Menu Close

ေအာင္ျမင္၊ ေက်ာ္ၾကားသူေတြရဲ႕ အေလ့အထေကာင္း (၇) ခု

7 Habits Of Highly Effective Teens

Zawgyi

💁‍♂လူတိုင္းဟာ ေအာင္ျမင္မႈကို လိုလားၾကပါတယ္။ ေအာင္ျမင္မႈကို ရယူနိုင္ဖို႔လည္း အၿမဲတမ္းႀကိဳးစားေနၾကပါတယ္။🏃‍♂️ မိမိပန္းတိုင္အတြက္ ႀကိဳးစားေနတဲ့လူေတြရွိသလို ပန္းတိုင္(လမ္း) ေပ်ာက္ေနတဲ့သူေတြလည္း အမ်ားအျပားပါ။ (SMART analysis ကုိအသံုးျပဳၿပီး သင့္ပန္းတိုင္အတြက္ ျပင္ဆင္နိုင္ပါတယ္။) 🌠 သင္ဟာ အနာဂတ္မွာ ေအာင္ျမင္မႈေတြကို ရယူလိုသူတစ္ေယာက္ဆိုရင္ေတာ့ ေသခ်ာတာက ေအာင္ျမင္၊ ေက်ာ္ၾကားသူေတြရဲ႕ အေလ့အထေကာင္း (၇) ခုကို သိထားရမွာျဖစ္ပါတယ္။ ဒီလိုသိထားမွပဲ သူတို႔ဆီက ယူသင့္တာကိုယူ၊ ပယ္သင့္တာကိုပယ္ျပီး သင့္ပန္းတိုင္အတြက္ စနစ္တက်နဲ႔ အေကာင္းဆံုးျပင္ဆင္နို္င္မွာ ျဖစ္ပါတယ္။ 💪🏃‍♂️🌠

၁။ ႀကိဳတင္ျပင္ဆင္ပါ📝

🏆ဘဝမွာ ေအာင္ျမင္ေနသူေတြဟာ အရာရာကို ႀကိဳတင္ျပင္ဆင္ေလ့ ရွိၾကပါတယ္။💁‍♂️ ဒီလို ႀကိဳတင္ျပင္ဆင္မႈရွိမွသာ သင္က သင့္လုပ္ငန္းကို ဘယ္ေလာက္ထိ ထိန္းခ်ဳပ္နိုင္တယ္၊ လႊမ္းမိုးနိုင္တယ္၊ သင့္လုပ္ငန္း ေအာင္ျမင္ဖို႔ လိုအပ္ခ်က္ေတြက ဘာေတြျဖစ္မယ္ စသည္ျဖင့္ သိနိုင္မွာျဖစ္ပါတယ္။ ✨

၂။ 🗓ကိစၥတစ္ခုကို အဆံုးထိ စဥ္းစားၿပီးမွ စတင္လုပ္ေဆာင္ပါ📆

💭 ကိစၥတစ္ခုကို စတင္မလုပ္ေဆာင္ခင္ အဆံုးထိ စဥ္းစားသင့္ပါတယ္။ 💬 သင္ လုပ္မွာက ဘာေတြလဲ? ဘာေၾကာင့္ အဲ့ဒါေတြကို လုပ္မွာလဲ? အဲ့ဒါေတြကို သင္ ဘယ္လိုလုပ္မွာလဲ? သင္ ဘယ္လို အခက္အခဲေတြေတြ႕မွာလဲ? ေတြ႕တဲ့အခက္ခဲေတြကုိ ဘယ္လိုေျဖရွင္းမွာလည္း စသည္ျဖင့္ ေသေသခ်ာခ်ာ စဥ္းစား၊ အေျဖထုတ္ၿပီးမွ စတင္လုပ္ေဆာင္သင့္ပါတယ္။❓💡

၃။ အရင္လုပ္ရမယ့္ ကိစၥကို အရင္လုပ္ပါ ☝️🙋‍♂️

💁‍♂️ကြၽန္ေတာ္တို႔ ျမန္မာစကားမွာ ‘အဓိကနဲ႔ သာမည’ ဆိုတာရွိပါတယ္။ ဘယ္ဟာက အဓိကျဖစ္တဲ့အတြက္ေၾကာင့္ ဘယ္ဟာကိုအရင္လုပ္၊ ဘယ္ဟာက သာမညျဖစ္တဲ့အတြက္ေၾကာင့္ ဘယ္ဟာကုိေနာက္မွလုပ္ စသည္ျဖင့္ လူႀကီးေတြ သြန္သင္ဆံုးမေလ့ရွိပါတယ္။👨👩 ဥပမာ – သင့္ခ်စ္သူနဲ႔ သင္ ရုပ္ရွင္ၾကည့္ဖို႔ ခ်ိန္းထားတယ္ဆိုပါစို႔။🎞💑 သင္တို႔ ရုပ္ရွင္လက္မွတ္ မဝယ္ဘဲ ဒီအတိုင္း ရုပ္ရွင္ရံုထဲဝင္ၾကည့္လို႔ရပါသလား?🤨 🙅‍♂️တကယ္ေတာ့မရပါဘူး။🙅‍♀ 💁‍♀️ရုပ္ရွင္ရံုထဲမွာ ရုပ္ရွင္ၾကည့္ရဖို႔ ပထမဆံုး သင္လုပ္ရမွာက လက္မွတ္ဝယ္ျခင္း ပဲျဖစ္ပါတယ္။😉

၄။ မ်ွမ်ွတတ စဥ္းစားပါ ✅(Win/Win)✅

တစ္ခုခုကို စတင္လုပ္ေဆာင္ေတာ့မယ္ဆိုရင္ နွစ္ဖက္စလံုး အက်ိဳးအျမတ္ ရွိ၊ မရွိ စဥ္းစားပါ။ ❎ သင္ကသာေနမယ္၊ သင္နဲ႔ပူးေပါင္းလုပ္မယ့္သူက နစ္နာေနမယ္၊ ❎ သင္ကနစ္နာေနမယ္၊ သင္နဲ႔ ပူးေပါင္းလုပ္မယ့္သူက သာေနမယ္၊ ❎ သင္နစ္နာသလို၊ သင္နဲ႔ပူးေပါင္းလုပ္တဲ့သူမွာလည္း အက်ိဳးအျမတ္မရွိ။ ✔️ဒါ့ေၾကာင့္ သင္ေရာ သင္နဲ႔ ပူးေပါင္းလုပ္မယ့္သူပါ အက်ိဳးရွိမယ့္ အရာေတြကိုသာ လုပ္ေဆာင္သင့္ပါတယ္။🌱🍀

Related Post :  အာင္ျမင္ဖို႔အတြက္ ဒီအခ်က္ (၅) ခ်က္ကို လိုက္နာေဆာင္႐ြက္ပါ

၅။ လူေတြကို နားလည္ေအာင္ ေလ့လာပါ😇

🤝လူတစ္ေယာက္နဲ႔ တစ္ယာက္ၾကားမွာ ဆက္ဆံေရးဟာ အင္မတန္ အေရးပါပါတယ္။🤝 တျခားသူေတြနဲ႔ ဆက္ဆံေရး အဆင္ေျပခ်င္ရင္ သူတို႔ကို သင္ နားလည္ထားဖို႔ လိုအပ္ပါတယ္။ 💁‍♂️ဘယ္သူက စတာကိုမႀကိဳက္ဘူးလဲ၊ ဘယ္သူက ဘယ္လိုအမူအရာေတြကို ႀကိဳက္တတ္သလဲ စသည္ျဖင့္ သိထားမွသာ သူတို႔နဲ႔ အဆင္ေျပမွာ ျဖစ္ပါတယ္။😎 စကားဝိုင္းတစ္ခုမွာ တျခားသူေတြကို အလွည့္မေပးဘဲ သင္ခ်ည္းပဲ ေျပာေနရင္ တျခားသူေတြရဲ႕ စိတ္ထဲမွာ မ်ားေသာအားျဖင့္ အဆင္ေျပေလ့မရွိပါဘူး။ 😊 ဒါေၾကာင့္ပဲ လူေတြနဲ႔ ေပါင္းသင္းဆက္ဆံေရး အဆင္ေျပဖို႔ လူေတြကို နားလည္ေအာင္ ေလ့လာသင့္ပါတယ္။ 😇

၆။ ပူးေပါင္းအင္အား 👥👥🤝

👥အဖဲြ႕အစည္းတစ္ခု (သို႔) 👨‍👩‍👧‍👦မိသားစုတစ္ခုမွာ ပူးေပါင္းအင္အားဟာ မ်ားစြာ အေရးပါပါတယ္။ တစ္ခါတစ္ရံ သင္တစ္ေယာက္တည္း မလုပ္ေဆာင္နိုင္တဲ့အရာေတြကို သင့္ မိသားစု👨‍👩‍👧‍👦 (သို႔) 👬👭👫သူငယ္ခ်င္းေတြရဲ႕ အကူအညီနဲ႔ လုပ္ေဆာင္နိုင္ပါတယ္။ အလုပ္လုပ္တဲ့ အခ်ိန္မွာလဲ ဒီလိုပါပဲ၊ အလုပ္မွာရွိတဲ့သူေတြအားလံုး ပူးေပါင္းၿပီး စည္းစည္းလံုးလံုးနဲ႔ လုပ္ေဆာင္ရင္ ေအာင္ျမင္မႈကို ရနိုင္ပါတယ္။🏆 စစ္တုရင္ကစားဖူးတဲ့လူတိုင္းသိပါတယ္။ ပြန္း(pawn)တစ္ေကာင္နဲ႔ ဘစ္ေရွာ႔(Bishop) တစ္ေကာင္တဲြထားရင္ အင္အားအႀကီးဆံုးျဖစ္တဲ့ ဘုရင္မ(Queen) အတြက္ေတာင္ ေတာ္ေတာ္ အခက္ေတြ႕ေစပါတယ္။

၇။ အၿမဲတမ္း ေလ့လာပါ📚💻

🗡ဓားဆိုတာ မေသြးဘဲထားရင္ တံုးလာတတ္ပါတယ္။ 🧠 ကြၽန္ေတာ္တို႔ရဲ႕ ဦးေနွာက္ဟာလည္း ဒီလိုပါပဲ။ မသံုးဘဲထားရင္ (သို႔) အသစ္ေတြကိုထပ္မေလ့လာရင္ တံုးသြားတတ္ပါတယ္။ 📚ဗဟုသုတရနိုင္တဲ့ စာေပေတြကို ဖတ္မယ္၊ 💻 ဗီြဒီယိုေတြကို ၾကည့္မယ္ဆိုရင္ သင္ဟာ အဲ့လိုမလုပ္တဲ့လူေတြထက္ အၿမဲတမ္း နွာတစ္ဖ်ားသာေနမွာျဖစ္ၿပီး သင့္ အနာဂတ္အတြက္လည္း အရမ္းကို အေရးပါမွာ ျဖစ္ပါတယ္။ ✨

အေပၚမွာ ေဖာ္ျပထားတာကေတာ့ ‘ေအာင္ျမင္၊ ေက်ာ္ၾကားသူေတြရဲ႕ အေလ့အထေကာင္း (၇) ခု’ ပဲျဖစ္ပါတယ္။ ဒီေဆာင္းပါးဟာ သင့္အတြက္ အလြန္ အသံုးဝင္မယ္လို႔ ကြၽန္ေတာ္ ေမ်ွာ္လင့္ပါတယ္။ (တနဂၤေႏြေန႔တိုင္းမွာ MotivSuccess ကေန အခမဲ့ေဆြးေႏြးေပးတဲ့ အစီအစဥ္ရွိပါတယ္။ အေသးစိတ္ကို Chat Box မွာ လာေရာက္ စံုစမ္းနိုင္ပါတယ္။) ဒီေဆာင္းပါးကို သင့္သူငယ္ခ်င္းေတြကိုလည္း မ်ွေဝနိုင္ပါတယ္။ ဒီလိုေဆာင္းပါးေတြကို အပတ္စဥ္ ဖတ္ခ်င္တယ္ဆိုရင္ေတာ့ ကြၽန္ေတာ္တို႔ Facebook Page ကို Like & See First လုပ္ထားဖို႔ သင့္ကို တုိက္တြန္းခ်င္ပါတယ္။ ေက်းဇူးတင္ပါတယ္။

Unicode

အောင်မြင်၊ ကျော်ကြားသူတွေရဲ့ အလေ့အထကောင်း (၇) ခု

Related Post :  သိထားသင့္တဲ့ ေခါင္းေဆာင္မွုပုံစံ (၇) မ်ိဳး

💁‍♂လူတိုင်းဟာ အောင်မြင်မှုကို လိုလားကြပါတယ်။ အောင်မြင်မှုကို ရယူနိုင်ဖို့လည်း အမြဲတမ်းကြိုးစားနေကြပါတယ်။🏃‍♂️ မိမိပန်းတိုင်အတွက် ကြိုးစားနေတဲ့လူတွေရှိသလို ပန်းတိုင်(လမ်း) ပျောက်နေတဲ့သူတွေလည်း အများအပြားပါ။ (SMART analysis ကိုအသုံးပြုပြီး သင့်ပန်းတိုင်အတွက် ပြင်ဆင်နိုင်ပါတယ်။) 🌠 သင်ဟာ အနာဂတ်မှာ အောင်မြင်မှုတွေကို ရယူလိုသူတစ်ယောက်ဆိုရင်တော့ သေချာတာက အောင်မြင်၊ ကျော်ကြားသူတွေရဲ့ အလေ့အထကောင်း (၇) ခုကို သိထားရမှာဖြစ်ပါတယ်။ ဒီလိုသိထားမှပဲ သူတို့ဆီက ယူသင့်တာကိုယူ၊ ပယ်သင့်တာကိုပယ်ပြီး သင့်ပန်းတိုင်အတွက် စနစ်တကျနဲ့ အကောင်းဆုံးပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။ 💪🏃‍♂️🌠

၁။ ကြိုတင်ပြင်ဆင်ပါ📝

🏆ဘဝမှာ အောင်မြင်နေသူတွေဟာ အရာရာကို ကြိုတင်ပြင်ဆင်လေ့ ရှိကြပါတယ်။💁‍♂️ ဒီလို ကြိုတင်ပြင်ဆင်မှုရှိမှသာ သင်က သင့်လုပ်ငန်းကို ဘယ်လောက်ထိ ထိန်းချုပ်နိုင်တယ်၊ လွှမ်းမိုးနိုင်တယ်၊ သင့်လုပ်ငန်း အောင်မြင်ဖို့ လိုအပ်ချက်တွေက ဘာတွေဖြစ်မယ် စသည်ဖြင့် သိနိုင်မှာဖြစ်ပါတယ်။ ✨

၂။ 🗓ကိစ္စတစ်ခုကို အဆုံးထိ စဉ်းစားပြီးမှ စတင်လုပ်ဆောင်ပါ📆

💭 ကိစ္စတစ်ခုကို စတင်မလုပ်ဆောင်ခင် အဆုံးထိ စဉ်းစားသင့်ပါယ်။ 💬 သင် လုပ်မှာက ဘာတွေလဲ? ဘာကြောင့် အဲ့ဒါတွေကို လုပ်မှာလဲ? အဲ့ဒါတွေကို သင် ဘယ်လိုလုပ်မှာလဲ? သင် ဘယ်လို အခက်အခဲတွေတွေ့မှာလဲ? တွေ့တဲ့အခက်ခဲတွေကို ဘယ်လိုဖြေရှင်းမှာလည်း စသည်ဖြင့် သေသေချာချာ စဉ်းစား၊ အဖြေထုတ်ပြီးမှ စတင်လုပ်ဆောင်သင့်ပါတယ်။❓💡

၃။ အရင်လုပ်ရမယ့် ကိစ္စကို အရင်လုပ်ပါ ☝️🙋‍♂️

💁‍♂️ကျွန်တော်တို့ မြန်မာစကားမှာ ‘အဓိကနဲ့ သာမည’ ဆိုတာရှိပါတယ်။ ဘယ်ဟာက အဓိကဖြစ်တဲ့အတွက်ကြောင့် ဘယ်ဟာကိုအရင်လုပ်၊ ဘယ်ဟာက သာမညဖြစ်တဲ့အတွက်ကြောင့် ဘယ်ဟာကိုနောက်မှလုပ် စသည်ဖြင့် လူကြီးတွေ သွန်သင်ဆုံးမလေ့ရှိပါတယ်။👨👩 ဥပမာ – သင့်ချစ်သူနဲ့ သင် ရုပ်ရှင်ကြည့်ဖို့ ချိန်းထားတယ်ဆိုပါစို့။🎞💑 သင်တို့ ရုပ်ရှင်လက်မှတ် မဝယ်ဘဲ ဒီအတိုင်း ရုပ်ရှင်ရုံထဲဝင်ကြည့်လို့ရပါသလား?🤨 🙅‍♂️တကယ်တော့မရပါဘူး။🙅‍♀ 💁‍♀️ရုပ်ရှင်ရုံထဲမှာ ရုပ်ရှင်ကြည့်ရဖို့ ပထမဆုံး သင်လုပ်ရမှာက လက်မှတ်ဝယ်ခြင်း ပဲဖြစ်ပါတယ်။😉

၄။ မျှမျှတတ စဉ်းစားပါ ✅(Win/Win)✅

တစ်ခုခုကို စတင်လုပ်ဆောင်တော့မယ်ဆိုရင် နှစ်ဖက်စလုံး အကျိုးအမြတ် ရှိ၊ မရှိ စဉ်းစားပါ။ ❎ သင်ကသာနေမယ်၊ သင်နဲ့ပူးပေါင်းလုပ်မယ့်သူက နစ်နာနေမယ်၊ ❎ သင်ကနစ်နာနေမယ်၊ သင်နဲ့ ပူးပေါင်းလုပ်မယ့်သူက သာနေမယ်၊ ❎ သင်နစ်နာသလို၊ သင်နဲ့ပူးပေါင်းလုပ်တဲ့သူမှာလည်း အကျိုးအမြတ်မရှိ။ ✔️ဒါ့ကြောင့် သင်ရော သင်နဲ့ ပူးပေါင်းလုပ်မယ့်သူပါ အကျိုးရှိမယ့် အရာတွေကိုသာ လုပ်ဆောင်သင့်ပါတယ်။🌱🍀

Related Post :  သင္​့ရဲ႕ ကိုယ္​ရည္​ကုိယ္​​ေသြးတိုးတက္​မႈကို ျမန္​ျမန္​ဆန္​ဆန္​ ျမႇင္​့တင္​​နိုင္​​ေအာင္​ ကူညီ​ေပးနိုင္​မယ္​့ နည္​းလမ္​း (၁၀) ခု

၅။ လူတွေကို နားလည်အောင် လေ့လာပါ😇

🤝လူတစ်ယောက်နဲ့ တစ်ယာက်ကြားမှာ ဆက်ဆံရေးဟာ အင်မတန် အရေးပါပါတယ်။🤝 တခြားသူတွေနဲ့ ဆက်ဆံရေး အဆင်ပြေချင်ရင် သူတို့ကို သင် နားလည်ထားဖို့ လိုအပ်ပါတယ်။ 💁‍♂️ဘယ်သူက စတာကိုမကြိုက်ဘူးလဲ၊ ဘယ်သူက ဘယ်လိုအမူအရာတွေကို ကြိုက်တတ်သလဲ စသည်ဖြင့် သိထားမှသာ သူတို့နဲ့ အဆင်ပြေမှာ ဖြစ်ပါတယ်။😎 စကားဝိုင်းတစ်ခုမှာ တခြားသူတွေကို အလှည့်မပေးဘဲ သင်ချည်းပဲ ပြောနေရင် တခြားသူတွေရဲ့ စိတ်ထဲမှာ များသောအားဖြင့် အဆင်ပြေလေ့မရှိပါဘူး။ 😊 ဒါကြောင့်ပဲ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရေး အဆင်ပြေဖို့ လူတွေကို နားလည်အောင် လေ့လာသင့်ပါတယ်။ 😇

၆။ ပူးပေါင်းအင်အား 👥👥🤝

👥အဖွဲ့အစည်းတစ်ခု (သို့) 👨‍👩‍👧‍👦မိသားစုတစ်ခုမှာ ပူးပေါင်းအင်အားဟာ များစွာ အရေးပါပါတယ်။ တစ်ခါတစ်ရံ သင်တစ်ယောက်တည်း မလုပ်ဆောင်နိုင်တဲ့အရာတွေကို သင့် မိသားစု👨‍👩‍👧‍👦 (သို့) 👬👭👫သူငယ်ချင်းတွေရဲ့ အကူအညီနဲ့ လုပ်ဆောင်နိုင်ပါတယ်။ အလုပ်လုပ်တဲ့ အချိန်မှာလဲ ဒီလိုပါပဲ၊ အလုပ်မှာရှိတဲ့သူတွေအားလုံး ပူးပေါင်းပြီး စည်းစည်းလုံးလုံးနဲ့ လုပ်ဆောင်ရင် အောင်မြင်မှုကို ရနိုင်ပါတယ်။🏆 စစ်တုရင်ကစားဖူးတဲ့လူတိုင်းသိပါတယ်။ ပွန်း(pawn)တစ်ကောင်နဲ့ ဘစ်ရှော့(Bishop) တစ်ကောင်တွဲထားရင် အင်အားအကြီးဆုံးဖြစ်တဲ့ ဘုရင်မ(Queen) အတွက်တောင် တော်တော် အခက်တွေ့စေပါတယ်။

၇။ အမြဲတမ်း လေ့လာပါ📚💻

🗡ဓားဆိုတာ မသွေးဘဲထားရင် တုံးလာတတ်ပါတယ်။ 🧠 ကျွန်တော်တို့ရဲ့ ဦးနှောက်ဟာလည်း ဒီလိုပါပဲ။ မသုံးဘဲထားရင် (သို့) အသစ်တွေကိုထပ်မလေ့လာရင် တုံးသွားတတ်ပါတယ်။ 📚ဗဟုသုတရနိုင်တဲ့ စာပေတွေကို ဖတ်မယ်၊ 💻 ဗွီဒီယိုတွေကို ကြည့်မယ်ဆိုရင် သင်ဟာ အဲ့လိုမလုပ်တဲ့လူတွေထက် အမြဲတမ်း နှာတစ်ဖျားသာနေမှာဖြစ်ပြီး သင့် အနာဂတ်အတွက်လည်း အရမ်းကို အရေးပါမှာ ဖြစ်ပါတယ်။ ✨

အပေါ်မှာ ဖော်ပြထားတာကတော့ ‘အောင်မြင်၊ ကျော်ကြားသူတွေရဲ့ အလေ့အထကောင်း (၇) ခု’ ပဲဖြစ်ပါတယ်။ ဒီဆောင်းပါးဟာ သင့်အတွက် အလွန် အသုံးဝင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ (တနင်္ဂနွေနေ့တိုင်းမှာ MotivSuccess ကနေ အခမဲ့ဆွေးနွေးပေးတဲ့ အစီအစဉ်ရှိပါတယ်။ အသေးစိတ်ကို Chat Box မှာ လာရောက် စုံစမ်းနိုင်ပါတယ်။) ဒီဆောင်းပါးကို သင့်သူငယ်ချင်းတွေကိုလည်း မျှဝေနိုင်ပါတယ်။ ဒီလိုဆောင်းပါးတွေကို အပတ်စဉ် ဖတ်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ Facebook Page ကို Like & See First လုပ်ထားဖို့ သင့်ကို တိုက်တွန်းချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

 

Related Posts

Leave a Reply