေပဲ ဖြစ်ပါတယ်။
၅။ Adverb (ကြိယာဝိသေသန)
Adverb (ကြိယာဝိသေသန) က နာမဝိသေသန နဲ့ ဆင်ဆင်တူပါတယ်။ Adverb (ကြိယာဝိသေသန) က Verb (ကြိယာ) ကို ပိုပြီး လေးနက်စေချင်တဲ့အခါ အသုံးပြုပါတယ်။
ဥပမာ။ Ah! I wish me and my girlfriend travel to Europe yearly and visit all amazing sites.
ဥပမာ စာကြောင်းမှာဆိုရင် travel ဆိုတဲ့ ခရီးထွက်ခြင်းဆိုတဲ့ (ကြိယာ) ကို ဘယ်လို သွားချင်တာလဲဆိုပြီး ပိုပြီးလေးနက်စေချင်တဲ့အတွက် ကျွန်တော်တို့ “yearly”ဆိုတဲ့ Adverb (ကြိယာဝိသေသန) ကို အသုံးပြုပါတယ်။
၆။ Preposition (ဝိဘတ်)
Preposition (ဝိဘတ်) ကတော့ Noun(နာမ်စား)၊ Pronoun (နာမ်စား)၊ Verb (ကြိယာ) ရဲ့ နောက်မှာ ရှိကြပါတယ်။ Preposition (ဝိဘတ်) က ရှေ့ကပုဒ်ကို ပိုပြီးလေးနက်စေပြီး နောက်က ပုဒ်ကို ဆက်စပ်အထူးပြုပေးပါတယ်။
ဥပမာ။ Ah! I wish me and my girlfriend travel to Europe yearly and visit all amazing sites.
ဥပမာ စာကြောင်းမှာဆိုရင် “to” ဆိုတဲ့ Preposition (ဝိဘတ်) က ရှေ့က “Travel” ဆိုတဲ့ Verb ကို ပိုပြီးလေးနက်စေပြီး နောက်က “Europe” ဆိုတဲ့ Noun နဲ့ ဆက်စပ်ပြီး အထူးပြုပေးပါတယ်။
၇။ Conjunction (သမ္ဗန္ဓ)
Conjunction (သမ္ဗန္ဓ) က ပုဒ်အချင်းချင်း (ဒါမမဟုတ်) ဝါကျအချင်းချင်း (သို့မဟုတ်) အဓိပ္ပါယ်အချင်းချင်း ဆက်စပ်ပေးပါတယ်။
ဥပမာ။ Ah! I wish me and my girlfriend travel to Europe yearly and visit all amazing sites.
ဥပမာမှာဆိုရင် Conjunction ဖြစ်တဲ့ “and” ကို “me” ဆိုတဲ့ “pronoun” နဲ့ “my girlfriend” ဆိုတဲ့ “noun” ဖြစ်တဲ့ ပုဒ်နှစ်ခုကို ဆက်စပ်ထားပါတယ်။ ပြီးတော့ နောက် “and” တစ်လုံးက အရှေ့က စာကြောင်းနဲ့ အနောက်က စာကြောင်းနှစ်ခုကို ဆက်ထားတာ ဖြစ်ပါတယ်။
၈။ Interjection ( အာမေဋိတ်)
Interjection ( အာမေဋိတ်) ကတော့ ထိတ်လန့်ခြင်း၊ ဝမ်းသာခြင်း၊ အံ့ဩခြင်းစတဲ့ တစ်စုံတစ်ခုသော အကြောင်းကြောင်းကြောင့် စိတ်လှုပ်ရှားပြီး နှုတ်မှ ရုတ်တရက် ထွက်ပေါ်လာတဲ့ အသံပဲ ဖြစ်ပါတယ်။
ဥပမာ။ Ah! I wish me and my girlfriend travel to Europe yearly and visit all amazing sites.
ဥပမာ စာကြောင်း အစမှာ “Ah!” ဆိုတဲ့ အာမေဋိတ်ကို ထည့်ထားတာ တွေ့ရမှာပါ။
ဥပမာ စာကြောင်းမှာ ဝါစင်္က (၈) မျိုးလုံးပါပြီး နားလည်ရလွယ်ကူအောင် ရေးသားထားပါတယ် ခင်ဗျာ။ အပေါ်မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးလေးကတော့ အင်္ဂလိပ်ဘာသာစကားလေ့လာနေတဲ့ သူတွေအတွက်ရော၊ နေ့စဉ်သုံးနေတဲ့ သူတွေအတွက်ပါ အသံဝင်စေမယ့် ဝါစင်္က (၈) မျိုး အကြောင်းပဲ ဖြစ်ပါတယ် ခင်ဗျာ။ သူငယ်ချင်းတို့ ဝါစင်္က (၈) မျိုးကို မှန်မှန်ကန်ကန် သုံးနိုင်ပြီး အကျိုးရှိစေနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်ခင်ဗျာ။
Related Posts