Menu Close

“သင့္အနာဂတ္အတြက္ ေဆာင္ထားသင့္တဲ့ P ေလးလံုး”

4Ps for your success

Zawgyi

ပထမေတာ့ “အဂၤလိပ္စာကို သင္တန္းေတြ အမ်ားႀကီးမတက္ဘဲ ထိထိေရာက္ေရာက္ ဘယ္လိုတိုးတက္ေအာင္ လုပ္လို႔ရလဲ” ဆိုတဲ့ အေၾကာင္းကို ေရးမလို႔ပါဘဲ။ ဒါေပမဲ့ ကၽြန္ေတာ့္ ျပန္ၿပီး စဥ္းစားၾကည့္တဲ့အခါ ကၽြန္ေတာ့္စိတ္ထဲမွာ ကၽြန္ေတာ္ အေတာ္ေလး ႀကိဳက္ႏွစ္သက္တဲ့ အေျခခံက်ၿပီး၊ လူတိုင္းအတြက္ အသံုးဝင္မယ့္ P ေလးလံုးကို စေရးရင္ ပိုေကာင္းမယ္လို႔ ေတြးမိတယ္။ အဲ့ဒီ P ေလးလံုးရဲ႕ မူရင္းစကားလံုးေတြက Passion, Prepare, Practice နဲ႔ Persistence တို႔ပဲ ျဖစ္ပါတယ္။ ဒီ P ေလးလံုးဟာဆိုရင္ ကၽြန္ေတာ္တို႔ရဲ႕ ရည္မွန္းခ်က္ (ပန္းတိုင္) ေတြကိျ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ရာမွာ တကယ္ကို အသံုးဝင္ပါတယ္။ ဒါဆို ကၽြန္ေတာ္တို႔ ဒီ P ေလးလံုးဟာ ဘာေၾကာင့္ ဒီေလာက္ေတာင္ အေရးပါလဲဆိုတာကို ၾကည့္လိုက္ၾကရေအာင္။

Passion (စိတ္အားထက္သန္မႈ)

Passion ဆိုတာဘာလဲ? Passion ဟာဆိုရင္ အေရးအႀကီးဆံုး လိုအပ္ခ်က္ေတြထဲက တစ္ခုျဖစ္တဲ့ “စိတ္အားထက္သန္ျပင္းျပမႈ (သို႔) ေဇာ” ပဲ ျဖစ္ပါတယ္။ မိမိရင္ထဲက အမွန္တကယ္ လိုခ်င္ေတာင့္တၿပီး ျဖစ္ေပၚလာတဲ့ ျပင္းျပတဲ့ဆႏၵကို ဆိုလိုခ်င္ပါတယ္။ ဘာေၾကာင့္ Passion က မိမိလိုခ်င္တဲ့ ပန္းတိုင္ကို ေရာက္ဖို႔ အေရးႀကီးသလဲ? ဟုတ္ကဲ့။ Passion က ေတာ္ေတာ္ေလးကို အေရးႀကီးပါတယ္။ ဥပမာဆိုပါစို႔၊ ေမာင္ျဖဴကို သူ႔အေမက အရမ္းကို အဂၤလိပ္စာ ေျပာတတ္ေစခ်င္တယ္။ ဒါေပယမ့္ ေမာင္ျဖဴက ဘာသာစကား အသစ္မသင္ခ်င္ဘူး ( ပ်င္းလို႔ ျဖစ္ႏိုင္သလို ေၾကာက္လို႔လည္း ျဖစ္ႏိုင္ပါတယ္။) သူ႔ သူငယ္ခ်င္းေတြနဲ႔ပဲ ေဘာလံုးကန္မယ္၊ online game ေဆာ့မယ္၊ အျပင္ကိုပဲ ေလၽွာက္သြား ေပ်ာ္ေပ်ာ္ပါးပါးေနခ်င္တယ္။ သူ႔အေမက သူ႔သားအဲ့လိုေတြ ဒီလိုေတြလုပ္ေနတာကို မႀကိဳက္ဘူး။ ဒါေၾကာင့္ ေမာင္ျဖဴကို နာမည္ႀကီးတဲ့ အဂၤလိပ္စကားေျပာ သင္တန္းတစ္ခုမွာ တက္ခိုင္းလိုက္တယ္။ ေမာင္ျဖဴသင္တန္းတက္တာ ႏွစ္နဲ႔ ခ်ီလာၿပီ၊ အဂၤလိပ္လို မေျပာတတ္ေသး (သင္တန္းက သင္ျပမႈ ပံုစံေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္)။ ဘာေၾကာင့္လဲ??? ဒါကေတာ့ ရွင္းပါတယ္။ သူကမွ စိတ္မဝင္စားတာ။ စိတ္ေတာင္ မဝင္စားမွေတာ့ စိတ္အားထက္သန္ျပင္းျပမႈ မရွိဘူးဆိုတာ သိသာပါတယ္။ သူ သင္တန္းသြားတယ္။ သတ္မွတ္ထားတဲ့ အခ်ိန္အထိ ထိုင္တယ္။ အိမ္ကိုျပန္လာတယ္။ ေပးထားတဲ့ အိမ္စာေတြကိုလည္း ေသေသခ်ာခ်ာမလုပ္ဘူး။ ဒီလိုသာ လုပ္ေနမယ္ဆိုရင္ သူ႔ရဲ႕ပန္းတိုင္ကို မေရာက္ဖို႔ ေသခ်ာသေလာက္ျဖစ္ေနပါၿပီ။ အဂၤလိပ္ဘာသာစကားမွာ စကားပံုတစ္ခုေတာင္ရွိပါေသးတယ္။ “DO IT WITH ALL YOUR PASSION OR NOT AT ALL” “ဘယ္အရာမဆို စိတ္အားထက္သန္စြာလုပ္ကိုင္ပါ။ စိတ္အားထက္သန္မွာသာမရွိရင္ ဘာမွမလုပ္ပါနဲ႔။ ဆိုၿပီး ျဖစ္ပါတယ္။

Prepare (ႀကိဳတင္ျပင္ဆင္မႈ)

Passion ကေတာ့ရွိပါၿပီ။ ဒါေပမဲ့ ဘယ္ဟာကို ဘယ္ကေန ဘယ္လိာ စလုပ္ရမွန္းမသိဘူးျဖစ္ေနတယ္။ ဒီကိစၥကို ဘယ္လိုေျဖရွင္းရမလဲ ?? ကၽြန္ောတ္တို႔ ကိစၥတစ္ခုကို ေဆာင္ရြက္ဖို႔အတြက္ “How” “ဘယ္လိုလုပ္ရမလဲ” ဆိုတဲ့ နည္းလမ္းကိုသိရင္ ကၽြန္ေတာ္တို႔အတြက္ ေအာင္ျမင္မႈဆိုတာ မေဝးေတာ့တဲ့ လမ္းတစ္ကမ္းမွာ ျဖစ္သြားပါၿပီ။ ဒီအတြက္ ႀကိဳတင္ျပင္ဆင္မႈသည္လည္း မရွိမျဖစ္လိုအပ္တဲ့ ေဆးတစ္ခြက္လို ေတာ္ေတာ္ေလးကို အေရးပါပါတယ္။ ကၽြန္ေတာ္တို႔ ပန္းတိုင္တစ္ခုအတြက္ ႀကိဳတင္ျပင္ဆင္တဲ့အခါမွာ ကိုယ့္ရဲ႕အားနည္းခ်က္၊ အားသာခ်က္ေတြကို သိလာရမယ္။ ဒါဆိုရင္ ဘယ္လို ႀကိဳတင္ျပင္ဆင္ရမလဲ??ပထမဆံုး မိမိကိုယ္ကို ျပင္ဆင္ခ်ိန္ လံုလံုေလာက္ေလာက္ေပးပါ။ လိုအပ္တဲ့ အရာေတြအားလံုးကို ႀကိဳတင္ျပင္ဆင္ပါ။ ႀကိဳတင္ျပင္ဆင္ျခင္းရဲ႕ အေရးပါပံုကို အေမရိကန္ႏိုင္ငံသား ၿပိဳင္ကားေမာင္းခ်န္ပီယံ Bobby Unser က ” Success is where preparation and opportunity meet” ေအာင္ျမင္မႈဆိုတာ ႀကိဳတင္ျပင္ဆင္မႈနဲ႔ အခြင့္အလမ္းတို႔ရဲ႕ ဆံုမွတ္ပါ။ ဟုလည္းေကာင္း၊ အေမရိကန္ႏိုင္ငံရဲ႕ ၁၆ ဆက္ေျမာက္ သမၼတျဖစ္တဲ့ Abraham Lincoln က “If I have eight hours to chop down a tree, I’d spend six sharpening the axe” ကၽြန္ေတာ့္မွာ သစ္ပင္တစ္ပင္ကို ခုတ္လွဲဖို႔အခ်ိန္ ၈ နာရီရခဲ့ရင္ ၆ နာရီကို ကၽြန္ေတာ့္ရဲ႕ ပုဆိန္ေသြးဖို႔အတြက္ အသံုးျပဳသြားမွာပါ” ဟု လည္းေကာင္းဆိုကာ ေဖာ္ျပထားၾကပါတယ္။

Practice (ေလ့က်င့္မႈ)

Passion လည္းရွိၿပီ။ ဘာေတြကို ဘယ္လို လုပ္ရမယ္ဆိုတာကို သိၿပီး Prepare လည္းလုပ္ၿပီးၿပီ။ ဒါနဲ႔တင္ လံုေလာက္ၿပီလား ?? ဘာလုပ္ဖို႔လိုေသးလဲ ?? လိုပါတယ္။ ကၽြန္ေတာ္တို႔ ထို Plan ေတြကို အေကာင္အထည္ေဖာ္ ေဆာင္ရြက္ဖို႔အတြက္ ေလ့က်င့္မႈက အခရာက်ပါတယ္။ “အစေကာင္းမွ အေႏွာင္းေသခ်ာ” ဆိုသလို မိမိပန္းတိုင္ကို အခ်ိန္တိုအတြင္းမွာ ေရာက္ရွိႏိုင္ဖို႔ အစကတည္းက စနစ္တက်ေလ့က်င့္ေဆာင္ရြက္မႈလည္း လိုပါတယ္။ ကမာၻေပၚမွာ ေအာင္ျမင္ေက်ာ္ၾကားေနတဲ့ လူတိုင္းကို ကၽြန္ေတာ္တို႔ ေလ့လာႏိုင္ပါတယ္။ ဥပမာတစ္ခုေျပာရမယ္ဆိုရင္ ကမာၻ႕အေကာင္းဆံုး ေဘာလံုးသမားေတြထဲက တစ္ေယာက္ျဖစ္တဲ့ (Leo Messi) လီယိုမက္ဆီ ရဲ႕ အေၾကာင္း။ မက္ဆီဟာဆိုရင္ ကမာၻ႕အေကာင္းဆံုး ေဘာလံုးထူးခၽြန္ဆုေတြ အမ်ားႀကီးရၿပီး၊ သူ႔နယ္ပယ္နဲ႔ သက္ဆိုင္တဲ့ လူေတြအကုန္လံုးရဲ႕ ခ်ီးမြမ္း၊ ဂုဏ္ျပဳၿပီး အသိအမွတ္ျပဳခံထားရတဲ့ နာမည္ေက်ာ္ ေဘာလံုးကစားသမားတစ္ေယာက္။ သူအခုလို ဆုေတြအမ်ားႀကီးကို ဘယ္လိုရခဲ့တာလဲ?? ဘာေၾကာင့္ရခဲ့တာလဲ?? သူဘာမွမလုပ္ပဲ ထိုင္ေနလို႔ရခဲ့တာလား?? ကံအရမ္းေကာင္းလို႔လား?? ပါရမီပါလို႔လား?? သူဒီလိုဆုေတြအမ်ားႀကီးရခဲ့တယ္ဆိုတာ ခိုင္လံုတဲ့ အေၾကာင္းျပခ်က္ရွိပါတယ္။ အထက္ပါေဖာ္ျပခ်က္ေတြထဲက ပါဝင္သလို၊ သူ႔ရဲ႕ ႀကိဳးစားအားထုတ္မႈ၊ ေလ့က်င့္မႈလည္း ပါဝင္ပါတယ္။ သူ႔ကစားေဖာ္နဲ႔အတူ ေလ့က်င့္ခန္းဆင္းတယ္။ ေလ့က်င့္ခန္းမွာလည္း တျခားကစားသမားေတြ ၁ နာရီေလ့က်င့္ရင္၊ သူ ၃၊၄ နာရီ ပိုလုပ္တယ္။ သူ႔ေလ့က်င့္မႈေတြရဲ႕ ရလဒ္က ဘာေတြလဲ?? ေအာင္ျမင္မႈပါပဲ။ သူမ်ားထက္ ပိုေတာ္၊တတ္ခ်င္ရင္ သူမ်ားထက္ပို ႀကိဳးစားဖို႔လိုပါတယ္။ ေလ့က်င့္မႈ အေရးပါပံုနဲ႔ ပတ္သက္ၿပီး ၿဗိတိန္ႏိုင္ငံသား စာေရးဆရာ (Malcom Gladwell)”မယ္ကြန္ ဂလတ္ဝယ္”က “It takes 10,000 hours of deliberate practice to become an expert” နယ္ပယ္တစ္ခုမွာ ကၽြမ္းက်င္သူျဖစ္ဖို႔ နာတစ္ေသာင္း အျပင္းအထန္ ေလ့က်င့္ဖို႔လိုတယ္လို႔ ေျပာဖူးပါတယ္။ “Practice makes perfect” ေလ့က်င့္ျခင္းက သင့္ရဲ႕ ပန္းတိုင္ကိုေအာင္ျမင္ေအာင္ လုပ္ေပးႏိုင္ပါတယ္” ဆိုတဲ့ စကားပံုေတာင္ရွိပါေသးတယ္။

Related Post :  SMART ျဖစ္ရင္ ေအာင္ျမင္မယ္

Persistence (မဆုတ္မနစ္ႀကိဳးပမ္းမႈ သို႔ ဇြဲ)

ကိုယ့္ရဲ႕ပန္းတိုင္ကို အေကာင္ထည္ေဖာ္ေဆာင္ရြက္လိုက္တဲ့အခါမွာ ေအာင္ျမင္မႈကို အခ်ိန္တိုအတြင္းရႏိုငိသလို၊ အႀကိမ္ႀကိမ္က်ရႈံးၿပီးမွလည္း ရႏိုင္ပါတယ္။ ဘဝမွာ မက်ရႈံးဖူးတဲ့သူဆိုတာ မရွိပါဘူး။ ႀကိမ္ဖန္မ်ားစြာ က်ရႈံးတဲ့သူရယ္၊ အႀကိမ္အေရအတြက္ နည္းနည္း က်ရႈံးဖူးတဲ့သူရယ္ဘဲရွိပါတယ္။ ေအာင္ျမင္ေက်ာ္ၾကားေနတဲ့ သူတိုင္းကိုေလ့လာၾကည့္ရင္လည္း သူတို႔မေအာင္ျမင္ေသးတဲ့ အခ်ိန္အတြင္း က်ရႈံးမႈေတြကို ဘယ္ေလာက္ရင္ဆိုင္ခဲ့ရဖူးတယ္ဆိုတာကိုလည္း ကၽြန္ေတာ္တို႔ ျမင္ႏိုင္ပါတယ္။ ဒါေပမယ့္ သူတို႔ရဲ႕ ထူးျခားခ်က္တစ္ခုက သူတို႔ ရည္မွန္းထားတဲ့ ပန္းတိုင္ကို မေရာက္မခ်င္းဇြဲရွိရွိနဲ႔ ႀကိဳးစားၾကတယ္။ ေနာက္ဆံုးေတာ့ သူတို႔ရဲ႕ ပန္းတိုင္ကို ေအာင္ေအာင္ျမင္ျမင္နဲ႔ပဲ ေရာက္ရွိသြားၾကတယ္။ ဥပမာေျပာရမယ္ဆိုရင္ အေမရိကန္ႏိုင္ငံသူ “Harry Potter” “ဟယ္ရီေပၚတာ” ဇာတ္လမ္းကို ေရးသားခဲ့ေသာ စာေရးဆရာမ “J.K.Rowling” “ေဂ် ေခ ရိုးလင္း” ဟာဆိုရင္ “Harry Potter” စာအုပ္ကိုထုတ္ဖို႔ စာအုပ္တိုက္မွာ သြားေရာက္တင္သြင္းတာ ၁၂ ႀကိမ္တိတိ အပယ္ခံရခဲ့ဖူးပါတယ္။ ဒါေပမဲ့ သူမလက္မေလၽွာ့ပဲ ဆက္ႀကိဳးစားတယ္။ ၁၃ႀကိမ္ေျမာက္မွာ စာအုပ္တိုက္က လက္ခံတယ္။ေနာက္ဆံုး အဲ့ဒီစာအုပ္နဲ႔ စတင္ နာမည္ေက်ာ္လာၿပီး ယခုလက္ရွိ ကမာၻ႕အခ်မ္းသာဆံုး စာေရးဆရာမတစ္ဦးျဖစ္လာတယ္။ တရုတ္ႏိုင္ငံသား “Alibaba Group” “အလီဘာဘာ ဂရု” တည္ေထာင္သူ “Jack Ma” “ဂ်က္မား” ဟာဆိုရင္လည္း ဘဝမွာက်ရႈံးမႈေတြ အမ်ားႀကီး ၾကံဳခဲ့ရတယ္။ သူ “Harvard” “ဟားဗက္” တကၠသိုလ္မွာ ၁၀ ႀကိမ္တိတိ ေက်ာင္းေလၽွာက္ခဲ့ၿပီး သူ႔ေလၽွာက္လႊာပယ္ခ်ခံခဲ့ရတယ္။ KFC ဆိုင္မွာ သူအပါအဝင္ လူ ၂၄ ေယာက္ အလုပ္သြားေလၽွာက္တယ္။ သူကလြဲၿပီး က်န္ ၂၃ ေယာက္ အလုပ္ရခဲ့တယ္။ ဒီလိုနဲ႔ က်ရႈံးမႈေတြ အခု ၃၀ ထက္မနည္း ရွိခဲ့တယ္။ ဒါေပမယ့္ သူ႔ရဲ႕ မဆုတ္မနစ္ဇြဲေၾကာင့္ ထပ္ကာထပ္ကာ ႀကိဳးစားရင္း ဒီေန႔ဒီအခ်ိန္မွာ ကမာၻ႕အခ်မ္းသာဆံုးလူေတြထဲက တစ္ေယာက္ျဖစ္ေနပါၿပီ။ သူတိုြလို ေအာင္ျမင္သူေတြကို ဥပမာထားကာဘဝမွာ ဇြဲမေလၽွာ့ဘဲ လုပ္ကိုင္ေဆာင္ရြက္ဖို႔ အေရးႀကီးပံုကို ထင္ရွားစြာေတြ႕ျမင္ႏိုင္ပါတယ္။ “Winners never quit, quitters never win” “ဘဝမွာ ေအာင္ျမင္ေနတဲ့သူေတြက ဘယ္ေတာ့မွ အရႈံးမေပးပါဘူး။ အရႈံးေပးတဲ့သူေတြကလည္း ဘယ္ေတာ့မွ အႏိုင္ရေလ့မရွိပါဘူး” ဆိုတဲ့ စကားပံုေလးလည္းရွိပါတယ္။

ဒါေၾကာင့္မို႔ ကၽြန္ေတာ္တို႔ဘဝမွာ ကိုယ္လိုခ်င္တဲ့ ပန္းတိုင္ကိုေရာက္ဖို႔ ဒီ P ေလးလံုးကို ေဆာင္ထားၾကပါစို႔။ တျခားေသာ ေအာင္ျမင္မႈေတြအတြက္ ႀကိဳးစားဖို႔လိုအပ္တဲ့ လိုအပ္ခ်က္ေတြကိုလည္း ကၽြန္ေတာ္ေနာက္ထပ္ ေရးၿပီးတင္ေပးပါ့မယ္။ အဆံုးထိဖတ္ေပးတဲ့အတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္။

Related Post :  ဘယ္လို စိတ္ဓာတ္ၾကံ့ခိုင္ေအာင္ လုပ္ၾကမလဲ။

Unicode

“သင့်အနာဂတ်အတွက် ဆောင်ထားသင့်တဲ့ P လေးလုံး”

ပထမတော့ “အင်္ဂလိပ်စာကို သင်တန်းတွေ အများကြီးမတက်ဘဲ ထိထိရောက်ရောက် ဘယ်လိုတိုးတက်အောင် လုပ်လို့ရလဲ” ဆိုတဲ့ အကြောင်းကို ရေးမလို့ပါဘဲ။ ဒါပေမဲ့ ကျွန်တော့် ပြန်ပြီး စဉ်းစားကြည့်တဲ့အခါ ကျွန်တော့်စိတ်ထဲမှာ ကျွန်တော် အတော်လေး ကြိုက်နှစ်သက်တဲ့ အခြေခံကျပြီး၊ လူတိုင်းအတွက် အသုံးဝင်မယ့် P လေးလုံးကို စရေးရင် ပိုကောင်းမယ်လို့ တွေးမိတယ်။ အဲ့ဒီ P လေးလုံးရဲ့ မူရင်းစကားလုံးတွေက Passion, Prepare, Practice နဲ့ Persistence တို့ပဲ ဖြစ်ပါတယ်။ ဒီ P လေးလုံးဟာဆိုရင် ကျွန်တော်တို့ရဲ့ ရည်မှန်းချက် (ပန်းတိုင်) တွေကိြ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ တကယ်ကို အသုံးဝင်ပါတယ်။ ဒါဆို ကျွန်တော်တို့ ဒီ P လေးလုံးဟာ ဘာကြောင့် ဒီလောက်တောင် အရေးပါလဲဆိုတာကို ကြည့်လိုက်ကြရအောင်။

Passion (စိတ်အားထက်သန်မှု)

Passion ဆိုတာဘာလဲ? Passion ဟာဆိုရင် အရေးအကြီးဆုံး လိုအပ်ချက်တွေထဲက တစ်ခုဖြစ်တဲ့ “စ်တ်အားထက်သန်ပြင်းပြမှု (သို့) ဇော” ပဲ ဖြစ်ပါတယ်။ မိမိရင်ထဲက အမှန်တကယ် လိုချင်တောင့်တပြီး ဖြစ်ပေါ်လာတဲ့ ပြင်းပြတဲ့ဆန္ဒကို ဆိုလိုချင်ပါတယ်။ ဘာကြောင့် Passion က မိမိလိုချင်တဲ့ ပန်းတိုင်ကို ရောက်ဖို့ အရေးကြီးသလဲ? ဟုတ်ကဲ့။ Passion က တော်တော်လေးကို အရေးကြီးပါတယ်။ ဥပမာဆိုပါစို့၊ မောင်ဖြူကို သူ့အမေက အရမ်းကို အင်္ဂလိပ်စာ ပြောတတ်စေချင်တယ်။ ဒါပေယမ့် မောင်ဖြူက ဘာသာစကား အသစ်မသင်ချင်ဘူး ( ပျင်းလို့ ဖြစ်နိုင်သလို ကြောက်လို့လည်း ဖြစ်နိုင်ပါတယ်။) သူ့ သူငယ်ချင်းတွေနဲ့ပဲ ဘောလုံးကန်မယ်၊ online game ဆော့မယ်၊ အပြင်ကိုပဲ လျှောက်သွား ပျော်ပျော်ပါးပါးနေချင်တယ်။ သူ့အမေက သူ့သားအဲ့လိုတွေ ဒီလိုတွေလုပ်နေတာကို မကြိုက်ဘူး။ ဒါကြောင့် မောင်ဖြူကို နာမည်ကြီးတဲ့ အင်္ဂလိပ်စကားပြော သင်တန်းတစ်ခုမှာ တက်ခိုင်းလိုက်တယ်။ မောင်ဖြူသင်တန်းတက်တာ နှစ်နဲ့ ချီလာပြီ၊ အင်္ဂလိပ်လို မပြောတတ်သေး (သင်တန်းက သင်ပြမှု ပုံစံကြောင့်လည်း ဖြစ်နိုင်ပါတယ်)။ ဘာကြောင့်လဲ??? ဒါကတော့ ရှင်းပါတယ်။ သူကမှ စိတ်မဝင်စားတာ။ စိတ်တောင် မဝင်စားမှတော့ စိတ်အားထက်သန်ပြင်းပြမှု မရှိဘူးဆိုတာ သိသာပါတယ်။ သူ သင်တန်းသွားတယ်။ သတ်မှတ်ထားတဲ့ အချိန်အထိ ထိုင်တယ်။ အိမ်ကိုပြန်လာတယ်။ ပေးထားတဲ့ အိမ်စာတွေကိုလည်း သေသေချာချာမလုပ်ဘူး။ ဒီလိုသာ လုပ်နေမယ်ဆိုရင် သူ့ရဲ့ပန်းတိုင်ကို မရောက်ဖို့ သေချာသလောက်ဖြစ်နေပါပြီ။ အင်္ဂလိပ်ဘာသာစကားမှာ စကားပုံတစ်ခုတောင်ရှိပါသေးတယ်။ “DO IT WITH ALL YOUR PASSION OR NOT AT ALL” “ဘယ်အရာမဆို စိတ်အားထက်သန်စွာလုပ်ကိုင်ပါ။ စိတ်အားထက်သန်မှာသာမရှိရင် ဘာမှမလုပ်ပါနဲ့။ ဆိုပြီး ဖြစ်ပါတယ်။

Prepare (ကြိုတင်ပြင်ဆင်မှု)

Passion ကတော့ရှိပါပြီ။ ဒါပေမဲ့ ဘယ်ဟာကို ဘယ်ကနေ ဘယ်လိာ စလုပ်ရမှန်းမသိဘူးဖြစ်နေတယ်။ ဒီကိစ္စကို ဘယ်လိုဖြေရှင်းရမလဲ ?? ကျွန်ောတ်တို့ ကိစ္စတစ်ခုကို ဆောင်ရွက်ဖို့အတွက် “How” “ဘယ်လိုလုပ်ရမလဲ” ဆိုတဲ့ နည်းလမ်းကိုသိရင် ကျွန်တော်တို့အတွက် အောင်မြင်မှုဆိုတာ မဝေးတော့တဲ့ လမ်းတစ်ကမ်းမှာ ဖြစ်သွားပါပြီ။ ဒီအတွက် ကြိုတင်ပြင်ဆင်မှုသည်လည်း မရှိမဖြစ်လိုအပ်တဲ့ ဆေးတစ်ခွက်လို တော်တော်လေးကို အရေးပါပါတယ်။ ကျွန်တော်တို့ ပန်းတိုင်တစ်ခုအတွက် ကြိုတင်ပြင်ဆင်တဲ့အခါမှာ ကိုယ့်ရဲ့အားနည်းချက်၊ အားသာချက်တွေကို သိလာရမယ်။ ဒါဆိုရင် ဘယ်လို ကြိုတင်ပြင်ဆင်ရမလဲ??ပထမဆုံး မိမိကိုယ်ကို ပြင်ဆင်ချိန် လုံလုံလောက်လောက်ပေးပါ။ လိုအပ်တဲ့ အရာတွေအားလုံးကို ကြိုတင်ပြင်ဆင်ပါ။ ကြိုတင်ပြင်ဆင်ခြင်းရဲ့ အရေးပါပုံကို အမေရိကန်နိုင်ငံသား ပြိုင်ကားမောင်းချန်ပီယံ Bobby Unser က ” Success is where preparation and opportunity meet” အောင်မြင်မှုဆိုတာ ကြိုတင်ပြင်ဆင်မှုနဲ့ အခွင့်အလမ်းတို့ရဲ့ ဆုံမှတ်ပါ။ ဟုလည်းကောင်း၊ အမေရိကန်နိုင်ငံရဲ့ ၁၆ ဆက်မြောက် သမ္မတဖြစ်တဲ့ Abraham Lincoln က “If I have eight hours to chop down a tree, I’d spend six sharpening the axe” ကျွန်တော့်မှာ သစ်ပင်တစ်ပင်ကို ခုတ်လှဲဖို့အချိန် ၈ နာရီရခဲ့ရင် ၆ နာရီကို ကျွန်တော့်ရဲ့ ပုဆိန်သွေးဖို့အတွက် အသုံးပြုသွားမှာပါ” ဟု လည်းကောင်းဆိုကာ ဖော်ပြထားကြပါတယ်။

Practice (လေ့ကျင့်မှု)

Passion လည်းရှိပြီ။ ဘာတွေကို ဘယ်လို လုပ်ရမယ်ဆိုတာကို သိပြီး Prepare လည်းလုပ်ပြီးပြီ။ ဒါနဲ့တင် လုံလောက်ပြီလား ?? ဘာလုပ်ဖို့လိုသေးလဲ ?? လိုပါတယ်။ ကျွန်တော်တို့ ထို Plan တွေကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့အတွက် လေ့ကျင့်မှုက အခရာကျပါတယ်။ “အစကောင်းမှ အနှောင်းသေချာ” ဆိုသလို မိမိပန်းတိုင်ကို အချိန်တိုအတွင်းမှာ ရောက်ရှိနိုင်ဖို့ အစကတည်းက စနစ်တကျလေ့ကျင့်ဆောင်ရွက်မှုလည်း လိုပါတယ်။ ကမ္ဘာပေါ်မှာ အောင်မြင်ကျော်ကြားနေတဲ့ လူတိုင်းကို ကျွန်တော်တို့ လေ့လာနိုင်ပါတယ်။ ဥပမာတစ်ခုပြောရမယ်ဆိုရင် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတွေထဲက တစ်ယောက်ဖြစ်တဲ့ (Leo Messi) လီယိုမက်ဆီ ရဲ့ အကြောင်း။ မက်ဆီဟာဆိုရင် ကမ္ဘာ့အကောင်းဆုံး ဘောလုံးထူးချွန်ဆုတွေ အများကြီးရပြီး၊ သူ့နယ်ပယ်နဲ့ သက်ဆိုင်တဲ့ လူတွေအကုန်လုံးရဲ့ ချီးမွမ်း၊ ဂုဏ်ပြုပြီး အသိအမှတ်ပြုခံထားရတဲ့ နာမည်ကျော် ဘောလုံးကစားသမားတစ်ယောက်။ သူအခုလို ဆုတွေအများကြီးကို ဘယ်လိုရခဲ့တာလဲ?? ဘာကြောင့်ရခဲ့တာလဲ?? သူဘာမှမလုပ်ပဲ ထိုင်နေလို့ရခဲ့တာလား?? ကံအရမ်းကောင်းလို့လား?? ပါရမီပါလို့လား?? သူဒီလိုဆုတွေအများကြီးရခဲ့တယ်ဆိုတာ ခိုင်လုံတဲ့ အကြောင်းပြချက်ရှိပါတယ်။ အထက်ပါဖော်ပြချက်တွေထဲက ပါဝင်သလို၊ သူ့ရဲ့ ကြိုးစားအားထုတ်မှု၊ လေ့ကျင့်မှုလည်း ပါဝင်ပါတယ်။ သူ့ကစားဖော်နဲ့အတူ လေ့ကျင့်ခန်းဆင်းတယ်။ လေ့ကျင့်ခန်းမှာလည်း တခြားကစားသမားတွေ ၁ နာရီလေ့ကျင့်ရင်၊ သူ ၃၊၄ နာရီ ပိုလုပ်တယ်။ သူ့လေ့ကျင့်မှုတွေရဲ့ ရလဒ်က ဘာတွေလဲ?? အောင်မြင်မှုပါပဲ။ သူများထက် ပိုတော်၊တတ်ချင်ရင် သူများထက်ပို ကြိုးစားဖို့လိုပါတယ်။ လေ့ကျင့်မှု အရေးပါပုံနဲ့ ပတ်သက်ပြီး ဗြိတိန်နိုင်ငံသား စာရေးဆရာ (Malcom Gladwell)”မယ်ကွန် ဂလတ်ဝယ်”က “It takes 10,000 hours of deliberate practice to become an expert” နယ်ပယ်တစ်ခုမှာ ကျွမ်းကျင်သူဖြစ်ဖို့ နာတစ်သောင်း အပြင်းအထန် လေ့ကျင့်ဖို့လိုတယ်လို့ ပြောဖူးပါတယ်။ “Practice makes perfect” လေ့ကျင့်ခြင်းက သင့်ရဲ့ ပန်းတိုင်ကိုအောင်မြင်အောင် လုပ်ပေးနိုင်ပါတယ်” ဆိုတဲ့ စကားပုံတောင်ရှိပါသေးတယ်။

Related Post :  ဘဝမွာ ေအာင္ျမင္လိုသူေတြအတြက္ လက္ေဆာင္စကား ၁၀ ခြန္း

Persistence (မဆုတ်မနစ်ကြိုးပမ်းမှု သို့ ဇွဲ)

ကိုယ့်ရဲ့ပန်းတိုင်ကို အကောင်ထည်ဖော်ဆောင်ရွက်လိုက်တဲ့အခါမှာ အောင်မြင်မှုကို အချိန်တိုအတွင်းရနိုငိသလို၊ အကြိမ်ကြိမ်ကျရှုံးပြီးမှလည်း ရနိုင်ပါတယ်။ ဘဝမှာ မကျရှုံးဖူးတဲ့သူဆိုတာ မရှိပါဘူး။ ကြိမ်ဖန်များစွာ ကျရှုံးတဲ့သူရယ်၊ အကြိမ်အရေအတွက် နည်းနည်း ကျရှုံးဖူးတဲ့သူရယ်ဘဲရှိပါတယ်။ အောင်မြင်ကျော်ကြားနေတဲ့ သူတိုင်းကိုလေ့လာကြည့်ရင်လည်း သူတို့မအောင်မြင်သေးတဲ့ အချိန်အတွင်း ကျရှုံးမှုတွေကို ဘယ်လောက်ရင်ဆိုင်ခဲ့ရဖူးတယ်ဆိုတာကိုလည်း ကျွန်တော်တို့ မြင်နိုင်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ထူးခြားချက်တစ်ခုက သူတို့ ရည်မှန်းထားတဲ့ ပန်းတိုင်ကို မရောက်မချင်းဇွဲရှိရှိနဲ့ ကြိုးစားကြတယ်။ နောက်ဆုံးတော့ သူတို့ရဲ့ ပန်းတိုင်ကို အောင်အောင်မြင်မြင်နဲ့ပဲ ရောက်ရှိသွားကြတယ်။ ဥပမာပြောရမယ်ဆိုရင် အမေရိကန်နိုင်ငံသူ “Harry Potter” “ဟယ်ရီပေါ်တာ” ဇာတ်လမ်းကို ရေးသားခဲ့သော စာရေးဆရာမ “J.K.Rowling” “ဂျေ ခေ ရိုးလင်း” ဟာဆိုရင် “Harry Potter” စာအုပ်ကိုထုတ်ဖို့ စာအုပ်တိုက်မှာ သွားရောက်တင်သွင်းတာ ၁၂ ကြိမ်တိတိ အပယ်ခံရခဲ့ဖူးပါတယ်။ ဒါပေမဲ့ သူမလက်မလျှော့ပဲ ဆက်ကြိုးစားတယ်။ ၁၃ကြိမ်မြောက်မှာ စာအုပ်တိုက်က လက်ခံတယ်။နောက်ဆုံး အဲ့ဒီစာအုပ်နဲ့ စတင် နာမည်ကျော်လာပြီး ယခုလက်ရှိ ကမ္ဘာ့အချမ်းသာဆုံး စာရေးဆရာမတစ်ဦးဖြစ်လာတယ်။ တရုတ်နိုင်ငံသား “Alibaba Group” “အလီဘာဘာ ဂရု” တည်ထောင်သူ “Jack Ma” “ဂျက်မား” ဟာဆိုရင်လည်း ဘဝမှာကျရှုံးမှုတွေ အများကြီး ကြုံခဲ့ရတယ်။ သူ “Harvard” “ဟားဗက်” တက္ကသိုလ်မှာ ၁၀ ကြိမ်တိတိ ကျောင်းလျှောက်ခဲ့ပြီး သူ့လျှောက်လွှာပယ်ချခံခဲ့ရတယ်။ KFC ဆိုင်မှာ သူအပါအဝင် လူ ၂၄ ယောက် အလုပ်သွားလျှောက်တယ်။ သူကလွဲပြီး ကျန် ၂၃ ယောက် အလုပ်ရခဲ့တယ်။ ဒီလိုနဲ့ ကျရှုံးမှုတွေ အခု ၃၀ ထက်မနည်း ရှိခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့ မဆုတ်မနစ်ဇွဲကြောင့် ထပ်ကာထပ်ကာ ကြိုးစားရင်း ဒီနေ့ဒီအချိန်မှာ ကမ္ဘာ့အချမ်းသာဆုံးလူတွေထဲက တစ်ယောက်ဖြစ်နေပါပြီ။ သူတိုွလို အောင်မြင်သူတွေကို ဥပမာထားကာဘဝမှာ ဇွဲမလျှော့ဘဲ လုပ်ကိုင်ဆောင်ရွက်ဖို့ အရေးကြီးပုံကို ထင်ရှားစွာတွေ့မြင်နိုင်ပါတယ်။ “Winners never quit, quitters never win” “ဘဝမှာ အောင်မြင်နေတဲ့သူတွေက ဘယ်တော့မှ အရှုံးမပေးပါဘူး။ အရှုံးပေးတဲ့သူတွေကလည်း ဘယ်တော့မှ အနိုင်ရလေ့မရှိပါဘူး” ဆိုတဲ့ စကားပုံလေးလည်းရှိပါတယ်။

ဒါကြောင့်မို့ ကျွန်တော်တို့ဘဝမှာ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကိုရောက်ဖို့ ဒီ P လေးလုံးကို ဆောင်ထားကြပါစို့။ တခြားသော အောင်မြင်မှုတွေအတွက် ကြိုးစားဖို့လိုအပ်တဲ့ လိုအပ်ချက်တွေကိုလည်း ကျွန်တော်နောက်ထပ် ရေးပြီးတင်ပေးပါ့မယ်။ အဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

Related Posts

Leave a Reply