Menu Close
Zawgyi
Related Post :  8 Parts Of Speech
Unicode
အင်္ဂလိပ်ဘာသာစကားကို အိမ်မှာနေရင်း လေ့လာနိုင်မယ့် နည်းလမ်း ၁၀ ခု
လူအများစုက အင်္ဂလိပ်ဘာသာစကားကို ခက်ခဲတဲ့ ဘာသာစကားတစ်ခုအဖြစ် မှတ်ယူထားကြပါတယ်။ အင်္ဂလိပ်ဘာသာစကားကို စတင်လေ့လာပြီး သိပ်မကြာခင်မှာပင် လက်လျော့သွားတဲ့ လူတွေလည်း တစ်ပုံကြီးပါ။ လက်မလျော့ပဲ ဇွဲကောင်းကောင်းနဲ့ နှစ်ပေါင်းများစွာ လေ့လာနေတဲ့သူတွေလည်း ရှိပါတယ်။ နည်းမှန်၊ လမ်းမှန်နဲ့ လေ့လာ၊ သင်ယူပြီး ၆ လကနေ ၁ နှစ်အတွင်း တတ်မြောက်သွားတဲ့ လူတွေလည်း ရှိပါတယ်။
ပညာတစ်ခုကို တတ်မြောက်ဖို့အတွက် လေ့လာသူရဲ့ အားစိုက်မှုလိုသလို နည်းလမ်းမှန်ကို ညွှန်ပြပေးနိုင်တဲ့ ဆရာသမားကောင်း ရှိဖို့လည်း များစွာ အရေးကြီးပါတယ်။ ဆရာသမားကောင်းတစ်ယောက်ယောက် သင့်ဘေးမှာရှိမနေဘူးဆိုရင်တော့ ယုံကြည်စိတ်ချရတဲ့၊ အမှန်တကယ် အကူအညီရနိုင်တဲ့၊ နည်းလမ်းတွေပေးနိုင်တဲ့ နေရာတစ်ခုခုကို သင်သိထားသင့်ပါတယ်။ (တနင်္ဂနွေနေ့တိုင်းမှာ MotivSuccess ကနေ အခမဲ့ဆွေးနွေးပေးတဲ့ အစီအစဉ်ရှိပါတယ်။ အသေးစိတ်ကို Chat Box မှာ လာရောက် စုံစမ်းနိုင်ပါတယ်။)
Related Post :  Marketing အတြက္ မရွိမျဖစ္လိုအပ္တဲ့ P (၇) လံုး
ကဲ အခု သူငယ်ချင်းတို့အတွက် “အင်္ဂလိပ်ဘာသာစကားကို အိမ်မှာနေရင်း လေ့လာနိုင်မယ့် နည်းလမ်း ၁၀ ခု” ကို တိုတိုနဲ့ လိုရင်းပဲ မိတ်ဆက်ပေးပါရစေ ခင်ဗျာ။
၁။ အမြဲတမ်း အင်္ဂလိပ်ဘာသာစကားကို အသုံးပြုပြီး အထိအတွေ့ရှိအောင်နေပါ။
၂။ အင်္ဂလိပ်လိုပြောတဲ့ အသိုင်းအဝိုင်းမှာနေပါ။ (သို့) ဖန်တီးပါ။
၃။ အင်္ဂလိပ်လို အတူတူ လေ့လာ သင်ယူ၊ လေ့ကျင့်မယ့် သူငယ်ချင်းကိုရှာပါ။
၄။ အင်္ဂလိပ်လို ရေးသားထားတဲ့ စာအုပ်တွေ၊ မဂ္ဂဇင်းတွေ ကိုဖတ်ပေးပါ။
၅။ အင်တာနက်ကို အင်္ဂလိပ်စာတိုးတက်မှုအတွက် ကောင်းကောင်းအသုံးချပေးပါ။
၆။ အင်္ဂလိပ်စာ လေ့လာရခြင်း ရည်ရွယ်ချက်ကို သတ်မှတ်ပေးပါ။
၇။ အင်္ဂလိပ်လိုပြောတဲ့ အစီအစဉ်တွေ၊ podcast တွေ များများ နားထောင်ပေးပါ။
၈။ စာလုံးအသစ်တွေအတွက် ထူးထူးဆန်းဆန်း နည်းလမ်းလေးတွေ သုံးပြီး လေ့လာ မှတ်သားပါ။
၉။ ပေါင်းသင်းပြောဆိုရာမှာ အဆင်ပြေနိုင်ဖို့အတွက်လည်း သူတို့ရဲ့ ဓလေ့ထုံးတမ်း ယဉ်ကျေးမှုတွေကိုလေ့လာသင့်ပါတယ်။
၁၀။ နောက်ဆုံးအချက်အနေနဲ့ အမှားလုပ်မိမှာ မစိုးရိမ်ပဲ ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါးနဲ့ လေ့လာပါ။
သူငယ်ချင်းတို့ရေ ဒီအချက် ၁၀ ချက်ကတော့ သူငယ်ချင်းတို့အတွက် အင်္ဂလိပ်ဘာသာစကားကို အိမ်မှာနေရင်း လေ့လာနိုင်မယ့် နည်းလမ်းလေးတွေပဲ ဖြစ်ပါတယ်။ သူငယ်ချင်းတို့အတွက် အသုံးဝင်မယ်လို့လည်း မျှော်လင့်ပါတယ်။ ဒီ အသုံးဝင်မယ့် အချက်အလက်လေးတွေကို သူငယ်ချင်းတို့သိသွားတဲ့အတိုင်း သူငယ်ချင်းရဲ့အသိမိတ်ဆွေတွေ သိသွားဖို့အတွက်လည်း မျှဝေပေးပါဦး ခင်ဗျာ။ ကျွန်တော်တို့ MotivSuccess မှာ တနင်္ဂနွေနေ့တိုင်း အခမဲ့ ဆွေးနွေးတိုင်ပင်ပေးတဲ့ အစီအစဉ်လည်း ရှိပြီး အသုံးဝင်မယ့် ဆောင်းပါးတွေကို အမြဲ တင်ပေးနေတာကြောင့် Like And See First လေး လုပ်ထားနိုင်ပါတယ် ခင်ဗျာ။ နောက်နေ့ ပြန်တွေ့ကြမယ်နော်။
Related Posts