Menu Close

သိထားသင့္တဲ့ ေခါင္းေဆာင္မွုပုံစံ (၇) မ်ိဳး

7vTypes Of Leadership

Zawgyi

အားလုံး မဂၤလာပါ။ ဗုဒၶဟူးေန႔တိုင္းမွာျပဳလုပ္တဲ့ MotivSuccess ရဲ့ Leadership (ေခါင္းေဆာင္မွု) အစီအစဥ္ကေနႀကိဳဆိုပါတယ္။ စာဖတ္ပုရိတ္သတ္ေတြအတြက္ ဒီေန႔ယူေဆာင္လာတဲ့ ေခါင္းစဥ္ကေတာ့ ‘သိထားသင့္တဲ့ ေခါင္းေဆာင္မွုပုံစံ (၇) မ်ိဳး’ ပဲျဖစ္ပါတယ္။

ေခါင္းေဆာင္မွုပုံစံေတြကို မေဖာ္ျပခင္ ဦးစြာ ေခါင္းေဆာင္မွု အေၾကာင္းကို ရွင္းျပခ်င္ပါတယ္။ ေခါင္းေဆာင္မွုဆိုတာ လုပ္ငန္းတစ္ခု (သို႔) လူ႔အဖြဲ႕အစည္းတစ္ခုခုကို ေခါင္းေဆာင္တစ္ေယာက္က ဦးေဆာင္ျခင္းပဲျဖစ္ပါတယ္။ ေခါင္းေဆာင္ေတြရဲ့ အရည္အခ်င္းေၾကာင့္ အလြန္ေအာင္ျမင္တဲ့လုပ္ငန္းေတြရွိသလို ေခါင္းေဆာင္ေတြရဲ့ညံ့ဖ်င္းမွုေၾကာင့္ လုပ္ငန္းရပ္ဆိုင္းရတဲ့အထိ အေျခအေနဆိုးရြားတဲ့ လုပ္ငန္းေတြလဲရွိေနပါတယ္။ ဒါ့ေၾကာင့္ ေခါင္းေဆာင္မွုဟာ အဖြဲ႕အစည္းတိုင္းအတြက္ အင္မတန္အေရးပါတယ္ဆိုတာကိုလည္း မွတ္သားသင့္ပါတယ္။

၁။ ဒီမိုခရက္တစ္ ေခါင္းေဆာင္မွု (Democratic Leadership)

ဒီမိုခရက္တစ္ ေခါင္းေဆာင္မွုအမ်ိဳးအစားမွာ အဖြဲ႕အစည္းအတြင္းမွာရွိတဲ့ အဖြဲ႕ဝင္တစ္ေယာက္ခ်င္းစီရဲ့ အႀကံျပဳခ်က္ကိုရယူၿပီး ေခါင္းေဆာင္က ဆုံးျဖတ္ခ်က္ခ်ရပါတယ္။ ဆိုလိုသည္မွာ ေခါင္းေဆာင္က ေနာက္ဆုံး ဆုံးျဖတ္ခ်က္ကို ခ်မွတ္ရတာျဖစ္ေပမယ့္ အဖြဲ႕ဝင္တိုင္းမွာ တူညီတဲ့ ေျပာပိုင္ခြင့္၊ အႀကံေပးပိုင္ခြင့္ ရွိေနပါတယ္။

ဒီမိုခရက္တစ္ ေခါင္းေဆာင္မွုအမ်ိဳးအစားကို ထိေရာက္မွုအရွိဆုံး ေခါင္းေဆာင္မွု အမ်ိဳးအစားေတြထဲက တစ္ခုအျဖစ္ သတ္မွတ္ထားပါတယ္။ အေၾကာင္းမွာ ေအာက္ေျခသိမ္း ဝန္ထမ္းေတြကအစ လုပ္ပိုင္ခြင့္နဲ႔ ဆုံးျဖတ္ပိုင္ခြင့္ေတြ ရွိေနလို႔ပဲျဖစ္ပါတယ္။ ဒီေခါင္းေဆာင္မွုစနစ္ဟာ ကုမၸဏီေတြမွာ ျပဳလုပ္ေလ့ရွိတဲ့ BOD(Board Of Directors) meeting နဲ႔ဆင္တူတာေၾကာင့္ အဖြဲ႕ဝင္ေတြ ရာထူးႀကီးေပးအပ္ျခင္း ခံရတဲ့အခါမွာလည္း လုပ္ငန္းသေဘာကို နားလည္ၿပီးသားျဖစ္ေနပါလိမ့္မယ္။

မွတ္ခ်က္ – ေတာ္ေတာ္ထိေရာက္မွုရွိ

၂။ ေအာ္တိုခရက္တစ္ ေခါင္းေဆာင္မွု (Autocratic Leadership)

ေအာ္တိုခရက္တစ္ ေခါင္းေဆာင္မွုအမ်ိဳးအစားဟာ ဒီမိုခရက္တစ္ ေခါင္းေဆာင္မွုနဲ႔ ေျပာင္းျပန္ျဖစ္ေနတာကို ေတြ႕ရပါတယ္။ ဒီေခါင္းေဆာင္မွုစနစ္မွာ တျခားအဖြဲ႕ဝင္ေတြက ေခါင္းေဆာင္ကို အႀကံေပးတာမ်ိဳးလုပ္ခဲ့ရင္ေတာင္ မည္သူတစ္ဦးတစ္ေယာက္ရဲ့ အႀကံကိုမွမယူဘဲ ေခါင္းေဆာင္ကပဲ ဆုံးျဖတ္ခ်က္ခ်ေလ့ရွိပါတယ္။ တစ္ေသြး၊ တစ္သံ၊ တစ္မိန႔္ ဆိုတဲ့အတိုင္း ေခါင္းေဆာင္က ခ်မွတ္ထားတဲ့ ပန္းတိုင္ကို တေသြမတိန္း လိုက္နာ၊ လုပ္ေဆာင္ၾကရပါတယ္။

၂၁ ရာစုမွာေတာ့ ဒီေခါင္းေဆာင္မွု စနစ္ဟာ ေပ်ာက္ကြယ္လာၿပီျဖစ္ပါတယ္။ ဒီစနစ္ကို ဆက္လက္သုံးစြဲေနမယ္ဆိုရင္လည္း အဖြဲ႕အစည္း ေအာင္ျမင္မွုအတြက္ အဟန႔္အတားျဖစ္ေနမွာပါ။ အေကာင္းဆုံးအေျဖကေတာ့ အဖြဲ႕ဝင္ေတြ အားလုံးကို တန္းတူအခြင့္အေရးေပးၿပီး ပြင့္လင္းျမင္သာမွုရွိရွိ လုပ္ေဆာင္သြားဖို႔ပါပဲ။

မွတ္ခ်က္ – ထိေရာက္မွုနည္း

၃။ လြတ္လပ္မွုေပးတဲ့ ေခါင္းေဆာင္မွု (Laissez – Faire Leadership)

Laissez – Faire ဆိုတာ ျပင္သစ္ဘာသာစကားက ဆင္းသက္လာတာျဖစ္ၿပီး ‘သူတို႔ကို လုပ္ခြင့္ေပးလိုက္ပါ’ လို႔ အဓိပၸါယ္ျပန္ဆိုနိုင္ပါတယ္။ ဒီေခါင္းေဆာင္မွုကို က်င့္သုံးတဲ့ ေခါင္းေဆာင္ေတြဟာ တျခားအဖြဲ႕ဝင္ေတြကို လုပ္ပိုင္ခြင့္အားလုံးနီးပါး ေပးထားေလ့ရွိပါတယ္။ ဒီမိုခရက္တစ္ ေခါင္းေဆာင္မွုစနစ္မွာထက္ ဒီစနစ္မွာ လက္ေအာက္ငယ္သားေတြ လုပ္ပိုင္ခြင့္ပိုရွိပါတယ္။

ဒီေခါင္းေဆာင္မွုစနစ္ဟာ လုပ္ငန္းလုပ္ေဆာင္တဲ့အခါ လက္ေအာက္ငယ္သားေတြကို ယုံၾကည္ၿပီး သူတို႔သေဘာအတိုင္း လုပ္ေဆာင္ေစပါတယ္။ ဒီလိုလုပ္ေဆာင္မွုဟာ လက္ေအာက္ငယ္သားေတြရဲ့ တိုးတက္မွုကို အကန႔္အသတ္ျဖစ္ေစၿပီး၊ လုပ္ငန္းရဲ့ အခြင့္အေရးရနိုင္ေျခေတြကိုလည္း ထိခိုက္နိုင္ပါတယ္။ ဒါေၾကာင့္ပဲ ဒီေခါင္းေဆာင္မွုစနစ္ကို အသုံးနည္းပါတယ္။

မွတ္ခ်က္ – တစ္ခါတစ္ရံ ထိေရာက္မွုရွိ

Leadership

၄။ နည္းဗ်ဴဟာေျမာက္ ေခါင္းေဆာင္မွု (Strategic Leadership)

နည္းဗ်ဴဟာေျမာက္ ေခါင္းေဆာင္ေတြဟာ လုပ္ငန္းရဲ့အက်ိဳးအျမတ္ကိုေရာ၊ မိမိရဲ့ အက်ိဳးအျမတ္ကိုပါ စဥ္းစား၊ ခ်င့္ခ်ိန္ၿပီး လုပ္ေဆာင္တတ္သူေတြပါ။ သူတို႔ဟာ လက္ရွိလုပ္ေဆာင္ေနတဲ့ လုပ္ငန္းစဥ္ေတြ စိတ္ခ်ရတဲ့အခ်ိန္မွ အထက္အရာရွိေတြက ေပးအပ္တဲ့ တျခားတာဝန္ေတြကို လက္ခံတတ္ၾကပါတယ္။

ဒီေခါင္းေဆာင္မွုစနစ္ကို လုပ္ငန္းအမ်ားစုမွာ က်င့္သုံးသင့္ပါတယ္။ အေၾကာင္းရင္းမွာ နည္းဗ်ဴဟာေျမာက္ စဥ္းစား၊ ခ်င့္ခ်ိန္ျခင္းဟာ လုပ္ငန္းရွင္ေတြကိုသာမက ဝန္ထမ္းေတြကိုပါ အေထာက္အကူျပဳလို႔ပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ အရည္အခ်င္းမျပည့္မွီတဲ့ ေခါင္းေဆာင္မ်ိဳးနဲ႔ဆိုရင္ေတာ့ ဒီစနစ္ဟာ ေတာ္ေတာ္ကို အႏၲရာယ္ရွိပါတယ္။ ဒီစနစ္ေၾကာင့္ လုပ္ငန္းရဲ့ဦးတည္ခ်က္ကို ေရာက္ေအာင္ အေကာင္းဆုံးလုပ္ေဆာင္ေပးနိုင္သလို၊ လက္ေအာက္ငယ္သားေတြလည္း အလုပ္ကို ေပ်ာ္ေပ်ာ္ရႊင္ရြင္လုပ္ေဆာက္နိုင္ပါတယ္။

မွတ္ခ်က္ – ေတာ္ေတာ္ထိေရာက္မွုရွိ

၅။ ေျပာင္းလဲမွုကိုလိုလားတဲ့ ေခါင္းေဆာင္မွု (Transformational Leadership)

Related Post :  ဘယ္လို စိတ္ဓာတ္ၾကံ့ခိုင္ေအာင္ လုပ္ၾကမလဲ။

ဒီေခါင္းေဆာင္မွုမ်ိဳးဟာ လုပ္ငန္းကို တိုးတက္ေအာင္ လုပ္ငန္းရဲ့ စည္းမ်ဥ္း၊ စည္းကမ္းေတြနဲ႔အညီ အျမဲတမ္း ေျပာင္းလဲ လုပ္ေဆာင္ေပးတတ္ပါတယ္။ ဒီလိုေခါင္းေဆာင္ေတြဟာ ဝန္ထမ္းေတြကို အပတ္စဥ္၊ လစဥ္ ၿပီးစီးေအာင္ လုပ္ရမယ့္ တာဝန္ေတြကို ခ်မွတ္ေပးထားပါတယ္။ ေပးထားတဲ့ တာဝန္ကိုေက်ပြန္ေအာင္ လုပ္ေဆာင္ဖို႔အတြက္ကိုလည္း ဒီေခါင္းေဆာင္ေတြဟာ ဝန္ထမ္းေတြကို ခဏခဏ သတိေပးေလ့ရွိပါတယ္။

ဒီလိုေခါင္းေဆာင္မွုမ်ိဳးကို ေအာင္ျမင္မွု၊ တိုးတက္မွုကို ဦးစားေပးလုပ္ေဆာင္တဲ့၊ ျမန္ျမန္ဆန္ဆန္လိုလားတဲ့ အဖြဲ႕အစည္းေတြမွာ အသုံးျပဳသင့္ပါတယ္။ အေၾကာင္းရင္းမွာ ဝန္ထမ္းေတြ ကိုယ့္တာဝန္ကိုၿပီးစီးေအာင္ လုပ္ခ်င္စိတ္ျဖစ္လာေအာင္ ေခါင္းေဆာင္ေတြက အျမဲတမ္း လွုံ႔ေဆာ္ေပးေနလို႔ပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီလိုေခါင္းေဆာင္မွုမ်ိဳးဟာ ဝန္ထမ္းတိုင္းရဲ့ စိတ္ခံစားခ်က္နဲ႔၊ တိုးတက္မွုကို ဂ႐ုစိုက္မွုေတာ္ေတာ္ေလးကို နည္းပါတယ္။ အဖြဲ႕အစည္း ေအာင္ျမင္မွုကိုသာ အဓိကထားတာပါ။

မွတ္ခ်က္ – တစ္ခါတစ္ရံထိေရာက္မွုရွိ

၆။ ညႇိ့ႏွိုင္းေဆြးေႏြးတဲ့ ေခါင္းေဆာင္မွု (Transactional Leadership)

ဒီေခါင္းေဆာင္မွုစနစ္ဟာ ၂၁ ရာစုရဲ့ အထိေရာက္ဆုံးေခါင္းေဆာင္မွုစနစ္ေတြထဲကတစ္ခုအျဖစ္ သတ္မွတ္ျခင္းခံထားရပါတယ္။ ဒီလိုေခါင္းေဆာင္မွုမ်ိဳးဟာ ဝန္ထမ္းေတြကို ဆုေပး၊ ဒဏ္ေပး စနစ္နဲ႔ အုပ္ခ်ဳပ္ေလ့ရွိပါတယ္။ ဒီေခါင္းေဆာင္မွုရဲ့ ဥပမာတစ္ခုကိုျပရမယ္ဆိုရင္ marketing team တစ္ခုဟာ သတ္မွတ္ထားတဲ့ ေရာင္းကုန္ထက္ပိုၿပီး ေရာင္းရေအာင္ ကူညီေပးနိုင္တယ္ဆိုရင္ သူတို႔ကို ဆုအေနနဲ႔ bonus ေပးပါတယ္။

ဒီေခါင္းေဆာင္မွုမ်ိဳးဟာ ဝန္ထမ္းတစ္ေယာက္ခ်င္းစီရဲ့ ရာထူးနဲ႔ တာဝန္ေတြကို အတိအက်သတ္မွတ္ေပးပါတယ္။ ဒါေပမယ့္ တစ္ခါတစ္ရံ ဆုေပးတာပ်က္ကြက္ခဲ့ရင္ ဝန္ထမ္းေတြဟာ သူတို႔ရဲ့ လုပ္ပိုင္ခြင့္နဲ႔၊ ရပိုင္ခြင့္ေတြကိုသိၿပီး အလုပ္မွာ အာ႐ုံစိုက္မွုေလ်ာ့လာနိုင္ပါတယ္။ ဆိုလိုခ်င္တာကေတာ့ ဝန္ထမ္းေတြ အလုပ္လုပ္ခ်င္စိတ္ ပိုမိုျဖစ္လာေအာင္ ဆုေပး၊ ဒဏ္ေပးစနစ္နဲ႔ သြားေနေပမယ့္ စနစ္ကိုလည္း မပ်က္ကြက္ပဲ လုပ္ငန္းရဲ့ ဦးတည္ခ်က္အတိုင္း လုပ္ေဆာင္ရမွာျဖစ္ပါတယ္။

မွတ္ခ်က္ – တစ္ခါတစ္ရံ ထိေရာက္မွုရွိ

၇။ ဗ်ဴရိုခရက္တစ္ ေခါင္းေဆာင္မွု (Bureaucratic Leadership)

ဗ်ဴရိုခရင္တစ္ ေခါင္းေဆာင္ေတြဟာ စာအုပ္ႀကီးေတြလိုပါပဲ။ သူတို႔ဟာ ေအာ္တိုခရက္တစ္ ေခါင္းေဆာင္ေတြနဲ႔မတူဘဲ လက္ေအာက္ငယ္သားေတြရဲ့ အႀကံကို ထည့္တြက္စဥ္းစားေလ့ရွိပါတယ္။ ဒါေပမယ့္ အဲ့ဒီအႀကံေပးမွုဟာ အဖြဲ႕အစည္းရဲ့ မူဝါဒ၊ လုပ္ရိုးလုပ္စဥ္ေတြနဲ႔ ကိုက္ညီမွုမရွိရင္ ေခါင္းေဆာင္ေတြက ထိုအႀကံေပးမွုကို ထည့္သြင္းစဥ္းစားေလ့မရွိပါဘူး။

ဒီေခါင္းေဆာင္မွုေအာက္မွာရွိတဲ့ ဝန္ထမ္းေတြဟာ ေအာ္တိုခရက္တစ္ ေခါင္းေဆာင္မွုလက္ေအာက္မွာေလာက္ အက်ပ္အတည္းမေတြ႕ၾကပါဘူး။ ဒါေပမယ့္ တျခားေခါင္းေဆာင္မွုပုံစံေတြေလာက္ လြတ္လပ္မွုမရွိတာကေတာ့ အမွန္ပါ။ ဒါက ဝန္ထမ္းေတြရဲ့ တီထြင္၊ ႀကံဆနိုင္စြမ္းကို မ်ားစြာထိခိုက္နိင္ပါတယ္။

မွတ္ခ်က္ – ထိေရာက္မွုနည္း

[quiz-cat id=”232″]

အက်ဥ္းခ်ဳပ္

၁။ ဒီမိုခရက္တစ္ ေခါင္းေဆာင္မွု (Democratic Leadership)
၂။ ေအာ္တိုခရက္တစ္ ေခါင္းေဆာင္မွု (Autocratic Leadership)
၃။ လြတ္လပ္မွုေပးတဲ့ ေခါင္းေဆာင္မွု (Laissez – Faire Leadership)
၄။ နည္းဗ်ဴဟာေျမာက္ ေခါင္းေဆာင္မွု (Strategic Leadership)
၅။ ေျပာင္းလဲမွုကိုလိုလားတဲ့ ေခါင္းေဆာင္မွု (Transformational Leadership)
၆။ ညႇိ့ႏွိုင္းေဆြးေႏြးတဲ့ ေခါင္းေဆာင္မွု (Transactional Leadership)
၇။ ဗ်ဴရိုခရက္တစ္ ေခါင္းေဆာင္မွု (Bureaucratic Leadership)

အေပၚမွာ ေဖာ္ျပထားတာေတြကေတာ့ သင္ ‘သိထားသင့္တဲ့ ေခါင္းေဆာင္မွုပုံစံ ၇ မ်ိဳးပဲ ျဖစ္ပါတယ္။ ဒီ ေခါင္းေဆာင္မွုပုံစံေတြကို သိထားျခင္းအားျဖင့္ တစ္ေန႔ေန႔မွာ ေခါင္းေဆာင္ျဖစ္လာမယ့္ သင့္အတြက္ အက်ိဳးရွိမယ္လို႔ ေမၽွာ္လင့္ပါတယ္။ ဒီလို ေဆာင္းပါးေတြကို အပတ္စဥ္ဖတ္ခ်င္တယ္ဆိုရင္ေတာ့ ကၽြန္ေတာ့္တို႔ရဲ့ Facebook Page ကို Like & See First လုပ္ထားေပးဖို႔ တိုက္တြန္းခ်င္ပါတယ္။ သင့္ အသိမိတ္ေဆြေတြအတြက္ ဒီ post ကို share ရင္း အသိေပးၿပီး ဒါနကုသိုလ္ ယူလိုက္ပါ။ ေက်းဇူးတင္ပါတယ္။

Unicode

သိထားသင့်တဲ့ ခေါင်းဆောင်မှုပုံစံ (၇) မျိုး

Related Post :  စာဖတ္ျခင္းနဲ႔ Audio book

အားလုံး မင်္ဂလာပါ။ ဗုဒ္ဓဟူးနေ့တိုင်းမှာပြုလုပ်တဲ့ MotivSuccess ရဲ့ Leadership (ခေါင်းဆောင်မှု) အစီအစဉ်ကနေကြိုဆိုပါတယ်။ စာဖတ်ပုရိတ်သတ်တွေအတွက် ဒီနေ့ယူဆောင်လာတဲ့ ခေါင်းစဉ်ကတော့ ‘သိထားသင့်တဲ့ ခေါင်းဆောင်မှုပုံစံ (၇) မျိုး’ ပဲဖြစ်ပါတယ်။

ခေါင်းဆောင်မှုပုံစံတွေကို မဖော်ပြခင် ဦးစွာ ခေါင်းဆောင်မှု အကြောင်းကို ရှင်းပြချင်ပါတယ်။ ခေါင်းဆောင်မှုဆိုတာ လုပ်ငန်းတစ်ခု (သို့) လူ့အဖွဲ့အစည်းတစ်ခုခုကို ခေါင်းဆောင်တစ်ယောက်က ဦးဆောင်ခြင်းပဲဖြစ်ပါတယ်။ ခေါင်းဆောင်တွေရဲ့ အရည်အချင်းကြောင့် အလွန်အောင်မြင်တဲ့လုပ်ငန်းတွေရှိသလို ခေါင်းဆောင်တွေရဲ့ညံ့ဖျင်းမှုကြောင့် လုပ်ငန်းရပ်ဆိုင်းရတဲ့အထိ အခြေအနေဆိုးရွားတဲ့ လုပ်ငန်းတွေလဲရှိနေပါတယ်။ ဒါ့ကြောင့် ခေါင်းဆောင်မှုဟာ အဖွဲ့အစည်းတိုင်းအတွက် အင်မတန်အရေးပါတယ်ဆိုတာကိုလည်း မှတ်သားသင့်ပါတယ်။

၁။ ဒီမိုခရက်တစ် ခေါင်းဆောင်မှု (Democratic Leadership)

ဒီမိုခရက်တစ် ခေါင်းဆောင်မှုအမျိုးအစားမှာ အဖွဲ့အစည်းအတွင်းမှာရှိတဲ့ အဖွဲ့ဝင်တစ်ယောက်ချင်းစီရဲ့ အကြံပြုချက်ကိုရယူပြီး ခေါင်းဆောင်က ဆုံးဖြတ်ချက်ချရပါတယ်။ ဆိုလိုသည်မှာ ခေါင်းဆောင်က နောက်ဆုံး ဆုံးဖြတ်ချက်ကို ချမှတ်ရတာဖြစ်ပေမယ့် အဖွဲ့ဝင်တိုင်းမှာ တူညီတဲ့ ပြောပိုင်ခွင့်၊ အကြံပေးပိုင်ခွင့် ရှိနေပါတယ်။

ဒီမိုခရက်တစ် ခေါင်းဆောင်မှုအမျိုးအစားကို ထိရောက်မှုအရှိဆုံး ခေါင်းဆောင်မှု အမျိုးအစားတွေထဲက တစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။ အကြောင်းမှာ အောက်ခြေသိမ်း ဝန်ထမ်းတွေကအစ လုပ်ပိုင်ခွင့်နဲ့ ဆုံးဖြတ်ပိုင်ခွင့်တွေ ရှိနေလို့ပဲဖြစ်ပါတယ်။ ဒီခေါင်းဆောင်မှုစနစ်ဟာ ကုမ္ပဏီတွေမှာ ပြုလုပ်လေ့ရှိတဲ့ BOD(Board Of Directors) meeting နဲ့ဆင်တူတာကြောင့် အဖွဲ့ဝင်တွေ ရာထူးကြီးပေးအပ်ခြင်း ခံရတဲ့အခါမှာလည်း လုပ်ငန်းသဘောကို နားလည်ပြီးသားဖြစ်နေပါလိမ့်မယ်။

မှတ်ချက် – တော်တော်ထိရောက်မှုရှိ

၂။ အော်တိုခရက်တစ် ခေါင်းဆောင်မှု (Autocratic Leadership)

အော်တိုခရက်တစ် ခေါင်းဆောင်မှုအမျိုးအစားဟာ ဒီမိုခရက်တစ် ခေါင်းဆောင်မှုနဲ့ ပြောင်းပြန်ဖြစ်နေတာကို တွေ့ရပါတယ်။ ဒီခေါင်းဆောင်မှုစနစ်မှာ တခြားအဖွဲ့ဝင်တွေက ခေါင်းဆောင်ကို အကြံပေးတာမျိုးလုပ်ခဲ့ရင်တောင် မည်သူတစ်ဦးတစ်ယောက်ရဲ့ အကြံကိုမှမယူဘဲ ခေါင်းဆောင်ကပဲ ဆုံးဖြတ်ချက်ချလေ့ရှိပါတယ်။ တစ်သွေး၊ တစ်သံ၊ တစ်မိန့် ဆိုတဲ့အတိုင်း ခေါင်းဆောင်က ချမှတ်ထားတဲ့ ပန်းတိုင်ကို တသွေမတိန်း လိုက်နာ၊ လုပ်ဆောင်ကြရပါတယ်။

၂၁ ရာစုမှာတော့ ဒီခေါင်းဆောင်မှု စနစ်ဟာ ပျောက်ကွယ်လာပြီဖြစ်ပါတယ်။ ဒီစနစ်ကို ဆက်လက်သုံးစွဲနေမယ်ဆိုရင်လည်း အဖွဲ့အစည်း အောင်မြင်မှုအတွက် အဟန့်အတားဖြစ်နေမှာပါ။ အကောင်းဆုံးအဖြေကတော့ အဖွဲ့ဝင်တွေ အားလုံးကို တန်းတူအခွင့်အရေးပေးပြီး ပွင့်လင်းမြင်သာမှုရှိရှိ လုပ်ဆောင်သွားဖို့ပါပဲ။

မှတ်ချက် – ထိရောက်မှုနည်း

၃။ လွတ်လပ်မှုပေးတဲ့ ခေါင်းဆောင်မှု (Laissez – Faire Leadership)

Laissez – Faire ဆိုတာ ပြင်သစ်ဘာသာစကားက ဆင်းသက်လာတာဖြစ်ပြီး ‘သူတို့ကို လုပ်ခွင့်ပေးလိုက်ပါ’ လို့ အဓိပ္ပါယ်ပြန်ဆိုနိုင်ပါတယ်။ ဒီခေါင်းဆောင်မှုကို ကျင့်သုံးတဲ့ ခေါင်းဆောင်တွေဟာ တခြားအဖွဲ့ဝင်တွေကို လုပ်ပိုင်ခွင့်အားလုံးနီးပါး ပေးထားလေ့ရှိပါတယ်။ ဒီမိုခရက်တစ် ခေါင်းဆောင်မှုစနစ်မှာထက် ဒီစနစ်မှာ လက်အောက်ငယ်သားတွေ လုပ်ပိုင်ခွင့်ပိုရှိပါတယ်။

ဒီခေါင်းဆောင်မှုစနစ်ဟာ လုပ်ငန်းလုပ်ဆောင်တဲ့အခါ လက်အောက်ငယ်သားတွေကို ယုံကြည်ပြီး သူတို့သဘောအတိုင်း လုပ်ဆောင်စေပါတယ်။ ဒီလိုလုပ်ဆောင်မှုဟာ လက်အောက်ငယ်သားတွေရဲ့ တိုးတက်မှုကို အကန့်အသတ်ဖြစ်စေပြီး၊ လုပ်ငန်းရဲ့ အခွင့်အရေးရနိုင်ခြေတွေကိုလည်း ထိခိုက်နိုင်ပါတယ်။ ဒါကြောင့်ပဲ ဒီခေါင်းဆောင်မှုစနစ်ကို အသုံးနည်းပါတယ်။

မှတ်ချက် – တစ်ခါတစ်ရံ ထိရောက်မှုရှိ

Leadership

၄။ နည်းဗျူဟာမြောက် ခေါင်းဆောင်မှု (Strategic Leadership)

နည်းဗျူဟာမြောက် ခေါင်းဆောင်တွေဟာ လုပ်ငန်းရဲ့အကျိုးအမြတ်ကိုရော၊ မိမိရဲ့ အကျိုးအမြတ်ကိုပါ စဉ်းစား၊ ချင့်ချိန်ပြီး လုပ်ဆောင်တတ်သူတွေပါ။ သူတို့ဟာ လက်ရှိလုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေ စိတ်ချရတဲ့အချိန်မှ အထက်အရာရှိတွေက ပေးအပ်တဲ့ တခြားတာဝန်တွေကို လက်ခံတတ်ကြပါတယ်။

ဒီခေါင်းဆောင်မှုစနစ်ကို လုပ်ငန်းအများစုမှာ ကျင့်သုံးသင့်ပါတယ်။ အကြောင်းရင်းမှာ နည်းဗျူဟာမြောက် စဉ်းစား၊ ချင့်ချိန်ခြင်းဟာ လုပ်ငန်းရှင်တွေကိုသာမက ဝန်ထမ်းတွေကိုပါ အထောက်အကူပြုလို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အရည်အချင်းမပြည့်မှီတဲ့ ခေါင်းဆောင်မျိုးနဲ့ဆိုရင်တော့ ဒီစနစ်ဟာ တော်တော်ကို အန္တရာယ်ရှိပါတယ်။ ဒီစနစ်ကြောင့် လုပ်ငန်းရဲ့ဦးတည်ချက်ကို ရောက်အောင် အကောင်းဆုံးလုပ်ဆောင်ပေးနိုင်သလို၊ လက်အောက်ငယ်သားတွေလည်း အလုပ်ကို ပျော်ပျော်ရွှင်ရွင်လုပ်ဆောက်နိုင်ပါတယ်။

မှတ်ချက် – တော်တော်ထိရောက်မှုရှိ

Related Post :  ေဝါဒစ္စနီ(Walt Disney) ရဲ့ ကိုယ္ေရးအက်ဥ္း

၅။ ပြောင်းလဲမှုကိုလိုလားတဲ့ ခေါင်းဆောင်မှု (Transformational Leadership)

ဒီခေါင်းဆောင်မှုမျိုးဟာ လုပ်ငန်းကို တိုးတက်အောင် လုပ်ငန်းရဲ့ စည်းမျဉ်း၊ စည်းကမ်းတွေနဲ့အညီ အမြဲတမ်း ပြောင်းလဲ လုပ်ဆောင်ပေးတတ်ပါတယ်။ ဒီလိုခေါင်းဆောင်တွေဟာ ဝန်ထမ်းတွေကို အပတ်စဉ်၊ လစဉ် ပြီးစီးအောင် လုပ်ရမယ့် တာဝန်တွေကို ချမှတ်ပေးထားပါတယ်။ ပေးထားတဲ့ တာဝန်ကိုကျေပွန်အောင် လုပ်ဆောင်ဖို့အတွက်ကိုလည်း ဒီခေါင်းဆောင်တွေဟာ ဝန်ထမ်းတွေကို ခဏခဏ သတိပေးလေ့ရှိပါတယ်။

ဒီလိုခေါင်းဆောင်မှုမျိုးကို အောင်မြင်မှု၊ တိုးတက်မှုကို ဦးစားပေးလုပ်ဆောင်တဲ့၊ မြန်မြန်ဆန်ဆန်လိုလားတဲ့ အဖွဲ့အစည်းတွေမှာ အသုံးပြုသင့်ပါတယ်။ အကြောင်းရင်းမှာ ဝန်ထမ်းတွေ ကိုယ့်တာဝန်ကိုပြီးစီးအောင် လုပ်ချင်စိတ်ဖြစ်လာအောင် ခေါင်းဆောင်တွေက အမြဲတမ်း လှုံ့ဆော်ပေးနေလို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုခေါင်းဆောင်မှုမျိုးဟာ ဝန်ထမ်းတိုင်းရဲ့ စိတ်ခံစားချက်နဲ့၊ တိုးတက်မှုကို ဂရုစိုက်မှုတော်တော်လေးကို နည်းပါတယ်။ အဖွဲ့အစည်း အောင်မြင်မှုကိုသာ အဓိကထားတာပါ။

မှတ်ချက် – တစ်ခါတစ်ရံထိရောက်မှုရှိ

၆။ ညှိ့နှိုင်းဆွေးနွေးတဲ့ ခေါင်းဆောင်မှု (Transactional Leadership)

ဒီခေါင်းဆောင်မှုစနစ်ဟာ ၂၁ ရာစုရဲ့ အထိရောက်ဆုံးခေါင်းဆောင်မှုစနစ်တွေထဲကတစ်ခုအဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။ ဒီလိုခေါင်းဆောင်မှုမျိုးဟာ ဝန်ထမ်းတွေကို ဆုပေး၊ ဒဏ်ပေး စနစ်နဲ့ အုပ်ချုပ်လေ့ရှိပါတယ်။ ဒီခေါင်းဆောင်မှုရဲ့ ဥပမာတစ်ခုကိုပြရမယ်ဆိုရင် marketing team တစ်ခုဟာ သတ်မှတ်ထားတဲ့ ရောင်းကုန်ထက်ပိုပြီး ရောင်းရအောင် ကူညီပေးနိုင်တယ်ဆိုရင် သူတို့ကို ဆုအနေနဲ့ bonus ပေးပါတယ်။

ဒီခေါင်းဆောင်မှုမျိုးဟာ ဝန်ထမ်းတစ်ယောက်ချင်းစီရဲ့ ရာထူးနဲ့ တာဝန်တွေကို အတိအကျသတ်မှတ်ပေးပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံ ဆုပေးတာပျက်ကွက်ခဲ့ရင် ဝန်ထမ်းတွေဟာ သူတို့ရဲ့ လုပ်ပိုင်ခွင့်နဲ့၊ ရပိုင်ခွင့်တွေကိုသိပြီး အလုပ်မှာ အာရုံစိုက်မှုလျော့လာနိုင်ပါတယ်။ ဆိုလိုချင်တာကတော့ ဝန်ထမ်းတွေ အလုပ်လုပ်ချင်စိတ် ပိုမိုဖြစ်လာအောင် ဆုပေး၊ ဒဏ်ပေးစနစ်နဲ့ သွားနေပေမယ့် စနစ်ကိုလည်း မပျက်ကွက်ပဲ လုပ်ငန်းရဲ့ ဦးတည်ချက်အတိုင်း လုပ်ဆောင်ရမှာဖြစ်ပါတယ်။

မှတ်ချက် – တစ်ခါတစ်ရံ ထိရောက်မှုရှိ

၇။ ဗျူရိုခရက်တစ် ခေါင်းဆောင်မှု (Bureaucratic Leadership)

ဗျူရိုခရင်တစ် ခေါင်းဆောင်တွေဟာ စာအုပ်ကြီးတွေလိုပါပဲ။ သူတို့ဟာ အော်တိုခရက်တစ် ခေါင်းဆောင်တွေနဲ့မတူဘဲ လက်အောက်ငယ်သားတွေရဲ့ အကြံကို ထည့်တွက်စဉ်းစားလေ့ရှိပါတယ်။ ဒါပေမယ့် အဲ့ဒီအကြံပေးမှုဟာ အဖွဲ့အစည်းရဲ့ မူဝါဒ၊ လုပ်ရိုးလုပ်စဉ်တွေနဲ့ ကိုက်ညီမှုမရှိရင် ခေါင်းဆောင်တွေက ထိုအကြံပေးမှုကို ထည့်သွင်းစဉ်းစားလေ့မရှိပါဘူး။

ဒီခေါင်းဆောင်မှုအောက်မှာရှိတဲ့ ဝန်ထမ်းတွေဟာ အော်တိုခရက်တစ် ခေါင်းဆောင်မှုလက်အောက်မှာလောက် အကျပ်အတည်းမတွေ့ကြပါဘူး။ ဒါပေမယ့် တခြားခေါင်းဆောင်မှုပုံစံတွေလောက် လွတ်လပ်မှုမရှိတာကတော့ အမှန်ပါ။ ဒါက ဝန်ထမ်းတွေရဲ့ တီထွင်၊ ကြံဆနိုင်စွမ်းကို များစွာထိခိုက်နိင်ပါတယ်။

မှတ်ချက် – ထိရောက်မှုနည်း

[quiz-cat id=”234″]

အကျဉ်းချုပ်

၁။ ဒီမိုခရက်တစ် ခေါင်းဆောင်မှု (Democratic Leadership)
၂။ အော်တိုခရက်တစ် ခေါင်းဆောင်မှု (Autocratic Leadership)
၃။ လွတ်လပ်မှုပေးတဲ့ ခေါင်းဆောင်မှု (Laissez – Faire Leadership)
၄။ နည်းဗျူဟာမြောက် ခေါင်းဆောင်မှု (Strategic Leadership)
၅။ ပြောင်းလဲမှုကိုလိုလားတဲ့ ခေါင်းဆောင်မှု (Transformational Leadership)
၆။ ညှိ့နှိုင်းဆွေးနွေးတဲ့ ခေါင်းဆောင်မှု (Transactional Leadership)
၇။ ဗျူရိုခရက်တစ် ခေါင်းဆောင်မှု (Bureaucratic Leadership)

အပေါ်မှာ ဖော်ပြထားတာတွေကတော့ သင် ‘သိထားသင့်တဲ့ ခေါင်းဆောင်မှုပုံစံ ၇ မျိုးပဲ ဖြစ်ပါတယ်။ ဒီ ခေါင်းဆောင်မှုပုံစံတွေကို သိထားခြင်းအားဖြင့် တစ်နေ့နေ့မှာ ခေါင်းဆောင်ဖြစ်လာမယ့် သင့်အတွက် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။ ဒီလို ဆောင်းပါးတွေကို အပတ်စဉ်ဖတ်ချင်တယ်ဆိုရင်တော့ ကျွန်တော့်တို့ရဲ့ Facebook Page ကို Like & See First လုပ်ထားပေးဖို့ တိုက်တွန်းချင်ပါတယ်။ သင့် အသိမိတ်ဆွေတွေအတွက် ဒီ post ကို share ရင်း အသိပေးပြီး ဒါနကုသိုလ် ယူလိုက်ပါ။ ကျေးဇူးတင်ပါတယ်။

Related Posts

Leave a Reply