Menu Close

မိဘအုပ္ထိန္းမႈပံုစံ ၄ မ်ိဳး

Four Parenting Styles

Zawgyi 

အားလံုးပဲ မဂၤလာပါ။ MotivSuccess ကေန ျပန္လည္ ႀကိဳဆိုလိုက္ပါတယ္။ ေပ်ာ္ရႊင္စရာ သႀကၤန္ေန႔ရက္ေလးေတြ ျဖစ္ပါေစေနာ္။ ဒီေန႔ကစၿပီး ေနာင္လာမယ့္ အဂၤါေန႔အတိုင္း မိဘ အုပ္ထိန္းမႈ နဲ႔ သက္ဆိုင္တဲ့ ေဆာင္းပါးေတြကို တင္ဆက္ေပးသြားမွာပဲ ျဖစ္ပါတယ္ေနာ္။

ဒီေန႔ကေတာ့ သတိျပဳစရာ အုပ္ထိန္းမႈပံုစံ ၄ မ်ိဳး အေၾကာင္း ေျပာျပသြားေပးမွာပဲ ျဖစ္ပါတယ္။

အုပ္ထိန္းမႈပံုစံေလးမ်ိဳးအေၾကာင္း မေျပာခင္ေလး အုပ္ထိန္းမႈပံုစံက ကေလးေတြရဲ႕ စိတ္ပိုင္းဆိုင္ရာ၊ ခႏၶာကိုယ္ပိုင္းဆိုင္ရာ ဖြံ႕ၿဖိဳးမႈေတြ အေပၚမွာ ဘယ္ေလာက္ထိ သက္ေရာက္မႈရွိလဲဆိုတာ အနည္းငယ္ ေျပာျပပါရေစေနာ္။

ကေလးေတြရဲ႕ ဖြံ႕ၿဖိဳးမႈအေပၚမွာ အုပ္ထိန္းသူေတြရဲ႕ ထိန္းသိမ္းပံု၊ ေစာင့္ေရွာက္ပံု၊ အျပဳအမူ ေတြက ႀကီးမားတဲ့ လႊမ္းမိုးမႈျဖစ္ေစတာ အမွန္ပါ။ အထူးသျဖင့္ ဒီလႊမ္းမိုးမႈေတြက ကေလးေတြ ေက်ာင္းစတက္တဲ့ ေနာက္ပိုင္းမွာ ပိုၿပီးသက္ေရာက္ေစတာ ျဖစ္ပါတယ္။ ကေလးေတြရဲ႕ ဘဝကို ေကာင္းေသာေျခလွမ္းနဲ႔ စတင္ေစျခင္းဟာ အေရးႀကီးပါတယ္။ ဒါေပမယ့္ မိဘေတြအေနနဲ႔ ကေလးေတြရဲ႕ ကိုယ္ပိုင္ စိတ္ရင္းစိတ္ထားေလးေတြ သတိျပဳၿပီးေတာ့ ကေလးေတြကို ျပင္ပေလာကမွာ မိမိကိုယ္ကို ယံုၾကည္မႈရွိရွိ အားကိုးတတ္ေစဖို႔ ျပင္ဆင္ေပးတာက မိဘေတြရဲ႕ လုပ္ေပးသင့္တဲ့ တာဝန္တစ္ခုပါ။ မိဘတိုင္းရဲ႕ အုပ္ထိန္းမႈပံုစံက သားသမီးေတြရဲ႕ အနာဂတ္အေပၚကို အမ်ားႀကီးသက္ေရာက္မႈရွိပါတယ္။ တင္းၾကပ္လြန္းရင္လည္း မသင့္ေတာ္သလို ေလ်ာ့ရဲ လြန္းရင္လည္း မေကာင္းျပန္ပါဘူး။

ဒါဆိုရင္ အုပ္ထိန္းမႈပံုစံ ေလးမ်ိဳးအေၾကာင္းကို အၾကမ္းဖ်င္းၾကည့္လိုက္ၾကရေအာင္ေနာ္။
၁။ အာဏာရွင္ဆန္ေသာ အုပ္ထိန္းမႈ (Authoritarian)
၂။ သင့္တင့္ေလ်ာက္ပတ္ေသာ အုပ္ထိန္းမႈ (Authoritative)
၃။ လြတ္လပ္ခြင့္ေပးေသာ အုပ္ထိန္းမႈနဲ႔ (Permissive)
၄။ ပါဝင္ျခင္းမရွိတဲ့ အုပ္ထိန္းမႈ (Uninvolved) တို႔ပဲ ျဖစ္ပါတယ္။

၁။ အာဏာရွင္ဆန္ေသာ အုပ္ထိန္းမႈ

ပထမဆံုး အုပ္ထိန္းမႈပံုကေတာ့ အာဏာရွင္စနစ္ဆန္တယ္ဆိုတဲ့ အတိုင္းပဲ အာဏာရွင္ဆန္တဲ့ မိဘေတြက သားသမီးေတြရဲ႕ ခံစားခ်က္ေတြကို ထည့္သြင္းစဥ္းစားေလ့မရွိပါဘူး။ ကေလးေတြကိုလည္း သူတို႔ခ်မွတ္ထားတဲ့ စည္းမ်ဥ္း စည္းကမ္းေတြကို ႁခြင္းခ်က္မရွိလိုက္နာရမယ္လို႔ ယံုၾကည္ၾကသူေတြပါ။ ကေလးက သူတို႔ သတ္မွတ္ထားတဲ့ စည္းကမ္းရဲ႕ ေနာက္က အေၾကာင္းရင္းကို ေမးရင္ “ငါေျပာတဲ့အတိုင္းပဲ လုပ္” ဆိုၿပီး အေၾကာင္းရင္းကို ရွင္းျပေလ့မရွိပါဘူး။ သားသမီးေတြနဲ႔ အတူတူေဆြးေႏြးဖို႔ စိတ္မဝင္စားပါဘူး။ အေရးႀကီးတာက ေျပာတဲ့စကားကို နားေထာင္လိုက္လုပ္ဖို႔ပဲ ျဖစ္ၿပီး ကေလးေတြရဲ႕ စိတ္ေနစိတ္ထားကို ထည့္တြက္ေလ့မရွိပါဘူး။

ကေလးေတြကိုလည္း ျပႆနာေျဖရွင္းရမယ့္ စိန္ေခၚမႈေတြ၊ အတားအဆီး၊ အခက္အခဲေတြမွာလည္း ဝင္ေရာက္ ပတ္သက္ခြင့္မျပဳပါဘူး။ အဲ့ဒီအစား စည္းကမ္းခ်က္ေတြလုပ္ၿပီး ကေလးရဲ႕ သေဘာထား အနည္းငယ္မၽွသာပါတဲ့ အက်ိဳးဆက္ကိုသာ ရေအာင္ လုပ္ေစပါတယ္။

အာဏာရွင္ဆန္တဲ့ မိဘေတြက ကေလးေတြကို ပိုေကာင္းတဲ့ ေရြးခ်ယ္မႈေတြကို ဘယ္လိုလုပ္ရမယ္ဆိုတာ သင္ျပျခင္းမျပဳဘဲ ကေလးေတြကို သူတို႔လုပ္ခဲ့တဲ့ အမွားအေပၚမွာ စိတ္မေကာင္းျဖစ္ေစဖို႔ကိုပဲ အေလးထားတာပါ။ စည္းကမ္းကို ဘယ္လို လိုက္နာရမယ္ဆိုတာထက္ အျပစ္ေပးမွ မွတ္သြားမယ္ဆုိၿပီး အျပစ္ေပးဖို႔ကို အေလးသာတတ္ၾကပါတယ္။

ဒီလိုနဲ႔ ငယ္ရြယ္စဥ္က မိမိ ထင္ျမင္ခ်က္၊ အယူအဆ၊ စိတ္ကူးေတြကို တန္ဖိုးထားျခင္းမခံရတဲ့ အာဏာရွင္မိဘေတြရဲ႕ ကေလးေတြဟာ ႀကီးျပင္းလာတဲ့အခ်ိန္က်ရင္ ကိုယ့္ကိုကိုယ္ ယံုၾကည္မႈတည္ေဆာက္တာနဲ႔ ပတ္သက္ၿပီး ႀကီးမားတဲ့ ျပႆနာေတြ ရင္ဆိုင္ရတတ္ပါတယ္။

ၿပီးေတာ့လည္း ကေလးေတြရဲ႕ မူဟန္က ခက္ထန္ၾကမ္းတမ္းႏိုင္ပါတယ္။ အနာဂတ္မွာ ဘယ္လိုမ်ိဳး ေကာင္းေအာင္ လုပ္မလဲဆိုတာထက္ သူတို႔မိဘေတြအေပၚမွာရွိတဲ့ ေဒါသကိုပဲ မၾကာခဏ အာရံုစိုက္တတ္လာေလ့ရွိပါတယ္။

အာဏာရွင္ မိဘတိုင္းလိုိလိုဟာ စည္းကမ္းတင္းၾကပ္တာေၾကာင့္ ကေလးေတြဟာ အျပစ္ေပးခံရဖို႔ကို ေရွာင္ရွားဖို႔အတြက္ အျပစ္ေတြကို ဖံုးဖို႔အတြက္ လိမ္ညာေတာ္တဲ့သူေတြ ျဖစ္လာတတ္ၾကပါတယ္။ ဒါကေတာ့ အာဏာရွင္ဆန္တဲ့ အုပ္ခ်ဳပ္မႈနဲ႔ သားသမီးအေပၚသက္ေရာက္မႈပဲ ျဖစ္ပါတယ္။

၂။ သင့္တင့္ေလ်ာက္ပတ္ေသာ အုပ္ထိန္းမႈ

ဒုတိယအုပ္ထိန္းမႈပံုစံမွာေတာ့ မိဘေတြက မိဘနဲ႔ ကေလးၾကား ေကာင္းမြန္ ယံုၾကည္အားထားရတဲ့ ဆက္ဆံေရးကို တည္ေဆာက္ၿပီး ထိန္းသိမ္းေလ့ရွိပါတယ္။ စည္းကမ္းသတ္မွတ္ရင္လည္း ကေလးရဲ႕ ခံစားခ်က္ကို ထည့္သြင္းစဥ္းစားေပးပါတယ္။ စည္းကမ္းရဲ႕ ေနာက္ကြယ္က အေၾကာင္းအရာကိုလည္း အေသအခ်ာရွင္းျပေပးပါတယ္။ စည္းကမ္းကိုဘယ္လိုလိုက္နာရမယ္ဆိုတာကို တြန္းအားေပးၿပီး အျပစ္ဒဏ္အစား အက်ိဳးဆက္ကိုလည္း ရွင္းလင္းျပၾကပါတယ္။

Related Post :  Relationship ကို ခိုင္ျမဲေအာင္ ထိန္းသိမ္းေပးႏိုင္မယ့္ အခ်က္ ၈ ခ်က္

ယခုလို မိဘေတြကေတာ့ အခ်ိန္ေရာ အားေရာျမဳပ္ႏွံၿပီး ကေလးရဲ႕ အမူအရာျပႆနာေတြ မစခင္ကတည္းက ကာကြယ္ႏိုင္ေလ့ရွိပါတယ္။ သူတို႔ရဲ႕ ယဥ္ေက်းတဲ့ ကိုယ္အမူအရာ၊ အျပဳအမူေလးေတြ ေစာင့္ထိန္းေအာင္ ခ်ီးမြမ္းေပးတာတို႔ ဆုေပးတဲ့ စနစ္ေလးေတြနဲ႔ ပ်ိဳးေထာင္ၾကပါတယ္။

မိဘနဲ႔ သားသမီးၾကားပြင့္လင္းမႈလည္းရွိၿပီး ဒီလို နည္းလမ္းနဲ႔ ပ်ိဳးေထာင္ခဲ့တဲ့ ကေလးေတြက ေအာင္ျမင္ၿပီး ေပ်ာ္ရႊင္စရာေကာင္းတဲ့ ဘဝေတြ ပိုင္ဆိုင္ၾကပါတယ္တဲ့။ မွန္ကန္ေကာင္းမြန္တဲ့ ဆံုးျဖတ္ခ်က္ေတြ ပိုၿပီးလုပ္ႏိုင္ၾကၿပီး ေကာင္းေကာင္းမြန္မြန္ လြတ္လြတ္လပ္လပ္ ပိုမိုရပ္တည္ႏိုင္ၾကတယ္လို႔ ဆိုပါတယ္။

၃။ လြတ္လပ္ခြင့္ေပးေသာ အုပ္ထိန္းမႈ

တတိယ အုပ္ထိန္းမႈပံုစံကေတာ့ ေလ်ာ့ရဲရဲႏိုင္ပါတယ္။ မိဘေတြက စည္းမ်ဥ္းေတြ ခ်မွတ္ေပမယ့္လည္း လိုက္နာဖို႔ တြန္းအားေပးခဲၾကပါတယ္။ အက်ိဳးဆက္ေတြကို မၾကာခဏ မရွင္းျပၾကပါဘူး။ မိဘေတြဟာ ကေလးေတြ သူတို႔ အကူအညီ နည္းနည္းနဲ႔ အေကာင္းဆံုး သင္ယူႏိုင္ၾကတယ္လို႔ ယံုၾကည္ၾကပါတယ္။

လြတ္လပ္ခြင့္ေပးတဲ့ မိဘေတြက အမ်ားအားျဖင့္ “ကေလးဆိုတာ ကေလးလိုပဲ ေနမွာပဲ” ဆိုတဲ့ ေဆာင္ပုဒ္အတိုင္း ခြင့္လႊတ္ေပးတတ္ၾကပါတယ္။ ကေလးက ေတာင္းပန္ရင္လည္း သူတို႔ ေနာင္က်ရင္ ေကာင္းသြားမွာပဲ ဆိုၿပီး ခြင့္လႊတ္ၿပီး အခြင့္ေရးျပန္ေပးတတ္ၾကပါတယ္။

ဒီလို မိဘေတြက ကေလးေတြအတြက္ မိဘဆိုတဲ့ ေနရာထက္ သူငယ္ခ်င္းလို ပိုၿပီးေနၾကပါတယ္။ ျပႆနာေတြကို တစ္ခါတစ္ရံ သူတို႔နဲ႔ တိုငိပင္ေဆြးေႏြးဖို႔ တိုက္တြန္းေလ့ရွိၿပီး မမွန္ကန္တဲ့ အျပဳအမူေတြ၊ ေရြးခ်ယ္မႈေတြ ကေလး လုပ္တဲ့အခါ သိ္ပ္ၿပီး အင္တိုက္အားတိုက္တားေလ့ မရွိပါဘူး။

ႀကီးျပင္းလာတဲ့ အခါ ကေလးေတြဟာ ပညာေရးပိုင္းဆိုင္ရာမွာ ရုန္းကန္ရႏိုင္ၿပီး စည္းကမ္းေတြ မလိုက္နာခဲ့တာေၾကာင့္ အမူအရာ နဲ႔ ပတ္သက္ၿပီး ျပႆနာေတြျဖစ္ႏိုင္ပါတယ္။ မိမိကိုယ္ကို ယံုၾကည္မႈလည္း နည္းပါးႏိုင္ၿပီး စိတ္ညစ္စရာေတြ အမ်ားႀကီး ၾကံဳေတြ႕ရႏိုင္ပါတယ္။

ၿပီးေတာ့ မိဘေတြက အလိုလိုက္ထားတဲ့အတြက္ေၾကာင့္ အသင့္စား အာဟာရမျပည့္ဝတဲ့ အစာေတြကို စားျဖစ္တာေၾကာင့္ အဝလြန္မႈ၊ သြားႏွင့္ခံတြင္း ျပႆနာေတြလည္း ခံစားရႏိုင္ပါတယ္။

၄။ ပါဝင္ျခင္းမရွိတဲ့ အုပ္ထိန္းမႈ

စတုတၳ အုပ္ခ်ဳပ္မႈစနစ္ကေတာ့ မိဘက ဝင္ပါျခင္း မရွိတာပဲ ျဖစ္ပါတယ္။ သားသမီးကို ေက်ာင္းအေၾကာင္း အိမ္စာအေၾကာင္း ေမးေလ့မရွိၾကပါဘူး။ ကေလးက ဘယ္မွာလဲ ဘယ္သူနဲ႔ ရွိေနလဲဆိုတာ သိခဲၾကပါတယ္။ ၿပီးေတာ့လည္း ကေလးကို အခ်ိန္မ်ားမ်ား မေပးႏိုင္ၾကပါဘူး။ ယခုလို မိဘေတြက သားသမီးနဲ႔ ပတ္သက္ၿပီး သိခ်င္စိတ္ အနည္းငယ္မွ်သာ ရွိၾကပါတယ္။

မိဘေတြဟာ ကေလးေတြကို သူ႔ဘာသာ ႀကီးျပင္းေစၿပီး ကေလးေတြရဲ႕ အေျခခံ လိုအပ္ခ်က္ေတြ ျဖည့္ဆည္းေပးဖို႔ အခ်ိန္၊ လူအင္အား အနည္းငယ္မၽွသာ ေပးႏိုင္ၾကပါတယ္။

ဒီအုပ္ထိန္းမႈရဲ႕ အက်ိဳးဆက္ေတြကေတာ့ ကေလးဟာ မိမိကိုယ္ကို ယံုၾကည္မႈ နည္းပါးၿပီး စိတ္လည္း မေပ်ာ္ရႊင္ဘဲ ေက်ာင္းမွာလည္း စာေသခ်ာလိုက္မလုပ္ႏိုင္မွာ ေသခ်ာပါတယ္။

မိဘေတြ အားလံုးကေတာ့ ေဖာ္ျပပါ ေလးခုထဲက တစ္ခုတည္းပဲ ကိုက္ညီမႈ ရွိတာ မဟုတ္ႏိုင္ပါဘူး။ ဒုတိယ နဲ႔ တတိယအမ်ိဳးအစား ေရာေႏွာ ေနတဲ့ အုပ္ထိန္းသူေတြလည္း ရွိႏိုင္ပါတယ္။

အေကာင္းဆံုးကေတာ့ ဒုတိယနည္းလမ္းပဲျဖစ္တယ္။ တစိုက္မတ္မတ္နဲ႔ ဒုတိယ နည္းအတုိုင္း လုပ္ေဆာင္ရင္ေတာ့ အခ်ိန္ၾကာလာရင္ ရလဒ္ေတြကို ကေလးေတြဆီမွာ သိသိသာသာျမင္ေတြ႕ရမွာပဲ ျဖစ္ပါတယ္။

ဒီေန႔ကေတာ့ ဒီအုပ္ထိန္းမႈပံုစံေလးမ်ိဳးနဲ႔ပဲ ႏႈတ္ဆက္လိုက္ပါရေစေနာ္ 😁 စာဖတ္သူတို႔ ႏွစ္သက္ၾကမယ္လို႔လဲ ကၽြန္ေတာ္တို႔ယူဆပါတယ္။ ေနာက္လာမယ့္ ေဆာင္းပါးေတြကို တစ္ခုထက္တစ္ခု ပိုေကာင္းေအာင္ ကၽြန္ေတာ္တို႔ႀကိဳးစားသြားပါမယ္။ အႀကံေပးစရာ၊ တိုင္ပင္စရာေတြရွိပါက comment မွာ၊ ဒါမွမဟုတ္ chat box မွာလာေရာက္ေဆြးေႏြးနိုင္ပါတယ္။ ကၽြန္ေတာ္တို႔ကို ဆက္လက္အားေပးေနရင္ ကၽြန္ေတာ္တို႔ရဲ့ Facebook Page ကို Like & See First လုပ္ၿပီး၊ ဒီ post ကို share ေပးဖို႔တိုက္တြန္းလိုပါတယ္။ အားလုံးကို ေက်းဇူး အထူးတင္ရွိပါတယ္။

Unicode

Related Post :  အဂၤလိပ္ဘာသာစကားကို အိမ္မွာေနရင္း ေလ့လာႏိုင္မယ့္ နည္းလမ္း ၁၀ ခု

မိဘအုပ်ထိန်းမှုပုံစံ ၄ မျိုး

အားလုံးပဲ မင်္ဂလာပါ။ MotivSuccess ကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ်။ ပျော်ရွှင်စရာ သင်္ကြန်နေ့ရက်လေးတွေ ဖြစ်ပါစေနော်။ ဒီနေ့ကစပြီး နောင်လာမယ့် အင်္ဂါနေ့အတိုင်း မိဘ အုပ်ထိန်းမှု နဲ့ သက်ဆိုင်တဲ့ ဆောင်းပါးတွေကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်နော်။

ဒီနေ့ကတော့ သတိပြုစရာ အုပ်ထိန်းမှုပုံစံ ၄ မျိုး အကြောင်း ပြောပြသွားပေးမှာပဲ ဖြစ်ပါတယ်။

အုပ်ထိန်းမှုပုံစံလေးမျိုးအကြောင်း မပြောခင်လေး အုပ်ထိန်းမှုပုံစံက ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေ အပေါ်မှာ ဘယ်လောက်ထိ သက်ရောက်မှုရှိလဲဆိုတာ အနည်းငယ် ပြောပြပါရစေနော်။

ကလေးတွေရဲ့ ဖွံ့ဖြိုးမှုအပေါ်မှာ အုပ်ထိန်းသူတွေရဲ့ ထိန်းသိမ်းပုံ၊ စောင့်ရှောက်ပုံ၊ အပြုအမူ တွေက ကြီးမားတဲ့ လွှမ်းမိုးမှုဖြစ်စေတာ အမှန်ပါ။ အထူးသဖြင့် ဒီလွှမ်းမိုးမှုတွေက ကလေးတွေ ကျောင်းစတက်တဲ့ နောက်ပိုင်းမှာ ပိုပြီးသက်ရောက်စေတာ ဖြစ်ပါတယ်။ ကလေးတွေရဲ့ ဘဝကို ကောင်းသောခြေလှမ်းနဲ့ စတင်စေခြင်းဟာ အရေးကြီးပါတယ်။ ဒါပေမယ့် မိဘတွေအနေနဲ့ ကလေးတွေရဲ့ ကိုယ်ပိုင် စိတ်ရင်းစိတ်ထားလေးတွေ သတိပြုပြီးတော့ ကလေးတွေကို ပြင်ပလောကမှာ မိမိကိုယ်ကို ယုံကြည်မှုရှိရှိ အားကိုးတတ်စေဖို့ ပြင်ဆင်ပေးတာက မိဘတွေရဲ့ လုပ်ပေးသင့်တဲ့ တာဝန်တစ်ခုပါ။ မိဘတိုင်းရဲ့ အုပ်ထိန်းမှုပုံစံက သားသမီးတွေရဲ့ အနာဂတ်အပေါ်ကို အများကြီးသက်ရောက်မှုရှိပါတယ်။ တင်းကြပ်လွန်းရင်လည်း မသင့်တော်သလို လျော့ရဲ လွန်းရင်လည်း မကောင်းပြန်ပါဘူး။

ဒါဆိုရင် အုပ်ထိန်းမှုပုံစံ လေးမျိုးအကြောင်းကို အကြမ်းဖျင်းကြည့်လိုက်ကြရအောင်နော်။
၁။ အာဏာရှင်ဆန်သော အုပ်ထိန်းမှု (Authoritarian)
၂။ သင့်တင့်လျောက်ပတ်သော အုပ်ထိန်းမှု (Authoritative)
၃။ လွတ်လပ်ခွင့်ပေးသော အုပ်ထိန်းမှုနဲ့ (Permissive)
၄။ ပါဝင်ခြင်းမရှိတဲ့ အုပ်ထိန်းမှု (Uninvolved) တို့ပဲ ဖြစ်ပါတယ်။

၁။ အာဏာရှင်ဆန်သော အုပ်ထိန်းမှု

ပထမဆုံး အုပ်ထိန်းမှုပုံကတော့ အာဏာရှင်စနစ်ဆန်တယ်ဆိုတဲ့ အတိုင်းပဲ အာဏာရှင်ဆန်တဲ့ မိဘတွေက သားသမီးတွေရဲ့ ခံစားချက်တွေကို ထည့်သွင်းစဉ်းစားလေ့မရှိပါဘူး။ ကလေးတွေကိုလည်း သူတို့ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေကို ခြွင်းချက်မရှိလိုက်နာရမယ်လို့ ယုံကြည်ကြသူတွေပါ။ ကလေးက သူတို့ သတ်မှတ်ထားတဲ့ စည်းကမ်းရဲ့ နောက်က အကြောင်းရင်းကို မေးရင် “ငါပြောတဲ့အတိုင်းပဲ လုပ်” ဆိုပြီး အကြောင်းရင်းကို ရှင်းပြလေ့မရှိပါဘူး။ သားသမီးတွေနဲ့ အတူတူဆွေးနွေးဖို့ စိတ်မဝင်စားပါဘူး။ အရေးကြီးတာက ပြောတဲ့စကားကို နားထောင်လိုက်လုပ်ဖို့ပဲ ဖြစ်ပြီး ကလေးတွေရဲ့ စိတ်နေစိတ်ထားကို ထည့်တွက်လေ့မရှိပါဘူး။

ကလေးတွေကိုလည်း ပြဿနာဖြေရှင်းရမယ့် စိန်ခေါ်မှုတွေ၊ အတားအဆီး၊ အခက်အခဲတွေမှာလည်း ဝင်ရောက် ပတ်သက်ခွင့်မပြုပါဘူး။ အဲ့ဒီအစား စည်းကမ်းချက်တွေလုပ်ပြီး ကလေးရဲ့ သဘောထား အနည်းငယ်မျှသာပါတဲ့ အကျိုးဆက်ကိုသာ ရအောင် လုပ်စေပါတယ်။

အာဏာရှင်ဆန်တဲ့ မိဘတွေက ကလေးတွေကို ပိုကောင်းတဲ့ ရွေးချယ်မှုတွေကို ဘယ်လိုလုပ်ရမယ်ဆိုတာ သင်ပြခြင်းမပြုဘဲ ကလေးတွေကို သူတို့လုပ်ခဲ့တဲ့ အမှားအပေါ်မှာ စိတ်မကောင်းဖြစ်စေဖို့ကိုပဲ အလေးထားတာပါ။ စည်းကမ်းကို ဘယ်လို လိုက်နာရမယ်ဆိုတာထက် အပြစ်ပေးမှ မှတ်သွားမယ်ဆိုပြီး အပြစ်ပေးဖို့ကို အလေးသာတတ်ကြပါတယ်။

ဒီလိုနဲ့ ငယ်ရွယ်စဉ်က မိမိ ထင်မြင်ချက်၊ အယူအဆ၊ စိတ်ကူးတွေကို တန်ဖိုးထားခြင်းမခံရတဲ့ အာဏာရှင်မိဘတွေရဲ့ ကလေးတွေဟာ ကြီးပြင်းလာတဲ့အချိန်ကျရင် ကိုယ့်ကိုကိုယ် ယုံကြည်မှုတည်ဆောက်တာနဲ့ ပတ်သက်ပြီး ကြီးမားတဲ့ ပြဿနာတွေ ရင်ဆိုင်ရတတ်ပါတယ်။

ပြီးတော့လည်း ကလေးတွေရဲ့ မူဟန်က ခက်ထန်ကြမ်းတမ်းနိုင်ပါတယ်။ အနာဂတ်မှာ ဘယ်လိုမျိုး ကောင်းအောင် လုပ်မလဲဆိုတာထက် သူတို့မိဘတွေအပေါ်မှာရှိတဲ့ ဒေါသကိုပဲ မကြာခဏ အာရုံစိုက်တတ်လာလေ့ရှိပါတယ်။

အာဏာရှင် မိဘတိုင်းလိိုလိုဟာ စည်းကမ်းတင်းကြပ်တာကြောင့် ကလေးတွေဟာ အပြစ်ပေးခံရဖို့ကို ရှောင်ရှားဖို့အတွက် အပြစ်တွေကို ဖုံးဖို့အတွက် လိမ်ညာတော်တဲ့သူတွေ ဖြစ်လာတတ်ကြပါတယ်။ ဒါကတော့ အာဏာရှင်ဆန်တဲ့ အုပ်ချုပ်မှုနဲ့ သားသမီးအပေါ်သက်ရောက်မှုပဲ ဖြစ်ပါတယ်။

၂။ သင့်တင့်လျောက်ပတ်သော အုပ်ထိန်းမှု

ဒုတိယအုပ်ထိန်းမှုပုံစံမှာတော့ မိဘတွေက မိဘနဲ့ ကလေးကြား ကောင်းမွန် ယုံကြည်အားထားရတဲ့ ဆက်ဆံရေးကို တည်ဆောက်ပြီး ထိန်းသိမ်းလေ့ရှိပါတယ်။ စည်းကမ်းသတ်မှတ်ရင်လည်း ကလေးရဲ့ ခံစားချက်ကို ထည့်သွင်းစဉ်းစားပေးပါတယ်။ စည်းကမ်းရဲ့ နောက်ကွယ်က အကြောင်းအရာကိုလည်း အသေအချာရှင်းပြပေးပါတယ်။ စည်းကမ်းကိုဘယ်လိုလိုက်နာရမယ်ဆိုတာကို တွန်းအားပေးပြီး အပြစ်ဒဏ်အစား အကျိုးဆက်ကိုလည်း ရှင်းလင်းပြကြပါတယ်။

Related Post :  စိတ္ဝင္စားဖြယ္ရာ Black Hole အေၾကာင္း

ယခုလို မိဘတွေကတော့ အချိန်ရော အားရောမြုပ်နှံပြီး ကလေးရဲ့ အမူအရာပြဿနာတွေ မစခင်ကတည်းက ကာကွယ်နိုင်လေ့ရှိပါတယ်။ သူတို့ရဲ့ ယဉ်ကျေးတဲ့ ကိုယ်အမူအရာ၊ အပြုအမူလေးတွေ စောင့်ထိန်းအောင် ချီးမွမ်းပေးတာတို့ ဆုပေးတဲ့ စနစ်လေးတွေနဲ့ ပျိုးထောင်ကြပါတယ်။

မိဘနဲ့ သားသမီးကြားပွင့်လင်းမှုလည်းရှိပြီး ဒီလို နည်းလမ်းနဲ့ ပျိုးထောင်ခဲ့တဲ့ ကလေးတွေက အောင်မြင်ပြီး ပျော်ရွှင်စရာကောင်းတဲ့ ဘဝတွေ ပိုင်ဆိုင်ကြပါတယ်တဲ့။ မှန်ကန်ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ပိုပြီးလုပ်နိုင်ကြပြီး ကောင်းကောင်းမွန်မွန် လွတ်လွတ်လပ်လပ် ပိုမိုရပ်တည်နိုင်ကြတယ်လို့ ဆိုပါတယ်။

၃။ လွတ်လပ်ခွင့်ပေးသော အုပ်ထိန်းမှု

တတိယ အုပ်ထိန်းမှုပုံစံကတော့ လျော့ရဲရဲနိုင်ပါတယ်။ မိဘတွေက စည်းမျဉ်းတွေ ချမှတ်ပေမယ့်လည်း လိုက်နာဖို့ တွန်းအားပေးခဲကြပါတယ်။ အကျိုးဆက်တွေကို မကြာခဏ မရှင်းပြကြပါဘူး။ မိဘတွေဟာ ကလေးတွေ သူတို့ အကူအညီ နည်းနည်းနဲ့ အကောင်းဆုံး သင်ယူနိုင်ကြတယ်လို့ ယုံကြည်ကြပါတယ်။

လွတ်လပ်ခွင့်ပေးတဲ့ မိဘတွေက အများအားဖြင့် “ကလေးဆိုတာ ကလေးလိုပဲ နေမှာပဲ” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ခွင့်လွှတ်ပေးတတ်ကြပါတယ်။ ကလေးက တောင်းပန်ရင်လည်း သူတို့ နောင်ကျရင် ကောင်းသွားမှာပဲ ဆိုပြီး ခွင့်လွှတ်ပြီး အခွင့်ရေးပြန်ပေးတတ်ကြပါတယ်။

ဒီလို မိဘတွေက ကလေးတွေအတွက် မိဘဆိုတဲ့ နေရာထက် သူငယ်ချင်းလို ပိုပြီးနေကြပါတယ်။ ပြဿနာတွေကို တစ်ခါတစ်ရံ သူတို့နဲ့ တိုငိပင်ဆွေးနွေးဖို့ တိုက်တွန်းလေ့ရှိပြီး မမှန်ကန်တဲ့ အပြုအမူတွေ၊ ရွေးချယ်မှုတွေ ကလေး လုပ်တဲ့အခါ သိ်ပ်ပြီး အင်တိုက်အားတိုက်တားလေ့ မရှိပါဘူး။

ကြီးပြင်းလာတဲ့ အခါ ကလေးတွေဟာ ပညာရေးပိုင်းဆိုင်ရာမှာ ရုန်းကန်ရနိုင်ပြီး စည်းကမ်းတွေ မလိုက်နာခဲ့တာကြောင့် အမူအရာ နဲ့ ပတ်သက်ပြီး ပြဿနာတွေဖြစ်နိုင်ပါတယ်။ မိမိကိုယ်ကို ယုံကြည်မှုလည်း နည်းပါးနိုင်ပြီး စိတ်ညစ်စရာတွေ အများကြီး ကြုံတွေ့ရနိုင်ပါတယ်။

ပြီးတော့ မိဘတွေက အလိုလိုက်ထားတဲ့အတွက်ကြောင့် အသင့်စား အာဟာရမပြည့်ဝတဲ့ အစာတွေကို စားဖြစ်တာကြောင့် အဝလွန်မှု၊ သွားနှင့်ခံတွင်း ပြဿနာတွေလည်း ခံစားရနိုင်ပါတယ်။

၄။ ပါဝင်ခြင်းမရှိတဲ့ အုပ်ထိန်းမှု

စတုတ္ထ အုပ်ချုပ်မှုစနစ်ကတော့ မိဘက ဝင်ပါခြင်း မရှိတာပဲ ဖြစ်ပါတယ်။ သားသမီးကို ကျောင်းအကြောင်း အိမ်စာအကြောင်း မေးလေ့မရှိကြပါဘူး။ ကလေးက ဘယ်မှာလဲ ဘယ်သူနဲ့ ရှိနေလဲဆိုတာ သိခဲကြပါတယ်။ ပြီးတော့လည်း ကလေးကို အချိန်များများ မပေးနိုင်ကြပါဘူး။ ယခုလို မိဘတွေက သားသမီးနဲ့ ပတ်သက်ပြီး သိချင်စိတ် အနည်းငယ်မျှသာ ရှိကြပါတယ်။

မိဘတွေဟာ ကလေးတွေကို သူ့ဘာသာ ကြီးပြင်းစေပြီး ကလေးတွေရဲ့ အခြေခံ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ အချိန်၊ လူအင်အား အနည်းငယ်မျှသာ ပေးနိုင်ကြပါတယ်။

ဒီအုပ်ထိန်းမှုရဲ့ အကျိုးဆက်တွေကတော့ ကလေးဟာ မိမိကိုယ်ကို ယုံကြည်မှု နည်းပါးပြီး စိတ်လည်း မပျော်ရွှင်ဘဲ ကျောင်းမှာလည်း စာသေချာလိုက်မလုပ်နိုင်မှာ သေချာပါတယ်။

မိဘတွေ အားလုံးကတော့ ဖော်ပြပါ လေးခုထဲက တစ်ခုတည်းပဲ ကိုက်ညီမှု ရှိတာ မဟုတ်နိုင်ပါဘူး။ ဒုတိယ နဲ့ တတိယအမျိုးအစား ရောနှော နေတဲ့ အုပ်ထိန်းသူတွေလည်း ရှိနိုင်ပါတယ်။

အကောင်းဆုံးကတော့ ဒုတိယနည်းလမ်းပဲဖြစ်တယ်။ တစိုက်မတ်မတ်နဲ့ ဒုတိယ နည်းအတိုုင်း လုပ်ဆောင်ရင်တော့ အချိန်ကြာလာရင် ရလဒ်တွေကို ကလေးတွေဆီမှာ သိသိသာသာမြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။

ဒီနေ့ကတော့ ဒီအုပ်ထိန်းမှုပုံစံလေးမျိုးနဲ့ပဲ နှုတ်ဆက်လိုက်ပါရစေနော် 😁 စာဖတ်သူတို့ နှစ်သက်ကြမယ်လို့လဲ ကျွန်တော်တို့ယူဆပါတယ်။ နောက်လာမယ့် ဆောင်းပါးတွေကို တစ်ခုထက်တစ်ခု ပိုကောင်းအောင် ကျွန်တော်တို့ကြိုးစားသွားပါမယ်။ အကြံပေးစရာ၊ တိုင်ပင်စရာတွေရှိပါက comment မှာ၊ ဒါမှမဟုတ် chat box မှာလာရောက်ဆွေးနွေးနိုင်ပါတယ်။ ကျွန်တော်တို့ကို ဆက်လက်အားပေးနေရင် ကျွန်တော်တို့ရဲ့ Facebook Page ကို Like & See First လုပ်ပြီး၊ ဒီ post ကို share ပေးဖို့တိုက်တွန်းလိုပါတယ်။ အားလုံးကို ကျေးဇူး အထူးတင်ရှိပါတယ်။

Related Posts

Leave a Reply