Menu Close

အရပ္ပိုရွည္လာေအာင္ ဘယ္လို လုပ္ၾကမလဲ?

To Become Taller

Zawgyi

အရပ္ရွည္ျခင္းဟာ သင့္မိဘရဲ့ မ်ိဳးရိုးဗီဇနဲ႔ တိုက္ရိုက္ ပတ္သက္ေနသလို သင္ေနထိုင္တဲ့ ပတ္ဝန္းက်င္နဲ႔လည္း သက္ဆိုင္ေနပါတယ္။ ၆၀% ကေန ၈၀% အထိက မ်ိဳးရိုးဗီဇနဲ႔ သက္ဆိုင္ေနၿပီး ၂၀% ကေန ၄၀% အထိက သင့္ရဲ့ လူေနမွုပုံစံနဲ႔ သက္ဆိုင္ပါတယ္။ တကယ္ေတာ့ ခႏၶာကိုယ္ႀကီးထြားေစတဲ့ တစ္ရွုးေတြရွိတဲ့ေနရာ ပိတ္သြားတဲ့အခ်ိန္မွာ သင့္အရပ္ဟာ ပိုရွည္လာမွာ မဟုတ္ေတာ့ပါဘူး။ အဲ့ဒီ ခႏၶာကိုယ္ ႀကီးထြားေစတဲ့ တစ္ရွုးေတြရွိတဲ့ေနရာရဲ့တံခါး ပိတ္မသြားခင္ အခ်ိန္အတြင္း ေအာက္မွာေဖာ္ျပထားတဲ့ နည္းလမ္းေတြနဲ႔ ေလ့က်င့္ခန္းေတြကို အသုံးျပဳၿပီး သင္အရပ္ပိုရွည္ေအာင္ ႀကိဳးစားနိုင္ပါတယ္။ ငယ္ရြယ္စဥ္အခါက သင္ စားသုံးခဲ့တဲ့ အစားအစာေတြနဲ႔ ျပဳလုပ္ခဲ့တဲ့ ေလ့က်င့္ခန္းေတြဟာ သင္ႀကီးလာတဲ့အခါ ပိန္တာ၊ ဝတာ၊ အရပ္ရွည္တာ၊ အရပ္ပုတာေတြအေပၚ မ်ားစြာ သက္ေရာက္မွုရွိပါတယ္။ ေအာက္မွာေဖာ္ျပထားတဲ့ နည္းလမ္းေတြဟာ သင့္ရဲ့အရပ္တစ္ခုတည္းကို သက္ေရာက္မွုရွိမွာမဟုတ္ပဲ သင့္ က်န္းမာေရးနဲ႔ လူေနမွုပုံစံ ကိုပါ သက္ေရာက္မွုရွိမွာ ျဖစ္ပါတယ္။

၁။ အရပ္ရွည္ျခင္းဟာ သင့္မိသားစုရဲ့ မ်ိဳးရိုးဗီဇနဲ႔ မ်ားစြာ သက္ဆိုင္ပါတယ္

အေပၚမွာ ေဖာ္ျပခဲ့တဲ့အတိုင္း အရပ္ဟာ မ်ိဳးရိုးဗီဇ လကၡဏာေတြနဲ႔ မ်ားစြာ ပက္သတ္မွုရွိေနပါတယ္။ သို႔ေသာ္ သင့္မွာ အရပ္ပုတဲ့မိဘေတြရွိေနလို႔ သင္လည္းအရပ္ပုမယ္လို႔ တိုက္ရိုက္မေျပာနိုင္သလို သင့္မွာ အရပ္ရွည္တဲ့ မိဘေတြရွိေနလို႔ သင္လည္းအရပ္ရွည္မယ္လို႔ တိုက္ရိုက္မေျပာနိုင္ပါဘူး။ တကယ္ေတာ့ အရြယ္မေရာက္ခင္အခ်ိန္(အသက္ႏွစ္ဆယ္ေက်ာ္ဝန္းက်င္)အထိ သင္ ဘယ္ေလာက္အရပ္ရွည္မယ္ဆိုတာကို အတိအက်သိနိုင္မွာမဟုတ္ပါဘူး။ ဒါေပမယ့္ သင့္မိဘေတြရဲ့ အရပ္အျမင့္ေပၚမွာ မူတည္ၿပီး သင္ ဘယ္ေလာက္ထိ အရပ္ရွည္မယ္ကို ခန႔္မွန္း၊ တြက္ယူနိုင္ပါတယ္။ (အတိအက် မမွန္နိုင္ေပမယ့္ အနီးစပ္ဆုံးေတာ့ ရမွာပါ)

– ပထမဆုံး သင္လုပ္ရမွာက သင့္အေဖနဲ႔ အေမရဲ့ အရပ္အျမင့္ကို ေပါင္းပါ
ဥပမာ – ၅ ေပ ၉ လကၼ + ၅ ေပ = ၁၀ ေပ ၉ လကၼ

– သင္ဟာ ေယာက်္ားေလးဆိုရင္ ထိုရလဒ္မွာ ၅ လက္မ ေပါင္းထည့္ၿပီး သင္ဟာ မိန္းကေလးဆိုရင္ေတာ့ ထိုရလဒ္မွ ၅ လက္မကိုႏွုတ္ပါ
ဥပမာ – ၁၀ ေပ ၉ လကၼ + ၅ လကၼ = ၁၁ ေပ ၂ လကၼ

– ၿပီးရင္ ရလဒ္ကို ၂ နဲ႔ စားပါ
ဥပမာ – ၁၁ ေပ ၂ လကၼ ÷ ၂ = ၅ ေပ ၆ လကၼ

– ေနာက္ဆုံးရလာတဲ့အေျဖကေတာ့ သင့္ရဲ့အရပ္ပဲျဖစ္ပါတယ္။ ၄ လက္မေလာက္ ပိုတာ၊ လိုတာ ရွိနိုင္ပါတယ္။

၂။ ႀကီးထြားမွုကို ရပ္တန႔္ေစတဲ့အရာေတြကို ေရွာင္ၾကည္ပါ

သင့္အရပ္ ပိုရွည္လာေအာင္ သင္လုပ္နိုင္တာ အမ်ားအျပားမရွိေပမယ့္ သင့္ႀကီးထြား၊ ဖြံ့ၿဖိဳးမွု ရပ္တန႔္မသြားေအာင္ေတာ့ သင္ မ်ားစြာလုပ္ေဆာင္နိုင္ပါတယ္။ အရြယ္မတိုင္မီ အရက္ေသစာနဲ႔ မူးယစ္ေဆးဝါးေတြကိုမွီဝဲျခင္းဟာ သင့္ ႀကီးထြားမွုႏွုန္းအတြက္ အလြန္ကို အဟန႔္အတားျဖစ္ေစပါတယ္။ အာဟာရ ျပည့္ျပည့္ဝဝ မရရွိျခင္းကလည္း အလားတူ ဆိုးက်ိဳးကို ၾကဳံေတြ႕ေစမွာ ျဖစ္ပါတယ္။

– ေကာ္ဖီေသာက္ျခင္းဟာ သင့္ႀကီးထြားမွုကို သက္ေရာက္မွုရွိပါသလား? သိပၸံနည္းက် ေလ့လာေတြ႕ရွိခ်က္ေတြအရဆိုရင္ေတာ့ ကဖိန္းဓာတ္ဟာ သင့္ႀကီးထြားမွုကို တိုက္ရိုက္ သက္ေရာက္မွုမရွိပါဘူး။ ဒါေပမယ့္ ကဖိန္းဓာတ္က သင့္ကို ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္စက္ဖို႔ ကူညီေပးနိုင္မွာ မဟုတ္ပါဘူး။ ကေလးငယ္ေတြနဲ႔ ဆယ္ေက်ာ္သက္အရြယ္ လူငယ္ေတြဟာ တစ္ရက္ကို အိပ္ခ်ိန္ ၈ နာရီကေန ၁၁ နာရီအထိ လိုအပ္ၾကပါတယ္။

– ေဆးလိပ္ေသာက္ျခင္းကေရာ သင့္ႀကီးထြားမွုကို သက္ေရာက္မွုရွိပါသလား? ေဆးလိပ္ေသာက္ျခင္း (သို႔) ေဆးလိပ္ေသာက္တဲ့ ပတ္ဝန္းက်င္မွာေနထိုင္းျခင္းက ႀကီးထြားမွုကို တိုက္ရိုက္ထိေရာက္မွုရွိမေနေပမယ့္ ကိုလန္ဘီယာတကၠသိုလ္ရဲ့ က်န္းမာေရးဆိုင္ရာ အင္တာနက္စာမ်က္ႏွာရဲ့ အဆိုအရ ‘ေဆးလိပ္ေသာက္သုံးသူ (သို႔) ေဆးလိပ္ေသာက္သုံးသူရဲ့ သား၊ သမီးေတြဟာ ေဆးလိပ္မေသာက္သုံးသူ (သို႔) ေဆးလိပ္ မေသာက္သုံးသူရဲ့ သား၊ သမီးေတြထက္ အရပ္ ပိုပုေလ့ရွိတယ္’ လို႔သိရပါတယ္။

၃။ အိပ္ေရးဝေအာင္ အိပ္စက္ပါ

သုေတသနေတြရဲ့ အႀကံျပဳခ်က္အရ ဆယ္ေက်ာ္သက္ေတြနဲ႔ ကေလးေတြဟာ ညတိုင္း အိပ္စက္ခ်ိန္ ၈ နာရီကေန ၁၁ နာရီအထိ ရွိဖို႔ လိုအပ္ပါတယ္။ အေၾကာင္းရင္းမွာ ခႏၶာကိုယ္ႀကီးထြားျခင္းဟာ သင္ အိပ္စက္ေနတဲ့အခ်ိန္မွာ ျဖစ္ေပၚေနလို႔ပဲ ျဖစ္ပါတယ္။ ျဖစ္နိုင္ရင္ သင္အိပ္စက္ေနတဲ့အခ်ိန္ ပတ္ဝန္းက်င္မွာ ဆူညံ့ေနတာမ်ိဳး၊ မလိုအပ္တဲ့ အလင္းေရာင္ေတြရွိေနတာမ်ိဳးကို ေရွာင္ရွားသင့္ပါတယ္။ သင္ အိပ္မေပ်ာ္တဲ့ေန႔ေတြ ၾကဳံေတြ႕လာခဲ့ရင္ ေရေႏြးေႏြးေလး ခ်ိဳးတာမ်ိဳး (သို႔) ကဖိန္းဓာတ္မပါတဲ့ လက္ဖက္ရည္တစ္မ်ိဳးမ်ိဳး ေသာက္တာမ်ိဳးကို ျပဳလုပ္နိုင္ပါတယ္။ အိပ္ေရးဝေအာင္သာ မအိပ္ရရင္ သင့္ခႏၶာကိုယ္ ႀကီးထြားမွုကို မ်ားစြာ ထိခိုက္နိုင္ပါတယ္။

– Human Growth Hormone(HGH) လို႔ေခၚတဲ့ ခႏၶာကိုယ္ႀကီးထြားေဟာ္မုန္းေတြကို သင္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနတဲ့အခ်ိန္မွာ သင့္ခႏၶာကိုယ္က ထုတ္ေပးပါတယ္။ အျပင္ေလာကမွာ HGH ပါဝင္တဲ့ အရပ္ရွည္ေဆးေတြကို လြယ္လြယ္ကူကူ ဝယ္ယူသုံးစြဲနိုင္ပါတယ္။ ေသာက္ေဆးေတြရွိသလို ထိုးေဆးေတြလည္းရွိပါတယ္။ ဒီလိုေဆးေတြမွာ ေဘးထြက္ဆိုးက်ိဳးေတြမ်ားတာေၾကာင့္ မသုံးစြဲခင္ ဆရာဝန္ရဲ့ အႀကံျပဳခ်က္ကို ရယူသင့္ပါတယ္။

– သင္အိပ္စက္ေနတဲ့အခ်ိန္မွာ သင့္ခႏၶာကိုယ္ကို တတ္နိုင္သမၽွ ဆန႔္ထားပါ။ ေကြးေကြးေလးအိပ္တာမ်ိဳးမဟုတ္ဘဲ ပက္လက္လွန္ကာ ေျခေထာက္၊ လက္ေတြကို ဆန႔္နိုင္သမၽွဆန႔္ထားၿပီး သင့္ ခႏၶာကိုယ္ကို ျပည့္ျပည့္ဝဝ အနားေပးပါ။ ဒီလိုအိပ္စက္ျခင္းဟာ ခ်က္ျခင္းေနသားမက်ေပမယ့္ ရက္အနည္းငယ္အတြင္း အဆင္ေျပသြားမွာပါ။ ေခါင္းအုံးကို အသုံးမျပဳဘဲ အိပ္စက္ျခင္းကလည္း သင့္ခႏၶာကိုယ္ ႀကီးထြားေရးအတြက္ မ်ားစြာ အေထာက္အကူ ျပဳပါတယ္။

၄။ အာဟာရ

ဗီတာမင္နဲ႔ သတၱဳဓာတ္တို႔ဟာလည္း သင့္အရပ္ရွည္ေရးအတြက္ မရွိမျဖစ္ပါပဲ။ လိုအပ္တဲ့ ဓာတ္ေတြကို အစားအစာေတြက မ်ားစြာရရွိနိုင္တာေၾကာင့္ မနက္စာ၊ ေန႔လယ္စာနဲ႔ ညစာတို႔ကို ပုံမွန္စားသုံးသင့္ပါတယ္။ အေသးစိတ္ အႀကံျပဳခ်က္ေတြကိုေတာ့ ေအာက္မွာ ေဖာ္ျပထားပါတယ္။

– ကစီဓာတ္နဲ႔ ကယ္လိုရီေတြက သင့္ခႏၶာကိုယ္ႀကီးထြားမွုအတြက္ အင္အားေတြ ျဖည့္စီးေပးပါတယ္။ ဒါေၾကာင့္ သူတို႔ မ်ားစြာပါဝင္တဲ့ အစား၊ အစာေတြကို သင္ စားသုံးသင့္ပါတယ္။

– ကယ္လ္ဆီယံဓာတ္ မ်ားစြာပါဝင္တဲ့ နို႔ထြက္ပစၥည္းေတြနဲ႔ အစိမ္းေရာင္ အသီး၊ အရြက္ေတြကို မ်ားမ်ားစားသုံးေပးပါ။ အေၾကာင္းရင္းမွာ ကယ္လ္ဆီယံဓာတ္ဟာ အရိုးေတြကိုသန္မာေစၿပီး အရိုးပြျခင္းေရာဂါမွလည္း ကာကြယ္ေပးနိုင္လို႔ပဲ ျဖစ္ပါတယ္။

– နီကိုတင္းဓာတ္ ၅၀၀ မီလီဂရမ္ ပမာဏဟာလည္း ႀကီးထြားမွုေဟာ္မုန္းေတြကို သိသိသာသာ တိုးပြားေစပါတယ္။ ဒါေပမယ့္ ဗိုက္ထဲမွာ အစာမရွိတဲ့ အခ်ိန္မွသာ အလုပ္လုပ္မွာျဖစ္ပါတယ္။

– ဗီတာမင္ ဒီ(Vitamin D)ဟာ ကေလးေတြရဲ့ အရိုးအဆစ္ေတြနဲ႔ ႂကြက္သားေတြ သန္မာဖို႔အတြက္ မ်ားစြား အေထာက္အကူ ျပဳပါတယ္။ ဗီတာမင္ ဒီ ခ်ိဳ႕တည္းမွုေၾကာင့္ ႀကီးထြားျခင္းရပ္တန႔္တာ၊ အဝလြန္တာေတြ ျဖစ္တတ္ပါတယ္။ ဗီတာမင္ ဒီ ကို ငါး၊ ငါးႀကီးဆီ၊ မွိုတို႔မွရရွိနိုင္သလို အပူမျပင္းတဲ့ ေနေရာင္ျခည္ကလည္း ရရွိနိုင္ပါတယ္။

Related Post :  ? ပူျပင္းတဲ့ ရာသီဥတုမွာ ဘယ္လိုေနထိုင္ၾကမလဲ ?

– ပရိုတိန္းဓာတ္ကလည္း သင့္ခႏၶာကိုယ္ႀကီးထြားမွုအတြက္ မရွိမျဖစ္ပါပဲ။ ပရိုတိန္းဓာတ္ျပည့္ဝတဲ့ အစားအစာေတြကို ေန႔စဥ္ စားသုံးသင့္ပါတယ္။ ပရိုတိန္းဓာတ္မ်ားစြာပါဝင္တဲ့ အစားအစာေတြကေတာ့ အသား၊ ဒိန္ခဲ၊ ၾကက္ဥ၊ ပဲ၊ တို႔ဟူးနဲ႔ အေစ့တို႔ပဲျဖစ္ပါတယ္။

– ဇင့္ဓာတ္ဟာလည္း ခႏၶာကိုယ္ႀကီးထြားမွုအတြက္ အလြန္အေရးပါပါတယ္။ ဇင့္ဓာတ္ခ်ိဳ႕တဲ့ျခင္းေၾကာင့္လည္း ခေလးေတြရဲ့ ႀကီးထြားမွုႏွုန္းကို ရပ္တန႔္ေစပါတယ္။ ဇင့္ဓာတ္ကို ေခ်ာကလတ္၊ ဥမ်ား၊ ေျမပဲ တို႔မွရရွိနိုင္ပါတယ္။

၅။ ကိုယ္ခံအားေကာင္းေအာင္ ေနပါ

ကေလးဘဝတုန္းက မက်န္းမမာျဖစ္ျခင္းဟာ သင့္ရဲ့ ခႏၶာကိုယ္ႀကီးထြားမွုကို ထိခိုက္ေစနိုင္ပါတယ္။ ဒါေပမယ့္ Vitamin C(ဗီတာမင္ စီ) ပါဝင္တဲ့ လိေမၼာ္သီး၊ သံပရိုသီးနဲ႔ ေရွာက္ခါးသီးတို႔ကို စားသုံးၿပီးေတာ့ ဒီအခ်က္ကို ကာကြယ္နိုင္ပါတယ္။ ေနမေကာင္းျဖစ္ေနခ်ိန္မွာ ဘာမွမလုပ္ဘဲ နားေနျခင္းကလည္း မ်ားစြာအက်ိဳးရွိပါတယ္။

– ကိုယ္ခံအားေကာင္းေနဖို႔အတြက္ အျမဲတမ္း လတ္ဆတ္တဲ့ အစား၊ အေသာက္ေတြကိုပဲ သုံးေဆာင္ပါ။

– က်န္းမာေရးကို အေထာက္အကူျပဳတဲ့ အစား၊ အစာေတြကို စားပါ။ ခုကိုယ္ခံအားေကာင္းဖို႔အတြက္ သစ္သီးမ်ိဳးစုံကို စားသုံးနိုင္သလို၊ အသီး၊ အရြက္ေတြကိုလည္း စားသုံးနိုင္ပါတယ္။ omega 3 ပါဝင္တဲ့ ငါးႀကီးဆီကိုလည္း သုံးေဆာင္နိုင္ပါတယ္။ ေရကို တစ္ေန႔မွာ ဖန္ခြက္ ၆ ခြက္ကေန ၈ ခြက္အထိ သာက္သုံးဖို႔လည္း လိုအပ္ပါတယ္။

၆။ ေလ့က်င့္ခန္းလုပ္ပါ

ဒီေနရာမွာ တစ္ခုရွိတာက ခႏၶာကိုယ္ ႀကီးထြားေစတဲ့ တစ္ရွုးေတြရွိတဲ့ေနရာရဲ့တံခါး ပိတ္သြားၿပီ ဆိုရင္ေတာ့ ေလ့က်င့္ခန္းလုပ္ျခင္းဟာ ထိေရာက္မွု မရွိေတာ့ပါဘူး။ သင့္ ခႏၶာကိုယ္ႀကီးထြားေနဆဲဆိုရင္ေတာ့ ေရကူးျခင္း၊ စက္ဘီးစီးျခင္း၊ လမ္းေလၽွာက္ျခင္းအပါအဝင္ အျခားေသာ အားကစားေတြကိုျပဳလုပ္ရင္း အစားအေသာက္လည္းမွန္ေနမယ္၊ အိပ္ေရးလည္း ဝေအာင္အိပ္ေနရမယ္ဆိုရင္ သင့္ အရပ္ကို ပိုရွည္လာေစမွာျဖစ္ပါတယ္။

– ကိုယ္၊ လက္ ဆန႔္ၿပီးလုပ္ရတဲ့ ေလ့က်င့္ခန္းမ်ိဳးဟာ အရပ္ရွည္ဖို႔အတြက္ မ်ားစြာ အေထာက္အကူ ျပဳပါတယ္။ ခႏၶာကိုယ္ ႀကီးထြားေစတဲ့ တစ္ရွုးေတြရွိတဲ့ေနရာရဲ့တံခါး ပိတ္သြားၿပီ ဆိုရင္ေတာင္ တစ္ခါတစ္ရံ ဒီလိုေလ့က်င့္ခန္းမ်ိဳးဟာ သင့္အရပ္ကို ပိုရွည္လာေစပါတယ္။ ဒီလိုေလ့က်င့္ခန္းမ်ိဳးကို တစ္ေန႔ ႏွစ္ႀကိမ္အနည္းဆုံးျပဳလုပ္သင့္ပါတယ္။ အိပ္ရာထထခ်င္းတစ္ႀကိမ္၊ အိပ္ရာမဝင္ခင္တစ္ႀကိမ္။

– ေရကူးျခင္းဟာလည္း ခႏၶာကိုယ္မွာရွိတဲ့ အေၾကာေတြ၊ ႂကြက္သားေတြကို ဆန႔္ၿပီး ျပဳလုပ္ရတဲ့ ေလ့က်င့္ခန္းျဖစ္တာေၾကာင့္ အရပ္ရွည္ဖို႔အတြက္ မ်ားစြာ အေထာက္အကူျပဳပါတယ္။

၇။ ဆရာဝန္နဲ႔ တိုင္ပင္ေဆြးေႏြးပါ

သင့္မိဘေတြက အရပ္ရွည္ၾကေပမယ့္ သင္ကအရပ္ပုေနတယ္၊ အေပၚမွာေဖာ္ျပထားတဲ့အတိုင္း အိပ္ေရးဝဝအိပ္တယ္၊ အစားေသာက္လည္း မွန္တယ္၊ ေလ့က်င့္ခန္းလည္း လုပ္တယ္၊ ဒါေပမယ့္ သင့္အရပ္ဟာ ပိုရွည္မလာဘူး ဆိုရင္ေတာ့ တျခား အေၾကာင္းအရာေတြေၾကာင့္လည္း ျဖစ္နိုင္တာေၾကာင့္ ဆရာဝန္နဲ႔ အျမန္ဆုံး တိုင္ပင္ေဆြးေႏြးတာ အေကာင္းဆုံးပါ။

အေပၚမွာ ေဖာ္ျပထားတာကေတာ့ အရပ္ရွည္ျခင္းနဲ႔ သက္ဆိုင္တဲ့ အႀကံျပဳခ်က္ ၇ ခ်က္ပဲျဖစ္ပါတယ္။ ဒီေဆာင္းပါးဟာ သင့္အတြက္ မ်ားစြာ အေထာက္အကုျပဳမယ္လို႔ ယူဆပါတယ္။ ဒီေဆာင္းပါးကို သင္ ႀကိဳက္ႏွစ္သက္တယ္၊ ေနာက္လည္း ဒီလိုေဆာင္းပါးေတြကို ဖတ္ခ်င္တယ္ဆိုရင္ေတာ့ ကၽြန္ေတာ္တို႔ Facebook Page ကို Like & See First လုပ္ထားဖို႔ရယ္၊ ဒီ post ကို share ေပးဖို႔ရယ္ တိုက္တြန္းေပးခ်င္ပါတယ္။ အႀကံျပဳ၊ ေဆြးေႏြးခ်င္တာရွိရင္ comment မွာေရးခဲ့နိုင္သလို၊ chat box မွလည္းလာေရာက္ေမးျမန္းနိုင္ပါတယ္။ ေက်းဇူးတင္ပါတယ္။

Unicode

အရပ်ပိုရှည်လာအောင် ဘယ်လိုလုပ်ကြမလဲ??

အရပ်ရှည်ခြင်းဟာ သင့်မိဘရဲ့ မျိုးရိုးဗီဇနဲ့ တိုက်ရိုက် ပတ်သက်နေသလို သင်နေထိုင်တဲ့ ပတ်ဝန်းကျင်နဲ့လည်း သက်ဆိုင်နေပါတယ်။ ၆၀% ကနေ ၈၀% အထိက မျိုးရိုးဗီဇနဲ့ သက်ဆိုင်နေပြီး ၂၀% ကနေ ၄၀% အထိက သင့်ရဲ့ လူနေမှုပုံစံနဲ့ သက်ဆိုင်ပါတယ်။ တကယ်တော့ ခန္ဓာကိုယ်ကြီးထွားစေတဲ့ တစ်ရှုးတွေရှိတဲ့နေရာ ပိတ်သွားတဲ့အချိန်မှာ သင့်အရပ်ဟာ ပိုရှည်လာမှာ မဟုတ်တော့ပါဘူး။ အဲ့ဒီ ခန္ဓာကိုယ် ကြီးထွားစေတဲ့ တစ်ရှုးတွေရှိတဲ့နေရာရဲ့တံခါး ပိတ်မသွားခင် အချိန်အတွင်း အောက်မှာဖော်ပြထားတဲ့ နည်းလမ်းတွေနဲ့ လေ့ကျင့်ခန်းတွေကို အသုံးပြုပြီး သင်အရပ်ပိုရှည်အောင် ကြိုးစားနိုင်ပါတယ်။ ငယ်ရွယ်စဉ်အခါက သင် စားသုံးခဲ့တဲ့ အစားအစာတွေနဲ့ ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းတွေဟာ သင်ကြီးလာတဲ့အခါ ပိန်တာ၊ ဝတာ၊ အရပ်ရှည်တာ၊ အရပ်ပုတာတွေအပေါ် များစွာ သက်ရောက်မှုရှိပါတယ်။ အောက်မှာဖော်ပြထားတဲ့ နည်းလမ်းတွေဟာ သင့်ရဲ့အရပ်တစ်ခုတည်းကို သက်ရောက်မှုရှိမှာမဟုတ်ပဲ သင့် ကျန်းမာရေးနဲ့ လူနေမှုပုံစံ ကိုပါ သက်ရောက်မှုရှိမှာ ဖြစ်ပါတယ်။

၁။ အရပ်ရှည်ခြင်းဟာ သင့်မိသားစုရဲ့ မျိုးရိုးဗီဇနဲ့ များစွာ သက်ဆိုင်ပါတယ်

အပေါ်မှာ ဖော်ပြခဲ့တဲ့အတိုင်း အရပ်ဟာ မျိုးရိုးဗီဇ လက္ခဏာတွေနဲ့ များစွာ ပက်သတ်မှုရှိနေပါတယ်။ သို့သော် သင့်မှာ အရပ်ပုတဲ့မိဘတွေရှိနေလို့ သင်လည်းအရပ်ပုမယ်လို့ တိုက်ရိုက်မပြောနိုင်သလို သင့်မှာ အရပ်ရှည်တဲ့ မိဘတွေရှိနေလို့ သင်လည်းအရပ်ရှည်မယ်လို့ တိုက်ရိုက်မပြောနိုင်ပါဘူး။ တကယ်တော့ အရွယ်မရောက်ခင်အချိန်(အသက်နှစ်ဆယ်ကျော်ဝန်းကျင်)အထိ သင် ဘယ်လောက်အရပ်ရှည်မယ်ဆိုတာကို အတိအကျသိနိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် သင့်မိဘတွေရဲ့ အရပ်အမြင့်ပေါ်မှာ မူတည်ပြီး သင် ဘယ်လောက်ထိ အရပ်ရှည်မယ်ကို ခန့်မှန်း၊ တွက်ယူနိုင်ပါတယ်။ (အတိအကျ မမှန်နိုင်ပေမယ့် အနီးစပ်ဆုံးတော့ ရမှာပါ)

– ပထမဆုံး သင်လုပ်ရမှာက သင့်အဖေနဲ့ အမေရဲ့ အရပ်အမြင့်ကို ပေါင်းပါ
ဥပမာ – ၅ ေပ ၉ လက္မ + ၅ ေပ = ၁၀ ေပ ၉ လက္မ

– သင်ဟာ ယောကျ်ားလေးဆိုရင် ထိုရလဒ်မှာ ၅ လက်မ ပေါင်းထည့်ပြီး သင်ဟာ မိန်းကလေးဆိုရင်တော့ ထိုရလဒ်မှ ၅ လက်မကိုနှုတ်ပါ
ဥပမာ – ၁၀ ေပ ၉ လက္မ + ၅ လက္မ = ၁၁ ေပ ၂ လက္မ

– ပြီးရင် ရလဒ်ကို ၂ နဲ့ စားပါ
ဥပမာ – ၁၁ ေပ ၂ လက္မ ÷ ၂ = ၅ ေပ ၆ လက္မ

– နောက်ဆုံးရလာတဲ့အဖြေကတော့ သင့်ရဲ့အရပ်ပဲဖြစ်ပါတယ်။ ၄ လက်မလောက် ပိုတာ၊ လိုတာ ရှိနိုင်ပါတယ်။

၂။ ကြီးထွားမှုကို ရပ်တန့်စေတဲ့အရာတွေကို ရှောင်ကြည်ပါ

သင့်အရပ် ပိုရှည်လာအောင် သင်လုပ်နိုင်တာ အများအပြားမရှိပေမယ့် သင့်ကြီးထွား၊ ဖွံ့ဖြိုးမှု ရပ်တန့်မသွားအောင်တော့ သင် များစွာလုပ်ဆောင်နိုင်ပါတယ်။ အရွယ်မတိုင်မီ အရက်သေစာနဲ့ မူးယစ်ဆေးဝါးတွေကိုမှီဝဲခြင်းဟာ သင့် ကြီးထွားမှုနှုန်းအတွက် အလွန်ကို အဟန့်အတားဖြစ်စေပါတယ်။ အာဟာရ ပြည့်ပြည့်ဝဝ မရရှိခြင်းကလည်း အလားတူ ဆိုးကျိုးကို ကြုံတွေ့စေမှာ ဖြစ်ပါတယ်။

– ကော်ဖီသောက်ခြင်းဟာ သင့်ကြီးထွားမှုကို သက်ရောက်မှုရှိပါသလား? သိပ္ပံနည်းကျ လေ့လာတွေ့ရှိချက်တွေအရဆိုရင်တော့ ကဖိန်းဓာတ်ဟာ သင့်ကြီးထွားမှုကို တိုက်ရိုက် သက်ရောက်မှုမရှိပါဘူး။ ဒါပေမယ့် ကဖိန်းဓာတ်က သင့်ကို နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ဖို့ ကူညီပေးနိုင်မှာ မဟုတ်ပါဘူး။ ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်အရွယ် လူငယ်တွေဟာ တစ်ရက်ကို အိပ်ချိန် ၈ နာရီကနေ ၁၁ နာရီအထိ လိုအပ်ကြပါတယ်။

Related Post :  က်န္းမာေရးကို ဘယ္လို ထိန္းသိမ္းၾကမလဲ

– ဆေးလိပ်သောက်ခြင်းကရော သင့်ကြီးထွားမှုကို သက်ရောက်မှုရှိပါသလား? ဆေးလိပ်သောက်ခြင်း (သို့) ဆေးလိပ်သောက်တဲ့ ပတ်ဝန်းကျင်မှာနေထိုင်းခြင်းက ကြီးထွားမှုကို တိုက်ရိုက်ထိရောက်မှုရှိမနေပေမယ့် ကိုလန်ဘီယာတက္ကသိုလ်ရဲ့ ကျန်းမာရေးဆိုင်ရာ အင်တာနက်စာမျက်နှာရဲ့ အဆိုအရ ‘ဆေးလိပ်သောက်သုံးသူ (သို့) ဆေးလိပ်သောက်သုံးသူရဲ့ သား၊ သမီးတွေဟာ ဆေးလိပ်မသောက်သုံးသူ (သို့) ဆေးလိပ် မသောက်သုံးသူရဲ့ သား၊ သမီးတွေထက် အရပ် ပိုပုလေ့ရှိတယ်’ လို့သိရပါတယ်။

၃။ အိပ်ရေးဝအောင် အိပ်စက်ပါ

သုတေသနတွေရဲ့ အကြံပြုချက်အရ ဆယ်ကျော်သက်တွေနဲ့ ကလေးတွေဟာ ညတိုင်း အိပ်စက်ချိန် ၈ နာရီကနေ ၁၁ နာရီအထိ ရှိဖို့ လိုအပ်ပါတယ်။ အကြောင်းရင်းမှာ ခန္ဓာကိုယ်ကြီးထွားခြင်းဟာ သင် အိပ်စက်နေတဲ့အချိန်မှာ ဖြစ်ပေါ်နေလို့ပဲ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် သင်အိပ်စက်နေတဲ့အချိန် ပတ်ဝန်းကျင်မှာ ဆူညံ့နေတာမျိုး၊ မလိုအပ်တဲ့ အလင်းရောင်တွေရှိနေတာမျိုးကို ရှောင်ရှားသင့်ပါတယ်။ သင် အိပ်မပျော်တဲ့နေ့တွေ ကြုံတွေ့လာခဲ့ရင် ရေနွေးနွေးလေး ချိုးတာမျိုး (သို့) ကဖိန်းဓာတ်မပါတဲ့ လက်ဖက်ရည်တစ်မျိုးမျိုး သောက်တာမျိုးကို ပြုလုပ်နိုင်ပါတယ်။ အိပ်ရေးဝအောင်သာ မအိပ်ရရင် သင့်ခန္ဓာကိုယ် ကြီးထွားမှုကို များစွာ ထိခိုက်နိုင်ပါတယ်။

– Human Growth Hormone(HGH) လို့ခေါ်တဲ့ ခန္ဓာကိုယ်ကြီးထွားဟော်မုန်းတွေကို သင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့အချိန်မှာ သင့်ခန္ဓာကိုယ်က ထုတ်ပေးပါတယ်။ အပြင်လောကမှာ HGH ပါဝင်တဲ့ အရပ်ရှည်ဆေးတွေကို လွယ်လွယ်ကူကူ ဝယ်ယူသုံးစွဲနိုင်ပါတယ်။ သောက်ဆေးတွေရှိသလို ထိုးဆေးတွေလည်းရှိပါတယ်။ ဒီလိုဆေးတွေမှာ ဘေးထွက်ဆိုးကျိုးတွေများတာကြောင့် မသုံးစွဲခင် ဆရာဝန်ရဲ့ အကြံပြုချက်ကို ရယူသင့်ပါတယ်။

– သင်အိပ်စက်နေတဲ့အချိန်မှာ သင့်ခန္ဓာကိုယ်ကို တတ်နိုင်သမျှ ဆန့်ထားပါ။ ကွေးကွေးလေးအိပ်တာမျိုးမဟုတ်ဘဲ ပက်လက်လှန်ကာ ခြေထောက်၊ လက်တွေကို ဆန့်နိုင်သမျှဆန့်ထားပြီး သင့် ခန္ဓာကိုယ်ကို ပြည့်ပြည့်ဝဝ အနားပေးပါ။ ဒီလိုအိပ်စက်ခြင်းဟာ ချက်ခြင်းနေသားမကျပေမယ့် ရက်အနည်းငယ်အတွင်း အဆင်ပြေသွားမှာပါ။ ခေါင်းအုံးကို အသုံးမပြုဘဲ အိပ်စက်ခြင်းကလည်း သင့်ခန္ဓာကိုယ် ကြီးထွားရေးအတွက် များစွာ အထောက်အကူ ပြုပါတယ်။

၄။ အာဟာရ

ဗီတာမင်နဲ့ သတ္တုဓာတ်တို့ဟာလည်း သင့်အရပ်ရှည်ရေးအတွက် မရှိမဖြစ်ပါပဲ။ လိုအပ်တဲ့ ဓာတ်တွေကို အစားအစာတွေက များစွာရရှိနိုင်တာကြောင့် မနက်စာ၊ နေ့လယ်စာနဲ့ ညစာတို့ကို ပုံမှန်စားသုံးသင့်ပါတယ်။ အသေးစိတ် အကြံပြုချက်တွေကိုတော့ အောက်မှာ ဖော်ပြထားပါတယ်။

– ကစီဓာတ်နဲ့ ကယ်လိုရီတွေက သင့်ခန္ဓာကိုယ်ကြီးထွားမှုအတွက် အင်အားတွေ ဖြည့်စီးပေးပါတယ်။ ဒါကြောင့် သူတို့ များစွာပါဝင်တဲ့ အစား၊ အစာတွေကို သင် စားသုံးသင့်ပါတယ်။

– ကယ်လ်ဆီယံဓာတ် များစွာပါဝင်တဲ့ နို့ထွက်ပစ္စည်းတွေနဲ့ အစိမ်းရောင် အသီး၊ အရွက်တွေကို များများစားသုံးပေးပါ။ အကြောင်းရင်းမှာ ကယ်လ်ဆီယံဓာတ်ဟာ အရိုးတွေကိုသန်မာစေပြီး အရိုးပွခြင်းရောဂါမှလည်း ကာကွယ်ပေးနိုင်လို့ပဲ ဖြစ်ပါတယ်။

– နီကိုတင်းဓာတ် ၅၀၀ မီလီဂရမ် ပမာဏဟာလည်း ကြီးထွားမှုဟော်မုန်းတွေကို သိသိသာသာ တိုးပွားစေပါတယ်။ ဒါပေမယ့် ဗိုက်ထဲမှာ အစာမရှိတဲ့ အချိန်မှသာ အလုပ်လုပ်မှာဖြစ်ပါတယ်။

– ဗီတာမင် ဒီ(Vitamin D)ဟာ ကလေးတွေရဲ့ အရိုးအဆစ်တွေနဲ့ ကြွက်သားတွေ သန်မာဖို့အတွက် များစွား အထောက်အကူ ပြုပါတယ်။ ဗီတာမင် ဒီ ချို့တည်းမှုကြောင့် ကြီးထွားခြင်းရပ်တန့်တာ၊ အဝလွန်တာတွေ ဖြစ်တတ်ပါတယ်။ ဗီတာမင် ဒီ ကို ငါး၊ ငါးကြီးဆီ၊ မှိုတို့မှရရှိနိုင်သလို အပူမပြင်းတဲ့ နေရောင်ခြည်ကလည်း ရရှိနိုင်ပါတယ်။

– ပရိုတိန်းဓာတ်ကလည်း သင့်ခန္ဓာကိုယ်ကြီးထွားမှုအတွက် မရှိမဖြစ်ပါပဲ။ ပရိုတိန်းဓာတ်ပြည့်ဝတဲ့ အစားအစာတွေကို နေ့စဉ် စားသုံးသင့်ပါတယ်။ ပရိုတိန်းဓာတ်များစွာပါဝင်တဲ့ အစားအစာတွေကတော့ အသား၊ ဒိန်ခဲ၊ ကြက်ဥ၊ ပဲ၊ တို့ဟူးနဲ့ အစေ့တို့ပဲဖြစ်ပါတယ်။

– ဇင့်ဓာတ်ဟာလည်း ခန္ဓာကိုယ်ကြီးထွားမှုအတွက် အလွန်အရေးပါပါတယ်။ ဇင့်ဓာတ်ချို့တဲ့ခြင်းကြောင့်လည်း ခလေးတွေရဲ့ ကြီးထွားမှုနှုန်းကို ရပ်တန့်စေပါတယ်။ ဇင့်ဓာတ်ကို ချောကလတ်၊ ဥများ၊ မြေပဲ တို့မှရရှိနိုင်ပါတယ်။

၅။ ကိုယ်ခံအားကောင်းအောင် နေပါ

ကလေးဘဝတုန်းက မကျန်းမမာဖြစ်ခြင်းဟာ သင့်ရဲ့ ခန္ဓာကိုယ်ကြီးထွားမှုကို ထိခိုက်စေနိုင်ပါတယ်။ ဒါပေမယ့် Vitamin C(ဗီတာမင် စီ) ပါဝင်တဲ့ လိမ္မော်သီး၊ သံပရိုသီးနဲ့ ရှောက်ခါးသီးတို့ကို စားသုံးပြီးတော့ ဒီအချက်ကို ကာကွယ်နိုင်ပါတယ်။ နေမကောင်းဖြစ်နေချိန်မှာ ဘာမှမလုပ်ဘဲ နားနေခြင်းကလည်း များစွာအကျိုးရှိပါတယ်။

– ကိုယ်ခံအားကောင်းနေဖို့အတွက် အမြဲတမ်း လတ်ဆတ်တဲ့ အစား၊ အသောက်တွေကိုပဲ သုံးဆောင်ပါ။

– ကျန်းမာရေးကို အထောက်အကူပြုတဲ့ အစား၊ အစာတွေကို စားပါ။ ခုကိုယ်ခံအားကောင်းဖို့အတွက် သစ်သီးမျိုးစုံကို စားသုံးနိုင်သလို၊ အသီး၊ အရွက်တွေကိုလည်း စားသုံးနိုင်ပါတယ်။ omega 3 ပါဝင်တဲ့ ငါးကြီးဆီကိုလည်း သုံးဆောင်နိုင်ပါတယ်။ ရေကို တစ်နေ့မှာ ဖန်ခွက် ၆ ခွက်ကနေ ၈ ခွက်အထိ သာက်သုံးဖို့လည်း လိုအပ်ပါတယ်။

၆။ လေ့ကျင့်ခန်းလုပ်ပါ

ဒီနေရာမှာ တစ်ခုရှိတာက ခန္ဓာကိုယ် ကြီးထွားစေတဲ့ တစ်ရှုးတွေရှိတဲ့နေရာရဲ့တံခါး ပိတ်သွားပြီ ဆိုရင်တော့ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ထိရောက်မှု မရှိတော့ပါဘူး။ သင့် ခန္ဓာကိုယ်ကြီးထွားနေဆဲဆိုရင်တော့ ရေကူးခြင်း၊ စက်ဘီးစီးခြင်း၊ လမ်းလျှောက်ခြင်းအပါအဝင် အခြားသော အားကစားတွေကိုပြုလုပ်ရင်း အစားအသောက်လည်းမှန်နေမယ်၊ အိပ်ရေးလည်း ဝအောင်အိပ်နေရမယ်ဆိုရင် သင့် အရပ်ကို ပိုရှည်လာစေမှာဖြစ်ပါတယ်။

– ကိုယ်၊ လက် ဆန့်ပြီးလုပ်ရတဲ့ လေ့ကျင့်ခန်းမျိုးဟာ အရပ်ရှည်ဖို့အတွက် များစွာ အထောက်အကူ ပြုပါတယ်။ ခန္ဓာကိုယ် ကြီးထွားစေတဲ့ တစ်ရှုးတွေရှိတဲ့နေရာရဲ့တံခါး ပိတ်သွားပြီ ဆိုရင်တောင် တစ်ခါတစ်ရံ ဒီလိုလေ့ကျင့်ခန်းမျိုးဟာ သင့်အရပ်ကို ပိုရှည်လာစေပါတယ်။ ဒီလိုလေ့ကျင့်ခန်းမျိုးကို တစ်နေ့ နှစ်ကြိမ်အနည်းဆုံးပြုလုပ်သင့်ပါတယ်။ အိပ်ရာထထချင်းတစ်ကြိမ်၊ အိပ်ရာမဝင်ခင်တစ်ကြိမ်။

– ရေကူးခြင်းဟာလည်း ခန္ဓာကိုယ်မှာရှိတဲ့ အကြောတွေ၊ ကြွက်သားတွေကို ဆန့်ပြီး ပြုလုပ်ရတဲ့ လေ့ကျင့်ခန်းဖြစ်တာကြောင့် အရပ်ရှည်ဖို့အတွက် များစွာ အထောက်အကူပြုပါတယ်။

၇။ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ

သင့်မိဘတွေက အရပ်ရှည်ကြပေမယ့် သင်ကအရပ်ပုနေတယ်၊ အပေါ်မှာဖော်ပြထားတဲ့အတိုင်း အိပ်ရေးဝဝအိပ်တယ်၊ အစားသောက်လည်း မှန်တယ်၊ လေ့ကျင့်ခန်းလည်း လုပ်တယ်၊ ဒါပေမယ့် သင့်အရပ်ဟာ ပိုရှည်မလာဘူး ဆိုရင်တော့ တခြား အကြောင်းအရာတွေကြောင့်လည်း ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါ။

အပေါ်မှာ ဖော်ပြထားတာကတော့ အရပ်ရှည်ခြင်းနဲ့ သက်ဆိုင်တဲ့ အကြံပြုချက် ၇ ချက်ပဲဖြစ်ပါတယ်။ ဒီဆောင်းပါးဟာ သင့်အတွက် များစွာ အထောက်အကုပြုမယ်လို့ ယူဆပါတယ်။ ဒီဆောင်းပါးကို သင် ကြိုက်နှစ်သက်တယ်၊ နောက်လည်း ဒီလိုဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ Facebook Page ကို Like & See First လုပ်ထားဖို့ရယ်၊ ဒီ post ကို share ပေးဖို့ရယ် တိုက်တွန်းပေးချင်ပါတယ်။ အကြံပြု၊ ဆွေးနွေးချင်တာရှိရင် comment မှာရေးခဲ့နိုင်သလို၊ chat box မှလည်းလာရောက်မေးမြန်းနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

Related Posts